အမျိုးသမီးတိုင်းရဲ့အဝတ်ဘီဒိုထဲမှာ အဝတ်အစားတွေပေါများလှပါတယ်။ အဲ့ဒီလိုပေါများတဲ့ကြားက အပြင်သွားခါနီးတိုင်း ဝတ်စရာမရှိဘူးလို့ ငြီးတတ်ကြတာလည်း သူတို့ပါပဲ။ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားကိုရွေးဝယ်ရတာလည်း ဦးနှောက်စားရတဲ့အတွက်ကြောင့်မို့လို့ ခေါင်းမစားရလေအောင် အခုဖော်ပြပေးမယ့် ဖက်ရှင်ရွေးချယ်မှုများ နဲ့ အဝတ်အစားလေးတွေကို ဝယ်ဝတ်လိုက်ကြရအောင်။
အနီရောင် အဝတ်အစား
မိန်းကလေးတွေကို ဆွဲဆောင်မှုတိုးစေတဲ့အထဲမှာ အနီရောင်အဝတ်အစားကတော့ ထိပ်ဆုံးကနေ ဗိုလ်စွဲထားပါတယ်။ သိပ္ပံပညာရှင်တွေကလည်း အမျိုးသမီးတစ်ဦးက အနီရောင်ဝတ်စုံဝတ်ထားတာပဲဖြစ်ဖြစ်၊ အနီရောင်နှုတ်ခမ်းနီဆိုးထားတာပဲဖြစ်ဖြစ် အနီလေးနည်းနည်းပါရင်တောင် အမျိုးသားတွေကို ဆွဲဆောင်နိုင်တယ်ဆိုပြီး ပြောကြားထားပါတယ်။

ဂျင်းဘောင်းဘီအပြာနဲ့ အဖြူရောင်အင်္ကျီ
လှချင်လွန်းလို့ ဟိုအရောင် ဒီအရောင် ဟိုဖက်ရှင်စတိုင် ဒီအသွင်မျိုး စသဖြင့် အရွေးလွန်သွားရင် ရွေးချယ်မှုမှားယွင်းသွားတတ်တာဟာ ထုံးစံပါပဲ။ တစ်ခါတစ်လေကျတော့လည်း ဘာမှခေါင်းရှုပ်ခံစဥ်းစားနေစရာမလိုဘဲ အရိုးရှင်းဆုံးက အလှပဆုံး ဖြစ်နေတတ်တာကြောင့် ဂျင်းဘောင်းဘီအပြာနဲ့ အဖြူရောင်အင်္ကျီဝတ်ဆင်ထားမယ်ဆိုရင်ပဲ လူအများကြားထဲမှာ ထင်းခနဲဖြစ်စေမှာပါ။
ပုခုံးအလျှောအင်္ကျီ
ဘယ်အရာကမှ ပုခုံးလျှောအင်္ကျီလောက် ဆွဲဆောင်မှုမရှိနိုင်ပါဘူး။ ဒါ့အပြင် ပုခုံးလျှောအင်္ကျီလေးတွေက မိန်းကလေးဆန်တဲ့အသွင်ပေါက်စေပါတယ်။ လူအများအမြင်မှာလည်း ရိုင်းတယ်လို့ ထင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်မှာ မိန်းကလေးတော်တော်များများက ပုခုံးလျှောအင်္ကျီလေးတွေ ဝတ်ဆင်လာကြလို့ပါပဲ။

