ဆူညံလို့ဆိုပြီး ၁၁လသားကလေးငယ်ကို ဟင်းရည်ပူနဲ့ ပက်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

0
345

အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ဟာ တရုတ်ပြည်ရဲ့ စားသောက်ဆိုင်တခု အတွင်းမှာ၁၁လသားအရွယ်ကလေးတစ်ယောက်ကို ဆူညံမှုအကြောင်းပြပြီးတော့ ဟင်းရည်ပူနဲ့ ပက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး စောင့်ကြည့်ကင်မရာကနေ မှတ်တမ်းရရှိခဲ့ပါတယ်။ ၁၁လသားအရွယ် ကလေးငယ်လေးဟာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့မိဘတွေနဲ့အတူ စားသောက်ဆိုင်မှာစားသောက်နေရင်း ကလေးသဘာဝဇွန်းနဲ့ ခုံကိုခေါက်နေခဲ့ပါတယ်။ ယခုလိုဆူညံနေတဲ့အတွက် ဘေးဝိုင်းမှာထိုင်နေတဲ့ Ren အမည်ရှိအမျိုးသမီးဟာ ဒေါသထွက်လာပြီး ကလေးငယ်ကို ဟင်းရည်ပူတွေနဲ့ ပက်ခဲ့တာပါ။

အဆိုပါဖြစ်ရပ်မတိုင်မီက Ren ဟာသူမရဲ့အမျိုးသားနဲ့ စားသောက်ဆိုင်မှာပဲ စကားများရန်ဖြစ်ခဲ့တယ်လို့သိရပြီး ကလေးဆူနေတဲ့အတွက် ကလေးအမေနဲ့လည်းစကားများခဲ့ပါတယ်။ စားသောက်ဆိုင်ဝန်ထမ်းတွေရဲ့ အဆိုအရ အဆိုပါအမျိုးသမီးဟာ ကိုယ်ဝန် ၆လရှိနေကြောင်း သူမအမျိုးသားက ဆိုင်ကနေသွားဖို့အတွက် စည်းရုံးခဲ့ပြီး သိပ်မကြာခင် ၁၀ မိနစ်လောက်အချိန်မှာပဲ အဆိုပါကိုယ်ဝန်ဆောင် အမျိုးသမီးက စားသောက်ဆိုင်ကိုပြန်လည်ရောက်ရှိလာပြီးနောက် အပြစ်ကင်းတဲ့ကလေးကို ဟင်းရည်ပူနဲ့ရုတ်တရက်ပက်ပြီး လက်စားချေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူမကို ၁၅ရက်အချုပ်ချပြီး ဒဏ်ငွေ ယွမ်၅၀၀- ၇၂ ဒေါ်လာ ရိုက်ဖို့ ပြုလုပ်ခဲ့ကြပေမယ့် တရုတ်နိုင်ငံရဲ့ ဥပဒေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အချုပ်၊ သို့မဟုတ် ထောင်ချခွင့် မရှိတာကြောင့် အမှုကနေရှောင်ရှားနိုင်ခဲ့ကြောင်း သိရပါတယ်။

ကလေးအတွက် ဆေးဖိုးပြန်လည်အလျှော်ပေးသော်လည်း ဥပဒေမသက်ရောက်နိုင်တဲ့အတွက် ကလေးနဲ့ ကလေးမိဘတွေ ခံစားရတာနဲ့ မမျှတဖူးလို့ ရဲတွေကတော့ မကျေမနပ်ဖြစ်နေကြပြီး ဆိုရှယ်မီဒီယာက လူတွေကတော့ မိခင်လောင်းတစ်ယောက်ရဲ့ယခုလို သားသမီးချင်း ကိုယ်ချင်းမစာနဲ့ လုပ်ရပ်ကို ရှုံ့ချပြစ်တင်နေကြပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source

