ဆံေကသာနဲ႔ အသားအေရ အထူးေကာင္းမြန္ေစဖို႔အတြက္ အိမ္တြင္းနည္းလမ္းေကာင္းေတြ

0
77
ဝက္ၿခံ
ဝက္ၿခံ

၁။ မ်က္ႏွာၾကည္လင္ၿပီ အမည္းစက္မရွိေအာင္ ထိန္းသိမ္းနည္း

-Advertisement-


(က) သစ္ခ်ပိုးေခါက္ကိုေသြးၿပီး ပ်ားရည္ျဖင့္ အခ်ိဳးတူေရာစပ္ၿပီး သင္မ်က္ႏွာကို သုတ္လိမ္းေပးပါ။ ၁၀မိနစ္က်မွ သင္မ်က္ႏွာကို သန္႔စင္ေဆးေၾကားေပးပါ။ ေမႊးညင္းေပါက္အတြင္းအညစ္အေၾကးေတြကို ကင္းစင္ေစၿပီး အသားအေရကိုပိုၿပီး ေတာက္ပေစပါတယ္။
(ခ) ပထမဦးစြာ သင့္မ်က္ႏွာကို သန္႔စင္ေျခာက္ေသြ႕ေအာင္ အရင္ထားပါ။ ၿပီးလွ်င္ သံပုရာရည္ထဲသို႔ ပ်ားရည္ တစ္ဇြႏ္းေရာထည့္ၿပီး သမေအာင္ေမႊေပးပါ။ ၿပီးလွ်င္ အဆိုပါ ပ်ားရည္နဲ႔သံပုရာေပါင္းစပ္ထားတဲ့ေဖ်ာ္ရည္ကို သင့္မ်က္ႏွာေပၚမွာ မိနစ္ ၂၀ခန္႔ၾကာေအာင္ သုတ္လိမ္းေပးလိုက္ပါ။ တစ္ပတ္ကို ၁ႀကိမ္ ၂ႀကိမ္ထိျပဳလုပ္ႏိုင္ၿပီး မ်က္ႏွာရဲ႕ အမည္းစက္နဲ႔ ေခၽြးေပါက္မ်ားကင္းစင္ေစၿပီး အရည္ျပားကိုၾကည္လင္ေစပါတယ္။
(ဂ) အက္စပရင္အမႈန္႔ လက္ဖက္စားဇြန္း ၂ဇြန္းကို သံပုရာရည္ ၄-၅ ေပါက္နဲ႔ ပ်ားရည္တို႔ ေရာေႏွာၿပီး ညအိပ္ယာဝင္တဲ့အခါ သင့္မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးလို္က္ပါ။ အဖုအပိတ္မ်ားထြက္ျခင္းေၾကာင့္ ေရာင္ရမ္းျခင္းတို႔ကို အခ်ိန္တိုအတြက္ သက္သာေစပါတယ္။

၂။ အမည္းစက္ေတြေၾကာင့္ အေရာင္မထြက္ဘဲ မည္းညစ္ေနသူေတြအတြက္


(က)မ်က္ႏွာက ဝက္ၿခံေတြ ေပ်ာက္သြားေပမဲ့ အမည္းစက္ေတြက်န္ၿပီး မ်က္ႏွာက အရင္လို မျဖဴေတာ့သူေတြအတြက္ အိမ္တြင္းျပဳလုပ္ႏိုင္မဲ့ လြယ္ကူတဲ့နည္းလမ္းေလးပဲျဖစ္ပါတယ္။ ပထမဦးစြာ ပ်ားရည္ လက္ဖက္စားဇြန္းတစ္ဝက္၊ သံပုရာရည္လက္ဖက္စားဇြန္း တစ္ဇြန္း၊ သဘာဝဒိန္ခ်ဥ္လက္ဖက္စားဇြန္းတစ္ဇြန္းကို ေရာသမေမႊၿပီး သင့္မ်က္ႏွာေပၚမွာ မိနစ္ ၂၀ေလာက္ သုတ္လိမ္းေပးပါ။ တစ္ပတ္ကို ၁ႀကိမ္/ ၂ႀကိမ္ထိျပဳလုပ္ႏိုင္ၿပီး အမည္းစက္နဲ႔ မလိုခ်င္တဲ့ အသားအေရ ညစ္ေထးမႈကို အလြယ္တကူပေပ်ာက္ေအာင္ ကူညီေပးပါတယ္။
(ခ) မ်က္ကြင္းေနရာတစ္ဝႈိက္အညိဳကြက္ေတြအတြက္ ပ်ားရည္လက္ဖက္စားဇြန္း တစ္ဇြန္း၊ လတ္ဆတ္တဲ့ သခြားသီးေဖ်ာ္ရည္ တစ္ဇြန္း၊ အာလူးေဖ်ာ္ရည္ ၁ဇြန္း တို႔ကို ေရာေဖ်ာ္ၿပီး သင့္ရဲ႕ မ်က္ကြင္းေနရာတစ္ဝိႈက္ကို သုတ္လိမ္းေပးပါ။ မိနစ္အနည္းငယ္ၾကာမွ သင့္မ်က္ႏွာကိုေရေအးျဖင့္ ေဆးေၾကာသန္႔စင္ေပးလိုက္ပါ။

