ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်တော့မှ မ share သင့်တဲ့ Relationship နဲ့ပတ်သတ်တဲ့ အရာ (၁၂) ချက်

0
1070

ကိုယ့္ရဲ႕ relationship အေၾကာင္းကို ဆိုရွယ္မီဒီယာမွာ ပိုစ့္တင္ျခင္းဟာ သာမာန္ကိစၥသာျဖစ္ပါတယ္။ ဒါေပမယ့္ စုံတြဲတိုင္းသတိထားရမယ့္အခ်က္က ဘယ္အရာေတြကိုေတာ့ မွ်ေဝသင့္ၿပီး ဘယ္လိုအရာေတြကို မမွ်ေဝသင့္ဘူး ဆိုတာကိုပါ။ တခ်ိဳ႕စုံတြဲေတြကေတာ့ မမွ်ေဝသင့္တာကို မွ်ေဝမိတဲ့အတြက္ လူအထင္ေသးမႈ၊ ရႈံ႕ခ်မႈနဲ႔ မလိုလားအပ္တဲ့ ျပႆနာေတြကို ႀကဳံေတြၾကရတာကို သတိထားၾကည့္ႏိုင္ပါတယ္။ တကယ္လို႔ ကိုယ့္ရဲ႕ relationship နဲ႔ပတ္သတ္ၿပီး ပိုစ့္တစ္ခုခုတင္ေတာ့မယ္ဆိုရင္ အရင္ဆုံးကိုယ့္ရဲ႕ခ်စ္သူကို ေမးျမန္းသင့္ၿပီး ႏွစ္ေယာက္စလုံးအတြက္ထိခိုက္မႈ မရွိတဲ့အေၾကာင္းအရာေတြကိုသာ မွ်ေဝေပးသင့္ပါတယ္။

၁။ အိပ္ခန္းထဲက ျမင္ကြင္းေတြ
အိပ္ခန္းထဲမွာ ကိုယ့္ရဲ႕ခ်စ္သူနဲ႔အတူ သို႔မဟုတ္တစ္ေယာက္တည္းျဖစ္ေစ လူေတြကိုအမ်ိဳးမ်ိဳးထင္ျမင္ေစမယ့္ ပိုစ့္မ်ိဳးေတြကို စေနာက္ျခင္းအေနနဲ႔ေတာင္မွ မတင္သင့္ပါဘူး။ ဒီလိုတင္ျခင္းေၾကာင့္ သင္နဲ႔သင့္ခ်စ္သူကို အေပါစားဆန္သူ၊ မရင့္က်က္သူေတြအျဖစ္ လူေတြက ထင္မွတ္ေစႏိုင္ၿပီး သင္တို႔ဆက္ဆံေရးရဲ႕ ယုံၾကည္မႈကိုလည္း ပ်က္စီးေစႏိုင္ပါတယ္။

၂။ ပုဂၢိဳလ္ေရးဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ား
တကယ္ေတာ့ ယခုလိုပုဂၢိဳလ္ေရးနဲ႔ဆိုင္တဲ့ အခ်က္အလက္ေတြ မွ်ေဝျခင္းကို စုံတြဲေတြမွမဟုတ္ပါဘူး၊ သူငယ္ခ်င္းအခ်င္းခ်င္းေတာင္မွ ေရွာင္ရွားသင့္ပါတယ္။ ကိုယ္ငယ္ငယ္က စိတ္လြတ္ကိုယ္လြတ္ေနပုံေတြ ကိုယ့္ရဲ႕ကေလးဘဝပုံေတြကို public ခ်ျပတာကို ဘယ္သူကမွမႏွစ္သက္မွာမဟုတ္ပါဘူး။ အျခားသူေတြရဲ႕ personal အေၾကာင္းေတြကို ေလးစားၿပီးထိန္းသိမ္းေပးဖို႔ လိုအပ္ပါတယ္။

