ဆံပင်ဟာ ရာသီဥတုကြောင့် ပျက်စီးတတ်သလို Hair Care ကောင်းကောင်း မလုပ်တာကြောင့်လည်း ပျက်စီးတတ်ပါတယ်။ ဆံပင်ပျက်စီးစေတဲ့ အကြောင်းအမျိုးမျိုးတွေထဲမှာ အခုပြောမယ့် အကြောင်းတွေက အဓိက ကျပါတယ်။
(၁) ခေါင်းခဏခဏ လျှော်ခြင်း
ဆံပင်ဟာ ရေအထိများရင် ဆံပင်နှစ်ခွဖြစ်တာ ၊ ဆံပင်အဆီတွေခမ်းတာ ဖြစ်စေနိုင်ပါတယ်။ ဦးရေပြားကထုတ်တဲ့ သဘာဝအဆီဟာ ဆံပင်ကို မပျက်စီးအောင် ကာကွယ်ပေးပြီး တောက်ပ သန်စွမ်းစေပါတယ်။ ခေါင်းလျှော်မယ်ဆိုရင်လည်း တစ်ပတ်မှာမှ ၃ ရက်ထက် ပိုပြီး မလျှော်သင့်ဘူးလို့ အလှအပကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ ခေါင်းသိပ်မလျှော်ရအောင် Dry Shampoo သုံးတာမျိုး လုပ်သင့်ပါတယ်။

(၂) ရေပူပူ ချိုးမိခြင်း
Hot Showers ချိုးတာဟာ လူကို အညောင်းအညာ ပြေစေတယ်ဆိုပေမယ့် ဆံပင်အတွက်တော့ ပြဿနာ ရှိပါတယ်။ ရေပူချိုးတာဟာ စိတ်ဖိစီးမှူ လျှော့ချပြီး စိတ်ခံစားချက်ကို ပိုကောင်းစေတယ်ဆိုပေမယ့် ဆံပင်ကျန်းမာရေး ကောင်းစေဖို့အတွက် ရေအေးအေး ချိုးသင့်ပါတယ်။
(၃) အာဟာရ မပြည့်ခြင်း
ဗီတာမင်နဲ့ အာဟာရဓါတ်တွေဟာ ကျန်းမာတဲ့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အရေးပါသလို ဆံပင်သန်စွမ်းမှုအတွက်ပါ အကျိုးကျေးဇူးများပါတယ်။ အကြော်အလှော်တွေ စားတာ လျှော့ပြီး အသားဓါတ် ၊ သံဓါတ် ၊ သတ္ထုဓါတ်နဲ့ Biotin ဓါတ်တွေ ပြည့်ဝတဲ့ ဥ ၊ ပဲ ၊ ငါး နဲ့အသီးအနှံတွေ ပုံမှန် စားသင့်ပါတယ်။

(၄) ဆံပင်ရေပြောင်အောင် မသုတ်မိခြင်း
အလုပ်နောက်ကျမှာစိုးလို့ ရေကို ကသုတ်ကရက်ချိုးပြီး ခေါင်းပေါ်က ဆံပင်ကို ရေပြောင်စင်အောင် မသုတ်ဖြစ်ရင်လည်း ဆံပင်ပျက်စီးနိုင်ပါတယ်။ ရေစိုနေတဲ့ ဆံပင်ဟာ အားနည်းနေပြီး ဆံပင်ရေစိုချိန်မှာ ခေါင်းဖြီးလိုက်ရင် ဆံသား ပျက်စီးနိုင်ခြေ ပိုများပါတယ်။ အလားတူပဲ ချည်သားကြမ်းကြမ်း Towel နဲ့ ခေါင်းပေါ်က ရေကိုအားနဲ့ ဖိသုတ်မယ်ဆိုရင်လည်းဆံပင်ထိခိုက်နိုင်ပါတယ်။
(၅) ခေါင်းလိမ်းဆီ အသုံးများခြင်း
Gel လို Hair Styling Product တွေ အများကြီး သုံးဖြစ်ရင်လည်း ဆံပင်ကျွတ်တာ ၊ ဆံသားပျက်စီးတာ ဖြစ်နိုင်ပါတယ်။ ခေါင်းလိမ်းဆီကို အသင့်အတင့်ပဲ သုံးသင့်ပြီး တစ်နေရာတည်းမှာ အပုံလိုက်ကြီး ဖြစ်မနေစေဖို့ သတိထားသင့်ပါတယ်။

(၆) နေရောင်အထိ များခြင်း
အပြင်မှာ အထွက်များတဲ့သူတွေအနေနဲ့ ထီး ၊ ဦးထုပ်စတဲ့ နေကာပစ္စည်းတစ်ခုခု ဆောင်းပြီးမှ ထွက်သင့်ပါတယ်။ နေရောင်ကြောင့် UV အထိများရင် အသားအရေအပြင် ဆံပင်လည်း ပျက်စီးတတ်ပါတယ်။ အပြင်ထွက်ချိန်မှာ UV ခရမ်တစ်ခုခုလိမ်းပြီး အသားအရေ ထိန်းသိမ်းသလို နေရောင်အောက် အကြာကြီးနေရတဲ့ အလုပ်လုပ်သူတွေမှာလည်း ဆံပင်ကို ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။
Lifestyle_Myanmar
ref-bustle