ဆိုးသွမ်းရိုင်းစိုင်းတဲ့ကလေးတွေဖြစ်အောင်မိဘတွေကိုယ်တိုင်လုပ်တတ်တဲ့အရာများ

0
165
- Advertisement -

ကလေးတွေဟာ ကောင်းချီးတစ်ခုဖြစ်ပေမယ့် သူတို့ရဲ့အပြုအမူအမှားတွေ၊ ရိုင်းစိုင်းမှုတွေကြောင့် သင်စိတ်ထိခိုက်ခံစားရနိုင်ပါတယ်။ အခုခေတ်ကလေးတွေဟာ အရင်မျိုးဆက်ကလေးတွေထက်စာရင် ယဉ်ကျေးစွာဆက်ဆံမှုနည်းပါးလာတယ်လို့သုတေသနေတွေမှာဖော်ပြထားပြီး ဘာကြောင့်အဲ့ဒီလိုဖြစ်တာလဲဆိုတဲ့ အကြောင်းရင်း ၅ချက်ရှိတယ်လို့လည်းဆိုကြပါတယ်။ ကဲ..ဒီတော့ ကလေးတွေဘာကြောင့်ယဉ်ကျေးမှုနည်းပါးလာလဲဆိုတဲ့အကြောင်းလေးတွေကို ဖတ်ကြည့်လိုက်ကြရအောင်နော်။

-Advertisement-

သင့်တော်တဲ့အသိုင်းအဝိုင်းမရှိခြင်း

ဆိုလိုတာက ခေတ်သစ်မိဘတချို့က ကလေးတွေကို သူတို့အဘွားတွေနဲ့တောင် ပေးမနေစေချင်ကြပါဘူး။ သူတို့ကလေးတွေကို အမှီအခိုကင်းကင်းလွတ်လွတ်နေတတ်အောင်လုပ်တာလည်းဖြစ်ပါလိမ့်မယ်။ အရင်မျိုးဆက်တွေကတော့ကလေးတွေရဲ့ဘဝမှာ ကောင်းမွန်တဲ့အသိုင်းအဝိုင်းတွေ ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေးတွေရှိရမယ်ဆိုတာ လက်ခံထားကြပါတယ်။ ကလေးတွေကို အခြားလူကြီးတွေကို လေးစားတတ်ဖို့သင်ကြားပေးကြပါတယ်။

ဒီလိုမှမဟုတ်ရင်တော့ လူမှုဆက်ဆံရေးမှာ သူတို့ရဲ့စိတ်ခံစားမှုအတိုင်းပဲဆက်ဆံတော့မှာဖြစ်ပြီး ဘာကိုမှ မချင့်ချိန်မလေ းစားတတ်ကြတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကောင်းမွန်တဲ့ဆက်ဆံရေးနယ်ပယ်တွေဖွင့်ပေးပြီးမိဘတွေကထိန်းကျောင်းပေးမှသာ ယဉ်ကျေးတဲ့ကလေးတွေဖြစ်လာနိုင်မှာပါ။

သည်းခံမှုလွန်ကဲခြင်း

မိဘတွေက ကလေးငယ်လေးတွေက ရမ်းငယ်သေးတော့ သူတို့ပြုမူသမျှကို ခွင့်လွှတ်သည်းခံတတ်ကြပါတယ်။ ချစ်လို့အလိုလိုက်တာမျိုးပေါ့။ ဒီလိုသည်းခံမှုတွေများလာတဲ့အခါ ကလေးတွေက မိဘတွေကို လေးစားကြောက်ရွံမှုမရှိကြတော့ပဲ အဲ့ဒီအပြုအမူအမှားကြီးတွေကို အသက်ကြီးတဲ့အထိယူသွားတတ်ကြပါတယ်။

ဒါကြောင့်မကောင်းတဲ့အပြုအမူတွေလုပ်တယ်ဆိုရင် မိဘတွေက အမြန်ပြင်ဆင်ပေးဖို့လိုပါတယ်။ ချစ်တော့ချစ်ပါ နှစ်သလိုတော့မဖြစ်သွားပါစေနဲ့။ ဒီအရွယ်မှာ မဆုံးမရင် အသက်ကြီးလာတဲ့အခါ ရိုင်းစိုင်းတဲ့ကလေးတွေဖြစ်သွားဖို့များပါတယ်။

နည်းပညာပစ္စည်းတွေနဲ့ပစ်ထားတာPhoneတွေပေးကိုင်တာ

အရင်အချိန်တွေ ပြီးခဲ့တဲ့နှစ်တွေတုန်း ကလေးတွေဟာ ရေဒီယိုတွေနားထောင်ဖို့ကံကောင်းခဲ့ကြသလို ကာတွန်းတွေကိုကြည့်ဖို့ အခွင့်အရေးရခဲ့ကြတယ်။ ခုတော့ခေတ်မီကိရိယာတွေဖြစ်တဲ့ တက်ဘလက်တွေ၊ I PODSတွေနဲ့Phoneတွေက လေးတွေဘဝကို လွှမ်းမိုးလာကြတယ်။

