ဆိုရှယ်မီဒီယာကနေ စိန်ခေါ်ခဲ့တဲ့ ဝင်ချွမ်းသိုင်းသမားကို ၆စက္ကန့်နဲ့ အလဲ ထိုးခဲ့တဲ့ MMA ဖိုက်တာ

0
130






LM_Naung_Naung

Lifestyle_Myanmar

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက တရုတ်ရိုးရာ ဝင်ချွမ်းသိုင်းဝါသနာအိုးတစ်ယောက်ဟာ MMA ဖိုက်တာတွေကို စိန်ခေါ်ခဲ့ပြီး တကယ်တမ်းပွဲစတင်ပြီး ၆စက္ကန့်မှာပဲ ရှုံးနိမ့်သွားတဲ့အတွက် လူမှုမီဒီယာမှာ လှောင်ပြောင်ခံခဲ့ရပါတယ်။ အဆိုပါဝင်ချွန်းသိုင်းပညာရှင်လို့ ယူဆရသူဟာ သူ့ရဲ့သိုင်းပညာကျွမ်းကျင်မှုအဆင့်ကို လက်တွေ့စမ်းသပ်ချင်တာကြောင့် ဖြစ်ပုံရပါတယ်။ သူဟာ TiK Tok ကနေပြီးတော့ ပြည်တွင်း MMA မြှင့်တင်ရေးအဖွဲ့အစည်းက Fighter တွေအာလုံးကိုစိန်ခေါ်တဲ့ဗီဒီယိုဖိုင်ကို မျှဝေခဲ့တာကြောင့် ပရောက်ဖက်ရှင်နယ် MMA သမားတစ်ယောက်ဖြစ်သူ Li Jinhong ကသူ့ကိုဖုန်းပြန်ခေါ်ပြီး စိန်ခေါ်မှုကိုလက်ခံခဲ့တာပါ။
သူတို့နှစ်ယောက်ရဲ့ ချိန်းပွဲကို Chengdu က Gym မှာပြုလုပ်ခဲ့ပြီး လူတွေအင်တာနက်က စိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့ပေမယ့် ပြိုင်ပွဲကမြန်ဆန်စွာပြီးဆုံးသွားတဲ့အတွက် တပတ်ကျော်ကျော်အချိန်ထိ ဆိုရှယ်မီဒီယာမှာ လှောင်ပြောင်စရာတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဝင်ချွန်းသိုင်းပညာနဲ့ ယှဉ်ပြိုင်ခဲ့သူဟာ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး တကယ့်ကိုသိုင်းပညာရှင်တစ်ယောက်ပုံစံမျိုး သိုင်းကွက်ခင်းခဲ့တာပါ။ ဒါပေမယ့် ပွဲစတာနဲ့ MMA သမားရဲ့ ခြေကန်ချက်မိပြီး ဝမ်း၊ တူး လက်သီးချက်တွေက ပါးပေါ်ရောက်သွားတဲ့အတွက် ပြန်မထနိုင်တော့ပဲ ရှုံးနိမ့်သွားတာဖြစ်ပါတယ်။ Li ကထပ်မံတိုက်ခိုက်ဖို့ လုပ်ပေမယ့် ဒိုင်ကခုန်ဝင်ပြီး ပွဲကိုသိမ်းလိုက်တဲ့အတွက် သူသက်သာသွားတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာနဲ့ YouTube က ပရိသတ်တွေကတော့ လက်ယားနေတဲ့ ဝင်ချွန်းသိုင်းသမားကို ကိုယ်နဲ့လက်ရည်တူပြီး ဝိတ်တူတဲ့လူကိုပဲ စိန်ခေါ်သင့်ကြောင်းနဲ့ ကိုယ့်ကိုယ်ကို အထင်သိပ်မကြီးသင့်ကြောင်း ဝေဖန်နေကြပါတယ်။

ယခုလိုခံစားချက်အတိုင်း လျှောက်လုပ်တာဟာ နှစ်ပါင်း ၆၀၀ လောက်သက်တမ်းရှိနေတဲ့ ဝင်ချွန်းသိုင်းပညာကို ဖျက်ဆီးတာနဲ့တူကြောင်း IP Man ဟာဇတ်ကားကောင်းဖြစ်ပေမယ့် ဝင်ချွန်းဝါသနာအိုးတွေကတော့ အခုလိုအမြဲတမ်းကိုယ့်ကိုယ်ကိုအထင်ကြီးပြီး တလွဲတွေလုပ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here