ဇနီးသည် မသေခင်က ပေးသွားတဲ့ ပေဗူးလေး ပြုတ်ကျသွားလို့ တံတားအောက် ခုန်ချပြီး ဆင်းဆယ်တဲ့ အမျိုးသား

0
1266
ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့အရာ
ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့အရာ

တစ်ခါတစ်လေမှာ တချို့သော အရာတွေက ကျွန်တော်တို့အတွက် ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရပါဘူး။ တန်းဖိုးအားဖြင့် သေးသေးကြီးကြီး ကိုယ်တန်းဖိုးထားတဲ့ ပေါ်မှာပဲ မူတည်ပါတယ်။

-Advertisement-

အခုလည်း အသက် ၄၁နှစ်အရွယ်ရှိတဲ့ ပန်းပဲဆရာတစ်ယောက်ဟာ သူ့ဇနီး မသေခင်က ပေးသွားတဲ့ပစ္စည်းတစ်ခုကို ဆုံးရှုံးရမှာဆိုးလို့ အသက်အန္တရာယ်ရင်းပြီး ရအောင်ပြန်ယူခဲ့ပါတယ်။

သူဟာ ဇနီးသည် မသေခင်က ပေးသွားတဲ့ ပေဗူးလေး ရေထဲပြုတ်ကျသွားလို့ တံတားပေါ်ကနေ ခုန်ချပြီး ရွံ့နွှံတွေထဲကနေ ရအောင် ပြန်ဆယ်ယူခဲ့နိုင်ပါတယ်။ facebook မှာ ဖော်ပြထားတဲ့ သူတစ်ယောက်ရဲ့ ပြောပြချက်အရ သူဟာ တံတားကို ဖြတ်ပြီး လမ်းလျှောက်လာစဉ်မှာပဲမတော်တဆ သူ့ရဲ့ ပေဗူးလေး တံတားအောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။

ပေဗူးတစ်ဗူးရဲ့ တန်ဖိုးဟာ ဘယ်လောက်မှ မရှိပေမဲ့ သူအတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုကြီးတစ်ခုလို့ ထင်ဟန်တူပါတယ်။ အဲ့ဒါကြောင့် ဘာမှ မစဉ်းစားတော့ပဲ ရေထဲ ခုန်ချပြီး ဒီပေဗူးလေးကို မရမက သွားဆယ်ယူခဲ့တာဖြစ်ပါတယ်။ ဆင်းသွားတဲ့ အချိန်မှာ ဘာမှ မစဉ်းစားပဲ ဆင်းသွားခဲ့ပြီး ရွှံ့နွှံတွေအရမ်းထူတဲ့အတွက် အပေါ်ကို ချက်ခြင်း ပြန်တက်လို့ မရတော့ပါဘူး။

ကံကောင်းထောက်မစွာပဲ ထိုတံတားပေါ်မှာ သူ့ရဲ့ ဦးထုပ်ရယ် ဖိနပ်လေးရယ် ချွတ်ထားတာကို လမ်းသွားလမ်းလာတွေက တွေ့ပြီး ရေထဲကို လူတစ်ဦး ခုန်ချသွားတယ်ဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ဒေသခံ အာဏာပိုင်တွေကို ခေါ်ပြီး မိနစ် ၄၀လောက်ကြာအောင် ကယ်တင်ခဲ့ရပါတယ်။ အာဏာပိုင်တွေက ဘာကြောင့် ခုန်ချရလဲ မေးတဲ့ အခါမှာတော့ ဝမ်းနည်းစွာ အခုလို့ ပြောပါတယ်။

ဒီပစ္စည်းလေးဟာ ကျွန်တော်ရဲ့ ဇနီး နောက်ဆုံးဝယ်ပေးသွားတဲ့ ပစ္စည်းလေးပါ။ အဲ့ဒါကြောင့် ကျွန်တော် အဆုံးအရှုံးမခံနိုင်လို့ အခုလို မစဉ်းစားပဲ ခုန်ချမိတာလို့ ထွက်ဆိုခဲ့ပါတယ်။ ရွှံ့ထဲ ခုန်ချခဲ့ပေမဲ့ ကံကောင်းစွာပဲ ဒဏ်ရာကြီးကြီးမားမား ရရှိခဲ့တာမျိုး မရှိပါဘူး။ သူ့နေရာမှာ သင်သာဆိုရင်ရောဒီလိုလုပ်မှာလား။ တစ်ချို့သော အရာတွေက ငွေကြေးအားဖြင့် တန်ဖိုးမဲ့ပေမဲ့ ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ သူက ပေးတဲ့အခါ အဖိုးမဖြတ်နိုင်တဲ့ အရာတွေအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အသက် ၄၄နှစ်နဲ့ ကလေး ၅ယောက်ရှိပေမဲ့ နိုင်ငံကိုယ်စားပြုအလှအဖြစ် ရွေးချယ်ခံရတဲ့ စင်္ကာပူသူ

