ဇာတ်ကားတိုင်းလိုလိုမှာ ဇာတ်ကောင် အမူအရာ တူနေတတ်ကြတဲ့ သရုပ်ဆောင် (၉)ဦး

0
137

ဇာတ်ကားတစ်ကားကို အာရုံစိုက်ပြီး စေ့စေ့စပ်စပ် ကြည့်ကြတဲ့သူတွေဆိုရင် တစ်ချို့ဇာတ်ကားတွေမှာ သရုပ်ဆောင်တစ်ယောက်တည်းက ဇာတ်ကားတိုင်းလိုလိုကို ပုံစံတူအမူအရာပြုလုပ်တာ၊ အလားတူ ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်ကို အသုံးပြုတာစသဖြင့် သတိထားမိတတ်ကြပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေပါတဲ့ ဇာတ်ကားအချို့ကို ပြန်ကြည့်တဲ့အခါ ထပ်နေတဲ့ သရုပ်ဆောင်ချက်တွေကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။ ဘယ်ဇာတ်ကားတွေများပါလဲနော်။

၁။ လက်နက်တွေနဲ့ Angelina Jolie

Lara Croft: Tomb Raider မှာ သူမရဲ့ဇာတ်ကောင်အတွက် ပြင်ဆင်ဖို့ အိန်ဂျလီနာဂျိုလီဟာ ယောဂနှင့် ကစ်ဘောက်ဆင် သင်ခန်းစာများ ယူခဲ့ပါတယ်။ သူမဟာ ဂရိတ်ဗြိတိန်ရဲ့ Elite တပ်ဖွဲ့များကနေ နည်းပြဆရာများဖြင့် သေနတ်ကိုင်ပုံကို သင်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမက တခြားရုပ်ရှင်အတော်များများမှာ ဒီကျွမ်းကျင်မှုကို အသုံးပြုခဲ့ပါတယ်။

၂။ Matthew McConaugheyရဲ့ abs

သူ့ရဲ့ သရုပ်ဆောင် အသက်မွေးဝမ်းကျောင်း အစမှာ Matthew McConaughey ဟာ ဟာသနှင့် ရိုမန့်တစ်ရုပ်ရှင်အများစုမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ရုပ်ရှင်အများစုမှာ အင်္ကျီဗလာနှင့် သရုပ်ဆောင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

၃။ အတွင်းခံဘောင်းဘီနှင့် Cameron Diaz

ကင်မရွန်ဟာ ရှက်တဲ့ပုံစံ ရှိပုံမပေါ်ပါဘူး။ ရုပ်ရှင်အတော်များများမှာ သူမကို အောက်ခံဘောင်းဘီနှင့် မြင်နိုင်ပါတယ်။ ကင်မရွန်ဟာ အသက် 42နှစ်မို့လို့ မရှက်တော့တာမဟုတ်ပါဘူး။ အသက် ၂၀မှာတောင် သူမခန္ဓာကိုယ်ကို ဖော်ပြဖို့ ရှက်ကြောက်ခဲ့ခြင်း မရှိပါဘူး။

၄။ Jean-Claude Van Damme ရဲ့ဇာတ်ဝင်ခန်း

Jean-Claude Van Damme သည် သူ့ရဲ့ခြေထောက်နှစ်ဖက်ကို လှပစွာ ကားပြီးသရုပ်ဆောင်ပြတဲ့ ပြကွက်ဟာ အနည်းငယ်သော ဇာတ်ကားတွေမှာ ရှိပါတယ်။ ယခုအသက် ၅၈နှစ်မှာတောင် သူရဲ့ ကာယပုံပန်းသဏ္ဍန်က ကြည့်ကောင်းနေပြီး အက်ရှင်ရုပ်ရှင်တွေ ရိုက်နေဆဲပါ။