၃။ ျဖဴတာထက္ အသားေရာင္ဝင္းဝါခ်င္သူေတြအတြက္


(က) အသားေရာင္ကို ျဖဴတာထက္ ဝင္းဝါးခ်င္သူေတြအတြက္ ျပဳလုပ္ရမဲ့နည္းလမ္းေကာင္းေလး ေပးလိုက္မယ္ေနာ္။ ဒါကေတာ့ ပထမဦးဆုံး ပ်ားရည္ လက္ဖက္စားဇြန္း ၂ဇြန္း၊ ႏြားႏို႔ လက္ဖက္စားဇြန္း ၂ဇြန္းကို ေရာေႏွာၿပီး ထိုေရာေႏွာထားတဲ့ အရည္ကို ဝါဂြမ္းစျဖင့္စြတ္ၿပီးသင့္မ်က္ႏွာေပၚမွာ ၁၀မိနစ္ေလာက္ အခ်ိန္ေပးၿပီး ပြတ္တိုက္ေပးလိုက္ပါ။ ၿပီးမွ ေရျဖင့္ေဆးေၾကာသန္႔စင္ေပးပါ။ ဝင္းဝါေစတဲ့အျပင္ အသားအေရကို တင္းရင္းေစၿပီး အေရးေၾကာင္းေတြကိုလည္း ပေပ်ာက္ေစပါတယ္။
(ခ) အရည္ပ်ားအတြက္ လိုအပ္တဲ့အဟာရနဲ႔ အစိုဓာတ္အတြက္ ပ်ားရည္ ၁ဇြန္းနဲ႔ သဘာဝရွားေစာင္းလက္ပတ္ဂ်ယ္ ၁ဇြန္းေရာေႏွာၿပီး အေရျပားကို သုတ္လိမ္းေပးပါ။ ဒါ့အျပင္ အဆိုပါ ရွားေစာင္းလက္ပတ္ႏႊာၿပီးသာအခြံကို သံလြင္ဆီအနည္းငယ္ထည့္ၿပီး သင့္မ်က္ႏွာေပၚမွာဖုံးအုပ္ထားၿပီး ေပါင္းတင္ေပးလို႔လည္းရပါတယ္။

