Home Health & Beauty ညဘက်မှာ သင့်လက်တွေ ထုံတာ ဘာ့ကြောင့်လဲ? ဒါကိုဘယ်လိုကာကွယ်မလဲ?

ညဘက်မှာ သင့်လက်တွေ ထုံတာ ဘာ့ကြောင့်လဲ? ဒါကိုဘယ်လိုကာကွယ်မလဲ?

0
75
သင့်လက်တွေ ထုံတာ ဘာ့ကြောင့်လဲ

သင်အိပ်တဲ့အခါ သင့်လက်တွေ၊ လက်ချောင်းတွေမှာ ထုံကျင်တာကို ကြုံတွေ့ဖူးပါသလား။ ဒါကခန့်မှန်းခြေ အမေရိကန် လူဦးရေ၄သန်းလောက် ကြုံတွေ့နေရတဲ့ carpal tunnel syndromeလို့ခေါ်တဲ့ ကနဦးလက္ခဏာဖြစ်ပါလိမ့်မယ်။ လျစ်လျူရှုမိလျှင် ရေရှည်ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့်ကြိုတင်ကာကွယ်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ လက်ထုံကျင်တာတွေကို ကုသဖို့ အထိရောက်ဆုံးနည်းလမ်းလေးတွေ ရှိတာကြောင့် Lifestyle Myanmar စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။
carpal tunnel syndrome ဆိုတာဘာလဲ?
လက်ကောက်ဝတ်အတွင်းရှိ အာရုံကြော (Median Nerve) ကို ဖိမိခြင်းကြောင့် လက်ဖဝါးနှင့် လက်ချောင်းများတွင် ထုံခြင်း၊ ကျဉ်ခြင်းနှင့် တခါတရံ နာကျင်ခြင်းကို Carpel tunnel syndrome လို့ခေါ်ပါတယ်။ ပထမဆုံးပေါ်ပေါက်တဲ့ လက္ခဏာကတော့ ညအချိန်မှာ လက်နှင့် လက်ကောက်ဝတ်မှာ ထုံခြင်းနှင့် ဖျဉ်းဖျဉ်းဖြစ်ခြင်းတို့ဖြစ်ပါတယ်။ ရောဂါလက္ခဏာများက တဖြည်းဖြည်းချင်း ဖြစ်ပေါ်တတ်ပြီး ညဘက်မှာ ပိုမိုဆိုးဝါးလာစေနိုင်ပါတယ်။ Carpal tunnel syndrome ကို အမျိုးသားထက် အမျိုးသမီးများအကြားမှာ ပိုအဖြစ်များပြီး လူလတ်ပိုင်းတွေ ပိုထိခိုက်ဖွယ်ရှိပါတယ်။ ဒါကြောင့် မဖြစ်အောင် တားဆီးနိုင်ဖို့အတွက် ကြိုတင်ကာကွယ်မှုတစ်ချို့လုပ်ဖို့ အရေးကြီးပါတယ်။

-Advertisement-


၁။ မကြာခဏ အားလပ်ချိန်ယူပါ


ကွန်ပျူတာစာရိုက်ခြင်းကဲ့သို့ လက်ကောက်ဝတ်နဲ့ လက်ကို ထပ်တလဲလဲ အများကြီး လှုပ်ရှားဖို့လိုအပ်တဲ့ အလုပ်တွေက carpal tunnel symptoms ရောဂါပေါ်မှာ ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။သင့်လက်ကို အလုပ်တစ်ခုနှင့် တစ်ခုအကြား အနားပေးဖို့ လိုအပ်ပါတယ်။ ၂နာရီ- ၃နာရီတိုင်း သတိပေးချက်ထားပြီး လေ့ကျင့်ခန်းနည်းနည်း လုပ်ပါ။ ကီထိုင်ခြင်း(squats)လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။
၂။ အလုပ်လုပ်နေစဉ် လက်ကောက်ဝတ်ကို ဖြောင့်ဖြောင့်ထားပါ


လေ့လာမှုများက လက်ကောက်ဝတ်အနေအထားနှင့် carpal tunnel syndromeရောဂါအကြား ဆက်နွယ်မှုရှိတယ်လို့ အတည်ပြုထားပါတယ်။ သင့်ရဲ့လက်ဖျံကို ကီးဘုတ်နဲ့ level တူဖို့ သင့်ရဲ့ကုလားထိုင်ကို ချိန်ညှိပါ။ သင့်ရဲ့လက်ကောက်ဝတ်တွေကို ကွေးစရာမလိုဘဲ ကြားနေအနေအထားတစ်ခုမှာ ထားဖို့ ကြိုးစားပါ။
၃။ လက်ကောက်ဝတ်အပြားတစ်ခု ဝတ်ဆင်ဖို့ စဉ်းစားပါ။


အပြားတစ်ခု ဝတ်ဆင်ခြင်းက သင့်လက်ကောက်ဝတ်ကို ကြားနေအနေအထားတစ်ခုမှာ ထားဖို့ ကူညီပေးပါတယ်။ သင်စာအများကြီးရိုက်ရလျှင် ဒါမှမဟုတ် အိပ်စက်တဲ့အချိန်မှာ ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။

၎။ လက်ကောက်ဝတ် လေ့ကျင့်ခန်းလုပ်ပါ


လက်ကောက်ဝတ်ဝန်းကျင်က ကြွက်သားတွေကို ဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းက carpal tunnel ရောဂါမဖြစ်အောင် အရွတ်ကြောတွေကို ကူညီပေးပါတယ်။ ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်လက်ကောက်ဝတ်တွေကို ဆန့်တာတို့ ကွေးတာတို့ ပါဝင်ဖို့ ကြိုးစားပါ။
၅။ မှန်ကန်သော ကိုယ်နေဟန်ထားကိုသုံးပါ


အလုပ်လုပ်နေစဉ်မှာ မှန်ကန်တဲ့ ကိုယ်ဟန်အနေအထား အသုံးပြုခြင်းက ကျောအောင့်တာတွေ မဖြစ်စေသလို လက်ကောက်ဝတ်နှင့် လက်တွေကို အကျိုးသက်ရောက်စေပါတယ်။ ကျောကုန်းကို ဖြောင့်ဖြောင့်ထားပြီး ကြမ်းပြင်ပေါ်မှာ ခြေဖဝါးကို အပြားလိုက်ချထားပါ။
၆။ လက်ကောက်ဝတ်ကို ရေခဲကပ်ပါ


ရေခဲက သင့်လက်နှင့် လက်ကောက်ဝတ်မှာ နာကျင်မှုကို သက်သာစေပါတယ်။ သင့်လက်ကောက်ဝတ်မှာ ရေခဲတုံးကို ၅မိနစ် ၁၀မိနစ်လောက် ကပ်ထားပေးပါ။ ဒီနည်းလမ်းက carpal tunnel syndrome ရောဂါကို တားဆီးမှာ မဟုတ်ပေမယ့် ဖြစ်ပေါ်စေတဲ့ နာကျင်မှုကို သက်သာပါလိမ့်မယ်။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here