• Latest
  • Trending
  • All
  • News
  • Lifestyle
ဆံပင္အတို
October 18, 2018
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Tuesday, February 7, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ရည်းစားဟောင်း
    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    မိန်းမချော့နည်း
    မိန်းမချော့နည်း
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle Fashion
by Nandar Lwin
October 18, 2018
in Fashion
0
ဆံပင်အတို
97
SHARES
1.2k
VIEWS
Share on FacebookShare on Twitter
ADVERTISEMENT
၎။ အတိုအကောက်ဆံပင်ပြုလုပ်နည်း
၅။ Bouffant
၆။ Party Lob တစ်ဝက်စည်း
၇။ ပြင်သစ်အလိမ်
၁၀။ Half Up Top Knot
#Lifestyle_Myanmar
#LM_Nandar
Unicode
ဆံပင်အတိုတွေကို ချစ်စရာကောင်းတဲ့ ဆံပင်ပုံစံလေးတွေ ဖန်တီးမယ်
ဆံပင်အတိုညှပ်ထားရင် ထိန်းသိမ်းရတာ လွယ်ကူပါတယ်။ ဒါပေမယ့် တစ်ချို့က ဆံပင်အတိုလေးတွေကို နည်းလမ်းအများကြီးနဲ့ စတိုင်အမျိုးမျိုး ပြုလုပ်လို့ မရဘူးလို့ ထင်ကြပါတယ်။ ဆံပင်အတိုလေးတွေလည်း အလန်းစား ဒီဇိုင်းလေးတွေ ပြုလုပ်လို့ ရပါတယ်နော်။ ဒါ့ကြောင့် ဆံပင်အတိုလေးတွေကို အလုပ်သွားတာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးအစညး်အဝေးတစ်ခု သို့ ပါတီတစ်ခုသွားတာပဲဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ ဆံပင်ပုံစံလေးတွေ ပြုလုပ်လို့ ရမယ့် နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ လွယ်လွယ်ကူကူ အလိမ်ဆံပင်ပြုလုပ်ပုံ
လိုအပ်တာကတော့ Hair pins(ကလစ်အသေးလေးတွေ)၊ ဆံပင်ဖြန်းစပရေး၊ ဘီး၊ သားရေကွင်း တို့ဖြစ်ပါတယ်။
ဘီးတစ်ချောင်းနဲ့ သင့်ဆံပင်တွေကို ရှင်းပြီး spray အနည်းငယ်ဖြန်းပေးပါ။ ဆံပင်ကို အလယ်ကနေ နှစ်ဘက်ခွဲပြီး တခြမ်းစီကနေ ဆံပင်အနည်းငယ်စီယူပါ။ ဘီးဖြင့် သေသပ်စွာ ပြုလုပ်ပါ။ ဆံပင်ကိုလိမ်ပြီး အနောက်ဘက်မှာ ကလစ်လေးတွေနဲ့ညှပ်ပါ။ နောက်တစ်ဖက်ကဆံပင်ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပေးပါ။ ပြီးမှ အလိမ်နှစ်ခုကို သရေကွင်းနှဲ့ အတူတူစည်းပေးပါ။