Zawgyi Fonts

ဇနီးသည္ မေသခင္က ေပးသြားတဲ့ ေပဗူးေလး ျပဳတ္က်သြားလို႔ တံတားေအာက္ ခုန္ခ်ၿပီး ဆင္းဆယ္တဲ့ အမ်ိဳးသား
တစ္ခါတစ္ေလမွာ တခ်ိဳ႕ေသာ အရာေတြက ကၽြန္ေတာ္တို႔အတြက္ ေငြေၾကးနဲ႔ တန္ဖိုးျဖတ္လို႔ မရပါဘူး။ တန္းဖိုးအားျဖင့္ ေသးေသးႀကီးႀကီး ကိုယ္တန္းဖိုးထားတဲ့ ေပၚမွာပဲ မူတည္ပါတယ္။ အခုလည္း အသက္ ၄၁ႏွစ္အရြယ္ရွိတဲ့ ပန္းပဲဆရာတစ္ေယာက္ဟာ သူ႔ဇနီး မေသခင္က ေပးသြားတဲ့ပစၥည္းတစ္ခုကို ဆုံးရွုံးရမွာဆိုးလို႔ အသက္အႏၲရာယ္ရင္းၿပီး ရေအာင္ျပန္ယူခဲ့ပါတယ္။

သူဟာ ဇနီးသည္ မေသခင္က ေပးသြားတဲ့ ေပဗူးေလး ေရထဲျပဳတ္က်သြားလို႔ တံတားေပၚကေန ခုန္ခ်ၿပီး ရြံ့ႏႊံေတြထဲကေန ရေအာင္ ျပန္ဆယ္ယူခဲ့နိုင္ပါတယ္။ facebook မွာ ေဖာ္ျပထားတဲ့ သူတစ္ေယာက္ရဲ့ ေျပာျပခ်က္အရ သူဟာ တံတားကို ျဖတ္ၿပီး လမ္းေလၽွာက္လာစဥ္မွာပဲမေတာ္တဆ သူ႔ရဲ့ ေပဗူးေလး တံတားေအာက္ကို ျပဳတ္က်သြားခဲ့ပါတယ္။

ေပဗူးတစ္ဗူးရဲ့ တန္ဖိုးဟာ ဘယ္ေလာက္မွ မရွိေပမဲ့ သူအတြက္ေတာ့ အႀကီးမားဆုံး ဆုံးရွုံးမွုႀကီးတစ္ခုလို႔ ထင္ဟန္တူပါတယ္။ အဲ့ဒါေၾကာင့္ ဘာမွ မစဥ္းစားေတာ့ပဲ ေရထဲ ခုန္ခ်ၿပီး ဒီေပဗူးေလးကို မရမက သြားဆယ္ယူခဲ့တာျဖစ္ပါတယ္။ ဆင္းသြားတဲ့ အခ်ိန္မွာ ဘာမွ မစဥ္းစားပဲ ဆင္းသြားခဲ့ၿပီး ရႊံ့ႏႊံေတြအရမ္းထူတဲ့အတြက္ အေပၚကို ခ်က္ျခင္း ျပန္တက္လို႔ မရေတာ့ပါဘူး။

ကံေကာင္းေထာက္မစြာပဲ ထိုတံတားေပၚမွာ သူ႔ရဲ့ ဦးထုပ္ရယ္ ဖိနပ္ေလးရယ္ ခၽြတ္ထားတာကို လမ္းသြားလမ္းလာေတြက ေတြ႕ၿပီး ေရထဲကို လူတစ္ဦး ခုန္ခ်သြားတယ္ဆိုတာ သေဘာေပါက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္ ေဒသခံ အာဏာပိုင္ေတြကို ေခၚၿပီး မိနစ္ ၄၀ေလာက္ၾကာေအာင္ ကယ္တင္ခဲ့ရပါတယ္။ အာဏာပိုင္ေတြက ဘာေၾကာင့္ ခုန္ခ်ရလဲ ေမးတဲ့ အခါမွာေတာ့ ဝမ္းနည္းစြာ အခုလို႔ ေျပာပါတယ္။

ဒီပစၥည္းေလးဟာ ကၽြန္ေတာ္ရဲ့ ဇနီး ေနာက္ဆုံးဝယ္ေပးသြားတဲ့ ပစၥည္းေလးပါ။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္ အဆုံးအရွုံးမခံနိုင္လို႔ အခုလို မစဥ္းစားပဲ ခုန္ခ်မိတာလို႔ ထြက္ဆိုခဲ့ပါတယ္။ ရႊံ့ထဲ ခုန္ခ်ခဲ့ေပမဲ့ ကံေကာင္းစြာပဲ ဒဏ္ရာႀကီးႀကီးမားမား ရရွိခဲ့တာမ်ိဳး မရွိပါဘူး။ သူ႔ေနရာမွာ သင္သာဆိုရင္ေရာဒီလိုလုပ္မွာလား။ တစ္ခ်ိဳ႕ေသာ အရာေတြက ေငြေၾကးအားျဖင့္ တန္ဖိုးမဲ့ေပမဲ့ ကိုယ္ျမတ္နိုး တန္ဖိုးထားတဲ့ သူက ေပးတဲ့အခါ အဖိုးမျဖတ္နိုင္တဲ့ အရာေတြအျဖစ္ ေျပာင္းလဲသြားတတ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here