ဆံကေသာ ပိုမိုသန်စွမ်းစေဖို့ သဘာဝနည်းလမ်း ၁၀ခု

0
200
ဆံကေသာ-ပိုမိုသန်စွမ်းစေ

လူတစ်ယောက်ရဲ့ ဆံပင်တွေဟာ တစ်လကို ပျမ်းမျှ တစ်လက်မခွဲနှုန်းခန့် ကြီးထွားတယ်လို့ သိရပါတယ်။ တစ်ချို့လူတွေဟာ တခြားသူတွေထက် ဆံပင်သန်စွမ်းမှု ပိုမြန်တဲ့ဗီဇနှင့်အတူ အားကျစရာကောင်းအောင် ကံကောင်းစွာမွေးဖွားလာကြတာကို တွေ့ဖူးကြမှာပါ။ ကျွန်မတို့မိန်းကလေး အများစုအတွက် ကျန်းမာရှည်လျားပြီး တောက်ပတဲ့ဆံပင် ရရှိဖို့ဆို ကြိုးစားအားထုတ်မှုနှင့် အချိန်အများကြီးလိုအပ်ပါတယ်။ ဈေးကွက်မှာ ရောင်းချနေကြတဲ့ ဆံပင်သန်ဆေး၊ ဆံပင်ပေါက်ဆေးဆိုတာကလည်း လက်တွေ့မှာ ထင်သလောက် ခရီးပေါက်တာ ရှားပါတယ်။ ဆေးမသုံးဘဲ သဘာဝအတိုင်း ဆံပင်သန်စွမ်းဖို့ဆို သင်ပြုလုပ်နိုင်တာကတော့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက် စားဖို့နှင့် ဆံပင်ကို ကောင်းကောာင်း ဂရုစိုက်ဖို့ပဲ လိုပါတယ်။ ဒါ့ကြောင့် ဆံပင်သန်စွမ်းဖို့ ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ အကြံပြုချက်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။
၁။ ဆံပင်အဖျားနှစ်ခွတွေကို ပုံမှန်ညှပ်ပေးပါ

-Advertisement-


ဆံပင်အဖျားတွေကို ပုံမှန် ညှပ်တာက သင့်ဆံပင် ပါးလွှာမှုကိုဖြစ်ပေါ်စေတဲ့ ကျိုးပဲ့ပျက်စီးမှုကို တားဆီးပေးပါလိမ့်မယ်။ ဆံပင်အဖျားကို ကိုယ့်ဘာသာညှပ်တဲ့အခါ ဆံပင်ညှပ်ကပ်ကြေးကိုသာ အသုံးပြုပါ။ ရိုးရိုးကပ်ကြေးတွေက ဆံပင်ညှပ်ဖို့ အတွက် အထူးဒီဇိုင်းထုတ်ထားတာ မဟုတ်တာကြောင့် ဆံပင်ကို အလွယ်တကူပျက်စီးနိုင်ပြီး အဖျားနှစ်ခွတွေ ပိုမိုဖြစ်စေပါတယ်။
၂။ ဆံပင်စိုနေတဲ့အခါ ညင်သာစွာ ကိုင်တွယ်ပါ


သင့်ဆံပင်က စိုစွတ်နေတဲ့အခါ ကျိုးကြေ ပျက်စီးဖို့ ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။ ဆံပင်မခြောက်ခင် ခေါင်းဖြီးခြင် ရှောင်တာ အကောင်းဆုံးဖြစ်ပေမယ့် သင်အရမ်းဖြီးချင်ရင် ဘီးကျဲတစ်ခုကို အသုံးပြုပြီး စိတ်ရှည်လက်ရှည် ရှင်းပေးပါ။ လိုအပ်မှသာ dryer နှင့် မှုတ်ပါ။ ဆံပင် စိုစွတ်နေသေးရင် ဆံပင်ဖြောင့်/ကောက်စက် ဘယ်တော့မှ မသုံးပါနဲ့။
၃။ အေးမြပြီး လေပြင်းတဲ ရာသီဥတုမှာ သင့်ဆံပင်တွေကို ဖုံးလွှမ်းထားပါ


သင့်ရဲ့ဆံပင်က အစွန်းရောက် temperature ကိုကြိုက်မှာမဟုတ်ပါဘူး။ အေးမြခြင်းက သွေးလည်ပတ်မှုစနစ်ကို ချို့ယွင်းစေတာကြောင့် အေးပြီး လေထန်တဲ့နေ့တွေမှာအပြင်မသွားခင် သင့်တော်တဲ့ ဦးထုပ်ဆောင်းသွားပါ။ ဆံကေသာနှင့် ဦးရေပြားတစ်ခုလုံးကို လုံအောင် ဆောင်းပေးဖို့ လိုပါတယ်။
၎။ နေ့စဉ် သင့်ရဲ့ဆံပင်ကို မလျှော်ပါနဲ့


ဆံကေသာနဲ့ ဦးရေပြားကို သန့်ရှင်းအောင် ထိန်းသိမ်းဖို့ လိုသော်လည်း နေ့စဉ် ခေါင်းလျှော်ရည်နှင့် ခေါင်းလျှော်တာ မပြုလုပ်သင့်ပါဘူး။ ဆံပင်အဆီပြန်တဲ့ လူတွေဟာ ခေါင်းလျှော်ရည်နှင့် နေ့စဉ် ခေါင်းလျှော်တတ်ကြပါတယ်။ ဒီလို ခေါင်းလျှော်ခြင်းက ဦးရေပြားမှ သဘာဝကာကွယ်ပေးထားတဲ့ အလွှာကို ဖယ်ရှားသလိုဖြစ်စေပြီး ဆံပင်ကို ပိုပြီးအဆီပြန်စေတဲ့ ဆီကြည်ဂလင်းကို လှုံ့ဆော်ပေးပါတယ်။ သင့်ဆံပင်က အဆီပြန်လျှင် နှစ်ရက်ခြားလောက်ပဲ ခေါင်းလျှော်ရည်နှင့် လျှော်ပေးပါ။
၅။ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပါ


ကျန်းမာလှပတဲ့ ဆံကေသာကို ထိန်းသိမ်းဖို့၊ ဆံပင်သန်စွမ်းဖို့ နေ့စဉ် ရေများများသောက်ပါ။ လက်ဖက်ရည်နှင့် ကော်ဖီက diuretic ဆီးသွားတဲ့သက်ရောက်မှု ရှိပေမယ့် ကဖင်းဓါတ်က သွေးကိုပျစ်စေတာကြောင့် သွေးလည်ပတ်စီးဆင်းမှုကို အဟန့်အထားဖြစ်စေပါတယ်။ ဒါ့ကြောင့် ရေအလုံအလောက်သာ သောက်ပေးဖို့ တိုက်တွန်းပါတယ်။
၆။ ပရိုတိန်း များများစားပါ

balanced diet, cooking, culinary and food concept – close up of different foodstuffs on table

ဆံကေသာ ကျန်းမာသန်စွမ်းဖို့ဆို အာဟာကလည်း အရေးပါပါတယ်။ ပရိုတိန်းကြွယ်ဝတဲ့အစားအစာများဖြစ်တဲ့ နို့၊ ဒိန်ချဉ်၊ပဲအမျိုးမျိုး၊ ပဲနီကလေး၊ ပဲစေ့များနှင့် အစေ့အဆန်များကို စားသုံးပါ။ သင့်အစားအသောက်ထဲမှာ ပရိုတိန်းကင်းမဲ့တာက ဆံပင်ကျွတ်ခြင်းကို တကယ်ဦးတည်နိုင်တာကြောင့် နေ့စဉ် အာဟာရလုံလောက်စွာ စားသုံးပါ။
၇။ ကျန်းမာတဲ့အဆီ၊ ဗီတာမင်နှင့် သတ္တုဓါတ်ကို လုံလောက်အောင် စားပါ


ဗီတာမင်အေ၊ ဗီတာမင်စီ၊ သံဓါတ်၊ဇင့် နှင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များက သင့်ဆံကေသာကျန်းမာရေးအတွက် အရေးပါပါတယ်။ အခွံမာသီး (ဥပမာ- သစ်ကြားသီး, သစ်အယ်သီး, ဗာဒံသီး) ၊ (ထောပတ်သီး၊ ရှောက်ချိုသီး၊ ဘလူးဘယ်ရီသီးအပါအဝင်) အသီးအနှံများနှင့် ဘယ်ရီသီးများ၊ အစိမ်းရောင် အရွက်များကို သင့်အစားအသောက်ထဲမှာ ထည့်စားပါ။ သူတို့က သင့်ရဲ့ဆံပင်တွေအတွက်သာ မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းကျိုးပေးပါတယ်။
၈။ သံလွင်ဆီနှင့် ဆံပင်ပေါင်းတင်ပေးပါ


သံလွင်ဆီနှင့် ပေါင်းတင်တာက အဖျားနှစ်ခွဖြစ်တာကို တားဆီးပေးနိုင်ပါတယ်။ သင့်ဆံပင်ကို ပိုမိုနူးညံ့ တောက်ပစေပါတယ်။ သင့်ဆံပင်အတွက် အုန်းဆီနှင့် နှမ်းကြတ်ဆီတို့ကိုလည်း အသုံးပြုနိုင်ပါတယ်။
၉။ သွေးလည်ပတ်မှုကို လှုံ့ဆော်ဖို့ ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပါ

Scalp massage

သင့်ဦးရေပြားကို နှိပ်နယ်ခြင်းက relax ဖြစ်ယုံသာမဟုတ်ဘဲ ဆံပင်ကျန်းမာသန်စွမ်းဖို့ လိုအပ်သမျှအားလုံးကို သင့်ဆံပင်မွှေးညင်းပေါက်များကို ဖြန့်ဖြူးပေးတဲ့ သွေးလည်ပတ်မှုကို တိုးစေပါတယ်။ ဆီသုံးပြီးဖြစ်ဖြစ် သင့်ဦးရေပြားကို နှိပ်နယ်ပေးပါ။
၁၀။ စိတ်ဖိစီးမှုကို လျော့ချပြီး အလုံအလောက် အိပ်စက်ပါ


နာတာရှည်စိတ်ဖိစီးမှုနှင့် အိပ်စက်မှုကင်းမဲ့တာက သင့်ဆံပင်အပေါ် ပျက်စီးစေတဲ့ သက်ရောက်မှုနှင့် ဆံပင်ကျွတ်ခြင်းကိုတောင်ဖြစ်စေနိုင်ပါတယ်။ ညတိုင်း အနည်းဆုံး ၈နာရီအိပ်ပါ။ ဆံပင်ကျွတ်ခြင်းကို တားဆီးပြီး စိတ်ဖိစီးမှုကို သက်သာစေဖို့ အပန်းဖြေတဲ့ နည်း ဒါမှမဟုတ် တခြား အေးဆေးတဲ့ လှုပ်ရှားမှုများကို ပြုလုပ်ပါ။
#Lifestyle_Myanmar
#LM_Nandar
Source-fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here