၂။ အလန်းစား Pixie ဆံပင်ပြုလုပ်ပုံ
လိုအပ်တာကတော့ ဆံပင်mousse၊ Hair gloss ခရမ်၊ ဘီး၊ လေမှုတ်စက်၊ Hair brush တို့ဖြစ်ပါတယ်။
ဘီးတစ်ခုနဲ့ သင့်ဆံပင်တွေကို ရှင်းပေးပါ။ hair mousse နဲ့ gloss ခရမ် ကိုအနည်းငယ်စီရောပြီး သင့်ရဲ့စိုစွတ်နေတဲ့ ဆံပင်ပေါ်မှာ လိမ်းပါ။ ဘီးနဲ့ တစ်ခေါင်းလုံးဖြီးပါ။ ဆံပင်အပေါ်ကို လှန်ဖြီးရင်း လေမှုတ်စက်နဲ့ မှုတ်ပါ။ ဆံပင်ပုံသွင်းပေးပြီး hairspray နဲ့ဖြန်းပေးပါ။
၃။ Bouffant Scarf ဆံပင်ပြုလုပ်ပုံ
လိုအပ်တာကတော့ Dry shampoo၊ ကလစ်အသေးများ၊ သားရေကွင်းများ၊ ဘီး၊ လည်စည်းပုဝါ တို့ဖြစ်ပါတယ်။
ဘီးနဲ့ ဆံပင်ကို အရင်ရှင်းပြီး dry shampoo အနည်းငယ်ဖြန်းပေးပါ။ dry shampoo ကသင့်ဆံပင်ကို သန့်ရှင်းစေယုံသာမဟုတ်ပါဘူး။ ဆံပင်ကို ထူထူထဲထဲလေးဖြစ်စေပါတယ်။ ဘီးနဲ့ နဖူးပေါ်မှာဆံမြိတ်ချပေးပါ။ သင့်ခေါင်းရဲ့ငယ်ထိပ်လောက်ကနေ ဆံပင်ကိုယူပြီး ဘီးဖြင့်ဖွပေးပါ။ ဆံပင်ကို ဖောင်းဖောင်းလေး သေသပ်စွာပြုလုပ်ပြီး ကလစ်လေးတွေနဲ့ ညှပ်ပေးပါ။အောက်က ကျန်တဲ့ဆံပင်တွေကိုလညး် ကလစ်လေးတွေနဲ့ သေသေသပ်သပ် သိမ်းပေးရပါမယ်။ ပြီးမှ လည်စညး်ပုဝါတစ်ထည်နဲ့ သင့်ခေါင်းအနောက်ကနေ ပတ်ပြီး ဦးခေါင်းထိပ်မှာ ချည်ပေးပါ။ ပုဝါရဲ့အစွန်းတွေကို မပေါ်အောင် ကလစ်လေးတွေနဲ့ လိုက်ညှပ်ပေးပါ။
၄။ အတိုအကောက်ဆံပင်ပြုလုပ်နညး်
လိုအပ်တာကတော့ ခွဆံညှပ်လေးတွေ၊ ဘီး၊ ဆံပင်ဖြန်းစပရေး၊ ကောက်တံ တို့ဖြစ်ပါတယ်။
သင့်ဆံပင်ကို ဘီးတစ်ခုနဲ့ ရှင်းပေးပါ။ ဆံပင်ရဲ့ အပေါ်ပိုင်းကို ကလစ်နဲ့ညှပ်တင်ပေးပါ။ ဆံပင်ရဲ့အောက်ခြေတစ်ဝက် section တစ်ခုစီကို ကောက်တံနဲ့ လိပ်ပေးပါ။ ဆံပင်အလိပ်လေးတွေ အေးသွားတဲ့အထိ လက်နဲ့ မထိမိပါစေနဲ့။ ကလစ်နဲ့ညှပ်ထားတဲ့ ဆံပင်အပေါ်ပိုင်းကို ကလစ်ဖြုတ်ပြီး ဆံပင်အဖျားလေးတွေကိုသာ လိပ်ပေးပါ။ ဆံပင်အကောက်လေးတွေ ပုံကျနေစေဖို့ hairspray များများဖြန်းပေးပါ။
၅။ Bouffant
လိုအပ်တာကတော့ (Sectioning clips) ခွဆံညှပ်လေးတွေ၊ ဆံညှပ်အသေးလေးတွေ၊ ဘီး၊ ဘရပ်၊ လေမှုတ်စက်၊ ဆံပင်ကောက်စက် တို့ဖြစ်ပါတယ်။