၅။ စီးကရက်နှင့် Ryan Gosling

အမျိုးသမီးအများစု ကြိုက်ကြတဲ့ ကနေဒါမင်းသား ရိုင်ယန်ဟာ မကောင်းတဲ့ အလေ့အထရှိပါတယ်။ ရုပ်ရှင်အတော်များများမှာ သူ့ဇာတ်ကောင်တွေက ဆေးလိပ်အရမ်းသောက်တာကို တွေ့နိုင်ပါတယ်။

၆။ ဖုန်းတစ်လုံးနှင့် Drew Barrymore

Screamဆိုတဲ့ ရုပ်ရှင်က ဖုန်းတစ်လုံးနှင့်အတူ ဒရူးဘယ်ရီမိုးကို မြင်နိုင်တဲ့ နာမည်အကြီးဆုံးရုပ်ရှင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဇာတ်ကားတစ်ကားထဲမှာပဲ မင်းသမီး ဖုန်းကိုင်ပြီးစကားပြောတဲ့အခန်းကို ရေတွက်ပါဆိုရင် Going the Distance ဆိုတဲ့ ဇာတ်ကားက ဆုရမှာသေချာပါတယ်။ ဘယ်ရီမိုးက ဖုန်းပြောရတာကို ကြိုက်ပုံရပါတယ်။

၇။ Edward Norton ရဲ့ စွပ်ကျယ်အဖြူရောင်

စေ့စေ့စပ်စပ်ကြည့်တတ်တဲ့ သူတွေဆိုရင် မင်းသား Edward Norton သည် ဇာတ်ကားတွေမှာ မကြာခဏ စွပ်ကျယ်အဖြူရောင်ဝတ်တာကို သတိထားမိပါလိမ့်မယ်။ သူဒီလိုဘာ့ကြောင့်ဝတ်လဲဆိုတာ မသိပါဘူး။ သူ့ဒီလိုဝတ်တာတော့ ဇာတ်ကား အနည်းဆုံး ၆ကားလောက်တော့ ရှိပါတယ်။

၈။ Jennifer Aniston ရဲ့အကြည့်

ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုမှာ သူမရဲ့အကြည့်က ပုရိသတွေအားလုံးကို ဖမ်းစားနိုင်အောင် ညို့ယူနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် သူမသရုပ်ဆောင်ခဲ့တဲ့ Friendsဆိုတဲ့ ဇာတ်ကားကို ပြန်ကြည့်ရင် အဝတ်အစား၊ ဆံပင်မှာ ထပ်တူကျနေတဲ့ သူမရဲ့ စတိုင်ကို တွေ့ရမှာပါ။

၉။ Tom Cruise ရဲ့ ဒဏ်ရာများ

Tom Cruise ရဲ့ဇာတ်ကားတွေကို စေ့စေ့စပ်စပ်ကြည့်သူတွေဟာ ထူးဆန်းတဲ့အရာကို သတိထားမိပါလိမ့်မယ်။ သူ့မျက်နှာပေါ်က ဒဏ်ရာအစက်အပြောက်များဟာ အမြဲတမ်းတူနေတာကြောင့်ပါ။ သူ့ညာဘက်ပါးနှင့် သူ့နှာခေါင်းမှာသာ ထိခိုက်စေတာကို တွေ့ရပါတယ်။ သူ့မျက်နှာရဲ့ ဘယ်ဘက်အစိတ်အပိုင်းက အမြဲတမ်းနဂိုအတိုင်းပဲဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ဇာတ္ကားတိုင္းလိုလိုမွာ ဇာတ္ေကာင္ အမူအရာ တူေနတတ္ၾကတဲ့ သ႐ုပ္ေဆာင္ (၉)ဦး
ဇာတ္ကားတစ္ကားကို အာ႐ုံစိုက္ၿပီး ေစ့ေစ့စပ္စပ္ ၾကည့္ၾကတဲ့သူေတြဆိုရင္ တစ္ခ်ိဳ႕ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္တစ္ေယာက္တည္းက ဇာတ္ကားတိုင္းလိုလိုကို ပုံစံတူအမူအရာျပဳလုပ္တာ၊ အလားတူ ဇာတ္ဝင္ပစၥည္းအသုံးအေဆာင္ကို အသုံးျပဳတာစသျဖင့္ သတိထားမိတတ္ၾကပါတယ္။ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြပါတဲ့ ဇာတ္ကားအခ်ိဳ႕ကို ျပန္ၾကည့္တဲ့အခါ ထပ္ေနတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကို စိတ္ဝင္စားဖြယ္ ေတြ႕ရွိရပါတယ္။ ဘယ္ဇာတ္ကားေတြမ်ားပါလဲေနာ္။

