Home News ဆိုင်နာမည်အမှားကြောင့် လူတွေမသွားကြလို့ ဆိုင်ပိတ်လိုက်ရတဲ့ စားသောက်ဆိုင်ရဲ့အဖြစ်

ဆိုင်နာမည်အမှားကြောင့် လူတွေမသွားကြလို့ ဆိုင်ပိတ်လိုက်ရတဲ့ စားသောက်ဆိုင်ရဲ့အဖြစ်

0
317





Lifestyle_Myanmar

LM_Naung_Naung

အမေရိကန် လောအင်ဂျလိမှာ အသစ်ဖွင့်လွှင့်လိုက်တဲ့ Yellow Fever အမည်ရှိတဲ့စားသောက်ဆိုင်ဟာ ဆိုင်ဖွင့်ပြီးတပတ်ကြာတဲ့အထိ လူတစ်ယောက်မှမလာတဲ့အပြင် ဆိုင်နာမည်ကြောင့် တနှစ်ပိတ်ခြင်းကို ခံခဲ့ရပါတယ်။ အဆိုပါဆိုင်ဟာ အာရှသားတွေစုပေါင်းဖွင့်လှစ်ထားတာဖြစ်ပြီးတော့ အရှေ့တိုင်းအာရှစားစရာတွေကို ရောင်းချမှာဖြစ်ပါတယ်။

ဆိုင်ဖွင့်တဲ့ ရက်မှာပဲ တွစ်တာကနေ ကြေညာခဲ့ပြီး များပြားတဲ့ဝေဖန်မှုတွေကို ခံခဲ့ရတာပါ။ (Yellow Fever) ဆိုတာဟာ ခြင်မှတဆင့်ကူးစက်တဲ့ ငန်းဝါရောဂါဖြစ်တာကြောင့် ဘယ်သူကမှအဆိုပါဆိုင်မှာ စားကြည့်ဖို့နေနေသာသာ ဆိုင်ထဲတောင်ဝင်ရဲမှာ မဟုတ်ပါဘူး။

ဒါ့အပြင် လူဖြူတွေက အာရှသူတွေကို လိင်ပိုင်းဆိုင်ရာ ပိုမိုစိတ်ဝင်စားတဲ့ အခါမှာလည်း
yellow fever လို့သုံးတဲ့အတွက် လူမျိုးရေးခွဲခြားတဲ့ အဓိပ္ပာယ်လည်းသက်ရောက်နေတဲ့အတွက် လူတွေကဝေဖန်ကြတာဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင်တွေဖြစ်ကြတဲ့ Michael နဲ့ Kelly Kim ဟာဆိုင်နာမည်ကို ပြန်ပြောင်းဖို့ရှင်းပြတာတောင်မှပဲ တနှစ်အထိပိတ်ခြင်းကို ခံခဲ့ရတာပါ။ ယခုလို ဆိုင်နာမည်ဟာ အာရှယဥ်ကျေးမှုနဲ့ဆိုရင် အဆင်ပြေပြီး အရမ်းဂေါ်တဲ့အတွက် ရွေးချယ်ခဲ့တာဖြစ်ပြီး ပိတ်သိမ်းခံရတဲ့အထိတော့ မထင်ထားခဲ့ဘူးလို့ ဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here