ညအိပ်ရာမဝင်ခင် ဘယ်လိုအစားအစာတွေကို စားသုံးသင့်ပြီး ဘယ်လိုအစားအစာတွေကို ရှောင်ကြဥ်ရမလဲ

0
204

ညဖက်မှာ ကောင်းကောင်းအိပ်စက်နိုင်ဖို့ဆိုတာဟာ သင့်ရဲ့ကျန်းမာရေးအတွက်သာမက နောက်တစ်နေ့မှာ နေလို့ထိုင်လို့ ကောင်းစေဖို့အတွက်လည်း အင်မတန်အရေးကြီးပါတယ်။ ကလေးလေးတွေလို နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်လား ဒါမှမဟုတ် တစ်ညလုံး အိပ်မပျော်ပြီး ဒုက္ခရောက်နေတတ်သလားဆိုတာဟာ ညစာအဖြစ် သင်စားသုံးလိုက်တဲ့ အစားအစာတွေပေါ်မှာ မူတည်နေပါတယ်။

တစ်ရေးတောင်မနိုးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်တာကို နေ့တိုင်းလိုချင်တယ်ဆိုရင်‌တော့ ညစာစားတဲ့အခါ မစားသင့်တဲ့အစားစာတွေနဲ့ စားသင့်တဲ့အစားအစာတွေကို ခွဲခြားသိဖို့တော့ လိုပါလိမ့်မယ်။

ရှောင်ကြဥ်ရမယ့် အစားအစာများ

၁။ ဝက်ပေါင်ခြောက်နဲ့ ချိစ်ဘာဂါ

အရံသင့်အစားအစာတွေဟာ သင့်ကျန်းမာရေးကိုသာမက ညဖက်အိပ်စက်ခြင်းကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဝက်ပေါင်ခြောက်တွေမှာ အင်မတန်များပြားလွန်းလှတဲ့ အဆီပမာဏပါဝင်တာကြောင့် အစာအိမ်အက်စစ်တွေထုတ်လုပ်မှုကို ပိုတွန်းအားဖြစ်စေကာ ရင်ပူစေနိုင်ပါတယ်။

၂။ ဝိုင်

အရက်သောက်သုံးခြင်းက ဆီးရွှင်စေတာကြောင့် ညမအိပ်ခင်သောက်မိမယ်ဆိုပါက တစ်ရေးနိုးမကြာမကြာ ထရပါလိမ့်မယ်။ ထိုမျှသာမက ကျယ်လောင်လွန်းတဲ့ ဟောက်သံကိုပါ ဖြစ်စေနိုင်ပါတယ်။

၃။ ချောကလည်းအမည်း

ချောကလက်အမည်းမှာ ကဖိန်းဓာတ်နှင့် Theobromine တို့ပါဝင်ပြီး အကြောစနစ်ကို လှုံ့ဆော်ပေးတာကြောင့် နှလုံးခုန်နှုန်းကို မြန်ဆန်စေကာ အိပ်မပျော်ဖို့အတွက် အခွင့်အရေးများနိုင်ပါတယ်။

၄။ ကြက်သား

ကြက်သားမှာပါဝင်တဲ့ ပရိုတင်းဓာတ်အမြောက်အမြားက အစာခြေဖျက်နှုန်းကို ၅၀ ရာခိုင်နှုန်းအထိ နှေးကွေးစေပါတယ်။ ဒါကြောင့် ညအိပ်တဲ့အခါ ငြိမ်ငြိမ်ဖြစ်နေရမယ့် ခန္ဓာကိုယ်က တစ်ညလုံး အစာခြေဖျက်နေမှာဖြစ်ပါတယ်။

၅။ အပူအစပ်များ

ညမအိပ်ခင် ပူပူစပ်စပ်အစားအစာတွေကို ထည့်ပြီးစားသုံးခြင်းက ရင်ပူရင်ဆူခြင်းကိုဖြစ်စေကာ ညဖက်မှာလည်း ဘယ်လိုမှ ကောင်းကောင်းအိပ်ရတော့မှာ မဟုတ်ပါဘူး။

စားသုံးသင့်တဲ့ အစားအစာများ

၁။ ငှက်ပျောသီး

ငှက်ပျောသီးမှာပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်ကြောင့် ကြွက်သားတွေက အားအင်ပြန်လည်ပြည့်ဝလာကာ ညဖက်နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ကလည်း အသေအချာပါပဲ။