၃။ ခြၽဲႏြဲ႕ၿပီး ႐ိုျပေနတာေတြကို အရမ္းမတင္ပါနဲ႔
သင္တို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္စႏိုးတဲ့ေခၚတဲ့နာမည္ေျပာင္ေတြ၊ ႏွစ္ေယာက္တည္းေျပာတတ္တဲ့ လႈိ႕ဝွက္စကားလုံးေတြကို ထိန္းသိမ္းထားသင့္ပါတယ္။ ဒီလိုအရာေတြကို ဆိုရွယ္မီဒီယာမွာ share လိုက္ရင္ သင့္ရဲ႕ relationship အတြက္မည္သည့္ေလးစားမႈနဲ႔ ယုံၾကည္မႈကိုမွ ရရွိလိမ့္မည္ မဟုတ္ပါ။ ဒါ့အျပင္သင္တို႔ႏွစ္ေယာက္ရဲ႕ ထူးျခားတဲ့ connection ကိုလည္း ေလ်ာ့က်ေစပါလိမ့္မယ္။

၄။ သင့္ခ်စ္သူ သေဘာမက်တဲ့ ပုံေတြကို မတင္ပါနဲ႔
သင့္ရဲ႕ခ်စ္သူ ပါးစပ္ဟၿပီး အိပ္ေနတဲ့ပုံဟာ သင့္အတြက္ေတာ့ ခ်စ္စရာေကာင္းခ်င္ေကာင္းပါလိမ့္မယ္။ ဒါ့ေပမယ့္ သူမအတြက္ေတာ့ ယခုလိုပုံပ်က္ပန္းပ်က္ပုံမ်ိဳးေတြကို အျခားသူေတြျမင္သြားမွာ မႏွစ္ၿမိဳပါဘူး။ ဒါ့ေၾကာင့္ အမွားတစ္ခုကို မလုပ္မိခင္ သူမဆီက အရင္ဆုံးခြင့္ေတာင္းဖို႔ လိုအပ္ပါတယ္။

၅။ ကေတာက္ကဆျဖစ္တာေတြ
ကေတာက္ကဆျဖစ္တာေတြကို public မွာမွ်ေဝတတ္ၿပီး မၾကာခဏျပန္တည့္ၾကတဲ့ စုံတြဲေတြကို သင္ျမင္ဖူးပါလိမ့္မယ္။ တကယ္ေတာ့ ဆိုရွယ္မီဒီယာဆိုတာ သင္တို႔၇ဲ့ အရႈပ္ထုပ္ေတြကို ရွင္းဖို႔နဲ႔ ရင္ဖြင့္ဖို႔အတြက္ ေနရာေကာင္းတစ္ခုမဟုတ္ပါဘူး။ ယခုလိုတင္တာဟာ သင့္နဲ႔သူ႔ရဲ႕မိသားစု၊ သူငယ္ခ်င္း၊ သူစိမ္းအားလုံးျမင္ေတြ႕ေနရတာကို သတိရပါ။ သင္ယခုလိုတင္လို႔လည္း သင့္ခ်စ္သူကလြယ္လြယ္နဲ႔သင့္ကိုျပန္ခြင့္လႊတ္မွာမဟုတ္ပါဘူး။ လူေတြရဲ႕ကဲ့ရဲ႕မႈကိုသာ ခံရပါလိမ့္မယ္။

၆။ နမ္းေနတဲ့ ဆယ္ဖီေတြ
သင္တို႔ႏွစ္ေယာက္ နမ္းေနတဲ့ ဆယ္ဖီေတြကို ဘယ္သူမွျမင္ေတြ႕လိုၾကမွာမဟုတ္ပါဘူး။ အထူးသျဖင့္ သင့္ထက္အႀကီးေတြ မိဘေတြျမင္အတြက္ မေကာင္းသလို အေပါစားဆန္ေစပါတယ္။ သင့္ fri list ထဲက single fri ေတြအတြက္လည္း ယခုလိုပုံမ်ိဳးေတြကို ျမင္ရတဲ့အခါ ေကာင္းတဲ့ခံစားခ်က္ျဖစ္လာမွာမဟုတ္ပါဘူး။

