ဆံပင္ကၽြတ္ျခင္းကို ထိေရာက္စြာ ဆန္႔က်င္ေပးတဲ့ ဗီတာမင္ (၆)မ်ိဳး

0
1052

ဆံပင္ကၽြတ္တာဟာ အမ်ိဳးသမီးႀကီးငယ္မေရြး ႀကံဳရတဲ့ ျပႆနာတစ္ခုပါ။ တစ္ေန႔ကို ဆံပင္အေခ်ာင္း ၁၀၀ေလာက္ကၽြတ္တာဟာ ပံုမွန္ျဖစ္ေပမယ့္ ဒီထက္ပိုၿပီး ကၽြတ္ရင္ေတာ့ သင့္ခႏၶာကိုယ္ထဲမွာ အခ်ိဳ႕ေသာ ဗီတာမင္ေတြ ခ်ိဳ႕တဲ့ျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီအတြက္ စိုးရိမ္စရာမလိုပါဘူး။ ဆံပင္ကၽြတ္ျခင္းကို ထိထိေရာက္ေရာက္ဆန္႔က်င္ေပးႏိုင္မယ့္ ဒီဗီတာမင္ (၆)မ်ိဳးကို သင့္အစားအေသာက္ထဲမွာ ထည့္စားဖို႔ ျဖစ္ပါတယ္။

၁။ Biotin (vitamin B7)

ဗီတာမင္ B7 ကို biotin လို႔လည္း ေခၚပါတယ္။ biotin က ဆံေကသာနဲ႔ ေျခသည္းလက္သည္းတို႔ကို က်န္းမာသန္စြမ္းေစပါတယ္။ ခႏၶာကိုယ္ထဲမွာ ဒီ biotin ဓါတ္ခ်ိဳ႕တဲ့လွ်င္ ဆံပင္ေျခာက္ေသြ႕ပ်က္စီးမႈကို ဦးတည္ႏိုင္ပါတယ္။ Biotin က ဆံပင္အားေကာငး္ေစဖို႔နဲ႔ ဦးေရျပားကို အာဟာရရရွိေစဖုိ႔ မရွိမျဖစ္လိုအပ္တဲ့ ဖက္တီးအက္ဆစ္ ဖြံ႔ၿဖိဳးမႈကို ကူညီေပးပါတယ္။ Biotin ပါဝင္တဲ့ အစားအစာမ်ားက ပန္းေဂၚဖီ၊ အေစ့အဆန္မ်ားႏွင့္ ပဲမ်ိဳးစံုတို႔ ျဖစ္ပါတယ္။

၂။ Pantothenic acid (vitamin B5)

ဒီဗီတာမင္ဟာ ဆံပင္က်န္းမာေရးကို အေထာက္အကူျပဳတဲ့ Keratin ထုတ္လုပ္ဖို႔ ကူညီေပးပါတယ္။ ဒါက ဆံပင္သန္စြမ္း ေတာက္ပေနေစဖို႔အတြက္ တာဝန္ယူေပးပါတယ္။ Pantothenic acid ပါဝင္ေသာအစားအစာမ်ားက broccoli(ပန္းေဂၚဖီစိမ္း)၊ မိႈ၊ အာလူး၊ ႏို႔ထြက္ပစၥည္းမ်ားႏွင့္ အေစ့အဆန္မ်ား ျဖစ္ၾကပါတယ္။

၃။ Vitamin E

ဗီတာမင္ အီးက ဆံပင္နဲ႔ အသားအေရကို က်န္းမာေစတဲ့ ေသြးလည္ပတ္မႈစနစ္ကို ပိုမိုေကာင္းမြန္ေစပါတယ္။ ဗီတာမင္အီး ပါဝင္တဲ့ အစားအစာအမ်ားစုက broccoli ၊ တျခား အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ား၊ အေစ့အဆန္မ်ားႏွင့္ ဟင္းသီးဟင္းရြက္ဆီ အမ်ိဳးမ်ိဳးတို႔ ျဖစ္ပါတယ္။

၄။ Folic acid

ေဖာလစ္အက္ဆစ္ပါဝင္တဲ့ အစားအစာမ်ားက အစိမ္းေရာင္အရြက္မ်ား၊ ပ်ားရည္၊ ပဲ၊ ဂ်ံဳၾကမ္းေပါင္မုန္႔၊ citrus အသီးမ်ား ျဖစ္ပါတယ္။

၅။ Vitamin C

ဗီတာမင္စီက ဆံပင္ကၽြတ္ျခင္းကို ကာကြယ္တဲ့ေနရာမွာ အေရးပါပါတယ္။ ဗီတာမင္စီကို ဆံပင္သန္စြမ္းမႈႏႈန္း အရွိန္ျမွင့္ဖို႔ အသံုးျပဳၾကပါတယ္။ citrus fruits၊ ငရုတ္သီး၊ ဘရပ္ဆဲလ္ပင္ေပါက္၊ ပန္းေဂၚဖီစိမ္း၊ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္၊ ပန္းေဂၚဖီႏွင့္ အာလူးတို႔မွာ ဗီတာမင္စီ ပါရွိပါတယ္။