ဘီးတစ်ခုနဲ့ သင့်ဆံပင်ကို အရင်ရှင်းပြီး ဦးခေါင်းထိပ်ကနေ ဆံပင်ကို ခွဲကြောင်းပြုလုပ်ပါ။ ဘီးလုံးနဲ့ လိပ်တင်ပြီး အနောက်မှာ ခွဆံညှပ်အသေးလေးတွေနဲ့ ညှပ်ပါ။ ကောက်တံကိုအသုံးပြုပြီး သင့်ဆံပင်တွေကို လိပ်ပေးပါ။ လိပ်တင်ထားတဲ့ ကလစ်တွေကိုဖြုတ်ပြီး ဆံပင်ကို ထူထူ၊ ဖောင်းဖောင်းလေး ပြုလုပ်ပေးပါ။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ဖြီးပါ။ ဘေးနှစ်ဘက်ကနေ ဆံပင်တချို့ကိုယူပြီး ခေါင်းအနောက်မှာ ကလစ်လေးတွေနဲ့ ညှပ်ပေးပါ။
၆။ Party Lob တစ်ဝက်စည်း
လိုအပ်တာကတော့ ဆံပင်ကောက်စက်၊ ကလစ်အသေးလေးတွေ၊ ကြွက်မြီး ဘီး၊ Hairspray၊ တို့ဖြစ်ပါတယ်။
ဘီးနဲ့ ဆံပင်ကိုအရင်ရှင်းပြီး ကောက်စက်ဖြင့် လိပ်ပါ။ ဦးခေါင်းထိပ်ကနေ ဆံပင်ကိုလှန်ဖြီးပြီး bouffant look ဖြစ်အောင် ဆံပင်ကို ဖောင်းဖောင်းလေးပြုလုပ်ပါ။ ဘေးနှစ်ဘက်က ဆံပင်ကိုယူပါ။ ခေါင်းအနောက်မှာ လိမ်ပြီး ကလစ်လေးတွေနဲ့ ညှပ်ပေးပါ။ သင့်နံဖူးထက်မှာ ဆံမြိတ်လေးတွေ လွတ်လပ်စွာကျနေပါစေ။ အဆုံးသတ်မှာ hairspray အနည်းငယ်ဖြန်းပေးပါ။
၇။ ပြင်သစ်အလိမ်
လိုအပ်တာကတော့ ဆံပင်အတွန့်ဖိစက်၊ Sectioning clips(ခွဆံညှပ်လေးတွေ)၊ ဘီး၊ ကလစ်အသေးလေးတွေ၊ Hairspray တို့ဖြစ်ပါတယ်။
ဆံပင်ရဲ့ အပေါ်ပိုင်းကို ဆံပင်အတွန့်ဖိစက် နဲ့ အနည်းငယ်ဖိပေးပါ။ ဆံပင်ကို ခွဲကြောင်းသုံးကြောင်းခွဲပါ။ ဘေးတစ်ဖက်စီကို တစ်ကြောင်းနဲ့ အလယ်မှာ တစ်ကြောင်းခွဲပေးရမှာပါ။ ဘေး sections တွေကို ကလစ်နဲ့ညှပ်ပါ။ အလယ်ခွဲကြောင်းကနေ ရှေ့အစိတ်အပိုင်းကိုယူပြီး ခပ်မြင့်မြင့်လေးဖြစ်အောင် backcomb ပြုလုပ်ပါ။ အလယ်ခွဲကြောင်းက ဆံပင်ကိုအဆုံးထိလိမ်ပေးပါ။ ဆံပင်အလိမ်ကို လုံအောင် ကုတ်ပိုးနေရာလောက်မှာ ကလစ်လေးတွေနဲ့ ညှပ်ပေးရပါမယ်။ ဘေးခွဲကြောင်းအပို်င်းကို ကလစ်ဖြုတ်ပြီး section အသေးလေးတွေခွဲပြီး အလိမ်လေးတွေပြုလုပ်ပါ။ ဘေးနှစ်ဘက်က အလိမ်လေးတွေက အလယ် center ကအလိမ်တွေကို အုပ်နေရပါမယ်။ ပြီးမှ အစွန်းတွေ မထွက်အောင် ကလစ်လေးတွေနဲ့ လိုက်ညှပ်ပေးပါ။
၈။ ရိုးရိုးဘေးကျစ်ဆံမြီး
လိုအပ်တာကတော့ ကလစ်အသေးလေးတွေ၊ သားရေကွင်းတွေ၊ ဘီးတို့လိုအပ်ပါတယ်။