၄။ ႏုဖက္ၿပီး သဘာဝအတိုင္း ႏႈတ္ခမ္းရဲခ်င္သူေတြအတြက္ သတင္းေကာင္း


ႏႈတ္ခမ္းနီမဆိုးဘဲ သဘာဝအတိုင္း ႏႈတ္ခမ္းရဲရဲေလးျဖစ္ခ်င္ေနရင္ေတ့ အခုေပးမဲ့ သဘာဝနည္းလမ္းေလးကို လုပ္ၾကည့္လိုက္ေနာ္။ ပ်ားရည္၊ သၾကားနဲ႔ သံလြင္ဆီ ဒါမွမဟုတ္ အညိဳေရာင္သၾကား၊ ပ်ားရည္၊ Vaseline ဆီကိုလည္း အသုံးျပဳႏုိင္ပါတယ္။ အဆိုပါအေရာအေႏွာထဲသို႔ စိုစြတ္တဲ့ သြားတိုက္တံကို ႏွစ္ၿပီး သင့္ႏႈတ္ခမ္းကို ၂မိနစ္ေလာက္ၾကာေအာင္ ပြတ္တိုက္ေပးပါ။ ၿပီးလွ်င္ သင့္ရဲ႕ ႏႈတ္ခမ္းကို ေဆးေၾကာသန္႔စင္ေပးလိုက္ပါ။ သြားတိုက္တံကိုလည္း ေဆးေၾကာသန္႔စင္ၿပီး ေနာက္တစ္ႀကိမ္ သင့္ႏႈတ္ခမ္းကို ပြတ္တိုက္ေပးပါ။ ႏႈတ္ခမ္းကို ေပ်ာ့ေျပာင္းႏုဖက္ေစၿပီး ႏႈတ္ခမ္းနီမဆိုးဘဲ သဘာဝအတိုင္းရဲေနတာကို ေတြ႕ရပါလိမ့္မယ္။

၅။ ေပ်ာ့ေျပာင္းၿပီး အုံထူထူ ဆံပင္ေတြကို ပိုင္ဆိုင္ခ်င္သူေတြအတြက္


(က) နက္ေမွာင္ၿပီးဆံသားေပ်ာ့ေျပာင္းေစဖို႔အတြက္ ၾကက္ဥတစ္လုံးနဲ႔ အခ်ိဳတူး ပ်ားရည္ကို ေရာစပ္ၿပီး သင့္ဆံပင္ကို မိနစ္ ၃၀ခန္႔ ေပါင္းတင္ထားေပးပါ။
(ခ) အုံထူထူနဲ႔ ဆံသားေတာက္ပဖို႔အတြက္ ပ်ားရည္ႏွစ္ဇြန္း၊ သံလြင္ဆီ ၁ဇြန္းကို ေရာေႏွာၿပီး သင့္ဆံပင္ကို မိနစ္ ၃၀ခန္႔သုတ္လိမ္းထားေပးပါ။
(ဂ) ဆံသားခိုင္ခံျခင္း၊ ေတာက္ပျခင္းနဲ႔ ဆံသားႀကီးထြားႏႈန္းတိုးတက္ေစဖို႔အတြက္ ပ်ားရည္ တစ္ဇြန္း၊ အုန္းဆီ ၂ဇြန္း၊ ငွက္ေပ်ာသီး ၂လုံးကို ေခ်ၿပီး အားလုံးကို ေရာသမေမႊေပးပါ။ ၿပီးလွ်င္ အဆိုပါ အေရာအေႏွာကို သင့္ေခါင္းေပၚမွာ နာရီဝက္အၾကာ သုတ္လမ္းေပးလိုက္ပါ။
ၿပီးမွ ေခါင္းေလွ်ာ္ရည္ျဖင့္ ေခါင္းေလွ်ာ္ျခင္းကို ျပဳလုပ္ႏိုင္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သင့္မ်က္လံုးက အထိခိုက္မခံဘူးဆိုလွ်င္ ဂရုစိုက္ဖို႔ နည္းလမ္းတစ္ခ်ိဳ႕


