ဇနီးနဲ့ ကလေးဆုံးသွားလို့ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါကို လှူဖို့ ဆုံးဖြတ်လိုက်တဲ့ ဖခင်

0
1290
ကိုယ်တွင်းအင်္ဂါကို လှူဖို့ ဆုံးဖြတ်လိုက်တဲ့ ဖခင်
ကိုယ်တွင်းအင်္ဂါကို လှူဖို့ ဆုံးဖြတ်လိုက်တဲ့ ဖခင်

ဒီသတင်းလေးကတော့ တရုတ်နိုင်ငံ Huzhou မှာဖြစ်သွားခဲ့တဲ့ ကြေကွဲစရာ သတင်းလေးပဲဖြစ်ပြီး ကလေးနဲ့ မိခင်ဖြစ်သေဆုံးမှုဟာ ၆ရက်ပဲ ခြားခဲ့ပါတယ်။ Oriental Daily သတင်းစာရဲ့ အဆိုအရ Fei Fei ဆိုတဲ့ အမျိုးသမီးဟာ အိမ်ထောင်ကျပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လလောက်မှာကိုယ်ဝန်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၄လပိုင်း ၁၈ရက်မှာတော့ သူမအလုပ်သွားရင် အလုပ်မှာ amniotic fluid embolism (AFE) ရေမြွှာပေါက်ပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။

ဆေးရုံကို ရောက်သွားပေမဲ့ စိတ်မကောင်းစွာပဲ သူမရဲ့ နှလုံးနဲ့ အဆုတ်ထိခိုက်မှုများကြောင့် အသက်မရှင်ခဲ့ရပါဘူး။ သူမ ဆုံးပါးသွားတဲ့အခါ အသက်ရှင်ကျန်ရစ်တဲ့ ကလေးကို လိုအပ်တဲ့ ဆေးကုသမှုတွေ ခံယူဖို့ အတွက် NICU ဆေးရုံကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးဟာ ပြင်ထန်တဲ့ အသက်ရှုကြပ်တဲ့ဝေဒနာကို ခံစားခဲ့ရပြီး မိခင်သေဆုံးပြီး ၆ရက်ကြာမှာပဲ ကလေးပါ ထပ်မံဆုံးပါးသွားခဲ့ရပါတယ်။ အဲ့ဒီနောက် ဖခင်ဖြစ်သူဟာ ထိုဆေးရုံမှာရှိတဲ့ အခြားကလေးတစ်ယောက် အသက်ရှင်ဖို့အတွက် မိမိကလေးရဲ့ ကိုယ်တွင်းအင်္ဂါကို လှူဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

“ကျွန်တော်ရဲ့ဇနီးက ဘဝမှာ ချမ်းသာမှုကို မရရင်နေ အခြားသူတွေကို ကူညီရရင် ကျေနပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့် အခု ကျွန်တော်တို့ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါလှူဒါန်းတာကိုလည်း သူဘက်က သဘောတူမှာ သေချာပါတယ်လို့” အသက်ရှင် ကျန်ခဲ့တဲ့ ယောကျ်ားဖြစ်သူက ဝမ်းနည်းစွာနဲ့ ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် ရက်အနည်းငယ်ကြာမှာတော့ ကလေးရဲ့ မျက်ကြည်လွှာနဲ့ ကျောက်ကပ်ကို ကြက်ခြေနီအသင်းမှာ လှူဒါန်းဖို့ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

ကလေးရဲ့ ကျောက်ကပ်နဲ့ မျက်ကြည်လွှာကို ထုတ်ယူဖို့ ခွဲစိတ်ခန်းထဲမဝင်ခင် ဖခင်ဖြစ်သူက Fei Fei ကိုယ်ပွားလေးဆိုပြီး ကလေးရဲ့ နဖူးကို နမ်းကာ ဘေးမှာ ကစားစရာအရုပ်လေးချထားပေးခဲ့ပါတယ်။ ထိုမြင်ကွင်းဟာ ကာယကံရှင် ဖခင် မပြောနဲ့ ဘေးနားက လူတွေတောင် မျက်ရည်ကျမိတဲ့အဖြစ်မျိုးပါ။ အဲ့ဒီနောက် ဖခင်ဖြစ်သူက ဇနီးနဲ့ ကလေးကိုကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