သူတို့တွေကPhoneနဲ့ သီချင်းတွေနားထောင်မယ် ဂိမ်းတွေဆော့မယ် သူတို့ဘဝကို ပျော်ရွင်မှုတွေပေးတဲ့အရာတွေနဲ့ အ ချိန်ကုန်ဆုံးကြတယ်။ အဲ့ဒီလိုအဆင်ပြေမှုတွေနဲ့အတူ အားနည်းချက်တွေတော့ကပ်ပါလာတယ်။

အဲ့ဒါက ဘာလဲဆိုတော့မိဘတွေက ကလေးမထိန်းရပြီးရော ပစ်ထားလိုက်တာ ကလေးတွေက လူတွေနဲ့ဆက်ဆံရေးမှာ အားနည်းသွားတတ်တာပါပဲ။ ဒါကြောင့်ကလေးတွေကို ပြင်ပလောကနဲ့ထိတွေ့ပေးဖို့ကြိုးစားပေးပါနော်။

မိဘတွေကအတင်းအကြပ်ရိုက်သွင်းတယ်

ဒီနေ့ခေတ်မိဘတွေက ကလေးတွေကို ဂုဏ်သိက္ခာနဲ့တန်ဖိုးပိုရှိအောင်ဆိုပီး သူတို့ရဲ့အမြင်တွေကို အတင်းသင်ကြားတတ်ကြပါတယ်။ ဒါကမကောင်းတဲ့အရာမဟုတ်ဘူးဆိုပေမယ့် အလွန်အကျွံဆို မကောင်းပါဘူး။ ကလေးတွေကို ပုံစံခွက်ထဲသွ င်းတဲ့ အဓိကပြဿနာက သူတို့ဟာ ကလေးတွေပဲတစ်သက်လုံးဖြစ်နေမှာမဟုတ်ဘူးဆိုတာပါပဲ။

သူတို့ကြီးပြင်းလာကြဦးမယ်၊ လူတွေနဲ့ထိတွေ့ရဦးမယ်။ သူတို့ဟာ မိဘတွေရဲ့အတွေးအခေါ်ထဲမှာနေထိုင်နေရပြီး သူတို့ကိုယ်ပိုင်အတွေးဆိုတာလေးတောင်ရှိတော့မှာမဟုတိပါဘူး။ သင့်အနေနဲ့လုပ်ရမှာက သူတို့ကိုအခွင့်အရေးများများပေးရင် သေချာတဲ့တာဝန်ယူမှုရှိအောင်လုပ်ပေးဖို့ပါပဲ။

ဒီတော့သူတို့ကို သင့်အတွေးတွေ သင်ဖြစ်စေချင်တာတွေမှာ မပိတ်လှောင်ထားပဲနဲ့သူတို့ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးဖို့လိုပါတယ်။ အတွေးတွေစည်းမျဉ်းတွေကို အတင်းအကြပ်ရိုက်သွင်းခံရတဲ့ကလေးတွေဟာ စိတ်တိုစိတ်ဆိုးလွယ်လာတတ်ပြီး မျိုသိပ်ရတာတွေများလာတဲ့အခါ ကြမ်းတမ်းတဲ့စိတ်တွေဝင်လာနိုင်ပါတယ်နော်။

အစစအရာရာလိုက်လုပ်ပေးခြင်း

မိဘတွေရဲ့ဘဝမှာကလေးတွေက အဓိကဖြစ်တည်မှုလို့ယူဆရပေမယ့် မိဘတွေကိုယ်တိုင်ကလည်း သူတို့အတွက်အချိန်လိုအပ်ပါတယ်။ ကလေးတွေက တစ်ခုခုဆို မိဘတွေကိုပဲအားကိုးမယ်၊ တခုခုဆို မေမေလာပါဦး ဖေဖေလာပါဦးဖြစ်နေရင် သူတို့ဟာအရမ်းကိုမှီခိုတွယ်တာတတ်တဲ့စိတ်ဝင်သွားပါလိမ့်မယ်။

ဒါကြောင့်မိဘတွေလုပ်ရမှာက ကလေးတွေကို ကိုယ်မရှိတော့တဲ့နောက်ပိုင်းအချိန်တွေမှာတောင် ကိုယ့်ဘာသာရပ်တည်ရဲတဲ့ ကလေးတွေဖြစ်ဖို့ ကလေးတွေကိုနားလည်အောင်ပြောပြပေးဖို့ပါပဲ။ ကလေးတွေကိုအရမ်းချစ်လို့ အမြဲအချိန်ပေးနေတတ်တယ်ဆိုရင် ဒီကလေးရဲ့စိတ်ထဲမှာတစ်ခုခုဆို အမေရှိတယ် အဖေရှိတယ် သူတို့ရှင်းလိမ့်မယ်ဆိုတဲ့စိတ်တွေဝင်လာနိုင်ပြီးအသက်ကြီးလာတဲ့အခါမှာလည်း ထင်ရာစိုင်းတတ်ကြပါတယ်။

ဒါကြောင့်ကလေးတွေကို သူတို့ကိုသူတို့ရပ်တည်တတ်အောင် သင်ကြားပြသပေးပါ။ ဒီတော့ကလေးတွေကို မကောင်းတဲ့စိတ်ထားနဲ့ကြီးပြင်းလာတာက ကာကွယ်ဖို့ဒီအချက်တွေက သင့်ကိုကူညီပေးနိုင်မယ်လို့မျှော်လင့်မိပါတယ်။

#Lifestyle_Myanmar

#Mg_Htet

REF_Brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here