၃။ ဇာက်ကြောဆွဲပေးခြင်း
#Lifestyle_Myanmar
#Thar_Nage
Unicode
ဇာက်ကြောတက်ခြင်းနဲ့ နောက်ကျောကြွက်သားတွေ ပြေလျော့စေဖို့အတွက် နည်းလမ်း
တခါတလေမှာ လည်ပင်းနဲ့ ပခုံးရှိကြွက်သားတွေ၊ နောက်ကျော၊ လက်ပြင်၊ ဇက်ပိုး ရှိကြွက်သားတွေ တင်းမာပြီး ဇာက်ကြောတက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ဒီလို နောက်ကျောကြွက်သားတင်းမာမှုနဲ့ ဇာက်ကြောတက်လာတဲ့အခါအောက်ဖော်ပြပါ နည်းလမ်းလေးကို သတိရလိုက်ပါ။
၁။ လည်ပင်းအောက်မှာ အလိပ်တစ်ခုခုထားပါ။
လည်ပင်းတဝိုက်တင်းမာမှုဖြစ်တဲ့အခါ ဒီနည်းလမ်းကို အသုံးပြုပေးပါ။ ဒီနည်းလမ်းလေးဟာ သင့်အတွက် လွယ်ကူပြီး နူးညံ့သိမ်မွေ့တဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ပုံမှာဖော်ပြာထားသလို ခုံဇောင်းအစွန်းနေရာမှာ ပုဝါတစ်ခုခုကို အလိပ့်ပုံစံလိပ်ပြီးသင့်ဇာက်အောက်မှာပေးပါ။ ထိုအနေအထားအတိုင်း ၁၀မိနစ်လောက်နေပေးခြင်းအားဖြင့် လည်ပင်းအောက် ဇာတ်ကြောတင်းမာမှုကို ပြေလျော့စပေါတယ်။
၂။ လည်ပင်းကို နှိပ်ပေးခြင်း
ပထမဦးစွာ ကုလားထိုင် ဒါမှမဟုတ် ကြမ်းပြင်တစ်ခုမှာ သက်သောက်သက်သာထိုင်ချလိုက်ပါ။ ပြီးလျှင် သင့်ရဲ့ မေးစေ့နဲ့ ရင်ဘက်ကို ထိတဲ့အထိ ခေါင်းကို ငုံ့ထားပြီး နောက်ကျောက လည်ပင်နဲ့ ဂုတ်ပိုးကြွက်သားတွေကို နှိပ်ပေးပါ။ စက္ကန့် ၃၀-၄၀ ခန့်ကြာမှ သင့်ရဲ့ လက်ကို လွှတ်ပြီး ခေါင်းကို ပြန်မတ်ပေးလိုက်ပါ။
၃။ ဇာက်ကြောဆွဲပေးခြင်း
ပထမဦးစွာ ကြမ်းပြင် ဒါမှမဟုတ် ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်နေပါ။ ပြီးလျှင် သင့်ရဲ့ ညာဘက်လက်က သင့်ဦးခေါင်းကို ကိုင်ပြီး ညာဘက်ခြမ်းကို ဘေးတိုက်ဖြည်းဖြည်းချင်း ဆွဲပေးပါ။ ကျန်တဲ့ ဘယ်လက်တစ်ဖက်က သင့်ပုခုံးကြွက်သားတွေကို နှိပ်ပေးပါ။ မိနစ် ၃၀-၄၀ လောက်ကြာမှသင့်ရဲ့ လက်ကို လွှတ်ပြီး ခေါင်းကို ပြန်မတ်ပေးပါ။ ထိုနည်းအတိုင်း ဘယ် ညာ ပြောင်းပြန်စီပြုလုပ်ပေးပါ။
၄။ ကျောရိုးအောက်က ကြွက်သားပြင်ကြီး လျော့ကျစေဖို့အတွက်