အမဲရောင် ဝတ်စုံ
အရောင်ထဲမှာ အကြိုက်ဆုံးအရောင်ကို ပြောပါလို့ လူတကာကို လိုက်မေးကြည့်မယ်ဆိုရင် အဖြူနဲ့အနက်က အမြဲဗိုလ်စွဲနေတတ်ပါတယ်။ ဒီထဲကမှ အမဲရောင်ဝတ်စုံကတော့ ခန္ဓာကိုယ်အချိုးအစားကို ဖုံးထားပေးသလိုဖြစ်သွားတဲ့အတွက် သူ့ကိုဝတ်မယ်ဆိုရင် သွယ်လျတဲ့မိန်းကလေးပဲဖြစ်ဖြစ်၊ ပြည့်ပြည့်ဖြိုးဖြိုး မိန်းကလေးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဘယ်လိုအသုံးအဆောင်ပစ္စည်းမျိုးနဲ့မဆို လိုက်ဖက်ပါသေးတယ်။
ဒေါက်မြင့်ဖိနပ်
ပွဲအခမ်းအနားတွေ တက်တဲ့အခါမှာ ဒါမှမဟုတ် ယနေ့ခေတ်လို လုပ်ငန်းခွင်ဝင်နေရတဲ့ အမျိုးသမီးတွေအတွက်ကတော့ ဒေါက်မြင့်ဖိနပ်လေးတွေက မပါမဖြစ်ပါပဲ။ ဒေါက်ဖိနပ်က သင့်ကို အရပ်ရှည်အောင် ကူညီပေးရုံသာမက ကိုယ်နေဟန်ထားကို လှပအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုတိုးစေပြီး ခြေသလုံးလေးတွေ သွယ်လျတဲ့ ပုံပေါ်စေပါတယ်။

သားရေဂျာကင်
သားရေဂျာကင်ကတော့ တခြားဖက်ရှင်တွေနဲ့ တမူကွာခြားပြီးတော့ ပုံမှန်ဝတ်နေကျဖက်ရှင်တွေထဲက ပြောင်းထွက်ပြီး ခပ်မိုက်မိုက်ပုံစံကို သွားချင်တယ်ဆိုရင်တော့ သားရေဂျာကင်တွေက ဖက်ရှင်ကျစေတဲ့အတွက် သင့်ကို ခပ်ဟော့ဟော့ မိန်းကလေးတစ်ယောက်အသွင် ကူးပြောင်းပေးအောင် ကူညီပေးပါတယ်။
ဇာအင်္ကျီ၊ ဇာဂါဝန်
သင့်အင်္ကျီဒီဇိုင်းနဲ့ ပွဲအခမ်းအနားပေါ်မူတည်ပြီး သင်ဝတ်ဆင်တဲ့ဇာဂါဝန်၊ ဇာအင်္ကျီများက သင့်ကိုချစ်စရာကောင်းအောင်လည်း ပြုလုပ်ပေးနိုင်သလို ဆွဲဆောင်မှုရှိအောင်လည်း ပြုလုပ်ပေးနိုင်တာကြောင့် မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ဝတ်စုံလေးပါပဲ။ ဘယ်လိုအချိန်မှာဖြစ်ဖြစ် ရွေးချယ်ဝတ်ဆင်နိုင်လို့ သူလည်းပဲ မိန်းကလေးတိုင်းရဲ့ ဗီရိုထဲမှာ မရှိမဖြစ် ရွေးချယ်မှုတစ်ခုအဖြစ် ပါဝင်နေပါတယ်။

အားကစားဝတ်စုံ
မိန်းကလေးတွေက အားကစားခန်းမမှာ အားကစားဝတ်စုံဝတ်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်လို့ ချွေးထွက်တဲ့အခါ သူတို့ကိုယ်သူတို့ Sexy ကျတယ်လို့ ခံစားကြရပါတယ်။ ယောကျာ်းလေးတွေကလည်း အားကစားဝတ်စုံနဲ့ လေ့ကျင့်ခန်းပြုလုပ်နေတဲ့ မိန်းကလေးတွေက ဆွဲဆောင်မှုရှိကြတယ်လို့ အမှန်အတိုင်းဝန်ခံထားကြပါသေးတယ်။
သင့်အဝတ်ဘီဒိုထဲမှာလည်း အခုဖော်ပြပေးသွားတဲ့ အဝတ်အစားတွေ အကုန်လုံးရှိပြီးသားဆိုရင်တော့ သင်ဟာ အတော့်ကိုဆွဲဆောင်မှုရှိသူတစ်ယောက်ပဲဖြစ်ပါတော့တယ်။
Lifestyle_Myanmar
ref-brightside