ဆံပင်ပါးလို့စိတ်ညစ်နေတဲ့ အမျိုးသမီးတွေအတွက် ဆံပင်အုံထူသယောင်ဖန်တီးပေးနိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။
၁။ ဆံပင်ပုံစံအသစ် ပြောင်းပေးတာ
သင့်ရဲ့ဆံပင်က ဖြောင့်ပြီးမသန်ဘူးဆိုပါက ဆံပင်ပုံစံအသစ်ညှပ်ခြင်းဖြင့် သင့်ရဲ့ပြဿနာများကို ဖြေရှင်းနိုင်ပါတယ်။ အကောင်းဆုံး ဆံပင်ပုံစံအသစ်ကတော့ bob အရှည်ပုံစံ ညှပ်ဖို့ပါပဲ။ အရှေ့ကို နည်းနည်းရှည်ပြီး အနောက်ကို တိုထားတဲ့ပုံစံပဲဖြစ်ပါတယ်။ ဒီဆံပင်ပုံစံက အလွှာအနည်းငယ်ရှိတာကြောင့် အမြင်မှာ သင့်ဆံပင်အုံထူပြီး များသယောင်ဖန်တီးပေးပါတယ်။
၂။ အလွှာပုံစံလေးတွေ ညှပ်ပေးတာ
သင့်ဆံပင်က ကျောလယ်လောက် အရှည်ရှိရင်၊ ဆံပင်အတိုပုံစံ မကြိုက်လျှင် ချစ်စရာကောင်းတဲ့ အလွှာပုံစံလေးတွေညှပ်သင့်ပါတယ်။ ဆံပင်အရှည်ကို ညှပ်မပစ်ရဘဲ အုံထူသယောင်ဖြစ်စေမယ့် နည်းလမ်းလေး ဖြစ်ပါတယ်။
၃။ ဆံပင်အတိုအတွက်
သင့်ဆံပင်ပုံစံက အတိုဖြစ်လျှင် ဆံပင်အုံထူစေဖို့ ရိုးရှင်းတဲ့ နည်းလမ်းလေးရှိပါတယ်။ ခေါင်းဖြီးတဲ့အခါ သင့်ဦးခေါင်းထိပ်ဧရိယာပေါ်မှာ ဆံပင်ကို ခပ်ဖွဖွလေး ဘီးနဲ့ခြစ်ပေးယုံပါပဲ။ ဆံပင်ကို ကိုင်ပြီး ဦးရေပြားဘက်သို့ ဦးတည်ပြီး ဘီးနဲ့ဖြီးပေးတာပါ။ ဒါက ဆံပင်ကို ထူထူလေးဖြစ်စေမှာပါ။ ဘီးသွားကျဉ်းတဲ့ ဘီးကိုအသုံးပြုပေးပါ။
၎။ ဆံပင်အရောင်နည်းနည်းထည့်ပေးတာ
ဆံပင်အရောင်က တစ်ရောင်ထည်းဆို ပါးလွှာတယ်လို့ ထင်ရပါတယ်။ ဒါ့ကြောင့် သင့်ဆံပင်ကို Highlight ဆိုးပေးပါ။ သင့်ဆံပင်ရဲ့မှုလအရောင်နှင့် မျက်နှာအသွင်သဏ္ဍာန်ပေါ် မှုတည်ပြီး အရောင်ကို ရွေးချယ်နိုင်ပါတယ်။ lighter color ဆိုးတဲ့ဆံပင်ဟာ darker ဆိုးတာထက် ပိုပြီးအုံထူသယောင် ပြုလုပ်ပေးပါလိမ့်မယ်။ ဆိုးဆေးအတုတွေကို သင်မကြိုက်ဘူးဆိုရင် သဘာဝနည်းလမ်းများဖြင့် ရွေးချယ်နိုင်ပါတယ်။ သဘာဝဆိုးဆေးကို အသုံးပြုခြင်းဟာ သင့်ရဲ့ဆံပင်ကို သဘာဝအရောင်နှင့် ထူထဲစေပါတယ်။
၅။ မှန်ကန်တဲ့ အလှကုန်တွေ ရွေးချယ်တာ
အလှကုန်တွေက ဘာအကျိုးကျေးဇူးမှ ရနိုင်မှာ မဟုတ်ဘူးလို့ထင်ရင် သင်မှားပါတယ်။သင့်ရဲ့ဆံပင်ကို ပိုပြီး အုံထူစေဖို့ ဒီအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ အလှကုန်များကို အသုံးပြုသင့်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို တိုက်ဖျက်ပေးမယ့်၊ ဆံပင်သန်စွမ်းမှုကို အားဖြည့်ပေးမယ့် ပျော့ဆေးနဲ့ ခေါင်းလျှော်ရည်တွေ ရှိပါတယ်။
၆။ အုံထူစေဖို့ လှိုင်းတွန့်လေးတွေကောက်ပေးတာ
လှိုင်းတွန့်ဆံပင်ပုံလေးတွေက ဆံပင်ပါးတဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာပါ။ ဆံပင်ပါးသူတစ်ယောက်ဖြစ်လျှင် လှိုင်းတွန့်လေးတွေ ကောက်ပေးသင့်ပါတယ်။ လှိုင်းတွန့်ဆံပင်ပုံစံက ဆံပင်အုံးကို ထူသယောင်ဖြစ်စေတဲ့ နည်းလမ်းတစ်ခုပါ။ သင့်ဆံပင်ကကောက်ထားတာမဟုတ်လျှင် အပြင်သွားခါနီးမှ ဆံပင်ကောက်စက်နဲ့ လိပ်တာပြုလုပ်နိုင်သလို၊ ညဘက်အိပ်လျှင် ကျစ်ဆံမြီးကျစ်အိပ်တာက မနက်ခင်းမှာ ဆံပင်ထူထူလေးရရှိစေမှာပါ။
၇။ ဆံပင်ခွဲကြောင်းပြောင်းတာ
ဆံပင်ပိုပြီးအုံထူစေဖို့ နောက်ထပ်ရွေးချယ်စရာက သင့်ဆံပင်ကို ခွဲကြောင်း ပြောင်းဖြီးပေးခြင်းဖြစ်ပါတယ်။ ဆံပင်အလယ်ခွဲအစား ဘေးခွဲပြောင်းဖြီးပေးပါ။ သင့်ဆံပင်ကို ပိုပြီး ထူသယောင်ဖြစ်စေပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth