ဉာဏ်ကောင်းလှပြီထင်ပြီး အမဲသားဟင်းထဲ ဘိန်းဖြူထည့်သယ်ပေမဲ့ အဖမ်းခံရတဲ့ မှောင်ခိုသမား

0
118

အဖမ်းအဆီးတွေ ဘယ်လောက်များများ မှောင်ခိုကူးသမားတွေဟာ နည်းလမ်းအမျိုးမျိုးသုံးပြီး မူးယစ်ဆေးမှောင်ခိုကူးမှုတွေ နေ့စဉ်နဲ့ အမျှ ပြုလုပ်လျှက်ရှိပါတယ်။ လေဆိပ်လိုနေရာမျိုးတွေမှာ ဒီလို ပြဿနာတွေ များစွာ တွေ့ရပြီး ယခင်ကဆို ခွေးတွေ အနံ့ခံမရအောင် ကော်ဖီစေ့၊ မြေပဲထောပတ်စတဲ့ အစားအသောက်တွေထဲမှာ ထည့်ပြီး သယ်ယူလေ့ရှိကြပါတယ်။

ယခုလည်း မလေးရှားလေဆိပ်မှာ မူးယစ်ဆေးဝါး မှောင်ခိုအမူတစ်ခု ဖမ်းမိခဲ့ပြီး ဗီဒီယိုဖိုင်နဲ့တူ လူမူကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ထဲမှာတော့ အမဲသားဟင်းတုံးထဲကနေ ဘိန်းဖြူထုပ်လေးတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလို မှောင်ခိုကူးမှုတွေဟာ မလေးရှား၊ အင်ဒိုနီးရှား နဲ့စင်္ကာပူစတဲ့ နိုင်ငံတွေရဲ့ ခရီးသွားလာရာ များပြားတဲ့နေရာတွေမှာ အဖြစ်များတတ်ကြပါတယ်။

ဗီဒီယိုထဲမှာတော့ လေဆိပ်မှာရှိတဲ့ အာဏာပိုင်တွေက အဆိုပါ အမဲသားစင်းကို မသင်္ကာလို့ ပန်းကန်ထဲ ထည့်ပြီး ခရင်းနဲ့ ထိုးခွဲကြည့်ရာမှ အထဲမှာ ဘိန်းဖြူအထုပ်လေးတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ မလေးရှားမှာနိုင်ငံမှာ အနည်းဆုံး ဘိန်းဖြူ/မော်ဖင်း ၁၅ဂရမ်၊ ဘိန်း ၁၀၀၀ဂရမ်၊ ဆေးခြောက် ၂၀၀ဂရမ်၊ ကိုကင်း ၄၀ဂရမ် လက်ဝယ် ဖမ်းဆီးရမိရင် မလေးရှားဥပဒေပုဒ်မ 39B အရ သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။

မှောင်ခိုတင်သွင်းပြီး ဖြန့်ဖြူးရောင်းချတာဟာ သုံးစွဲသူတွေထက်ကို ပိုပြီး အပြစ်ကြီးမားပါတယ်။ ဒါ့ကြောင့် အာဏာပိုင်တွေအနေနဲ့လည်း လူသွားလူလာများပြားတဲ့ နေရာ အဝင်အထွက်တွေမှာ ဒီလို အမှုတွေ နေ့စဉ်နဲ့ အမျှ လျော့ပါးလာအောင် သေသေချာချာ စောင့်ကြည့် ကြပ်မှတ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

သူ႔ကိုသူ ဉာဏ္ေကာင္းလွၿပီထင္ၿပီး အမဲသားဟင္းထဲ ဘိန္းျဖဴထည့္သည္ေပမဲ့ အဖမ္းခံရတဲ့ ေမွာင္ခိုသမား
အဖမ္းအဆီးေတြ ဘယ္ေလာက္မ်ားမ်ား ေမွာင္ခိုကူးသမားေတြဟာ နည္းလမ္းအမ်ိဳးမ်ိဳးသုံးၿပီး မူးယစ္ေဆးေမွာင္ခိုကူးမွုေတြ ေန႔စဥ္နဲ႔ အမၽွ ျပဳလုပ္လၽွက္ရွိပါတယ္။ ေလဆိပ္လိုေနရာမ်ိဳးေတြမွာ ဒီလို ျပႆနာေတြ မ်ားစြာ ေတြ႕ရၿပီး ယခင္ကဆို ေခြးေတြ အနံ့ခံမရေအာင္ ေကာ္ဖီေစ့၊ ေျမပဲေထာပတ္စတဲ့ အစားအေသာက္ေတြထဲမွာ ထည့္ၿပီး သယ္ယူေလ့ရွိၾကပါတယ္။

ယခုလည္း မေလးရွားေလဆိပ္မွာ မူးယစ္ေဆးဝါး ေမွာင္ခိုအမူတစ္ခု ဖမ္းမိခဲ့ၿပီး ဗီဒီယိုဖိုင္နဲ႔တူ လူမူကြန္ယက္ေပၚ ပ်ံ႕ႏွံ့ခဲ့ပါတယ္။ အဆိုပါ ဗီဒီယိုဖိုင္ထဲမွာေတာ့ အမဲသားဟင္းတုံးထဲကေန ဘိန္းျဖဴထုပ္ေလးေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒီလို ေမွာင္ခိုကူးမွုေတြဟာ မေလးရွား၊ အင္ဒိုနီးရွား နဲ႔စကၤာပူစတဲ့ နိုင္ငံေတြရဲ့ ခရီးသြားလာရာ မ်ားျပားတဲ့ေနရာေတြမွာ အျဖစ္မ်ားတတ္ၾကပါတယ္။

ဗီဒီယိုထဲမွာေတာ့ ေလဆိပ္မွာရွိတဲ့ အာဏာပိုင္ေတြက အဆိုပါ အမဲသားစင္းကို မသကၤာလို႔ ပန္းကန္ထဲ ထည့္ၿပီး ခရင္းနဲ႔ ထိုးခြဲၾကည့္ရာမွ အထဲမွာ ဘိန္းျဖဴအထုပ္ေလးေတြကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ မေလးရွားမွာနိုင္ငံမွာ အနည္းဆုံး ဘိန္းျဖဴ/ေမာ္ဖင္း ၁၅ဂရမ္၊ ဘိန္း ၁၀၀၀ဂရမ္၊ ေဆးေျခာက္ ၂၀၀ဂရမ္၊ ကိုကင္း ၄၀ဂရမ္ လက္ဝယ္ ဖမ္းဆီးရမိရင္ မေလးရွားဥပေဒပုဒ္မ 39B အရ ေသဒဏ္အထိ ခ်မွတ္နိုင္ပါတယ္။

ေမွာင္ခိုတင္သြင္းၿပီး ျဖန္႔ျဖဴးေရာင္းခ်တာဟာ သုံးစြဲသူေတြထက္ကို ပိုၿပီး အျပစ္ႀကီးမားပါတယ္။ ဒါ့ေၾကာင့္ အာဏာပိုင္ေတြအေနနဲ႔လည္း လူသြားလူလာမ်ားျပားတဲ့ ေနရာ အဝင္အထြက္ေတြမွာ ဒီလို အမွုေတြ ေန႔စဥ္နဲ႔ အမၽွ ေလ်ာ့ပါးလာေအာင္ ေသေသခ်ာခ်ာ ေစာင့္ၾကည့္ ၾကပ္မွတ္ဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here