၇။ လက္ေဆာင္ေတြအေၾကာင္း
စုံတြဲအေျမာက္အမ်ားဟာ ခ်စ္သူကေစ်းႀကီးတဲ့လက္ေဆာင္ေတြ ဝယ္ေပးတဲ့အခ်ိန္တိုင္း ဝမ္းသာအားရနဲ႔ ဆိုရွယ္မီဒီယာမွာ ႂကြားဝါတတ္ပါတယ္။ ဒီလိုတင္ျခင္းေၾကာင့္ သင့္ fri list ထဲမွာရွိေနတဲ့ ယခုလိုမ်ိဳး မေပးႏိုင္တဲ့ အျခားစုံတြဲေတြမွာ စိတ္ဓါတ္က်မႈေတြ ျပႆနာေတြျဖစ္ေစႏိုင္ပါတယ္။ သင္တို႔ရဲ႕ႂကြယ္ဝမႈကို လူေတြအာ႐ုံစိုက္လာေအာင္ လုပ္ေနသလိုမ်ိဳးလည္း ျဖစ္ေစႏိုင္ၿပီး ငႂကြားစုံတြဲလို႔ ယူဆၾကပါလိမ့္မယ္။

၈။ ရန္လိုတဲ့အေၾကာင္းအရာမ်ား
လူေတြအေတာ္မ်ားမ်ားဟာ သူတို႔ခ်စ္သူကိုဘယ္လိုလုပ္ရင္ ဘယ္လိုျဖစ္မယ္ဆိုတဲ့ ခ်ိန္းေျခာက္မႈဆန္ဆန္ ပိုစ့္ေတြကို တင္တတ္ၾကတာသင္သတိထားမိပါလိမ့္မယ္။ တခါတေလ ခ်စ္သူနဲ႔ပတ္သတ္ၿပီး တစ္ေယာက္ေယာက္ကို အမည္မပါပဲႀကိမ္းဝါးေနတာေတြကိုလည္း သင္ျမင္ေတြ႕ႏိုင္ပါတယ္။ ဒီလိုပိုစ့္ေတြဟာ ကိုယ့္ရဲ႕သဝန္တိုမႈကို ျပသရာေရာက္တယ္လို႔ ထင္မွတ္ေပမယ့္ လူအမ်ားအျမင္မွာေတာ့ သင့္ခ်စ္သူကို အထင္ေသးမႈေတြ စက္ဆုပ္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။ relationship နဲ႔ပတ္သတ္ၿပီး အျခားသူေတြရဲ႕မွတ္ခ်က္ေတြနဲ႔လည္း ခ်စ္သူကိုပညာေပးဟန္ေတြမေျပာမိဖို႔ လိုပါတယ္။

၉။ အေထာက္အထား သက္ေသျပတဲ့ ပိုစ့္ေတြကိုလည္း မတင္ပါနဲ႔
ေဖ့ဘြတ္က like နဲ႔ share အေရအတြက္ဟာ သင့္တို႔ relationship ဘယ္ေလာက္ထိေအာင္ျမင္ေနလဲဆိုတာကို တိုင္းတာလို႔ မရပါဘူး။ ကမာၻႀကီးကို သက္ေသျပဖို႔ မႀကိဳးစားပါနဲ႔။ လူေတြႏွစ္သက္အားက်လာေအာင္ အၿမဲတမ္းႀကိဳးစားေနျခင္းေၾကာင့္ မစစ္မွန္တဲ့ခံစားခ်က္နဲ႔ လုပ္ရပ္ေတြ အျမစ္တြယ္လာတတ္ပါတယ္။

၁၀။ ေယာကၡမအေၾကာင္း အဆိုးျမင္ပိုစ့္ေတြ
တကယ္လို႔ ေယာကၡမအေၾကာင္း အဆိုးျမင္ေတြကို တင္တတ္ရင္ေတာ့ သင္ျပဳတဲ့ကံတရားက သင့္ေနာက္ကေနေရာက္လာတတ္ပါတယ္။ သင့္ေယာကၡမဟာ သင့္လက္တြဲေဖာ္ရဲ႕ မိဘေတြျဖစ္ပါတယ္။ ဒီလိုတင္ျခင္းဟာ သင့္လက္တြဲေဖာ္ကို နာက်င္ေစယုံသာမက အနာဂါတ္မွာ မိသားစုအတြင္း ပဋိပကၡေတြကို ျဖစ္လာေစႏိုင္တယ္ဆိုတာကို သတိရပါ။

