ရာစုႏွစ္မ်ားစြာမွာ လူသားေတြဟာ ဆားကို အစားအေသာက္မွားႏွင့္ သန္႔ရွင္းေရးအတြက္ ရည္ရြယ္ၿပီး အသံုးျပဳခဲ့ၾကပါတယ္။ ဆားဟာ အဆိပ္အေတာက္ကင္းတဲ့ ပါ၀င္ပစၥည္းျဖစ္တာေၾကာင့္လည္း ပိုးသန္႔ေဆးအျဖစ္ အသံုးျပဳၾကခဲ့ၾကၿပီး ယေန႔ေခတ္မွာေတာ့ ကၽြန္ေတာ္တို႔အိမ္ေတြကို သန္႔ရွင္းေစဖို႔အတြက္ ဓါတုေဗဒပစၥည္းေတြအစား ဆားကိုအစားထိုးသံုးျခင္းေၾကာင့္ က်န္းမာေရးအတြက္ ပိုမိုအႏၱရာယ္ကင္း တဲ့အျပင္ ဆားကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ အသံုးျပဳႏိုင္တာေၾကာင့္ ဗဟုသုတရေစရန္ ေဖာ္ျပလိုက္ပါတယ္။
၁။ ပုရြက္ဆိတ္ေတြကို တားဆီးေပးတယ္
သင့္အိမ္ထဲကို ပုရြက္ဆိတ္ေတြ ၀င္ေရာက္မႈကို ရပ္တန္႔ဖို႔အတြက္ သဘာ၀နည္းလမ္းအျဖစ္ ဆားကိုအသံုးျပဳႏိုင္ပါတယ္။ သင့္အိမ္ရဲ႕ ျပတင္းေပါက္၊ တံခါးနဲ႔ ပုရြက္ဆိတ္၀င္ေရာက္ ႏိုင္တဲ့နံရံေတြမွာ ဆားကိုျဖဴးထားျခင္းေၾကာင့္ ပုရြက္ဆိတ္ရန္က ကင္းေ၀းေစတဲ့အျပင္ သင့္အိမ္တြင္း အစိုဓါတ္ကိုလည္း က်ဆင္းေစပါတယ္။
၂။ ေငြ၊ ေၾကးနီနဲ႔ ေၾကး၀ါတို႔ကို တိုက္ခၽြတ္ဖို႔အတြက္
သင္အိမ္မွာ အလွဆင္ထားတဲ့ ေငြ၊ ေၾကးနီ၊ ေၾကး၀ါ စတဲ့အလွဆင္ပစၥည္းေတြကို သန္႔စင္ေတာက္ေျပာင္ေအာင္ တိုက္ခၽြတ္ဖို႔အတြက္ ဆားကိုအသံုးျပဳႏိုင္ပါတယ္။ အဆိုပါပစၥည္းေတြဟာ အေရာင္မလြင့္ဖို႔အတြက္ အျမဲတမ္းတိုက္ခၽြတ္ေပးေနဖို႔ လိုအပ္ပါတယ္။ ဆားကို apple cider vinegar နဲ႔ေရာပါ။ ၿပီးလွ်င္ သင့္ရဲ႕အလွဆင္ပစၥည္းေတြကို ဆြတ္ျဖန္းၿပီး ပြတ္တိုက္ျခင္းေၾကာင့္ အသစ္လိုျပန္လည္ေတာက္ပ လာေစမွာျဖစ္ပါတယ္။
၃။ သင့္အိမ္ရဲ႕ ျပတင္းေပါက္ေတြနဲ႔ ကားကိုသန္႔စင္ေစဖို႔
ေရေႏြး တစ္ဂါလံနဲ႔ ဆားအမ်ားအျပားကို ေရာစပ္ပါ။ ၎ကိုအသံုးျပဳၿပီး ျပတင္းေပါက္ကအစြန္းအထင္း မ်ားကိုဖယ္ရွားဖို႔အတြက္ အသံုးျပဳႏိုင္ပါတယ္။ အက်ိဳးသက္ေရာက္မႈဟာ ၾကာျမင့္တဲ့အတြက္ အခ်ိန္အၾကာႀကီး သန္႔စင္ေစပါတယ္။
