ဆိုရှယ်မီဒီယာမှာ Influencer တစ်ယောက်ဖြစ်ဖို့အတွက် အရေးအကြီးဆုံး အချက် (၅) ချက်

0
71
- Advertisement -

ဆိုရှယ်မီဒီယာမှာ ပျှမ်းမျှဖော်လိုဝါ ၁သောင်း ကနေ ၅သောင်းကြားရှိတဲ့ အကောင့်ပိုင်ရှင်ကို cele သို့မဟုတ် micro influencer လို့ခေါ်ပါတယ်။  လက်ရှိခေတ်ရေစီးကြောင်းအရ စီးပွားရေးသမားတွေနဲ့ အေဂျင်စီတွေဟာ influencer တွေကိုအသုံးပြုပြီး သူတို့ရဲ့ကုန်ပစ္စည်းတွေကို ကြော်ငြာဖို့အတွက် စိတ်အားထက်သန်လျှက် ရှိနေကြပြီး micro influencer တစ်ယောက်ရဲ့ကြော်ငြာ content တစ်ခုဟာလည်း အနည်းဆုံး ဒေါ်လာတစ်ရာလောက် ဝင်ငွေရရှိနေကြပါတယ်။   ကံကောင်းတာတစ်ခုက သင် influencer တစ်ယောက်ဖြစ်ဖို့အတွက် sexy မော်ဒယ်တွေလိုမျိုး ဖော်ချွတ်စရာမလိုပဲနဲ့ လူတွေစိတ်ဝင်စားအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကလူတွေကို သတိထားကြည့်တဲ့အခါမှာ တစ်ရက်ကို အနည်းဆုံး ၂ နာရီလောက် ဆိုရှယ်မီဒီယာအတွက် အချိန်ပေးကြတဲ့အတွက် သင်သာ ဆိုရှယ်မီဒီယာကို ဗျူဟာကျကျ အသုံးပြုမယ်ဆိုရင် influencer တစ်ယောက်ဖြစ်ဖို့ ပိုပြီးနီးစပ်ပါလိမ့်မယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ကအချက်၅  ချက်ကို ဆက်လက်ဖတ်ရှုလိုက်ပါဦး။

-Advertisement-

၁။ သင့်ကိုယ်သင် brand တစ်ခုလိုတည်ဆောက်ပါ

သင့်ရဲ့လက်ရှိစိတ်ဝင်စားနေတဲ့ အရာတွေနဲ့ ကျွမ်းကျင်တဲ့နယ်ပယ်တွေကို မျက်ခြေပြတ်မခံပါနဲ့။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အရမ်းကြီးစိတ်ဝင်စားဟန်ဆောင်ပြီး တွန်းအားပေးဖို့တော့ မလိုအပ်ပါဘူး။ ဥပမာ သင်ကမ်းခြေကို မသွားချင်ပဲနဲ့ လူတွေစိတ်ဝင်စားမှုကို ရယူဖို့အတွက် မသွားချင်ပဲနဲ့ ဒုက္ခခံပြီး မသွားပါနဲ့။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ ဝါသနာကိုထောက်ပံ့ပေးနိုင်တယ်ဆိုရင်တော့ ရင်းနှီးမြှပ်နှံဖို့ လုပ်ဆောင်နိုင်ပါတယ်။ သင့်ရဲ့ စိတ်အားထက်သန်မှုရဲ့ အခြားနယ်ပယ်မှာ သင့်ကိုဆွဲဆောင်နေတဲ့ အရာတစ်ခုကို သင်ရှာတွေ့နေပြီလား။ ဒီအတွက် အားကုန်မခံပါနဲ့ ဆိုတဲ့စကားကို စတန်းဖို့ က သုတေသီတွေက “ Follow your passion”  စိတ်အားထက်သန်မှုရဲ့ နောက်ကိုလိုက် ဆိုတဲ့စကားဆိုတာ တကယ်တော့ သနားစရာကောင်းတဲ့ အသက်မွေးဝမ်းကြောင်း အကြံပေးချက်တစ်ခုလို့ မှတ်ချက်ပြုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစကားဟာ ကိုယ်နဲ့မရင်းနှီးတဲ့ နယ်ပယ်ကို စမ်းကြည့်ဖို့ အတားအဆီး ဖြစ်နေလို့ပါပဲ။ စိတ်အားထက်သန်မှုအသစ်ဟာ ကြီးထွားလာတာနဲ့အမျှ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။