ဆူညံလို႔ဆိုၿပီး ၁၁လသားကေလးငယ္ကို ဟင္းရည္ပူနဲ႔ ပက္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး
အသက္ ၂၈ ႏွစ္အ႐ြယ္ရွိတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ေယာက္ဟာ တ႐ုတ္ျပည္ရဲ႕ စားေသာက္ဆိုင္တခု အတြင္းမွာ၁၁လသားအ႐ြယ္ကေလးတစ္ေယာက္ကို ဆူညံမႈအေၾကာင္းျပၿပီးေတာ့ ဟင္းရည္ပူနဲ႔ ပက္ခဲ့တဲ့ ျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ၿပီး ေစာင့္ၾကည့္ကင္မရာကေန မွတ္တမ္းရရွိခဲ့ပါတယ္။ ၁၁လသားအ႐ြယ္ ကေလးငယ္ေလးဟာ မိန္းကေလးတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕မိဘေတြနဲ႔အတူ စားေသာက္ဆိုင္မွာစားေသာက္ေနရင္း ကေလးသဘာဝဇြန္းနဲ႔ ခုံကိုေခါက္ေနခဲ့ပါတယ္။

ယခုလိုဆူညံေနတဲ့အတြက္ ေဘးဝိုင္းမွာထိုင္ေနတဲ့ Ren အမည္ရွိအမ်ိဳးသမီးဟာ ေဒါသထြက္လာၿပီး ကေလးငယ္ကို ဟင္းရည္ပူေတြနဲ႔ ပက္ခဲ့တာပါ။ အဆိုပါျဖစ္ရပ္မတိုင္မီက Ren ဟာသူမရဲ႕အမ်ိဳးသားနဲ႔ စားေသာက္ဆိုင္မွာပဲ စကားမ်ားရန္ျဖစ္ခဲ့တယ္လို႔သိရၿပီး ကေလးဆူေနတဲ့အတြက္ ကေလးအေမနဲ႔လည္းစကားမ်ားခဲ့ပါတယ္။ စားေသာက္ဆိုင္ဝန္ထမ္းေတြရဲ႕ အဆိုအရ အဆိုပါအမ်ိဳးသမီးဟာ ကိုယ္ဝန္ ၆လရွိေနေၾကာင္း သူမအမ်ိဳးသားက ဆိုင္ကေနသြားဖို႔အတြက္ စည္း႐ုံးခဲ့ၿပီး သိပ္မၾကာခင္ ၁၀ မိနစ္ေလာက္အခ်ိန္မွာပဲ အဆိုပါကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးက စားေသာက္ဆိုင္ကိုျပန္လည္ေရာက္ရွိလာၿပီးေနာက္ အျပစ္ကင္းတဲ့ကေလးကို ဟင္းရည္ပူနဲ႔႐ုတ္တရက္ပက္ၿပီး လက္စားေခ်ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ သူမကို ၁၅ရက္အခ်ဳပ္ခ်ၿပီး ဒဏ္ေငြ ယြမ္၅၀၀- ၇၂ ေဒၚလာ ႐ိုက္ဖို႔ ျပဳလုပ္ခဲ့ၾကေပမယ့္ တ႐ုတ္ႏိုင္ငံရဲ႕ ဥပေဒမွာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြကို အခ်ဳပ္၊ သို႔မဟုတ္ ေထာင္ခ်ခြင့္ မရွိတာေၾကာင့္ အမႈကေနေရွာင္ရွားႏိုင္ခဲ့ေၾကာင္း သိရပါတယ္။
ကေလးအတြက္ ေဆးဖိုးျပန္လည္အေလွ်ာ္ေပးေသာ္လည္း ဥပေဒမသက္ေရာက္ႏိုင္တဲ့အတြက္ ကေလးနဲ႔ ကေလးမိဘေတြ ခံစားရတာနဲ႔ မမွ်တဖူးလို႔ ရဲေတြကေတာ့ မေက်မနပ္ျဖစ္ေနၾကၿပီး
ဆိုရွယ္မီဒီယာက လူေတြကေတာ့ မိခင္ေလာင္းတစ္ေယာက္ရဲ႕ယခုလို သားသမီးခ်င္း ကိုယ္ခ်င္းမစာနဲ႔ လုပ္ရပ္ကို ရႈံ႕ခ်ျပစ္တင္ေနၾကပါတယ္။
LM_Naung_Naung
Lifestyle_Myanmar
Source

LEAVE A REPLY

Please enter your comment!
Please enter your name here