၁၁။ သင္တို႔လမ္းခြဲျခင္းအေၾကာင္း အေသးစိတ္ေတြ
မၾကာခင္က လမ္းခြဲလိုက္တဲ့အတြက္ သင္ရင္ဖြင့္ခ်င္တာေတြကို သင့္ရဲ႕သူငယ္ခ်င္းအရင္းႀကီးေတြအား အျပင္မွာရင္ဖြင့္လို႔ရပါတယ္။ ဆိုရွယ္မီဒီယာမွာေတာ့ မဟုတ္ပါဘူး။ တကယ္လို႔ သင္ကလမ္းခြဲရတဲ့ အေၾကာင္းရင္းအေသးစိတ္ေတြကို ဆိုရွယ္မီဒီယာမွာတင္ရင္ သင့္ရဲ႕သူငယ္ခ်င္းေတြက သင့္ဖက္ကေန ေထာက္ခံတာေတြ၊ နာတာေတြ ရွိလာတဲ့အတြက္ ကြန္းမန္႔ေပးၾကပါလိမ့္မယ္။ ဒါ့အျပင္ သင့္ရဲ႕ပုံရိပ္နဲ႔ တန္ဖိုးဟာလည္း ပိုမိုက်ဆင္းႏိုင္ပါတယ္။

၁၂။ အေသးအဖြဲ႕ကိစၥတိုင္းကိုလည္း မတင္ပါနဲ႔
စုံတြဲတိုင္းဟာ ခ်စ္သူသက္တမ္းႏွစ္ပတ္လည္ေတြ၊ ေမြးေန႔ေတြဆိုရင္ ပိုစ့္တင္ဖို႔ အဆင္သင့္ျဖစ္ေနတတ္ၾကပါတယ္။ ဒီလိုအရာေတြကို တစ္ခါတစ္ေလတင္တာက ျပႆနာမဟုတ္ေပမယ့္ တစ္ေနကုန္ျဖစ္ေနတာေတြကို တင္ေနရင္ေတာ့ လူေတြမ်က္စိေနာက္သလို သင့္တို႔ႏွစ္ေယာက္လည္း တစ္ေယာက္ကိုတစ္ေယာက္ ၿငီးေငြ႕လာပါလိမ့္မယ္။ လူတိုင္းဟာ ကိုယ္ပိုင္ဘဝေတြကိုယ္စီရွိၾကပါတယ္။ ေန႔စဥ္ျဖစ္ပ်က္ေနတဲ့ အရာေတြအေသးစိတ္ကို မွ်ေဝေနဖို႔ မလိုအပ္ပါဘူး။ သင္တို႔ရဲ႕ ကိုယ္ရည္ေသြးတဲ့ ပိုစ့္ေတြကို တင္ေနမယ့္အစား ပညာပါတဲ့ပိုစ့္ ဆင္ျခင္တုံတရားရွိတဲ့ပိုစ့္ေတြကိုသာ တင္ဖို႔တိုက္တြန္းလိုက္ပါတယ္။

LM_Naung_Naung
Lifestyle_Myanmar

Unicode Font

ကိုယ့်ရဲ့ relationship အကြောင်းကို ဆိုရှယ်မီဒီယာမှာ ပိုစ့်တင်ခြင်းဟာ သာမာန်ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် စုံတွဲတိုင်းသတိထားရမယ့်အချက်က ဘယ်အရာတွေကိုတော့ မျှဝေသင့်ပြီး ဘယ်လိုအရာတွေကို မမျှဝေသင့်ဘူး ဆိုတာကိုပါ။ တချို့စုံတွဲတွေကတော့ မမျှဝေသင့်တာကို မျှဝေမိတဲ့အတွက် လူအထင်သေးမှု၊ ရှုံ့ချမှုနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကို ကြုံတွေကြရတာကို သတိထားကြည့်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ relationship နဲ့ပတ်သတ်ပြီး ပိုစ့်တစ်ခုခုတင်တော့မယ်ဆိုရင် အရင်ဆုံးကိုယ့်ရဲ့ချစ်သူကို မေးမြန်းသင့်ပြီး နှစ်ယောက်စလုံးအတွက်ထိခိုက်မှု မရှိတဲ့အကြောင်းအရာတွေကိုသာ မျှဝေပေးသင့်ပါတယ်။

