0
1240
မျက်ခုံး
-Advertisement-
#Lifestyle_Myanmar
#LM_Nandar
Unicode
ဇင်ယော်တောင်မျက်ခုံးလှလှလေး ဖန်တီးချင်သူတွေအတွက် အခြေခံမျက်ခုံး care tips
ပျိုမေတို့ရေ…မျက်ခုံးပုံဖော်ဖို့ တစ်လတစ်ခါ အလှပြင်ဆိုင်သွားစရာမလိုပါဘူးနော်။ ပျိုမေတို့ရဲ့မျက်ခုံးကို ကိုယ့်ဘာသာ အလွယ်တကူ ပုံဖော်နိုင်မယ့် နည်းလမ်းအချို့ရှိပါတယ်။ အစပိုင်းမှာတော့ စိတ်တိုင်းကျမှာ မဟုတ်ပေမယ့် လုပ်ရင်းနဲ့ပဲ နောက်ပိုင်းကျွမ်းကျင်သွားမှာပါ။
၁။ ပထမဆုံး ဇာကနာကို ဇောက်ထိုးထားပြီး သင့်မျက်လုံးရဲ့အတွင့်ထောင့်ကနေ သင့်နှာခေါင်းတလျှောက်ကို ဒေါင်လိုက်တိုင်းပါ။ မျဉ်းတဖြောင့်တည်းဖြစ်ပြီး နှာရိုးပေါ်က လိုင်းက အချိုးညီနေရပါမယ်။ မျက်ခုံးနှစ်ခု ကြားထဲမှာ အမွှေးတွေရှိရင် ဇာကနာနဲ့ ဖယ်ရှားပေးပါ။
၂။ သင့်မျက်လုံးအပြင်ဘက်ခြမ်းပေါ်မှာ ဇာကနာကိုထားပြီး endpoint ကိုမှတ်ပေးပါ။ နှာခေါင်းထောင့်ရယ်၊ မျက်လုံးအစွန်းရယ်၊ မျက်ခုံးအစွန်းရယ်က အချိုးညီညီ မျဉ်းတစ်ဖြောင့်တည်းဖြစ်နေရပါမယ်။ ခဲတံနဲ့ မှတ်သားထားတဲ့ လိုင်းကို ကျော်လွန်တဲ့ အမွှေးတွေကို ဖယ်ရှားပါ။
၃။ မျက်ခုံးဘယ်လောက်ထူထူလေး ဆွဲမလဲဆိုတာ ဆုံးဖြတ််ပါ။ မျက်ခုံးမွှေးအကွေးရဲ့ အနိမ့်ဆုံး အပိုင်းကို အမှတ် Point တစ်ခုဆွဲပြီး အောက်ဘက်က မျက်ခုံးမွှေးတွေကို ဖယ်ရှားပေးပါ။
၄။ နောက်ဆုံးအနေနဲ့ သင့်မျက်ခုံးကိုပုံဖော်ပါ။ မျက်ခုံးရဲ့အထွက်အထိပ်(peak)ဟာ သင့်မျက်ခုံးရိုးရဲ့အောက်မှာ အမှန်ဖြစ်သင့်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ အမြီးက အဓိကအစိတ်အပိုင်းထက် နည်းနညး်ပိုပါးသင့်ပါတယ်။
၅။ မျက်ခုံးပုံသဏ္ဍာန်ကို ချိန်ညှိဖို့အတွက် မျက်ခုံးအတွက်အထူးထုတ်ထားတဲ့ ဂျယ်လ်ကို သုံးနိုင်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here