ဒီဆံပင်ပုံပြုလုပ်နညး်က နှစ်ရက်လောက်ခေါင်းမလျှော်ထားရင် ပိုကောင်းပါတယ်။ ဆံပင်ကို ဘီးနဲ့ အရင်ရှင်းပါ။ ဆံပင်အရှေ့ခြမ်းကို ထားခဲ့ပြီး အနောက်ကဆံပင်ကို စုစည်းပါ။ ဆံပင်ဘေးခွဲ အရှေ့ခြမ်းကို ဒက်ချ်ကျစ်ဆံမြီးပုံကျစ်ပေးပါ။ အဆုံးထိကျစ်ပေးပြီး သားရေကွင်းနဲ့ လုံအောင် ချည်ပေးပါ။ ကျစ်ဆံမြီးကို အနောက်ကို ဝိုက်ယူပြီး ကလစ်လေးနဲ့ညှပ်ပေးပါ။ အနောက်က စုစည်းထားတဲ့ ဆံပင်ကို ဖြည်ချလိုက်ရင် ချစ်စရာကောင်းတဲ့ ဘေးခွဲကျစ်ဆံမြီးလေး ရမှာဖြစ်ပါတယ်။
၉။ ပြင်သစ်ကျစ်ဆံမြီး ဆံထုံး
လိုအပ်တာကတော့ သားရေကွင်းနဲ့ ဘီးတို့ဖြစ်ပါတယ်။
ဘီးနဲ့့ သင့်ဆံပင်ကိုအရင်ရှင်းပြီး အရှေ့ကနေ ဆံပင်အချို့ကို ယူပါ။ ဒီအပိုင်းကို ကျစ်ဆံမြီး စကျစ်ပေးပါ။ ဒက်ချ်ကျစ်ဆံမြီးပုံဖြစ်တာကြောင့် ဘေး sections လေးတွေကို ထည့်ထည့်ပြီး ကျစ်ပေးရပါမယ်။ သားရေကွင်းနဲ့ ကျစ်ဆံမြီးကို စညး်ပေးပါ။ သားရေကွင်းကို နောက်ဆုံးအခေါက်မှာ ဆံထုံးပုံစံ ဆံပင်ကို ခေါက်ပြီး စညး်ပေးရပါမယ်။
၁၀။ Half Up Top Knot
လိုအပ်တာကတော့ ကလစ်အသေးလေးတွေ၊ သားရေကွင်း၊ ဘရပ်တို့ဖြစ်ပါတယ်။
ဘီးတစ်ချောင်းနဲ့ ဆံပင်ကိုအရင်ရှင်းပြီး ဦးခေါင်းထိပ်နှင့် ရှေ့ခြမ်းကနေ ဆံပင်ကို section တစ်ခုပြုလုပ်ပါ။ လိမ်ပြီး ကလစ်နဲ့ညှပ်ပေးပါ။ ဘေးက ဆံစတွေကိုယူပြီး အလိပ်ကို ပတ်ပြီး အုပ်ပေးပါ။ပြီးမှ သားရေကွင်း၊ ကလစ်အသေးလေးတွေနဲ့ ဆံထုံးကို မြဲအောင် ပြုလုပ်ပေးပါ။
#Lifestyle_Myanmar
#LM_Nandar
Share97TweetShare
Nandar Lwin
Nandar Lwin
Related Posts
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
by Thinzar
December 20, 2022
0
လူတိုင်းလူတိုင်းမှာ အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်တော့ ရှိသင့်ပါတယ်။ ဂျင်းဖက်ရှင်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စူပါဖက်ရှင်မျိုးဖြစ်သလို ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ များစွာသောအင်္ကျီအဝတ်အစားတွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ ဂျင်းဘောင်းဘီတွေကို ဘယ်လိုစနစ်တကျ လျှော်ဖွတ်ရမယ်ဆိုတာလည်း သိထားသင့်တဲ့အချက်တစ်ခုပါ။ ဒီနေ့မှာတော့ သင့်ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီးကြာတဲ့အထိ...