၂။ ကြက်ဆင်သား

ညအိပ်ရာမဝင်ခင် ၁ နာရီခွဲ သို့မဟုတ် ၂ နာရီ အလိုမှာ ကြက်ဆင်သားတစ်တုံးလောက် စားပေးပါက အိပ်ပျော်ချိန်ကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။

၃။ နို့

Tryptophan လို့ခေါ်တဲ့ အမီနိုအက်စစ်က ညဖက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့နဲ့ အချိန်ကြာကြာ အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ ဒါကြောင့်လည်း မိခင်အများစုက သူတို့ရဲ့သားငယ်သမီးငယ်တွေကို တိုက်ကျွေးနေရခြင်းဖြစ်ပါတယ်။

၄။ စံပယ်ထမင်း

ပုံမှန်ထမင်းထက် စံပယ်ထမင်းကို စားသုံးခြင်းက သွေးစီးဆင်းမှုအတွင်း ဂလူးကို့စ်ကို ထုတ်လွှတ်ပေးတာကြောင့် သင်လိုအပ်တဲ့ အိပ်ချိန်ပမာဏကို တစ်ဝက်နီးနီးလျော့ချပေးပါတယ်။

၅။ ချယ်ရီသီးများ

ချယ်ရီသီးတွေမှာပါဝင်တဲ့ Melatonin က ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းလည်ပတ်မှုကို ထိန်းချုပ်ဖို့အတွက် ကူညီပေးပြီး ညဖက်အိပ်စက်မှုအပေါ် ကောင်းမွန်တဲ့သက်ရောက်မှုကို ဖြစ်စေပါတယ်။

#Lifestyle_Myanmar

#Thinzar

Source-brightside

Zawgyi

ညအိပ္ရာမဝင္ခင္ ဘယ္လိုအစားအစာေတြကို စားသုံးသင့္ၿပီး ဘယ္လိုအစားအစာေတြကို ေရွာင္ၾကဥ္ရမလဲ

ညဖက္မွာ ေကာင္းေကာင္းအိပ္စက္ႏိုင္ဖို႔ဆိုတာဟာ သင့္ရဲ႕က်န္းမာေရးအတြက္သာမက ေနာက္တစ္ေန႔မွာ ေနလို႔ထိုင္လို႔ ေကာင္းေစဖို႔အတြက္လည္း အင္မတန္အေရးႀကီးပါတယ္။ ကေလးေလးေတြလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္လား ဒါမွမဟုတ္ တစ္ညလုံး အိပ္မေပ်ာ္ၿပီး ဒုကၡေရာက္ေနတတ္သလားဆိုတာဟာ ညစာအျဖစ္ သင္စားသုံးလိုက္တဲ့ အစားအစာေတြေပၚမွာ မူတည္ေနပါတယ္။

တစ္ေရးေတာင္မႏိုးဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ခ်င္တာကို ေန႔တိုင္းလိုခ်င္တယ္ဆိုရင္‌ေတာ့ ညစာစားတဲ့အခါ မစားသင့္တဲ့အစားစာေတြနဲ႔ စားသင့္တဲ့အစားအစာေတြကို ခြဲျခားသိဖို႔ေတာ့ လိုပါလိမ့္မယ္။

ေရွာင္ၾကဥ္ရမယ့္ အစားအစာမ်ား

၁။ ဝက္ေပါင္ေျခာက္နဲ႔ ခ်ိစ္ဘာဂါ

အရံသင့္အစားအစာေတြဟာ သင့္က်န္းမာေရးကိုသာမက ညဖက္အိပ္စက္ျခင္းကိုပါ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဝက္ေပါင္ေျခာက္ေတြမွာ အင္မတန္မ်ားျပားလြန္းလွတဲ့ အဆီပမာဏပါဝင္တာေၾကာင့္ အစာအိမ္အက္စစ္ေတြထုတ္လုပ္မႈကို ပိုတြန္းအားျဖစ္ေစကာ ရင္ပူေစႏိုင္ပါတယ္။

၂။ ဝိုင္

အရက္ေသာက္သုံးျခင္းက ဆီး႐ႊင္ေစတာေၾကာင့္ ညမအိပ္ခင္ေသာက္မိမယ္ဆိုပါက တစ္ေရးႏိုးမၾကာမၾကာ ထရပါလိမ့္မယ္။ ထိုမွ်သာမက က်ယ္ေလာင္လြန္းတဲ့ ေဟာက္သံကိုပါ ျဖစ္ေစႏိုင္ပါတယ္။

