ဇနီးသည်ရဲ့ ပြုစုမှုကြောင့် ၅နှစ်လောက် ကိုမာဖြစ်ပြီး မျှောနေရာကနေ ပြန်လည်နိုးထလာတဲ့ ယောကျ်ား

0
236
ကိုမာ

ဘဝမှာ လူအတော်များများက အကောင်းဆို မျှဝေခံစားချင်ကြပေမဲ့ အဆိုး ဆိုရင်တော့ ရှောင်ပြေးချင်ကြတာများပါတယ်။ အိမ်ထောင်သည်ဘဝမှာတောင် ကိုယ်က ဒုက္ခိတ ဘဝရောက်သွားရင် မသိမသာ ခွာချင်ကြတဲ့သူတွေ များပါတယ်။ ဒါပေမဲ့ လောကမှာ ကိုယ့်လက်တွဲဖော်အတွက် အဆိုးတွေကို ရှောင်ထွက်မသွားပဲ ရဲရဲကြီး ခါးစည်းခံပြီး ရင်ဆိုင်နေတဲ့ သူတွေလည်း ရှိပါတယ်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် Xiangyang မြို့မှာနေထိုင်တဲ့ Li Zhihua ဆိုသူဟာ ကိုမာ ဖြစ်နေတာ ၅နှစ်လောက် ရှိနေပါပြီ။ ဆရာဝန်တွေကအစ ပြန်ကောင်းလာဖို့ကို လက်လျော့လိုက်ကြပေမဲ့ Zhihua ရဲ့ အမျိုးသမီးကတော့ လုံးဝ လက်မလျှော့ခဲ့ပါဘူး။ သူမတို့ရဲ့ အိမ်ထောင်ရေးမှာ ယောကျ်ားက လူပိုကြီး၊ ဝန်ထုပ် ဝန်ပိုးကြီး ဖြစ်မှာကိုလည်း မလိုလားခဲ့ပါဘူး။

ဒါ့ကြောင့် သူမရဲ့ ယောကျ်ားကို ဆရာဝန်တွေ လက်လျော့လိုက်တာတောင် သူမကတော့ လက်မလျော့နိုင်ဘဲ ၅နှစ်လောက်ကို ပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ တစ်ရက်ကို နာရီ ၂၀လောက် ပြုစုခဲ့ရပြီး သူမအတွက် အိပ်ချိန်ဆိုတာ ၂နာရီ-၃နာရီလောက်ပဲ ရှိပါတယ်။ သူမဟာ အသက်အရွယ်အားဖြင့်လည်း ၅၇ နှစ်ရှိနေပြီ ဖြစ်ပြီး နေ့တိုင်းလိုလို ပင်ပင်ပန်းပန်းပြုစုရတာကြောင့် ကိုယ်အလေးချိန်လည်း ၂၂ပေါင်အထိ ကျဆင်းခဲ့ပါတယ်။

သူမဟာ ယောက်ျားကို အစာခွံ့ ကျွေးလိုက်၊ သူကြိုက်တဲ့ သီချင်းလေးတွေ ဖွင့်ပြလိုက်၊ ကိုယ်လက် သန့်စင်ပေးလိုက်၊ သူ့အနားမှာ စကားတွေ ပြောလိုက်နဲ့ဘဲ တစ်နေ့တာအချိန်ကို ကုန်ဆုံးစေခဲ့ပါတယ်။ Li Zhihua ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက အလုပ်ကို စကူတာ (ဆိုင်ကယ်အသေးစားလေး)စီးသွားရင်း မတော်တဆ အက်စီဒန့် တစ်ခုဖြစ်ခဲ့ပြီး ဦးနှောက်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့တာပါ။