တွင်းထဲမှာ ၃၇နာရီကြာပိတ်မိနေပေမဲ့ ရွှံ့ရည်သောက်ပြီး အသက်ရှင်ခဲ့တဲ့ ၇၀အရွယ်အဖိုး

Zawgyi fonts

ဇနီးနဲ႔ ကေလးဆုံးသြားလို႔ ကေလးရဲ့ ကိုယ္တြင္းအဂၤါကို လွူဖို႔ ဆုံးျဖတ္လိုက္တဲ့ ဖခင္
ဒီသတင္းေလးကေတာ့ တ႐ုတ္နိုင္ငံ Huzhou မွာျဖစ္သြားခဲ့တဲ့ ေၾကကြဲစရာ သတင္းေလးပဲျဖစ္ၿပီး ကေလးနဲ႔ မိခင္ျဖစ္ေသဆုံးမွုဟာ ၆ရက္ပဲ ျခားခဲ့ပါတယ္။ Oriental Daily သတင္းစာရဲ့ အဆိုအရ Fei Fei ဆိုတဲ့ အမ်ိဳးသမီးဟာ အိမ္ေထာင္က်ၿပီး ၂၀၁၈ ခုႏွစ္ ဇူလိုင္လေလာက္မွာကိုယ္ဝန္ရရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၄လပိုင္း ၁၈ရက္မွာေတာ့ သူမအလုပ္သြားရင္ အလုပ္မွာ amniotic fluid embolism (AFE) ေရႁမႊာေပါက္ၿပီး ေဆး႐ုံကို အျမန္ပို႔ေဆာင္လိုက္ရပါတယ္။

ေဆး႐ုံကို ေရာက္သြားေပမဲ့ စိတ္မေကာင္းစြာပဲ သူမရဲ့ ႏွလုံးနဲ႔ အဆုတ္ထိခိုက္မွုမ်ားေၾကာင့္ အသက္မရွင္ခဲ့ရပါဘူး။ သူမ ဆုံးပါးသြားတဲ့အခါ အသက္ရွင္က်န္ရစ္တဲ့ ကေလးကို လိုအပ္တဲ့ ေဆးကုသမွုေတြ ခံယူဖို႔ အတြက္ NICU ေဆး႐ုံကို ထပ္မံေျပာင္းေရႊ႕ခဲ့ပါတယ္။ ဒါေပမဲ့ ကေလးဟာ ျပင္ထန္တဲ့ အသက္ရွုၾကပ္တဲ့ေဝဒနာကို ခံစားခဲ့ရၿပီး မိခင္ေသဆုံးၿပီး ၆ရက္ၾကာမွာပဲ ကေလးပါ ထပ္မံဆုံးပါးသြားခဲ့ရပါတယ္။ အဲ့ဒီေနာက္ ဖခင္ျဖစ္သူဟာ ထိုေဆး႐ုံမွာရွိတဲ့ အျခားကေလးတစ္ေယာက္ အသက္ရွင္ဖို႔အတြက္ မိမိကေလးရဲ့ ကိုယ္တြင္းအဂၤါကို လွူဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါတယ္။

“ကၽြန္ေတာ္ရဲ့ဇနီးက ဘဝမွာ ခ်မ္းသာမွုကို မရရင္ေန အျခားသူေတြကို ကူညီရရင္ ေက်နပ္တယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ဒါ့ေၾကာင့္ အခု ကၽြန္ေတာ္တို႔ ကေလးရဲ့ ကိုယ္တြင္းအဂၤါလွူဒါန္းတာကိုလည္း သူဘက္က သေဘာတူမွာ ေသခ်ာပါတယ္လို႔” အသက္ရွင္ က်န္ခဲ့တဲ့ ေယာက်္ားျဖစ္သူက ဝမ္းနည္းစြာနဲ႔ ေျပာျပခဲ့ပါတယ္။ အဲ့ဒီေနာက္ ရက္အနည္းငယ္ၾကာမွာေတာ့ ကေလးရဲ့ မ်က္ၾကည္လႊာနဲ႔ ေက်ာက္ကပ္ကို ၾကက္ေျခနီအသင္းမွာ လွူဒါန္းဖို႔ လက္မွတ္ေရးထိုးေပးခဲ့ပါတယ္။

ကေလးရဲ့ ေက်ာက္ကပ္နဲ႔ မ်က္ၾကည္လႊာကို ထုတ္ယူဖို႔ ခြဲစိတ္ခန္းထဲမဝင္ခင္ ဖခင္ျဖစ္သူက Fei Fei ကိုယ္ပြားေလးဆိုၿပီး ကေလးရဲ့ နဖူးကို နမ္းကာ ေဘးမွာ ကစားစရာအ႐ုပ္ေလးခ်ထားေပးခဲ့ပါတယ္။ ထိုျမင္ကြင္းဟာ ကာယကံရွင္ ဖခင္ မေျပာနဲ႔ ေဘးနားက လူေတြေတာင္ မ်က္ရည္က်မိတဲ့အျဖစ္မ်ိဳးပါ။ အဲ့ဒီေနာက္ ဖခင္ျဖစ္သူက ဇနီးနဲ႔ ကေလးကိုေကာင္းမြန္စြာ သၿဂႋဳဟ္ေပးခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here