ထပ်လောင်းပြောရရင် အသေးစားစိတ်ဝင်စားမှုအသစ်တွေကို ရှာဖွေနေခြင်းဟာ သင့်ကိုထူးခြားတဲ့ micro influencer တစ်ယောက်ဖြစ်ဖို့ ကူညီပေးပါလိမ့်မယ်။ သင့်ရဲ့ နယ်ပယ်ပေါင်းစုံက ဗဟုသုတတွေ ကျွမ်းကျင်မှုတွေက follower တွေနဲ့ ဖြစ်လာနိုင်တဲ့ brand partners တွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ သင့်ရဲ့ဖော်လိုဝါတွေဟာလည်း သင်ဟာတကယ့်စိတ်ရင်းနဲ့ လုပ်နေတာလား ဟန်ဆောင်နေတာလားဆိုတာကို သိရှိနိုင်တယ်ဆိုတာကို သတိရပါ။ သူတို့ရဲ့အမြင်ကို အစဥ်လေးစားပါ။ စျေးကွက်ရှာသူ marketer တွေဟာ စစ်မှန်တဲ့ထောက်ခံမှုနဲ့ ဝေဖန်မှုတွေကို တန်ဖိုးထားတတ်ကြပါတယ်။

၂။ အရေအတွက်ထက် အရည်အသွေးရှိပါစေ

သင့်ရဲ့ influence ဖြစ်တဲ့ပေတံကို ကိန်းဂဏန်းတွေနဲ့ အရမ်းကြီး အချိုးကျမတိုင်းပါနဲ့။ သင့်မှာ ဖော်လိုဝါသန်းနဲ့ချီပြီး ရှိနေမှအောင်မြင်မှာ မဟုတ်ပါဘူး။ ဖော်လိုဝါတွေနဲ့ သင် ထိတွေဆက်ဆံမှု engage ဘယ်လောက်ဖြစ်တယ်ဆိုတာကိုသာ အဓိကထားပြီး တိုင်းတာပါ။ ဒါ့ကြောင့် အရေအတွက်ထက် အရည်အသွေးကို ပိုတက်လာစေမယ့် ဗျူဟာမျိုးနဲ့ ချဉ်းကပ်ဖို့အတွက် follower တွေကို ကောင်းကောင်းဂရုစိုက်ပါ။ သင့်ရဲ့ပုံရိပ်ဟာ လူတွေအပေါ်ဘယ်လောက် စိုးမိုးနေတယ်ဆိုတာကို engagement နဲ့ပဲတိုင်းတာပါ။ ဥပမာ သင့်မှာ follower ၁သောင်းရှိတယ် engagement ၂ဆ ကနေ ၁၀ဆနဲ့အထက် ရှိနေတာမျိုးကို ဆိုလိုပါတယ်။ သင်ဟာ like တွေအများကြီး လိုချင်တဲ့သူမျိုးလား၊ မကောင်းတဲ့ကွန့်မန့်တွေ share တွေအများကြီးနဲ့ အောင်မြင်နေတဲ့သူလား၊ ဒါမှမဟုတ် ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့သူမျိူးလား သိရှိဖို့လိုပါတယ်။   

၃။ ဗီဒီယို content တွေဖန်တီးဖို့ မကြောက်ပါနဲ့

ဗီဒီယို features အသစ်တွေကို ကို ပိုမိုတွင်ကျယ်စေဖို့အတွက် ဖေ့စ်ဘွတ်ရော အင်စတာဂရမ်ပါ အဓိကထားတာဟာ အကောင်းဆုံးအကြောင်းပြချက်တစ်ခုပါပဲ။ Digital Media စစ်တမ်းတွေအရ ပြီးခဲ့တဲ့နှစ်မှာတင် ဆိုရှယ်မီဒီယာမှာ ဗီဒီယိုကြည့်ရှုနှုန်းဟာ ၂ဆကနေ ၃ဆအထိ တိုးတက်လာခဲ့ပါတယ်။ တွစ်တာဗီဒီယိုဆိုရင် ၆ဆ လောက်အထိတိုးတက်ခဲ့ပါတယ်။ တကယ်လို့သင့်မှာသာ creative idea ကောင်းကောင်းရှိရင် video content ဟာအကောင်းဆုံးလက်နက်တစ်ခုပါပဲ။

