ဇနီးကိုသတ် ရေခဲသေတ္တာထဲထည့်ခဲ့ပြီး သူမရဲ့ ခရက်ဒစ်ကဒ်ကိုအသုံးပြုကာ မယားငယ်နဲ့အပန်းဖြေခရီးထွက်တဲ့ အမျိုးသား

0
651

အိမ်တွင်းအကြမ်းဖက်မှုဟာ အိမ်ထောင်ရေးအတော်များများမှာ ဖြစ်ပွားလေ့ရှိတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်လို့ယူထားတဲ့သူကို လူမဆန်စွာညှင်းပန်းနှိပ်စက်တာတွေ၊ ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်တာတွေဟာ သဘောထားကွဲလွဲမှုကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်သလို လူတွေအားလုံးဝိုင်းဝန်းကန့်ကွက်သင့်တဲ့ အရာလည်းဖြစ်ပါတယ်။

Zhu Xiadong ဆိုတဲ့အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ယောက်နဲ့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုလာ၁၇ ရက်က လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပြီး ၁၀ လအကြာမှာပဲ သူ့ရဲ့ဇနီးဖြစ်သူကို လည်ပင်းညှစ်သတ်ခဲ့ပြီး အလောင်းကို ရေခဲသေတ္တာထဲမှာ ရက်ပေါင်း ၁၀၆ ရက်ထိ ထည့်ခဲ့တဲ့ အမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထို့နောက်သူဟာ ဇနီးဖြစ်သူရဲ့ ခရက်ဒစ်ကဒ်ကို အသုံးပြုပြီး အခြားမိန်းမတစ်ယောက်နဲ့ ခရီးတွေထွက် သုံးဖြုန်းတာတွေ လုပ်ခဲ့ပါတယ်။ သူသုံးခဲ့တဲ့ငွေ ပမာဏဟာ ယွမ် ၁၅၀၀၀၀ လောက်ရှိကြောင်း သိရပြီး
ထိုအတောအတွင်းမှာ ဇနီးရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေ သူမရဲ့မိဘတွေ၊ သူငယ်ချင်းတွေကိုလည်း သူမအယောင်ဆောင်ကာ မက်ဆေ့တွေ reply ပြန်နေခဲ့ပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးဟာ သူမရဲ့မိသားစုထဲမှာ အငယ်ဆုံးမိန်းကလေးတစ်ယောက်လည်း ဖြစ်ပါတယ်။၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ၁ ရက်နေ့ သူမရဲ့အဖေဖြစ်သူမွေးနေ့မှာတော့ သူ့ရဲ့လူသတ်မှုကို မဖုံးကွယ်နိုင်တော့ပါဘူး။
ဖခင်ဖြစ်သူရဲ့ဖိတ်ကြားခံရတာကြောင့် Zhu ဟာရွေးချယ်စရာမရှိတော့ပဲ သူ့ရဲ့ပြစ်မှုတွေကို ရဲတွေရှေ့မှာဝန်ခံခဲ့ပါတယ်။ ရဲတွေရဲ့အဆိုအရ ဇနီးဖြစ်သူရဲ့အလောင်းကိုထည့်တဲ့ ရေခဲသေတ္တာကို စက်တင်ဘာလ ၂၂ ရက် ၂၀၁၆ က အွန်လိုင်းကနေ ဝယ်ယူခဲ့ကြောင်းနဲ့ Zhu မွေးထားတဲ့ မြွေ၊ ဖား နဲ့ တောက်တဲ့ တွေရဲ့အစာအတွက် အသားတွေကို သိုလှောင်ဖို့အတွက်လို့ သိရပါတယ်။

ဒါပေမယ့် သူမရဲ့မိဘတွေကတော့ သူတို့သမီးကိုသတ်ပြီး အလောင်းကိုဖျောက်ဖို့အတွက် ကြိုတင်ကြံစည်ဝယ်ယူခဲ့တာဖြစ်ကြောင်း ယုံကြည်ကြပါတယ်။ Zhu ဟာဇနီးကိုသတ်ပြီး တရုတ်ပြည်အတွင်းနဲ့ တောင်ကိုရီးယားကို အခြားမိန်းမတစ်ယောက်ကိုခေါ်ဆောင်ပြီး လူသတ်မှုကိုမေ့ပျောက်စေဖို့ ခရီးထွက်ခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့ ID ကဒ်နဲ့ပဲ ဇိမ်ခံပစ္စည်းဝယ်တာတွေ၊ ဟိုတယ်အခန်းငှားတွေကအစ အသုံးပြုခဲ့ပါတယ်။ အဆိုပါအမှုကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဇူလိုင်လ ၅ ရက်နေ့မှာပဲ သေဒဏ်ချမှတ်ခဲ့ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar
Source