၁။ လက္နက္ေတြနဲ႔ Angelina Jolie

Lara Croft: Tomb Raider မွာ သူမရဲ႕ဇာတ္ေကာင္အတြက္ ျပင္ဆင္ဖို႔ အိန္ဂ်လီနာဂ်ိဳလီဟာ ေယာဂႏွင့္ ကစ္ေဘာက္ဆင္ သင္ခန္းစာမ်ား ယူခဲ့ပါတယ္။ သူမဟာ ဂရိတ္ၿဗိတိန္ရဲ႕ Elite တပ္ဖြဲ႕မ်ားကေန နည္းျပဆရာမ်ားျဖင့္ ေသနတ္ကိုင္ပုံကို သင္ယူခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူမက တျခား႐ုပ္ရွင္အေတာ္မ်ားမ်ားမွာ ဒီကြၽမ္းက်င္မႈကို အသုံးျပဳခဲ့ပါတယ္။

၂။ Matthew McConaugheyရဲ႕ abs

သူ႔ရဲ႕ သ႐ုပ္ေဆာင္ အသက္ေမြးဝမ္းေက်ာင္း အစမွာ Matthew McConaughey ဟာ ဟာသႏွင့္ ႐ိုမန္႔တစ္႐ုပ္ရွင္အမ်ားစုမွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ႐ုပ္ရွင္အမ်ားစုမွာ အက်ႌဗလာႏွင့္ သ႐ုပ္ေဆာင္ခဲ့တာေၾကာင့္လည္း ျဖစ္ပါတယ္။

၃။ အတြင္းခံေဘာင္းဘီႏွင့္ Cameron Diaz

ကင္မ႐ြန္ဟာ ရွက္တဲ့ပုံစံ ရွိပုံမေပၚပါဘူး။ ႐ုပ္ရွင္အေတာ္မ်ားမ်ားမွာ သူမကို ေအာက္ခံေဘာင္းဘီႏွင့္ ျမင္ႏိုင္ပါတယ္။ ကင္မ႐ြန္ဟာ အသက္ 42ႏွစ္မို႔လို႔ မရွက္ေတာ့တာမဟုတ္ပါဘူး။ အသက္ ၂၀မွာေတာင္ သူမခႏၶာကိုယ္ကို ေဖာ္ျပဖို႔ ရွက္ေၾကာက္ခဲ့ျခင္း မရွိပါဘူး။

၄။ Jean-Claude Van Damme ရဲ႕ဇာတ္ဝင္ခန္း

Jean-Claude Van Damme သည္ သူ႔ရဲ႕ေျခေထာက္ႏွစ္ဖက္ကို လွပစြာ ကားၿပီးသ႐ုပ္ေဆာင္ျပတဲ့ ျပကြက္ဟာ အနည္းငယ္ေသာ ဇာတ္ကားေတြမွာ ရွိပါတယ္။ ယခုအသက္ ၅၈ႏွစ္မွာေတာင္ သူရဲ႕ ကာယပုံပန္းသ႑န္က ၾကည့္ေကာင္းေနၿပီး အက္ရွင္႐ုပ္ရွင္ေတြ ႐ိုက္ေနဆဲပါ။