ဇနီးသည်ရဲ့ စောင့်ရှောက်မှုတွေကြောင့် Li Zhihua ဟာ ပြီးခဲ့တဲ့နှစ်ကဘဲ ကိုမာဖြစ်ပြီး မျောနေရာကနေ သတိပြန်ရလာခဲ့ပါတယ်။ သူ သတိရရခြင်းမှာပဲ ပထမဦးဆုံး စကားတစ်ခွန်း စပြောခဲ့ပါတယ်။ သူပြောတဲ့ စကားလေးကတော့ “မိန်းမကို ချစ်တယ်” ဆိုတာပါပဲ။ အခုဆိုရင်တော့ Zhihua တစ်ယောက် သေချာ ဆေးကုသမှု ပြန်ခံယူနေပြီး တော်တော်လေး နလန်ထူနေပါပြီ။

စက်ပစ္စည်းကိရိယာတွေရဲ့ အကူအညီနဲ့ လမ်းတောင် လျှောက်လို့ ရတဲ့ အခြေအနေအထိ ကျန်းမာရေးက ကောင်းမွန်နေပါပြီ။ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာဟာ တကယ့်ကို ကြည်နူးမှုကောင်းသလို တရုတ်မီဒီယာ တော်တော်များများမှာ လူပြောများလာခဲ့ပါတယ်။ အွန်လိုင်းသုံးဆွဲသူတွေကလည်း Zhihua ကိုအမြန်ဆုံးသက်သာပျောက်ကင်းလာဖို့ မျှော်လင့်နေကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ကြောင်တွေ၊ ခွေးတွေအတွက် အစာဖိုးရအောင် ဟာသတွေနဲ့ ဖျော်ဖြေရင်း ပူးဖောင်းလိုက်ရောင်းနေတဲ့ ဂျိုကာမလေး

Zawgyi fonts

ဇနီးသည္ရဲ့ ျပဳစုမွုေၾကာင့္ ၅ႏွစ္ေလာက္ ကိုမာျဖစ္ၿပီး ေမၽွာေနရာကေန ျပန္လည္နိုးထလာတဲ့ ေယာက်္ား
ဘဝမွာ လူအေတာ္မ်ားမ်ားက အေကာင္းဆို မၽွေဝခံစားခ်င္ၾကေပမဲ့ အဆိုး ဆိုရင္ေတာ့ ေရွာင္ေျပးခ်င္ၾကတာမ်ားပါတယ္။ အိမ္ေထာင္သည္ဘဝမွာေတာင္ ကိုယ္က ဒုကၡိတ ဘဝေရာက္သြားရင္ မသိမသာ ခြာခ်င္ၾကတဲ့သူေတြ မ်ားပါတယ္။ ဒါေပမဲ့ ေလာကမွာ ကိုယ့္လက္တြဲေဖာ္အတြက္ အဆိုးေတြကို ေရွာင္ထြက္မသြားပဲ ရဲရဲႀကီး ခါးစည္းခံၿပီး ရင္ဆိုင္ေနတဲ့ သူေတြလည္း ရွိပါတယ္။

တ႐ုတ္နိုင္ငံ ဟူေဘးျပည္နယ္ Xiangyang ၿမိဳ႕မွာေနထိုင္တဲ့ Li Zhihua ဆိုသူဟာ ကိုမာ ျဖစ္ေနတာ ၅ႏွစ္ေလာက္ ရွိေနပါၿပီ။ ဆရာဝန္ေတြကအစ ျပန္ေကာင္းလာဖို႔ကို လက္ေလ်ာ့လိုက္ၾကေပမဲ့ Zhihua ရဲ့ အမ်ိဳးသမီးကေတာ့ လုံးဝ လက္မေလၽွာ့ခဲ့ပါဘူး။ သူမတို႔ရဲ့ အိမ္ေထာင္ေရးမွာ ေယာက်္ားက လူပိုႀကီး၊ ဝန္ထုပ္ ဝန္ပိုးႀကီး ျဖစ္မွာကိုလည္း မလိုလားခဲ့ပါဘူး။