၁။ အိပ်ခန်းထဲက မြင်ကွင်းတွေ
အိပ်ခန်းထဲမှာ ကိုယ့်ရဲ့ချစ်သူနဲ့အတူ သို့မဟုတ်တစ်ယောက်တည်းဖြစ်စေ လူတွေကိုအမျိုးမျိုးထင်မြင်စေမယ့် ပိုစ့်မျိုးတွေကို စနောက်ခြင်းအနေနဲ့တောင်မှ မတင်သင့်ပါဘူး။ ဒီလိုတင်ခြင်းကြောင့် သင်နဲ့သင့်ချစ်သူကို အပေါစားဆန်သူ၊ မရင့်ကျက်သူတွေအဖြစ် လူတွေက ထင်မှတ်စေနိုင်ပြီး သင်တို့ဆက်ဆံရေးရဲ့ ယုံကြည်မှုကိုလည်း ပျက်စီးစေနိုင်ပါတယ်။

၂။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များ
တကယ်တော့ ယခုလိုပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေ မျှဝေခြင်းကို စုံတွဲတွေမှမဟုတ်ပါဘူး၊ သူငယ်ချင်းအချင်းချင်းတောင်မှ ရှောင်ရှားသင့်ပါတယ်။ ကိုယ်ငယ်ငယ်က စိတ်လွတ်ကိုယ်လွတ်နေပုံတွေ ကိုယ့်ရဲ့ကလေးဘဝပုံတွေကို public ချပြတာကို ဘယ်သူကမှမနှစ်သက်မှာမဟုတ်ပါဘူး။ အခြားသူတွေရဲ့ personal အကြောင်းတွေကို လေးစားပြီးထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။

၃။ ချွဲနွဲ့ပြီး ရိုပြနေတာတွေကို အရမ်းမတင်ပါနဲ့
သင်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်စနိုးတဲ့ခေါ်တဲ့နာမည်ပြောင်တွေ၊ နှစ်ယောက်တည်းပြောတတ်တဲ့ လှို့ဝှက်စကားလုံးတွေကို ထိန်းသိမ်းထားသင့်ပါတယ်။ ဒီလိုအရာတွေကို ဆိုရှယ်မီဒီယာမှာ share လိုက်ရင် သင့်ရဲ့ relationship အတွက်မည်သည့်လေးစားမှုနဲ့ ယုံကြည်မှုကိုမှ ရရှိလိမ့်မည် မဟုတ်ပါ။ ဒါ့အပြင်သင်တို့နှစ်ယောက်ရဲ့ ထူးခြားတဲ့ connection ကိုလည်း လျော့ကျစေပါလိမ့်မယ်။

၄။ သင့်ချစ်သူ သဘောမကျတဲ့ ပုံတွေကို မတင်ပါနဲ့
သင့်ရဲ့ချစ်သူ ပါးစပ်ဟပြီး အိပ်နေတဲ့ပုံဟာ သင့်အတွက်တော့ ချစ်စရာကောင်းချင်ကောင်းပါလိမ့်မယ်။ ဒါ့ပေမယ့် သူမအတွက်တော့ ယခုလိုပုံပျက်ပန်းပျက်ပုံမျိုးတွေကို အခြားသူတွေမြင်သွားမှာ မနှစ်မြိုပါဘူး။ ဒါ့ကြောင့် အမှားတစ်ခုကို မလုပ်မိခင် သူမဆီက အရင်ဆုံးခွင့်တောင်းဖို့ လိုအပ်ပါတယ်။

