မိန်းကလေးတွေရဲ့ အလုပ်အများဆုံးအချိန်က အပြင်ထွက်ရင် ဘာဝတ်ရမလဲစဉ်းစားတာနဲ့၊ ဈေးဝယ်ထွက်တဲ့အခါမှာ ဘယ်လိုအဝတ်အစားမျိုးတွေကို ဝယ်ရမလဲဆိုတာကို စဉ်းစားနေရတာက အလုပ်အရှုပ်ဆုံးပါပဲ။ ဈေးဝယ်တဲ့အချိန်မှာ အရေးကြီးဆုံးကတော့ ငွေကြေးပေါ့။ ပေးရတဲ့ဈေးနဲ့တန်ပြီး ကောင်းတာလေးတွေကိုပဲ ရချင်တာဆိုရင်တော့ ဈေးနည်းနည်းပဲပေးရပြီး ကောင်းတဲ့အဝတ်အစားမျိုးကို ရွေးတတ်ဖို့နည်းလမ်းလေးတွေပေါ့။
မနုလွန်းမရင့်လွန်းတဲ့ အရောင်
အဝတ်အစားဝယ်တဲ့အခါမှာ အရောင်နဲ့ဒီဇိုင်းကို ကြည့်ပြီး ရွေးချယ်ဝယ်ယူတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရောင်က အရမ်းလည်းမရင့်၊ အရမ်းလည်းမနုလွန်းတဲ့ ကြားအရောင်လေးတွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

မျက်စိရှုပ်စေမယ့်ဒီဇိုင်းမျိုး
ဒီဇိုင်းပုံစံကို ရွေးချယ်တဲ့အခါမှာလည်း မျက်စိရှုပ်ပြီး ကြည့်ရတာသိပ်အဆင်မပြေလှတဲ့ ပုံစံမျိုးတွေကိုရွေးချယ်တာကို ရှောင်ရပါမယ်။ အရောင်အရမ်းတောက်နေတာမျိုးတွေ အစင်းကြားအရမ်းကြီးနေတာမျိုးတွေက ဘယ်လိုမှအဆင်မပြေလှပါဘူး။
ရှေ့ချွန်ဖိနပ်မျိုး
ဖိနပ်ဝယ်ဖို့ရွေးချယ်တော့မယ်ဆိုရင် ဒေါက်မြင့်ပဲဖြစ်ဖြစ်၊ ရိုးရိုးပဲဖြစ်ဖြစ် ရှေ့ချွန်တဲ့ဖိနပ်မျိုးကို ရွေးချယ်ဖို့အကြံပေးချင်ပါတယ်။ အရောင်ကိုရွေးချယ်တဲ့အခါမှာလည်း အနက်၊ အသားရောင်၊ ပုံမှန်အရောင်မျိုးတွေကို ရွေးချယ်တာက အဝတ်အစားတိုင်းနဲ့ အဆင်ပြေသလိုစီးလို့ရပြီး ဝတ်ထားတဲ့ဖက်ရှင်နဲ့ လိုက်ပြီးတော့ညှိနေစရာမလိုတော့ပါဘူး။

လက်ဝတ်ရတနာပစ္စည်းတွေ
ဖက်ရှင်အတွက် ပြီးပြည့်စုံစေဖို့ဆိုရင် လက်ဝတ်ရတနာကိုလည်း ထည့်တွက်ဖို့လိုပါတယ်။ လည်ပင်းကျယ်နေတဲ့အင်္ကျီမျိုးကိုဝတ်ဆင်ထားပြီး ဘာလက်ဝတ်ရတနာမှ မဝတ်ထားဘူးဆိုရင်လည်း ကြည့်ရတာအဆင်မပြေလှပါဘူး။ ဒါကြောင့် ဈေးကြီးလွန်းတဲ့ အရာတွေမဟုတ်ရင်တော့ ဖန်စီလေးတွေကို လှလှလေးနဲ့ အရည်အသွေးကောင်းတာလေးတွေကို ရွေးချယ်ပြီးဝယ်ယူလို့ရပါတယ်။
Lifestyle_Myanmar
ref-stylecraze