Unicode

ဆံကေသာနဲ့ အသားအရေ အထူးကောင်းမွန်စေဖို့အတွက် အိမ်းတွင်းနည်းလမ်းကောင်းတွေ
၁။ မျက်နှာကြည်လင်ပြီ အမည်းစက်မရှိအောင် ထိန်းသိမ်းနည်း
(က) သစ်ချပိုးခေါက်ကိုသွေးပြီး ပျားရည်ဖြင့် အချိုးတူရောစပ်ပြီး သင်မျက်နှာကို သုတ်လိမ်းပေးပါ။ ၁၀မိနစ်ကျမှ သင်မျက်နှာကို သန့်စင်ဆေးကြေားပေးပါ။ မွှေးညင်းပေါက်အတွင်းအညစ်အကြေးတွေကို ကင်းစင်စေပြီး အသားအရေကိုပိုပြီး တောက်ပစေပါတယ်။
(ခ) ပထမဦးစွာ သင့်မျက်နှာကို သန့်စင်ခြောက်သွေ့အောင် အရင်ထားပါ။ ပြီးလျှင် သံပုရာရည်ထဲသို့ ပျားရည် တစ်ဇွန်းရောထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးလျှင် အဆိုပါ ပျားရည်နဲ့သံပုရာပေါင်းစပ်ထားတဲ့ဖျော်ရည်ကို သင့်မျက်နှာပေါ်မှာ မိနစ် ၂၀ခန့်ကြာအောင် သုတ်လိမ်းပေးလိုက်ပါ။ တစ်ပတ်ကို ၁ကြိမ် ၂ကြိမ်ထိပြုလုပ်နိုင်ပြီး မျက်နှာရဲ့ အမည်းစက်နဲ့ ချွေးပေါက်များကင်းစင်စေပြီး အရည်ပြားကိုကြည်လင်စေပါတယ်။
(ဂ) အက်စပရင်အမှုန့် လက်ဖက်စားဇွန်း ၂ဇွန်းကို သံပုရာရည် ၄-၅ ပေါက်နဲ့ ပျားရည်တို့ ရောနှောပြီး ညအိပ်ယာဝင်တဲ့အခါ သင့်မျက်နှာပေါ်မှာ သုတ်လိမ်းပေးလို်က်ပါ။ အဖုအပိတ်များထွက်ခြင်းကြောင့် ရောင်ရမ်းခြင်းတို့ကို အချိန်တိုအတွက် သက်သာစေပါတယ်။

၂။ အမည်းစက်တွေကြောင့် အရောင်မထွက်ဘဲ မည်းညစ်နေသူတွေအတွက်
(က)မျက်နှာက ဝက်ခြံတွေ ပျောက်သွားပေမဲ့ အမည်းစက်တွေကျန်ပြီး မျက်နှာက အရင်လို မဖြူတော့သူတွေအတွက် အိမ်တွင်းပြုလုပ်နိုင်မဲ့ လွယ်ကူတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။ ပထမဦးစွာ ပျားရည် လက်ဖက်စားဇွန်းတစ်ဝက်၊ သံပုရာရည်လက်ဖက်စားဇွန်း တစ်ဇွန်း၊ သဘာဝဒိန်ချဉ်လက်ဖက်စားဇွန်းတစ်ဇွန်းကို ရောသမမွှေပြီး သင့်မျက်နှာပေါ်မှာ မိနစ် ၂၀လောက် သုတ်လိမ်းပေးပါ။ တစ်ပတ်ကို ၁ကြိမ်/ ၂ကြိမ်ထိပြုလုပ်နိုင်ပြီး အမည်းစက်နဲ့ မလိုချင်တဲ့ အသားအရေ ညစ်ထေးမှုကို အလွယ်တကူပပျောက်အောင် ကူညီပေးပါတယ်။
(ခ) မျက်ကွင်းနေရာတစ်ဝှိုက်အညိုကွက်တွေအတွက် ပျားရည်လက်ဖက်စားဇွန်း တစ်ဇွန်း၊ လတ်ဆတ်တဲ့ သခွားသီးဖျော်ရည် တစ်ဇွန်း၊ အာလူးဖျော်ရည် ၁ဇွန်း တို့ကို ရောဖျော်ပြီး သင့်ရဲ့ မျက်ကွင်းနေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာမှ သင့်မျက်နှာကိုရေအေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။

၃။ ဖြူတာထက် အသားရောင်ဝင်းဝါချင်သူတွေအတွက်
(က) အသားရောင်ကို ဖြူတာထက် ဝင်းဝါးချင်သူတွေအတွက် ပြုလုပ်ရမဲ့နည်းလမ်းကောင်းလေး ပေးလိုက်မယ်နော်။ ဒါကတော့ ပထမဦးဆုံး ပျားရည် လက်ဖက်စားဇွန်း ၂ဇွန်း၊ နွားနို့ လက်ဖက်စားဇွန်း ၂ဇွန်းကို ရောနှောပြီး ထိုရောနှောထားတဲ့ အရည်ကို ဝါဂွမ်းစဖြင့်စွတ်ပြီးသင့်မျက်နှာပေါ်မှာ ၁၀မိနစ်လောက် အချိန်ပေးပြီး ပွတ်တိုက်ပေးလိုက်ပါ။ ပြီးမှ ရေဖြင့်ဆေးကြောသန့်စင်ပေးပါ။ ဝင်းဝါစေတဲ့အပြင် အသားအရေကို တင်းရင်းစေပြီး အရေးကြောင်းတွေကိုလည်း ပပျောက်စေပါတယ်။
(ခ) အရည်ပျားအတွက် လိုအပ်တဲ့အဟာရနဲ့ အစိုဓာတ်အတွက် ပျားရည် ၁ဇွန်းနဲ့ သဘာဝရှားစောင်းလက်ပတ်ဂျယ် ၁ဇွန်းရောနှောပြီး အရေပြားကို သုတ်လိမ်းပေးပါ။ ဒါ့အပြင် အဆိုပါ ရှားစောင်းလက်ပတ်နွှာပြီးသာအခွံကို သံလွင်ဆီအနည်းငယ်ထည့်ပြီး သင့်မျက်နှာပေါ်မှာဖုံးအုပ်ထားပြီး ပေါင်းတင်ပေးလို့လည်းရပါတယ်။

