တစ်ခါတလေ မှားယွင်းတဲ့နေထိုင်မှုပုံစံတွေကြောင့် ခေါင်းကိုက် တတ်သလို တချို့သောအစားအစာတွေကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒီနေ့မှာတော့ လူအများစုခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့ ထိပ်တန်းအကြောင်းအရင်းတွေထဲက တချို့ကို မျှဝေပေးလိုက်ပါတယ်။
(၁) စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများခြင်းဟာ ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ပခုံးနှင့်လည်ပင်းတဝိုက်က ကြွက်သားများ တင်းမာမှုကိုဖြစ်စေပြီး အဆိုပါနာကျင်မှုကို ဦးနှောက်မှခံစားရစေတာကြောင့် ခေါင်းကိုက်ခြင်းဝေဒနာဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုလည်း ခံစားရစေနိုင်ပါတယ်။

(၂) ရာသီဥတုအပြောင်းအလဲဖြစ်ခြင်း
လေ့လာမှုများအရ နွေဦးရာသီအစပိုင်းကာလများမှာ ရာသီဥတုအပြောင်းအလဲကြောင့် လူအများစုခေါင်းကိုက်ခြင်း အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ချွေးထွက်များခြင်းကြောင့် ခန္ဓာကိုယ်မှာရေဓာတ်ဆုံးရှုံးမှုဖြစ်လာပြီး ခေါင်းကိုက်ဝေဒနာကိုခံစားလာရတာဖြစ်ပါတယ်။ ဒါကြောင့် နွေရာသီလို ပူပြင်းတဲ့ကာလတွေမှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေဖို့ အထူးဂရုစိုက်သင့်တာဖြစ်ပါတယ်။

(၃) အိပ်ရေးပျက်များခြင်း
ခန္ဓာကိုယ်ကိုကောင်းစွာ အိပ်စက်အနားယူပေးခြင်းမရှိဘူးဆိုရင် အားအင်ကုန်ခမ်းခြင်း မောပန်းလွယ်ခြင်းတို့ဖြစ်စေပြီး ဆိုးဆိုးရွားရွားခေါင်းကိုက်ခြင်း ခေါင်းတခြမ်းကိုက်ခြင်းဝေဒနာတွေလည်း ခံစားလာရနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် တရက်မှာအနည်းဆုံး ၇ နာရီကနေ ၉ နာရီကြား လုံလုံလောက်လောက်အိပ်စက်အနားယူပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။

Lifestyle_Myanmar
ref-medicinenet