၄။ ရက်ရောပါ

Attractive girl by the light wall in New York City

သင်ဟာ micro-influencer တစ်ယောက်လို ဝင်ငွေတွေမရှာနိုင်သေးဘူးဆိုရင် လက်ဆောင်တွေအများကြီး အလကားပေးပြီး follower ရှာဖို့ မစဉ်းစားပါနဲ့။ ဒါပေမယ့် မျှဝေမှုနဲ့ ပေးကမ်းမှုတွေ လုပ်နိုင်မယ့် အခွင့်အလမ်းတွေကိုတော့ အာရုံစိုက်ပြီး စောင့်ကြည့်လေ့လာနေပါ။ အလွယ်ကူဆုံးနည်းလမ်းနဲ့ စျေးအသက်သာဆုံးလက်ဆောင်ကတော့ သတင်းအချက်အလက် (information) ဖြစ်တာကြောင့် သင် free ပေးနိုင်ပါတယ်။ သင်ကအပြင်ထွက်ရတာ ကြိုက်တဲ့သူဆိုရင် သုံးရက် သို့မဟုတ် ၅ ရက်ခရီးစဉ်တွေပလန်ဆွဲပြီး ပိုစ့်တင်ပါ။ ကိုယ့်ရဲ့ personal ကြေငြာချက်တွေဟာလည်း အခမဲ့နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ ဖော်လိုဝါတွေက သင့်ကို tag တွဲပြီး ပိုစ့်တွေတင်ခဲ့ရင်လည်း ဟာသဖြစ်ဖြစ်၊ ကျေးဇူးတင်စကားဖြစ်ဖြစ် သင့်ရဲ့ personal account ကနေ လူသိရှင်ကြားပြောဖို့ ဝန်မလေးပါနဲ့။

၅။ အတွေ့အကြုံတွေ ဗဟုသုတတွေနဲ့ ကိုယ့်ရဲ့အမြင်တွေကို မျှဝေပါ

လူသားဖြစ်တည်မှုဟာ ပုံပြင်တွေပြောခြင်းနဲ့ ဆက်စပ်နေပါတယ်။ သင့်ရဲ့ ကုန်ပစ္စည်ပုံနဲ့ ပိုစ့်တင်လိုက်ရုံနဲ့ follower တွေက အဆိုပါကွက်လပ်ကို လာဖြည့်မှာ မဟုတ်ပါဘူး။ ငါ ဒီကုန်ပစ္စည်းကိုကြိုက်တယ်၊ နင်တို့လည်း ဒီပစ္စည်းကို ကြိုက်သင့်တယ်ဆိုတဲ့ ပုံစံမျိုးမပေါက်ပါစေနဲ့။ ဒီလိုပုံစံမျိုးဟာ ကိုယ့်ကိုယ်ကိုယ်အရမ်းမြှင့်တင်လွန်းရာရောက်နေပြီး emotional အရမ်းဆန်ပါတယ်။ တကယ်လို့ သင့်ရဲ့ ဖော်လိုဝါတွေက သင့်ရဲ့ကုန်ပစ္စည်းကို အလေးအနက်မထားဘူးဆိုရင် brand partner ကလည်း သင့်ဆီမှာ ရင်းနှီးမြှပ်နှံမှာမဟုတ်ပါဘူး။ လေ့လာမှုတွေအရတော့ ရိုးရှင်းပြီးဖတ်ရလွယ်တဲ့ စကားလုံးမျိုးတွေသုံးတာ၊ အကျိုးနဲ့ အကြောင်း အကောင်းနဲ့အဆိုးကို ရှင်းလင်းပြေပြစ်စွာရေးသားထားတဲ့ အရေးအသားမျိုးကို လူတွေပိုနှစ်သက်တတ်ကြပါတယ်။ 

Micro influencer ဘဝကိုရရှိဖို့ အသက်မွေးဝမ်းကြောင်း full time အလုပ်နေရာမှာတော့ အစားမထိုးသင့်ပါဘူး။ သို့သော်လည်း အလားအလာကိုတော့ လျှော့မတွက်ပါနဲ့။ မအောင်မြင်ခင်မှာ သင်ကြိုက်တဲ့ ကုန်ပစ္စည်းတွေကို ပြောပြတာတွေ recommend ပေးတာတွေ suggest လုပ်တာတွေလုပ်နိုင်ပါတယ်။ သင်အောင်မြင်လာတာနဲ့အမျှ အဆိုပါ brand ရဲ့ marketing team ကသင့်ကို ဆက်သွယ်ပြီး သင့်ရဲ့ဖော်လိုဝါတွေကိုပါဆွဲဆောင်ဖို့ သင်နဲ့လက်တွဲလာပါလိမ့်မယ်။ အဓိကအချက်တစ်ခုကိုတော့ လက်ဆောင်အဖြစ် နောက်ဆုံပြောပြပါရစေ။ အွန်လိုင်းကနေ ငွေရှာနိုင်ဖို့ ကျော်ကြားမှုနဲ့ စိတ်ကူးယဉ်မှု ခေါင်းစဉ်အောက်မှာပဲ ပျော်မွေ့မနေပါနဲ့။ တကယ်တော့ ကျော်ကြားမှုမရှိခြင်းဟာလည်း သင်ရှေ့ဆက်ဖို့လိုအပ်တဲ့ လှို့ဝှက်လက်နက်ကောင်းတစ်ခုဖြစ်နေနိုင်ပါတယ်။ ဘယ်အရာဖြစ်ဖြစ် စတင်လုပ်ဖို့ကသာ အရေးအကြီးဆုံးပါပဲ။

#LM_Naung_Naung

#Lifestyle_Myanmar

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here