၆။ ဗီတာမင္ A

ဗီတာမင္ေအက ဦးေရျပားကိုျပန္လည္ႏုပ်ိဳေစၿပီး ေသြးလည္ပတ္မႈေထာက္ပံ့ဖို႔နဲ႔ ဆံပင္သန္စြမ္းဖို႔ မရွိမျဖစ္လိုအပ္တဲ့အရာျဖစ္ပါတယ္။ ဗီတာမင္ေအက အိုမင္းမႈကို ဆန္႔က်င္တဲ့ skin care အလွကုန္အမ်ားစုမွာ အဓိကပါဝင္ပစၥည္းတစ္ခုျဖစ္ပါတယ္။ ဗီတာမင္ေအပါဝင္တဲ့ အစားအစာမ်ားက အစိမ္းေရာင္ အရြက္မ်ား၊ ေရႊဖရံုသီး၊ မုန္လာဥနီ၊ သရက္သီးနဲ႔ ႏို႕ထြက္ပစၥည္းမ်ား ျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Unicode

ဆံပင်ကျွတ်ခြင်းကို ထိရောက်စွာ ဆန့်ကျင်ပေးတဲ့ ဗီတာမင် (၆)မျိုး
ဆံပင်ကျွတ်တာဟာ အမျိုးသမီးကြီးငယ်မရွေး ကြုံရတဲ့ ပြဿနာတစ်ခုပါ။ တစ်နေ့ကို ဆံပင်အချောင်း ၁၀၀လောက်ကျွတ်တာဟာ ပုံမှန်ဖြစ်ပေမယ့် ဒီထက်ပိုပြီး ကျွတ်ရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ အချို့သော ဗီတာမင်တွေ ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအတွက် စိုးရိမ်စရာမလိုပါဘူး။ ဆံပင်ကျွတ်ခြင်းကို ထိထိရောက်ရောက်ဆန့်ကျင်ပေးနိုင်မယ့် ဒီဗီတာမင် (၆)မျိုးကို သင့်အစားအသောက်ထဲမှာ ထည့်စားဖို့ ဖြစ်ပါတယ်။

၁။ Biotin (vitamin B7)
ဗီတာမင် B7 ကို biotin လို့လည်း ခေါ်ပါတယ်။ biotin က ဆံကေသာနဲ့ ခြေသည်းလက်သည်းတို့ကို ကျန်းမာသန်စွမ်းစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဒီ biotin ဓါတ်ချို့တဲ့လျှင် ဆံပင်ခြောက်သွေ့ပျက်စီးမှုကို ဦးတည်နိုင်ပါတယ်။ Biotin က ဆံပင်အားကောငး်စေဖို့နဲ့ ဦးရေပြားကို အာဟာရရရှိစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ် ဖွံ့ဖြိုးမှုကို ကူညီပေးပါတယ်။ Biotin ပါဝင်တဲ့ အစားအစာများက ပန်းဂေါ်ဖီ၊ အစေ့အဆန်များနှင့် ပဲမျိုးစုံတို့ ဖြစ်ပါတယ်။

၂။ Pantothenic acid (vitamin B5)
ဒီဗီတာမင်ဟာ ဆံပင်ကျန်းမာရေးကို အထောက်အကူပြုတဲ့ Keratin ထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ ဒါက ဆံပင်သန်စွမ်း တောက်ပနေစေဖို့အတွက် တာဝန်ယူပေးပါတယ်။ Pantothenic acid ပါဝင်သောအစားအစာများက broccoli(ပန်းဂေါ်ဖီစိမ်း)၊ မှို၊ အာလူး၊ နို့ထွက်ပစ္စည်းများနှင့် အစေ့အဆန်များ ဖြစ်ကြပါတယ်။

၃။ Vitamin E
ဗီတာမင် အီးက ဆံပင်နဲ့ အသားအရေကို ကျန်းမာစေတဲ့ သွေးလည်ပတ်မှုစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဗီတာမင်အီး ပါဝင်တဲ့ အစားအစာအများစုက broccoli ၊ တခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် ဟင်းသီးဟင်းရွက်ဆီ အမျိုးမျိုးတို့ ဖြစ်ပါတယ်။

၄။ Folic acid
ဖောလစ်အက်ဆစ်ပါဝင်တဲ့ အစားအစာများက အစိမ်းရောင်အရွက်များ၊ ပျားရည်၊ ပဲ၊ ဂျံုကြမ်းပေါင်မုန့်၊ citrus အသီးများ ဖြစ်ပါတယ်။

၅။ Vitamin C
ဗီတာမင်စီက ဆံပင်ကျွတ်ခြင်းကို ကာကွယ်တဲ့နေရာမှာ အရေးပါပါတယ်။ ဗီတာမင်စီကို ဆံပင်သန်စွမ်းမှုနှုန်း အရှိန်မြှင့်ဖို့ အသုံးပြုကြပါတယ်။ citrus fruits၊ ငရုတ်သီး၊ ဘရပ်ဆဲလ်ပင်ပေါက်၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီးဖျော်ရည်၊ ပန်းဂေါ်ဖီနှင့် အာလူးတို့မှာ ဗီတာမင်စီ ပါရှိပါတယ်။

၆။ ဗီတာမင် A
ဗီတာမင်အေက ဦးရေပြားကိုပြန်လည်နုပျိုစေပြီး သွေးလည်ပတ်မှုထောက်ပံ့ဖို့နဲ့ ဆံပင်သန်စွမ်းဖို့ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ ဗီတာမင်အေက အိုမင်းမှုကို ဆန့်ကျင်တဲ့ skin care အလှကုန်အများစုမှာ အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဗီတာမင်အေပါဝင်တဲ့ အစားအစာများက အစိမ်းရောင် အရွက်များ၊ ရွှေဖရုံသီး၊ မုန်လာဥနီ၊ သရက်သီးနဲ့ နို့ထွက်ပစ္စည်းများ ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here