လှပတဲ့ဆွယ်တာလေးတွေကို မပျက်စီးအောင် သိမ်းထားရမယ့် နည်းလမ်းကောင်းလေးတွေ
လှပတဲ့ဆွယ်တာလေးတွေကို မပျက်စီးအောင် သိမ်းထားရမယ့် နည်းလမ်းကောင်းလေးတွေ
by Thinzar
December 17, 2022
0
အခုနောက်ပိုင်းမှာ ဆွယ်တာအင်္ကျီတွေကို တော်တော်များများဝတ်ဆင်လာပြီး လှပတဲ့အရောင်လေးတွေကြောင့် ပိုပြီးတော့လူကြိုက်များလာကြတာပေါ့။ ဒါပေမယ့် ဆွယ်တာလေးတွေကို ဘယ်လိုမျိုးထိန်းသိမ်းရမယ်ဆိုတာကို သေချာမသိကြတော့ ဒီတိုင်းထားရင်းနဲ့ ခဏပဲဝတ်ရသေးတယ်၊ ပျက်စီးသွားတာမျိုးတွေကို တွေ့ကြုံနေရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် လှပတဲ့ဆွယ်တာလေးတွေကို မပျက်စီးအောင် သိမ်းထားရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆွယ်တာတွေကိုဝတ်ပြီး...
ဈေးနည်းနည်းပဲပေးရပြီး ကောင်းတဲ့အဝတ်အစားမျိုးကို ရွေးတတ်စေဖို့…
ဈေးနည်းနည်းပဲပေးရပြီး ကောင်းတဲ့အဝတ်အစားမျိုးကို ရွေးတတ်စေဖို့…
by Thinzar
December 16, 2022
0
မိန်းကလေးတွေရဲ့ အလုပ်အများဆုံးအချိန်က အပြင်ထွက်ရင် ဘာဝတ်ရမလဲစဉ်းစားတာနဲ့၊ ဈေးဝယ်ထွက်တဲ့အခါမှာ ဘယ်လိုအဝတ်အစားမျိုးတွေကို ဝယ်ရမလဲဆိုတာကို စဉ်းစားနေရတာက အလုပ်အရှုပ်ဆုံးပါပဲ။ ဈေးဝယ်တဲ့အချိန်မှာ အရေးကြီးဆုံးကတော့ ငွေကြေးပေါ့။ ပေးရတဲ့ဈေးနဲ့တန်ပြီး ကောင်းတာလေးတွေကိုပဲ ရချင်တာဆိုရင်တော့ ဈေးနည်းနည်းပဲပေးရပြီး ကောင်းတဲ့အဝတ်အစားမျိုးကို ရွေးတတ်ဖို့နည်းလမ်းလေးတွေပေါ့။ မနုလွန်းမရင့်လွန်းတဲ့ အရောင်...
ဖက်ရှင်နဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးသင့်တဲ့ Style Tips တွေ
ဖက်ရှင်နဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးသင့်တဲ့ Style Tips တွေ
by Thinzar
December 14, 2022
0
ဗဟုသုတစုံတဲ့လူတစ်ယောက်ဖြစ်ဖို့ ကမ္ဘာအဝှမ်းမှာ ဖြစ်ပျက်နေသမျှကို သိထားသင့်သလို ဖက်ရှင်လောကနဲ့ပတ်သက်ပြီး သိသင့်တဲ့ စတိုင် Rules တွေကိုလည်း လေ့လာနေဖို့လိုပါတယ်။ ဒါ့ကြောင့် ဖက်ရှင်နဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးသင့်တဲ့ Style Tips တွေကို ဖော်ပြပေးလိုက်ပါတယ်။ အဝတ်အစားတွေမဝယ်ခင် Fitting Room...
Lifestyle Myanmar
Copyright © 2017 Lifestyle Myanmar.
Digital Media Production in Myanmar.
  • About
  • Advertise
  • Privacy & Policy
  • Contact
Follow Us
No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Copyright © 2017 Lifestyle Myanmar.
Welcome Back!
Login to your account below
Forgotten Password?
Retrieve your password
Please enter your username or email address to reset your password.
Log In
error: Content is protected !!