ပထမဦးစွာ ပုံမှာ ဖော်ပြထားသလို သင့်ရဲ့ လက်နှစ်ဖက်ကို နောက်မှာထားပြီး ညာဘက်လက်က ဘယ်လက်ကို ကိုင်ပြီး ညာဘက်ခြမ်းသို့ ညင်ညင်သာသာ ဆွဲပေးပါ။ တစ်ဖန် ဘယ်ဘက်လက်က ညာဘက်လက်ကို ကိုင်ပြီး ဘယ်ဘက်ခြမ်းကို ညင်သာစွာ ဆွဲပေးပါ။ ထိုကဲ့သို ဘယ် ညာ တစ်ဖက်စီကို စက္ကန့် ၂၀ လောက်ကြာအောင် ပြုလုပ်ပြီးမှ သင့်ရဲ့ လက်ကို လွှတ်ပေးပါ။
၅။ လက်ပြင်နဲ့ ဇက်ပိုးအတွက်
ကြမ်းပြင်ပေါ်မှာ ထိုင်ချပြီး သင့်ရဲ့ ညာလက်ကို ကျောနောက်မှာက ကြမ်းပြင်မှာ ထောက်ထားပေးပါ။ ပြီးလျှင် ဘယ်ဘက်လက်က သင့်ရဲ့ ဦးခေါင်းကို ကိုင်ပြီး ၄၅ ဒီဂရီ ခပ်စောင်းစောင်းအနေအထားဖြင့် မေးစေ့နဲ့ ရင်ဘက်ထိတဲ့အထိဆွဲချပေးပါ။ စက္ကန့် ၂၀-၃၀ လောက်ကျအောင် ပြုလုပ်ပြီးမှ သင့်ရဲ့ လက်ကို လွှတ်ပေးပါ။ ပြီးလျှင် ဒီနည်းအတိုင်း ဘယ်ညာ တစ်လှည့်စီပြုလုပ်ပေးပါ။
၆။ ပုခုံးရှိ ကြွက်သားတွေ အတွက်
ထိုင်နေရင်းပဲဖြစ်ဖြစ် ထနေရင်းပဲဖြစ်ဖြစ် သင့်ရဲ့ နောက်ကျောကို ဖြောင့်မတ်ထားပါ။ ပြီးလျှင် လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီမှ ဆန့်ထားပြီး ပခုံးကြွက်သားနေရာချည်းပဲ အပေါ်သို့ တွန်းတင်းပေးပါ။ ထိုကဲ့သိုပြုလုပ်နေတဲ့အချိန်မှာ သင့်ရဲ့ လည်ပင်းကို အရှေ့ကို မေးစေ့နဲ့ ရင်ဘက် ထိတဲ့အထိ စင်းထားပေးရပါမယ်။
၇။ လက်မောင်းကြွက်သားတွေ အတွက်
ပထမဦးစွာ မတ်တပ်ရပ်အနေအထားမှ သင့်လက်နှစ်ဖက်ကို ရှေ့ထုတ်ပြီး လက်တစ်ဖက် ရှေ့ကို ဆန့်ထုတ်ထားတဲ့အချိန်မှာ နောက်တစ်ဖက်က ထိုလက်အောက်က လျှိုပြီး ပုံမှာပြထားသလို ဒေါင့်ဖြတ် ချိတ်ဆွဲပေးရပါမယ်။ ထိုအနေအထားကို စက္ကန့် ၁၀-၂၀ လောက်ကြာအောင်ထိန်းထားပေးပြီး ဘယ်ညာ တစ်လှည့်စီပြုလုပ်ပေးပါ။
၈။ နောက်ကျောက ကြွက်သားတွေအတွက်
အရင်ဦးစွာ သင့်ရဲ့ လက်နှစ်ဖက်ကို ကျောနောက်မှာ ဆန့်ထားပြီး ချိတ်ထားပေးပါ။ ထိုလက်နှစ်ဖက် ဆန့်ပြီး ချိတ်ထားတဲ့ အနေအထားအတိုင်း အပေါ်သို့ သင့်ခံနိုင်တဲ့ အနေအထားသို့ရောက်အောင် ဖြည်းဖြည်းချင်း မြှင့်တင်ပေးလိုက်ပါ။ စက္ကန့် ၃၀-၄၀ လောက်ကြာတဲ့ထိ ထိန်းထားပေးပြီး ၃ကြိမ်လောက်ပြုလုပ်သင့်ပါတယ်။