၅။ ကတောက်ကဆဖြစ်တာတွေ
ကတောက်ကဆဖြစ်တာတွေကို public မှာမျှဝေတတ်ပြီး မကြာခဏပြန်တည့်ကြတဲ့ စုံတွဲတွေကို သင်မြင်ဖူးပါလိမ့်မယ်။ တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ သင်တို့ရဲ့ အရှုပ်ထုပ်တွေကို ရှင်းဖို့နဲ့ ရင်ဖွင့်ဖို့အတွက် နေရာကောင်းတစ်ခုမဟုတ်ပါဘူး။ ယခုလိုတင်တာဟာ သင့်နဲ့သူ့ရဲ့မိသားစု၊ သူငယ်ချင်း၊ သူစိမ်းအားလုံးမြင်တွေ့နေရတာကို သတိရပါ။ သင်ယခုလိုတင်လို့လည်း သင့်ချစ်သူကလွယ်လွယ်နဲ့သင့်ကိုပြန်ခွင့်လွှတ်မှာမဟုတ်ပါဘူး။ လူတွေရဲ့ကဲ့ရဲ့မှုကိုသာ ခံရပါလိမ့်မယ်။

၆။ နမ်းနေတဲ့ ဆယ်ဖီတွေ
သင်တို့နှစ်ယောက် နမ်းနေတဲ့ ဆယ်ဖီတွေကို ဘယ်သူမှမြင်တွေ့လိုကြမှာမဟုတ်ပါဘူး။ အထူးသဖြင့် သင့်ထက်အကြီးတွေ မိဘတွေမြင်အတွက် မကောင်းသလို အပေါစားဆန်စေပါတယ်။ သင့် fri list ထဲက single fri တွေအတွက်လည်း ယခုလိုပုံမျိုးတွေကို မြင်ရတဲ့အခါ ကောင်းတဲ့ခံစားချက်ဖြစ်လာမှာမဟုတ်ပါဘူး။

၇။ လက်ဆောင်တွေအကြောင်း
စုံတွဲအမြောက်အများဟာ ချစ်သူကဈေးကြီးတဲ့လက်ဆောင်တွေ ဝယ်ပေးတဲ့အချိန်တိုင်း ဝမ်းသာအားရနဲ့ ဆိုရှယ်မီဒီယာမှာ ကြွားဝါတတ်ပါတယ်။ ဒီလိုတင်ခြင်းကြောင့် သင့် fri list ထဲမှာရှိနေတဲ့ ယခုလိုမျိုး မပေးနိုင်တဲ့ အခြားစုံတွဲတွေမှာ စိတ်ဓါတ်ကျမှုတွေ ပြဿနာတွေဖြစ်စေနိုင်ပါတယ်။ သင်တို့ရဲ့ကြွယ်ဝမှုကို လူတွေအာရုံစိုက်လာအောင် လုပ်နေသလိုမျိုးလည်း ဖြစ်စေနိုင်ပြီး ငကြွားစုံတွဲလို့ ယူဆကြပါလိမ့်မယ်။

၈။ ရန်လိုတဲ့အကြောင်းအရာများ
လူတွေအတော်များများဟာ သူတို့ချစ်သူကိုဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတဲ့ ချိန်းခြောက်မှုဆန်ဆန် ပိုစ့်တွေကို တင်တတ်ကြတာသင်သတိထားမိပါလိမ့်မယ်။ တခါတလေ ချစ်သူနဲ့ပတ်သတ်ပြီး တစ်ယောက်ယောက်ကို အမည်မပါပဲကြိမ်းဝါးနေတာတွေကိုလည်း သင်မြင်တွေ့နိုင်ပါတယ်။ ဒီလိုပိုစ့်တွေဟာ ကိုယ့်ရဲ့သဝန်တိုမှုကို ပြသရာရောက်တယ်လို့ ထင်မှတ်ပေမယ့် လူအများအမြင်မှာတော့ သင့်ချစ်သူကို အထင်သေးမှုတွေ စက်ဆုပ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ relationship နဲ့ပတ်သတ်ပြီး အခြားသူတွေရဲ့မှတ်ချက်တွေနဲ့လည်း ချစ်သူကိုပညာပေးဟန်တွေမပြောမိဖို့ လိုပါတယ်။

