စတိုင်ကျတဲ့သူတစ်ယောက်၊ ဆွဲဆောင်မှုရှိတဲ့သူ တစ်ယောက်အဖြစ် နေ့ရက်တွေကိုဖြတ်သန်းကြည့်ရအောင်လား။ အရည်အချင်းပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့က ခန္ဓာကိုယ်လှပြီး ရုပ်ရည်ချောမောနေရုံနဲ့ မလုံလောက်သေးပါဘူး။ ဉာဏ်ပညာနဲ့လည်း ပြည့်ဝရပါမယ်။
အသိဉာဏ်၊ ဗဟုသုတနဲ့ပြည့်စုံပြီး စတိုင်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့ စာအုပ်၊ စာပေတွေ လိုအပ်ပါတယ်။ စာအုပ်ထဲကအကြောင်းအရာတွေက သင့်ကိုအချိန်နဲ့တပြေးညီ ကမ္ဘာကြီးအကြောင်းကို ပြောပြပါလိမ့်မယ်။ လူပုံအလယ်မှာ ပညာ၊ ဗဟုသုတနဲ့ပြည့်စုံတဲ့ သင်ဟာ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို အပြည့်အဝရရှိနိုင်ပါလိမ့်မယ်။

စာဖတ်တဲ့နေရာမှာ ကိုယ်ဘာစာတွေဖတ်ပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတာကို သိဖို့လည်းလိုအပ်ပါတယ်။ သုတစာပေနဲ့ ရသစာပေနှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးကို မျှတစွာဖတ်ရှုဖို့လိုအပ်ပါတယ်။ သုတစာပေက ဦးနှောက်ကိုဖွံ့ဖြိုးအောင် အကျိုးပြုနိုင်ပြီး ရသစာပေကနှလုံးသားကို နွေးထွေးအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။

စာဖတ်ခြင်းဟာ ဦးနှောက်ကိုအလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်က သက်သောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။ အေးအေးလူလူစာဖတ်နိုင်မှ စာထဲကအကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်သောင့်သက်သာရှိစေမယ့် စာဖတ်ခန်းလေးတစ်ခုတော့ လိုအပ်ပါတယ်။
Lifestyle_Myanmar
ref-sparknotes