ဈေးချိုပေမယ့် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းမယ့် ဂေါ်ဖီထုပ်

0
16

တစ်နှစ်ပတ်လုံး ရာသီမရွေး ရှာဝယ်နိုင်တဲ့ ဂေါ်ဖီထုပ်ဟာ ဈေးချိုတဲ့အတွက်ကြောင့် ကောင်းကျိုးလည်းသိပ်ပေးနိုင်မှာမဟုတ်ဘူးလို့ လူအများကတွေးထင်ကြပါတယ်။ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ ဂေါ်ဖီထုပ်ကို ရှာဖွေဝယ်ယူနိုင်မှာဖြစ်ပြီးတော့ ရှေးခေတ်ကတည်းက အသုံးပြုလာခဲ့ကြကာ အရသာအလွန်ရှိပြီး ကျန်းမာရေးနဲ့လည်း အထူးညီညွတ်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးလည်းဖြစ်ပါတယ်။ ကြော်၊ ပြုတ်၊ အစိမ်း စတဲ့ ပုံစံမျိုးစုံ ချက်ပြုတ်စားသုံးခြင်းအားဖြင့် ဂေါ်ဖီထုပ်က ဘယ်လိုအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်မလဲဆိုတာကို သိထားစေဖို့အတွက် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ ကိုယ်အလေးချိန်ကျစေခြင်း

ကျန်းမာရေးနဲ့ညီညွတ်စွာ ကိုယ်အလေးချိန်လျော့ချလိုသူများအတွက်တော့ ဂေါ်ဖီထုပ်က ကောင်းတဲ့ရွေးချယ်မှုဖြစ်နိုင်ပါတယ်။ ဂေါ်ဖီတစ်ထုပ်မှာ ကယ်လိုရီ ၂၂ သာပါဝင်တာကြောင့် ဂေါ်ဖီထုပ်ကိုစားသုံးခြင်းအားဖြင့် ပြည့်အင့်မှုကိုဖြစ်စေကာ နောက်ထပ်အစားမစားမိအောင် တားဆီးနိုင်မှာဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝတဲ့အတွက်ကြောင့် ခန္ဓာကိုယ်တွင်းရေဓာတ်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။

၂။ ကိုယ်ခံအားကောင်းစေခြင်း

ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်နိုင်စွမ်းကို ထိန်းသိမ်းဖို့ရာ လိုအပ်တဲ့ ဗီတာမင်စီပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေသလို ကင်ဆာတိုက်ဖျက်နိုင်မယ့် စွမ်းရည်တွေလည်းပါဝင်ပါသေးတယ်။ ဒါကြောင့် ဂေါ်ဖီထုပ်ကို နေ့စဥ်မှန်မှန်စားသုံးပေးဖို့အတွက်က ကောင်းတဲ့အတွေးပါပဲနော်။

၃။ အစာခြေစနစ်ကိုကောင်းမွန်စေခြင်း

စိတ်ကြိုက်အစားစားပြီး မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းတို့လို အစာအိပ်ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဂေါ်ဖီထုပ်ကိုစားသုံးကြည့်လိုက်ပါ။ အူသိမ်အူမကြီးအတွက် ကောင်းကျိုးဖြစ်စေမယ့် မပျော်ဝင်နိုင်တဲ့ ဖိုက်ဘာပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

၄။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးခြင်း

ဂေါ်ဖီထုပ်ကိုစားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဥ်းရောဂါဖြစ်လာစေနိုင်မယ့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ချနိုင်မှာဖြစ်ပါတယ်။ ဂေါ်ဖီထုပ်မှာပါဝင်တဲ့ ပိုတက်ဆီယမ်က ကိုယ်တွင်းရှိ အဆိပ်အတောက်ဖြစ်စေမယ့် ဆိုဒီယမ်လွန်ကဲမှုကို ဆန့်ကျင့်ကာ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေမှာပါ။

၅။ အဆိပ်အတောက်ပြေစေခြင်း

ကိုယ်တွင်းကမလိုလားတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အဓိကကျတဲ့ အသည်းကိုသန့်စင်ဖို့အတွက် ဂေါ်ဖီထုပ်က အင်မတန်အသုံးဝင်ပါတယ်။ ဖျော်ရည်၊ အရွက်သုပ် စသဖြင့် ပုံစံမျိုးစုံလုပ်စားကာ ခန္ဓာကိုယ်တွင်းကို သန့်စင်နိုင်မှာဖြစ်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-top10homeremedies

Zawgyi

ေဈးခ်ိဳေပမယ့္ အဖိုးမျဖတ္ႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကို ေပးစြမ္းမယ့္ ေဂၚဖီထုပ္