၃။ ေခ်ာကလည္းအမည္း

ေခ်ာကလက္အမည္းမွာ ကဖိန္းဓာတ္ႏွင့္ Theobromine တို႔ပါဝင္ၿပီး အေၾကာစနစ္ကို လႈံ႕ေဆာ္ေပးတာေၾကာင့္ ႏွလုံးခုန္ႏႈန္းကို ျမန္ဆန္ေစကာ အိပ္မေပ်ာ္ဖို႔အတြက္ အခြင့္အေရးမ်ားႏိုင္ပါတယ္။

၄။ ၾကက္သား

ၾကက္သားမွာပါဝင္တဲ့ ပ႐ိုတင္းဓာတ္အေျမာက္အျမားက အစာေျခဖ်က္ႏႈန္းကို ၅၀ ရာခိုင္ႏႈန္းအထိ ေႏွးေကြးေစပါတယ္။ ဒါေၾကာင့္ ညအိပ္တဲ့အခါ ၿငိမ္ၿငိမ္ျဖစ္ေနရမယ့္ ခႏၶာကိုယ္က တစ္ညလုံး အစာေျခဖ်က္ေနမွာျဖစ္ပါတယ္။

၅။ အပူအစပ္မ်ား

ညမအိပ္ခင္ ပူပူစပ္စပ္အစားအစာေတြကို ထည့္ၿပီးစားသုံးျခင္းက ရင္ပူရင္ဆူျခင္းကိုျဖစ္ေစကာ ညဖက္မွာလည္း ဘယ္လိုမွ ေကာင္းေကာင္းအိပ္ရေတာ့မွာ မဟုတ္ပါဘူး။

စားသုံးသင့္တဲ့ အစားအစာမ်ား

၁။ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာပါဝင္တဲ့ မဂၢနီဆီယမ္နဲ႔ ကယ္လ္စီယမ္ေၾကာင့္ ႂကြက္သားေတြက အားအင္ျပန္လည္ျပည့္ဝလာကာ ညဖက္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ဖို႔ကလည္း အေသအခ်ာပါပဲ။

၂။ ၾကက္ဆင္သား

ညအိပ္ရာမဝင္ခင္ ၁ နာရီခြဲ သို႔မဟုတ္ ၂ နာရီ အလိုမွာ ၾကက္ဆင္သားတစ္တုံးေလာက္ စားေပးပါက အိပ္ေပ်ာ္ခ်ိန္ကို ပိုမိုျမန္ဆန္ေစမွာျဖစ္ပါတယ္။

၃။ ႏို႔

Tryptophan လို႔ေခၚတဲ့ အမီႏိုအက္စစ္က ညဖက္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ဖို႔နဲ႔ အခ်ိန္ၾကာၾကာ အိပ္စက္ႏိုင္ေအာင္ ကူညီေပးပါတယ္။ ဒါေၾကာင့္လည္း မိခင္အမ်ားစုက သူတို႔ရဲ႕သားငယ္သမီးငယ္ေတြကို တိုက္ေကြၽးေနရျခင္းျဖစ္ပါတယ္။

၄။ စံပယ္ထမင္း

ပုံမွန္ထမင္းထက္ စံပယ္ထမင္းကို စားသုံးျခင္းက ေသြးစီးဆင္းမႈအတြင္း ဂလူးကို႔စ္ကို ထုတ္လႊတ္ေပးတာေၾကာင့္ သင္လိုအပ္တဲ့ အိပ္ခ်ိန္ပမာဏကို တစ္ဝက္နီးနီးေလ်ာ့ခ်ေပးပါတယ္။

၅။ ခ်ယ္ရီသီးမ်ား

ခ်ယ္ရီသီးေတြမွာပါဝင္တဲ့ Melatonin က ခႏၶာကိုယ္ရဲ႕အတြင္းပိုင္းလည္ပတ္မႈကို ထိန္းခ်ဳပ္ဖို႔အတြက္ ကူညီေပးၿပီး ညဖက္အိပ္စက္မႈအေပၚ ေကာင္းမြန္တဲ့သက္ေရာက္မႈကို ျဖစ္ေစပါတယ္။

Lifestyle_Myanmar

#Thinzar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here