ဆောင်းရာသီမှာ အသားအရေတွေ ခြောက်သွေ့အက်ကွဲခြင်းမရှိအောင် ဘယ်လိုကာကွယ်မလဲ

0
213

ဆောင်းရာသီကို တဖြည်းဖြည်းရောက်ရှိလာတာနဲ့အမျှ အသား အရေတွေ ခြောက်သွေ့လာပြီး နှုတ်ခမ်းတွေကလည်း အက်ကွဲလာကာ ခြေထောက်တွေယား၊ လက်တွေကြမ်း စတဲ့အခြေအနေတွေကို ကြုံတွေ့လာရပါပြီ။ ဘယ်လောက်ပဲရာသီတွေပြောင်းပြောင်း၊ လေအေးတွေတိုက်တိုက် အသားအရေကို နေ့စဥ်မှန်မှန် အစိုဓာတ်ဖြည့်တင်းပေးမယ်ဆိုရင်တော့ ဒီလိုပြဿနာတွေကနေ ရှောင်ကင်းနိုင်မှာဖြစ်ပါတယ်။

-Advertisement-

၁။ ရာသီဥတုကအေးလို့ဆိုပြီးတော့ ရေပူနဲ့ချိုးရာမှာလည်း ရေကအရမ်းပူနေလို့မဖြစ်ပါဘူး။ ကြက်သီးနွေးထရုံမျှ ရေနွေးနွေးလေးနဲ့သာချိုးပေးပါ။ ပြီးလျှင် တစ်နေ့တစ်ကြိမ်ကို ၁၀ မိနစ်ထက်ပိုပြီး ရေမချိုးဖို့လည်း အရေးကြီးပါတယ်။

၂။ ဆောင်းရာသီမှာတော့ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးမယ့် ဆပ်ပြာတုံး သို့မဟုတ် ဆပ်ပြာရည်ကို ပြောင်းလဲအသုံးပြုပေးပါ။ တစ်ချို့ဆပ်ပြာတွေက အသားအရေကို ကြမ်းတမ်းစေနိုင်တာကြောင့် သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာကို အသုံးပြုပေးရပါမယ်။

၃။ ဘယ်လောက်ပဲချေးတွန်းချင်တယ်ဆိုပါစေ အသားအရေပျက်စီးမှာကို မလိုလားဘူးဆိုရင်တော့ ဆောင်းရာသီအတောအတွင်းမှာ Sponge တွေ ဘရက်ရှ်တွေနဲ့ ကြမ်းကြမ်းတမ်းတမ်း ချေးတွန်းခြင်းကို ရှောင်ကြဥ်ပါ။

၄။ အသားအရေကို ယားယံစေမယ့် အထည်အမျိုးအစားတွေကို မဝတ်ပါနဲ့။ အသားနဲ့ထိမယ့်အလွှာကို ချည်သားရွေးချယ်ဝတ်ဆင်ကာ ပြီးမှသာလျှင် အပေါ်ကနေ သိုးမွှေးအနွေးထည်ဖြစ်ဖြစ် ဝတ်ဆင်မယ်ဆိုရင် အသားမယားတော့သလို ခြောက်သွေ့ခြင်းမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၅။ ဘယ်လောက်ပဲ အအေးဒဏ်ကို တောင့်ခံနိုင်သူဖြစ်နေပါစေ ရေချိုးခန်းထဲကထွက်ပြီးတာနဲ့ ရေသေချာသုတ်ပြီးတော့ Moisturizer ကို ချက်ချင်းလိမ်းပေးပါ။

၆။ အယ်လ်ကိုဟောမပါဝင်တဲ့ မျက်နှာသစ်ဆေး၊ တိုနာတို့ကို အသုံးပြုပါ။ နို့ကိုအခြေခံပြီး ပြုလုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေက အသားအရေကိုချောမွေ့စေကာ ခြောက်သွေ့မှုမရှိအောင်လည်း ကာကွယ်နိုင်ပါတယ်။ ဆောင်းရာသီမှာ ရွှံစေးမျက်နှာပေါင်းတင်ဆေးတွေကို အသုံးပြုခြင်းက အသားအရေရဲ့ အစိုဓာတ်ကို စုပ်ယူသွားနိုင်တာကြောင့် အတတ်နိုင်ဆုံး မသုံးပါနဲ့။

၇။ အပြင်ထွက်တော့မယ်ဆိုတိုင်း နေလောင်ခံခရင်မ်လိမ်းဖို့ လုံးဝမမေ့ပါနဲ့။ ရာသီဥတုက မိုးအုံ့တယ်၊ တိမ်ထူတယ်ပဲပြောပြော ကာကွယ်မှုက လိုကိုလိုအပ်ပါတယ်။

၈။ အခြားရာသီတွေထက်ပိုပြီးတော့ကို ဆောင်းရာသီမှာ ရေများများသောက်ပေးရပါမယ်။ ထိုမှသာလျှင် ဆုံးရှုံးသွားတဲ့ အသားအရေအတွင်းက အာဟာရတွေကို ပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- timesofindia

LEAVE A REPLY

Please enter your comment!
Please enter your name here