ညိုမည်းနေတဲ့ ချိုင်းကြားအသားအရေကို ပြန်လည်ဖြူဖွေးလာစေမယ့် သဘာဝနည်းလမ်းကောင်းများ

0
249
- Advertisement -

ချိုင်းကြားမည်းညစ်နေခြင်းကြောင့် မိမိကြိုက်နှစ်သက်တဲ့ လက်ပြတ်အင်္ကျီတွေနဲ့ ရေကူးဝတ်စုံဝတ်ဖို့ကို လုံး၀၀တ်ဆင်ခွင့်မရဖြစ်နေပါသလား။ ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့အတိုင်း ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းလေးတွေကို မသိသေးတာပဲရှိပါတယ်။ ဒါကြောင့် ထိုချိုင်းမည်းတဲ့ပြဿနာတွေကို အိမ်တွင်ပင်အလွယ်တကူရှာတွေ့နိုင်တဲ့ အိမ်သုံးပစ္စည်းများဖြင့်ပင် ဖြေရှင်းနိုင်တာကြောင့် သေချာသိမှတ်ကာ လိုက်လံလုပ်ဆောင်ကြည့်နိုင်ပါတယ်။

-Advertisement-

၁။ သံပရာရည်

ရေမချိုးခင်အချိန်မှာ သံပရာသီးကိုအသုံးပြုပြီး ချိုင်းကို ၁၅ မိနစ်ခန့်ပွတ်လိမ်းပေးပါ။ တနေ့လျှင်အနည်းဆုံးနှစ်ကြိမ်လုပ်ဆောင်ပေးပါက အကောင်းဆုံးရလဒ်တွေကို အချိန်တိုအတွင်း မြင်တွေ့နိုင်ပါတယ်။

၂။ ခရမ်းချဉ်သီးရည်

လှီးဖြတ်ထားသည့် ခရမ်းချဉ်သီးကို နေ့စဉ်နေ့တိုင်း လက်အောက်တွင်ပွတ်ပေးပြီး တညထားပေးခြင်းဖြင့်လည်း သက်သာရာရစေမှာဖြစ်ပါတယ်။

၃။ နနွင်း

နနွင်းမှုန့်ကို သံပရာရည်ဖြင့်ရောစပ်ကာ သမအောင်မွှေပေးပါ။ ပြီးလျှင် အမည်းရောင်ဖြစ်ပေါ်နေသည့် နေရာတစ်ဝိုက်တွင် လိမ်းပေးပြီးနောက် ၁၂-၁၅ မိနစ်ခန့်ထားပေးကာ ရေဖြင့်ဆေးချပေးနိုင်ပါတယ်။

၄။ ဗီတာမင်အီးအဆီ

အုန်းဆီတွင် အသားအရေကိုဝင်းလက်စေသည့် ဗီတာမင်အီးပါဝင်ပါတယ်။ အဆီကိုအသုံးပြုပြီး နေ့စဉ်နေ့တိုင်း မိနစ် ၂၀ ခန့် အသားအရေကိုနှိပ်နယ်ပေးပါက ရက်ပိုင်းအနည်းငယ်အတွင်း ပြောင်းလဲလာသည့်အသားအရေအရောင်ကို တွေ့မြင်နိုင်ပါတယ်။

၅။ နို့

ချိုင်းကို နို့ဖြင့်နှိပ်နယ်သန့်စင်ပေးခြင်းသည် အသားအရေအရောင်ကို ဝင်းလက်လာစေနိုင်ပါတယ်။ သဘာဝအသားအရေထိန်းသိမ်းမှုပစ္စည်းတစ်ခုဖြစ်တာကြောင့် အသားအရေကို နူးညံ့စေရုံသာမက တောက်ပလာစေမှာဖြစ်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-food.ndtv

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here