၄။ နုဖက်ပြီး သဘာဝအတိုင်း နှုတ်ခမ်းရဲချင်သူတွေအတွက် သတင်းကောင်း
နှုတ်ခမ်းနီမဆိုးဘဲ သဘာဝအတိုင်း နှုတ်ခမ်းရဲရဲလေးဖြစ်ချင်နေရင်တေ့ အခုပေးမဲ့ သဘာဝနည်းလမ်းလေးကို လုပ်ကြည့်လိုက်နော်။ ပျားရည်၊ သကြားနဲ့ သံလွင်ဆီ ဒါမှမဟုတ် အညိုရောင်သကြား၊ ပျားရည်၊ Vaseline ဆီကိုလည်း အသုံးပြုနိုင်ပါတယ်။ အဆိုပါအရောအနှောထဲသို့ စိုစွတ်တဲ့ သွားတိုက်တံကို နှစ်ပြီး သင့်နှုတ်ခမ်းကို ၂မိနစ်လောက်ကြာအောင် ပွတ်တိုက်ပေးပါ။ ပြီးလျှင် သင့်ရဲ့ နှုတ်ခမ်းကို ဆေးကြောသန့်စင်ပေးလိုက်ပါ။ သွားတိုက်တံကိုလည်း ဆေးကြောသန့်စင်ပြီး နောက်တစ်ကြိမ် သင့်နှုတ်ခမ်းကို ပွတ်တိုက်ပေးပါ။ နှုတ်ခမ်းကို ပျော့ပြောင်းနုဖက်စေပြီး နှုတ်ခမ်းနီမဆိုးဘဲ သဘာဝအတိုင်းရဲနေတာကို တွေ့ရပါလိမ့်မယ်။

၅။ ပျော့ပြောင်းပြီး အုံထူထူ ဆံပင်တွေကို ပိုင်ဆိုင်ချင်သူတွေအတွက်
(က) နက်မှောင်ပြီးဆံသားပျော့ပြောင်းစေဖို့အတွက် ကြက်ဥတစ်လုံးနဲ့ အချိုတူး ပျားရည်ကို ရောစပ်ပြီး သင့်ဆံပင်ကို မိနစ် ၃၀ခန့် ပေါင်းတင်ထားပေးပါ။
(ခ) အုံထူထူနဲ့ ဆံသားတောက်ပဖို့အတွက် ပျားရည်နှစ်ဇွန်း၊ သံလွင်ဆီ ၁ဇွန်းကို ရောနှောပြီး သင့်ဆံပင်ကို မိနစ် ၃၀ခန့်သုတ်လိမ်းထားပေးပါ။
(ဂ) ဆံသားခိုင်ခံခြင်း၊ တောက်ပခြင်းနဲ့ ဆံသားကြီးထွားနှုန်းတိုးတက်စေဖို့အတွက် ပျားရည် တစ်ဇွန်း၊ အုန်းဆီ ၂ဇွန်း၊ ငှက်ပျောသီး ၂လုံးကို ချေပြီး အားလုံးကို ရောသမမွှေပေးပါ။ ပြီးလျှင် အဆိုပါ အရောအနှောကို သင့်ခေါင်းပေါ်မှာ နာရီဝက်အကြာ သုတ်လမ်းပေးလိုက်ပါ။
ပြီးမှ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ခြင်းကို ပြုလုပ်နိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here