၁။ ထောပတ်သီး
၂။ မာလကာသီး
၃။ ပန်းသီး
၎။ ကြက်ဥ
#Lifestyle_Myanmar
#LM_Nandar
Source-wmnlife
Unicode
ဆီးချိုသမားတိုင်း စားသုံးသင့်တဲ့ စပယ်ရှယ်အစားအစာများ
ဆီးချိုရောဂါဟာ မျိုးရိုးလိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပြီး အထိုင်များခြင်း၊ အဝလွန်အစားအစာများကို စားသောက်ခြင်းကဲ့သို့ လူနေမှုပုံစံတွေကြောင့်လည်း ဖြစ်ပွားရတာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံရှိသူတွေဟာ ဆီးချိုရောဂါကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ တားဆီးနိုင်တာကို တွေ့ရပါတယ်။ အဝလွန်တဲ့သူအတော်များများမှာ ဆီးချိုရောဂါဖြစ်နိုင်ချေများပြီး ကိုယ်အလေးချိန်ပိုတာက နှလုံးရောဂါရဲ့ အန္တရာယ်ကိုလည်း မြင့်မားစေပါတယ်။ ဆီးချိုရောဂါခံစားနေရသူအများစုဟာ တတ်ကြွလှုပ်ရှားမှုရှိတဲ့ လူနေမှုပုံစံကို ဦးတည်ခဲ့ပြီး မှားယွင်းတဲ့ အစားအစာတွေကို မစားသုံးခဲ့ဘူးဆိုရင် ဒီပြဿနာကို ရှောင်ရှားနိုင်ပါလိမ့်မယ်။
၁။ ထောပတ်သီး
ထောပတ်သီးမှာ monounsaturated fat ကြွယ်ဝစွာပါဝင်တာကြောင့် အင်ဆူလင်ဓာတ်တုံ့ပြန်နိုင်စွမ်းမရှိတာကို ရပ်တန်စေဖို့ အထောက်အကူပြုပါတယ်။ ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး အချိုဓာတ်ပါဝင်မှုနည်းတာကလည်း သွေးတွင်းသကြားဓာတ်ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာတွေ့ရတဲ့ ဖက်တီးအက်ဆစ်က အင်ဆူလင်ခုခံခြင်းရဲ့ သက်ရောက်မှုကို နောက်ဆုတ်စေပါတယ်။
၂။ မာလကာသီး
ထူးခြားဆန်းပြားဆုံးအသီးအနှံ့စာရင်းမှာ မာလကာသီးလညး် ပါဝင်ပါတယ်။ ဒီအသီးမှာ ဆီးချိုရောဂါကို တိုက်ထုတ်နိုင်တဲ့ အထူးဂုဏ်သတ္တိတွေရှိလို့ လူသိများပါတယ်။ ထိုင်ဝမ်သိပ္ပံပညာရှင်များက မာလကာသီးဟာ သကြားစုပ်ယူမှုကို လျော့နည်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒီအသီးဟာ ဗီတာမင်C ကြွယ်ဝပြီး အော်ဂဲနစ်ဒြပ်ပေါင်းများက ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။
၃။ ပန်းသီး
ပန်းသီးက ကယ်လိုရီအရမ်းနည်းပြီး အမျှင်ဓါတ်မြင့်မားပါတယ်။ ပန်းသီးကို သရေစာအဖြစ် စားနိုင်ပါတယ်။ ပန်းသီးက မကောင်းတဲ့ ကိုလက်စထရောတွေကို တိုက်ထုတ်ပေးပြီး အာဟာရတွေကိုလညး် ပေးစွမ်းပါတယ်။ ပန်းသီးကို ဖျော်ရည်လုပ်သောက်တာပဲဖြစ်ဖြစ်၊ အသီးအတိုင်းစားတာပဲဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။
၄။ ကြက်ဥ
ကြက်ဥကို ပုံမှန်စားသုံးသူတွေဟာ အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့နေရာမှာ ပိုကောင်းကြောင်း သက်သေပြလျက်ရှိပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာတစ်ခုက ဆီးချိုရောဂါအမျိုးအစား ၂ရှိသူတွေ ကိုလက်စထရောမြင့်မှာ ကြောက်စရာမလိုဘဲ စားသုံးနိုင်တာကြောင့်ဖြစ်ပါတယ်။ ကြက်ဥတွေက သန့်စင်တဲ့ ပရိုတိန်းနှင့် အမိုင်နိုအက်ဆစ်နှင့်အတူ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးပါတယ်။ သူတို့မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေ ပြည့်ဝပြီး ကြက်ဥအနှစ် စားသုံးခြင်းက အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ မှားပါတယ်။ တစ်နေ့ကို ၁လုံး၊ ၂လုံးစားတာက အန္တရာယ်မရှိပါဘူး။
#Lifestyle_Myanmar
#LM_Nandar
Source-wmnlife