၉။ အထောက်အထား သက်သေပြတဲ့ ပိုစ့်တွေကိုလည်း မတင်ပါနဲ့
ဖေ့ဘွတ်က like နဲ့ share အရေအတွက်ဟာ သင့်တို့ relationship ဘယ်လောက်ထိအောင်မြင်နေလဲဆိုတာကို တိုင်းတာလို့ မရပါဘူး။ ကမ္ဘာကြီးကို သက်သေပြဖို့ မကြိုးစားပါနဲ့။ လူတွေနှစ်သက်အားကျလာအောင် အမြဲတမ်းကြိုးစားနေခြင်းကြောင့် မစစ်မှန်တဲ့ခံစားချက်နဲ့ လုပ်ရပ်တွေ အမြစ်တွယ်လာတတ်ပါတယ်။

၁၀။ ယောက္ခမအကြောင်း အဆိုးမြင်ပိုစ့်တွေ
တကယ်လို့ ယောက္ခမအကြောင်း အဆိုးမြင်တွေကို တင်တတ်ရင်တော့ သင်ပြုတဲ့ကံတရားက သင့်နောက်ကနေရောက်လာတတ်ပါတယ်။ သင့်ယောက္ခမဟာ သင့်လက်တွဲဖော်ရဲ့ မိဘတွေဖြစ်ပါတယ်။ ဒီလိုတင်ခြင်းဟာ သင့်လက်တွဲဖော်ကို နာကျင်စေယုံသာမက အနာဂါတ်မှာ မိသားစုအတွင်း ပဋိပက္ခတွေကို ဖြစ်လာစေနိုင်တယ်ဆိုတာကို သတိရပါ။

၁၁။ သင်တို့လမ်းခွဲခြင်းအကြောင်း အသေးစိတ်တွေ
မကြာခင်က လမ်းခွဲလိုက်တဲ့အတွက် သင်ရင်ဖွင့်ချင်တာတွေကို သင့်ရဲ့သူငယ်ချင်းအရင်းကြီးတွေအား အပြင်မှာရင်ဖွင့်လို့ရပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ မဟုတ်ပါဘူး။ တကယ်လို့ သင်ကလမ်းခွဲရတဲ့ အကြောင်းရင်းအသေးစိတ်တွေကို ဆိုရှယ်မီဒီယာမှာတင်ရင် သင့်ရဲ့သူငယ်ချင်းတွေက သင့်ဖက်ကနေ ထောက်ခံတာတွေ၊ နာတာတွေ ရှိလာတဲ့အတွက် ကွန်းမန့်ပေးကြပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ပုံရိပ်နဲ့ တန်ဖိုးဟာလည်း ပိုမိုကျဆင်းနိုင်ပါတယ်။

၁၂။ အသေးအဖွဲ့ကိစ္စတိုင်းကိုလည်း မတင်ပါနဲ့
စုံတွဲတိုင်းဟာ ချစ်သူသက်တမ်းနှစ်ပတ်လည်တွေ၊ မွေးနေ့တွေဆိုရင် ပိုစ့်တင်ဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။ ဒီလိုအရာတွေကို တစ်ခါတစ်လေတင်တာက ပြဿနာမဟုတ်ပေမယ့်
တစ်နေကုန်ဖြစ်နေတာတွေကို တင်နေရင်တော့ လူတွေမျက်စိနောက်သလို သင့်တို့နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့လာပါလိမ့်မယ်။ လူတိုင်းဟာ ကိုယ်ပိုင်ဘဝတွေကိုယ်စီရှိကြပါတယ်။ နေ့စဉ်ဖြစ်ပျက်နေတဲ့ အရာတွေအသေးစိတ်ကို မျှဝေနေဖို့ မလိုအပ်ပါဘူး။ သင်တို့ရဲ့ ကိုယ်ရည်သွေးတဲ့ ပိုစ့်တွေကို တင်နေမယ့်အစား ပညာပါတဲ့ပိုစ့် ဆင်ခြင်တုံတရားရှိတဲ့ပိုစ့်တွေကိုသာ တင်ဖို့တိုက်တွန်းလိုက်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here