တစ္ႏွစ္ပတ္လုံး ရာသီမေ႐ြး ရွာဝယ္ႏိုင္တဲ့ ေဂၚဖီထုပ္ဟာ ေဈးခ်ိဳတဲ့အတြက္ေၾကာင့္ ေကာင္းက်ိဳးလည္းသိပ္ေပးႏိုင္မွာမဟုတ္ဘူးလို႔ လူအမ်ားကေတြးထင္ၾကပါတယ္။ ပုံစံအမ်ိဳးမ်ိဳး၊ အေရာင္အမ်ိဳးမ်ိဳးနဲ႔ ေဂၚဖီထုပ္ကို ရွာေဖြဝယ္ယူႏိုင္မွာျဖစ္ၿပီးေတာ့ ေရွးေခတ္ကတည္းက အသုံးျပဳလာခဲ့ၾကကာ အရသာအလြန္ရွိၿပီး က်န္းမာေရးနဲ႔လည္း အထူးညီၫြတ္တဲ့ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးလည္းျဖစ္ပါတယ္။ ေၾကာ္၊ ျပဳတ္၊ အစိမ္း စတဲ့ ပုံစံမ်ိဳးစုံ ခ်က္ျပဳတ္စားသုံးျခင္းအားျဖင့္ ေဂၚဖီထုပ္က ဘယ္လိုအက်ိဳးေက်းဇူးေတြကို ေပးစြမ္းႏိုင္မလဲဆိုတာကို သိထားေစဖို႔အတြက္ အခုပဲေဖာ္ျပေပးလိုက္ရပါတယ္။

၁။ ကိုယ္အေလးခ်ိန္က်ေစျခင္း

က်န္းမာေရးနဲ႔ညီၫြတ္စြာ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်လိုသူမ်ားအတြက္ေတာ့ ေဂၚဖီထုပ္က ေကာင္းတဲ့ေ႐ြးခ်ယ္မႈျဖစ္ႏိုင္ပါတယ္။ ေဂၚဖီတစ္ထုပ္မွာ ကယ္လိုရီ ၂၂ သာပါဝင္တာေၾကာင့္ ေဂၚဖီထုပ္ကိုစားသုံးျခင္းအားျဖင့္ ျပည့္အင့္မႈကိုျဖစ္ေစကာ ေနာက္ထပ္အစားမစားမိေအာင္ တားဆီးႏိုင္မွာျဖစ္ပါတယ္။ ေရဓာတ္ျပည့္ဝတဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္တြင္းေရဓာတ္ျဖည့္တင္းေပးမွာျဖစ္ပါတယ္။

၂။ ကိုယ္ခံအားေကာင္းေစျခင္း

ခႏၶာကိုယ္ပုံမွန္အလုပ္လုပ္ႏိုင္စြမ္းကို ထိန္းသိမ္းဖို႔ရာ လိုအပ္တဲ့ ဗီတာမင္စီပါဝင္တာေၾကာင့္ ကိုယ္ခံအားကိုေကာင္းေစသလို ကင္ဆာတိုက္ဖ်က္ႏိုင္မယ့္ စြမ္းရည္ေတြလည္းပါဝင္ပါေသးတယ္။ ဒါေၾကာင့္ ေဂၚဖီထုပ္ကို ေန႔စဥ္မွန္မွန္စားသုံးေပးဖို႔အတြက္က ေကာင္းတဲ့အေတြးပါပဲေနာ္။

၃။ အစာေျခစနစ္ကိုေကာင္းမြန္ေစျခင္း

စိတ္ႀကိဳက္အစားစားၿပီး မအီမသာျဖစ္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ဗိုက္နာျခင္းတို႔လို အစာအိပ္ျပႆနာေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ေဂၚဖီထုပ္ကိုစားသုံးၾကည့္လိုက္ပါ။ အူသိမ္အူမႀကီးအတြက္ ေကာင္းက်ိဳးျဖစ္ေစမယ့္ မေပ်ာ္ဝင္ႏိုင္တဲ့ ဖိုက္ဘာပါဝင္တာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစမွာျဖစ္ပါတယ္။

၄။ ႏွလုံးက်န္းမာေရးကို ျမႇင့္တင္ေပးျခင္း

ေဂၚဖီထုပ္ကိုစားသုံးျခင္းျဖင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါျဖစ္လာေစႏိုင္မယ့္ ခႏၶာကိုယ္တြင္း ေရာင္ရမ္းမႈကို ေလ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။ ေဂၚဖီထုပ္မွာပါဝင္တဲ့ ပိုတက္ဆီယမ္က ကိုယ္တြင္းရွိ အဆိပ္အေတာက္ျဖစ္ေစမယ့္ ဆိုဒီယမ္လြန္ကဲမႈကို ဆန႔္က်င့္ကာ ေသြးေပါင္ခ်ိန္ကို ပုံမွန္ျဖစ္ေစမွာပါ။

၅။ အဆိပ္အေတာက္ေျပေစျခင္း

ကိုယ္တြင္းကမလိုလားတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားရာမွာ အဓိကက်တဲ့ အသည္းကိုသန႔္စင္ဖို႔အတြက္ ေဂၚဖီထုပ္က အင္မတန္အသုံးဝင္ပါတယ္။ ေဖ်ာ္ရည္၊ အ႐ြက္သုပ္ စသျဖင့္ ပုံစံမ်ိဳးစုံလုပ္စားကာ ခႏၶာကိုယ္တြင္းကို သန႔္စင္ႏိုင္မွာျဖစ္ပါတယ္။

Lifestyle_Myanmar

Thinzar

Source-top10homeremedies

LEAVE A REPLY

Please enter your comment!
Please enter your name here