ဇနီးကိုသတ္ ေရခဲေသတၱာထဲထည့္ခဲ့ၿပီး သူမရဲ႕ ခရက္ဒစ္ကဒ္ကိုအသုံးျပဳကာ မယားငယ္နဲ႔အပန္းေျဖခရီးထြက္တဲ့ အမ်ိဳးသား
အိမ္တြင္းအၾကမ္းဖက္မႈဟာ အိမ္ေထာင္ေရးအေတာ္မ်ားမ်ားမွာ ျဖစ္ပြားေလ့ရွိတဲ့အရာတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ ကိုယ္ခ်စ္လို႔ယူထားတဲ့သူကို လူမဆန္စြာညႇင္းပန္းႏွိပ္စက္တာေတြ၊ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ သတ္ျဖတ္တာေတြဟာ သေဘာထားကြဲလြဲမႈကို ေျဖရွင္းတဲ့ နည္းလမ္းမဟုတ္သလို လူေတြအားလုံးဝိုင္းဝန္းကန္႔ကြက္သင့္တဲ့ အရာလည္းျဖစ္ပါတယ္။
Zhu Xiadong ဆိုတဲ့အသက္ ၃၀ အ႐ြယ္အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ဇနီးျဖစ္သူ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္နဲ႔ လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ေအာက္တိုလာ၁၇ ရက္က လက္ထပ္ခဲ့ပါတယ္။
လက္ထပ္ၿပီး ၁၀ လအၾကာမွာပဲ သူ႔ရဲ႕ဇနီးျဖစ္သူကို လည္ပင္းညႇစ္သတ္ခဲ့ၿပီး အေလာင္းကို ေရခဲေသတၱာထဲမွာ ရက္ေပါင္း ၁၀၆ ရက္ထိ ထည့္ခဲ့တဲ့ အမႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ထို႔ေနာက္သူဟာ ဇနီးျဖစ္သူရဲ႕ ခရက္ဒစ္ကဒ္ကို အသုံးျပဳၿပီး အျခားမိန္းမတစ္ေယာက္နဲ႔ ခရီးေတြထြက္ သုံးျဖဳန္းတာေတြ လုပ္ခဲ့ပါတယ္။ သူသုံးခဲ့တဲ့ေငြ ပမာဏဟာ ယြမ္ ၁၅၀၀၀၀ ေလာက္ရွိေၾကာင္း သိရၿပီး
ထိုအေတာအတြင္းမွာ ဇနီးရဲ႕ဆိုရွယ္မီဒီယာအေကာင့္ကေန သူမရဲ႕မိဘေတြ၊ သူငယ္ခ်င္းေတြကိုလည္း သူမအေယာင္ေဆာင္ကာ မက္ေဆ့ေတြ reply ျပန္ေနခဲ့ပါတယ္။
အသတ္ခံရတဲ့ အမ်ိဳးသမီးဟာ သူမရဲ႕မိသားစုထဲမွာ အငယ္ဆုံးမိန္းကေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ၁ ရက္ေန႔ သူမရဲ႕အေဖျဖစ္သူေမြးေန႔မွာေတာ့ သူ႔ရဲ႕လူသတ္မႈကို မဖုံးကြယ္ႏိုင္ေတာ့ပါဘူး။
ဖခင္ျဖစ္သူရဲ႕ဖိတ္ၾကားခံရတာေၾကာင့္ Zhu ဟာေ႐ြးခ်ယ္စရာမရွိေတာ့ပဲ သူ႔ရဲ႕ျပစ္မႈေတြကို ရဲေတြေရွ႕မွာဝန္ခံခဲ့ပါတယ္။ ရဲေတြရဲ႕အဆိုအရ ဇနီးျဖစ္သူရဲ႕အေလာင္းကိုထည့္တဲ့ ေရခဲေသတၱာကို စက္တင္ဘာလ ၂၂ ရက္ ၂၀၁၆ က အြန္လိုင္းကေန ဝယ္ယူခဲ့ေၾကာင္းနဲ႔ Zhu ေမြးထားတဲ့ ေႁမြ၊ ဖား နဲ႔ ေတာက္တဲ့ ေတြရဲ႕အစာအတြက္ အသားေတြကို သိုေလွာင္ဖို႔အတြက္လို႔ သိရပါတယ္။
ဒါေပမယ့္ သူမရဲ႕မိဘေတြကေတာ့ သူတို႔သမီးကိုသတ္ၿပီး အေလာင္းကိုေဖ်ာက္ဖို႔အတြက္ ႀကိဳတင္ႀကံစည္ဝယ္ယူခဲ့တာျဖစ္ေၾကာင္း ယုံၾကည္ၾကပါတယ္။ Zhu ဟာဇနီးကိုသတ္ၿပီး တ႐ုတ္ျပည္အတြင္းနဲ႔ ေတာင္ကိုရီးယားကို အျခားမိန္းမတစ္ေယာက္ကိုေခၚေဆာင္ၿပီး လူသတ္မႈကိုေမ့ေပ်ာက္ေစဖို႔ ခရီးထြက္ခဲ့ပါတယ္။ ဇနီးျဖစ္သူရဲ႕ ID ကဒ္နဲ႔ပဲ ဇိမ္ခံပစၥည္းဝယ္တာေတြ၊ ဟိုတယ္အခန္းငွားေတြကအစ အသုံးျပဳခဲ့ပါတယ္။ အဆိုပါအမႈကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ဇူလိုင္လ ၅ ရက္ေန႔မွာပဲ ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။

LM_Naung_Naung
Lifestyle_Myanmar
Source

LEAVE A REPLY

Please enter your comment!
Please enter your name here