၅။ စီးကရက္ႏွင့္ Ryan Gosling

အမ်ိဳးသမီးအမ်ားစု ႀကိဳက္ၾကတဲ့ ကေနဒါမင္းသား ႐ိုင္ယန္ဟာ မေကာင္းတဲ့ အေလ့အထရွိပါတယ္။ ႐ုပ္ရွင္အေတာ္မ်ားမ်ားမွာ သူ႔ဇာတ္ေကာင္ေတြက ေဆးလိပ္အရမ္းေသာက္တာကို ေတြ႕ႏိုင္ပါတယ္။

၆။ ဖုန္းတစ္လုံးႏွင့္ Drew Barrymore

Screamဆိုတဲ့ ႐ုပ္ရွင္က ဖုန္းတစ္လုံးႏွင့္အတူ ဒ႐ူးဘယ္ရီမိုးကို ျမင္ႏိုင္တဲ့ နာမည္အႀကီးဆုံး႐ုပ္ရွင္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဇာတ္ကားတစ္ကားထဲမွာပဲ မင္းသမီး ဖုန္းကိုင္ၿပီးစကားေျပာတဲ့အခန္းကို ေရတြက္ပါဆိုရင္ Going the Distance ဆိုတဲ့ ဇာတ္ကားက ဆုရမွာေသခ်ာပါတယ္။ ဘယ္ရီမိုးက ဖုန္းေျပာရတာကို ႀကိဳက္ပုံရပါတယ္။

၇။ Edward Norton ရဲ႕ စြပ္က်ယ္အျဖဴေရာင္

ေစ့ေစ့စပ္စပ္ၾကည့္တတ္တဲ့ သူေတြဆိုရင္ မင္းသား Edward Norton သည္ ဇာတ္ကားေတြမွာ မၾကာခဏ စြပ္က်ယ္အျဖဴေရာင္ဝတ္တာကို သတိထားမိပါလိမ့္မယ္။ သူဒီလိုဘာ့ေၾကာင့္ဝတ္လဲဆိုတာ မသိပါဘူး။ သူ႔ဒီလိုဝတ္တာေတာ့ ဇာတ္ကား အနည္းဆုံး ၆ကားေလာက္ေတာ့ ရွိပါတယ္။

၈။ Jennifer Aniston ရဲ႕အၾကည့္

႐ုပ္ရွင္ဇာတ္ကားတိုင္းလိုလိုမွာ သူမရဲ႕အၾကည့္က ပုရိသေတြအားလုံးကို ဖမ္းစားႏိုင္ေအာင္ ညိဳ႕ယူႏိုင္စြမ္းရွိပါတယ္။ ဒါေပမယ့္ သူမသ႐ုပ္ေဆာင္ခဲ့တဲ့ Friendsဆိုတဲ့ ဇာတ္ကားကို ျပန္ၾကည့္ရင္ အဝတ္အစား၊ ဆံပင္မွာ ထပ္တူက်ေနတဲ့ သူမရဲ႕ စတိုင္ကို ေတြ႕ရမွာပါ။

၉။ Tom Cruise ရဲ႕ ဒဏ္ရာမ်ား

Tom Cruise ရဲ႕ဇာတ္ကားေတြကို ေစ့ေစ့စပ္စပ္ၾကည့္သူေတြဟာ ထူးဆန္းတဲ့အရာကို သတိထားမိပါလိမ့္မယ္။ သူ႔မ်က္ႏွာေပၚက ဒဏ္ရာအစက္အေျပာက္မ်ားဟာ အၿမဲတမ္းတူေနတာေၾကာင့္ပါ။ သူ႔ညာဘက္ပါးႏွင့္ သူ႔ႏွာေခါင္းမွာသာ ထိခိုက္ေစတာကို ေတြ႕ရပါတယ္။ သူ႔မ်က္ႏွာရဲ႕ ဘယ္ဘက္အစိတ္အပိုင္းက အၿမဲတမ္းနဂိုအတိုင္းပဲျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here