လေ့လာမှုအရ အိပ်ရာစောစောဝင်တဲ့ ကလေးတွေဟာ ကလေးဘ၀ အ၀လွန်ခြင်း ဖြစ်နိုင်ချေနည်းပါး
ဝမ်းဗိုက်ကို ဒုက္ခပေးတဲ့အပြင် အိပ်စက်ခြင်းမပြုခင် အစာစားခြင်းက သင့်အိပ်စက်ခြင်း၏ အရည်အသွေးကို သက်ရောက်မှု ရှိပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Unicode
ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့ရှောင်ကြဉ်ရမယ့်အရာ ၃ခု
လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ဖို့ဆို ကောင်းစွာအိပ်စက်ခြင်းကလည်း အရေးပါပါတယ်။ အိပ်ရေးဝမှသာ နောက်နေ့မှာ အင်အားအပြည့်နဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်မှာပါ။ အိပ်ရေးမဝတဲ့သူတွေဟာ ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးမှုများလာခြင်း၊ ဒေါသထွက်လာခြင်း ၊စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ ၀မ်းနည်းလွယ်ခြင်း တတ်ကြွမှုမရှိခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ဖို့ ရှောင်ကြဉ်ရမယ့်အရာ ၃ခုကို မျှဝေပေးလိုက်ပါတယ်။
၁။ သင့်ဖုန်းတွေကို အဝေးမှာထားပါ။
ဆိုရှယ်မီဒီယာသုံးဖို့၊ စာဖတ်ဖို့အတွက်ဒီ device တွေကို အိပ်ရာထဲယူဆောင်ခြင်းက သင့်ခန္ဓာကိုယ်ပေါ်မှာ အန္တရာယ်ဖြစ်နိုင်တဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ထိုအရာတွေဆီက အလင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့အတွက် တာဝန်ရှိသော ဟော်မုန်း melatonin ၏အဆင့်ကို လျော့နည်းစေပါတယ်။
၂။ ကော်ဖီသောက်ခြင်းကို ရပ်တန့်ပါ
ကဖိန်းဓါတ်ဟာ သင့်ခန္ဓာကိုယ်ထဲမှာ ၆နာရီကျော်လောက် နေပါတယ်။ ဒီတော့ အနည်းဆုံး သင်အိပ်ရာမဝင်ခင် ၆နာရီလောက် ကော်ဖီသောက်သုံးခြင်းမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားပါ။
၃။ မအိပ်ခင် အစားအများကြီးစားခြင်း ရှောင်ကြဉ်ပါ
၀မ်းဗိုက်ကို ဒုက္ခပေးတဲ့အပြင် အိပ်စက်ခြင်းမပြုခင် အစာစားခြငး်က သင့်အိပ်စက်ခြင်း၏ အရည်အသွေးကိို သက်ရောက်မှု ရှိပါတယ်။
#Lifestyle_Myanmar