ဒါ့ေၾကာင့္ သူမရဲ့ ေယာက်္ားကို ဆရာဝန္ေတြ လက္ေလ်ာ့လိုက္တာေတာင္ သူမကေတာ့ လက္မေလ်ာ့နိုင္ဘဲ ၅ႏွစ္ေလာက္ကို ျပဳစုေစာင့္ေရွာက္ခဲ့ရပါတယ္။ တစ္ရက္ကို နာရီ ၂၀ေလာက္ ျပဳစုခဲ့ရၿပီး သူမအတြက္ အိပ္ခ်ိန္ဆိုတာ ၂နာရီ-၃နာရီေလာက္ပဲ ရွိပါတယ္။ သူမဟာ အသက္အရြယ္အားျဖင့္လည္း ၅၇ ႏွစ္ရွိေနၿပီ ျဖစ္ၿပီး ေန႔တိုင္းလိုလို ပင္ပင္ပန္းပန္းျပဳစုရတာေၾကာင့္ ကိုယ္အေလးခ်ိန္လည္း ၂၂ေပါင္အထိ က်ဆင္းခဲ့ပါတယ္။

သူမဟာ ေယာက္်ားကို အစာခြံ့ ေကၽြးလိုက္၊ သူႀကိဳက္တဲ့ သီခ်င္းေလးေတြ ဖြင့္ျပလိုက္၊ ကိုယ္လက္ သန္႔စင္ေပးလိုက္၊ သူ႔အနားမွာ စကားေတြ ေျပာလိုက္နဲ႔ဘဲ တစ္ေန႔တာအခ်ိန္ကို ကုန္ဆုံးေစခဲ့ပါတယ္။ Li Zhihua ဟာ လြန္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္တုန္းက အလုပ္ကို စကူတာ (ဆိုင္ကယ္အေသးစားေလး)စီးသြားရင္း မေတာ္တဆ အက္စီဒန္႔ တစ္ခုျဖစ္ခဲ့ၿပီး ဦးေႏွာက္မွာ ျပင္းျပင္းထန္ထန္ ဒဏ္ရာ ရရွိခဲ့တာပါ။

ဇနီးသည္ရဲ့ ေစာင့္ေရွာက္မွုေတြေၾကာင့္ Li Zhihua ဟာ ၿပီးခဲ့တဲ့ႏွစ္ကဘဲ ကိုမာျဖစ္ၿပီး ေမ်ာေနရာကေန သတိျပန္ရလာခဲ့ပါတယ္။ သူ သတိရရျခင္းမွာပဲ ပထမဦးဆုံး စကားတစ္ခြန္း စေျပာခဲ့ပါတယ္။ သူေျပာတဲ့ စကားေလးကေတာ့ “မိန္းမကို ခ်စ္တယ္” ဆိုတာပါပဲ။ အခုဆိုရင္ေတာ့ Zhihua တစ္ေယာက္ ေသခ်ာ ေဆးကုသမွု ျပန္ခံယူေနၿပီး ေတာ္ေတာ္ေလး နလန္ထူေနပါၿပီ။

စက္ပစၥည္းကိရိယာေတြရဲ့ အကူအညီနဲ႔ လမ္းေတာင္ ေလၽွာက္လို႔ ရတဲ့ အေျခအေနအထိ က်န္းမာေရးက ေကာင္းမြန္ေနပါၿပီ။ သူတို႔ႏွစ္ဦးရဲ့ ခ်စ္ျခင္းေမတၱာဟာ တကယ့္ကို ၾကည္ႏူးမွုေကာင္းသလို တ႐ုတ္မီဒီယာ ေတာ္ေတာ္မ်ားမ်ားမွာ လူေျပာမ်ားလာခဲ့ပါတယ္။ အြန္လိုင္းသုံးဆြဲသူေတြကလည္း Zhihua ကိုအျမန္ဆုံးသက္သာေပ်ာက္ကင္းလာဖို႔ ေမၽွာ္လင့္ေနၾကပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here