၄။ ေဘစင္ေရထြက္ေပါက္ကို သန္႔စင္ဖို႔အတြက္
ဆားကိုေရေႏြးပူပူနဲ႔ ေရာစပ္ပါ။ ၿပီးလွ်င္ေရခ်ိဳးခန္း သို႕မဟုတ္ မီးဖီေခ်ာင္ေဘစင္၊ စင့္ အထဲကို ေလာင္းခ်ေပးပါ။ ယခုလိုျပဳလုပ္ျခင္းေၾကာင့္ မေကာင္းတဲ့အနံ႕ဆိုးေတြကို ကင္းစင္ေစတဲ့အျပင္ အဆီခဲေတြပိတ္ဆို႔မႈကိုလည္း ရွင္းလင္းေပးႏိုင္ပါတယ္။
၅။ အေရျပား ႏုပ်ိဳေစဖို႔အတြက္
ဆားကို body scrub ျပဳလုပ္ဖို႔အတြက္လည္း အသံုးျပဳႏိုင္ပါတယ္။ ဆားကို သံလြင္ဆီ သို႔မဟုတ္ လာဗင္ဒါဆီနဲ႔ေရာစပ္ပါ။ သင့္ခႏၶာကိုယ္ေပၚကို သုတ္လိမ္းၿပီး မိနစ္အနည္းငယ္ေလာက္ၾကာလွ်င္ ေရေႏြးေႏြးေလးနဲ ႔ ေဆးေၾကာေပးပါ။ ယခုလိုျပဳလုပ္ေပးျခင္းေၾကာင့္ သင့္ရဲ႕အေရျပားကို အရြယ္တင္ႏုပ်ိဳေစပါတယ္။
၆။ ေကာ္ေဇာနဲ႔ ကုလားကာေတြကို အသစ္လိုျဖစ္ေစဖို႔
သင့္ရဲ႕ေကာ္ေဇာနဲ႔ ကုလားကာ အေရာင္ကိုအသစ္လိုျပန္လည္ေတာက္ပလာဖို႔အတြက္ ဆားအရည္ထဲမွာ စိမ္ထားေပးပါ။ ၿပီးလွ်င္ေလွ်ာ္ဖြပ္ေပးျခင္းေၾကာင့္ အ၀တ္ေလွ်ာ္ဆပ္ျပာမႈန္႔ မရွင္းလင္းႏိုင္တဲ့ အစြန္းအထင္းေတြကို ဆားကရွင္းေပးႏိုင္ပါတယ္။
၇။ သြားနာျခင္းကို ကုသဖို႔အတြက္
ဆားအခ်ိဳ႕ကို ေရေႏြးထဲမွာ ေပ်ာ္၀င္ေစၿပီး ပလုတ္က်င္းျခင္းေၾကာာင့္ ပါးစပ္အနာနဲ႔ သြားကိုက္ျခင္းကို ကုသေပးႏိုင္ပါတယ္။ သဘာ၀ ခံတြင္းသန္႔စင္ေဆးအျဖစ္လည္း အသံုးျပဳႏိုင္ပါတယ္။
၈။ ခံတြင္းက်န္းမာေရးနဲ႔ သြားေတြျဖဴေဖြးေစဖို႔
သြားေတြကို ျဖဴ၀င္းေစဖုိ႔အတြက္ မုန္႔ဖုတ္ဆိုဒါ နဲ႔ ဆားကို ဆတူေရပါ။ ၿပီးလွ်င္ သြားကို ပြတ္တိုက္ေပးျခင္းေၾကာင့္ သဘာ၀အတိုင္း သင့္သြားေတြကို ျဖဴေဖြးေတာက္ပေစပါတယ္။
၉။ အ၀တ္အစားတြန္႔ေၾကျခင္း မျဖစ္ေစဖို႔
သင္အ၀တ္ေလွ်ာ္တဲ့အခါ ေနာက္ဆံုးဆားကိုအသံုးျပဳျခင္းေၾကာင့္ အ၀တ္အစားေတြက်ံဳ႕ၿပီး တြန္႔ေၾကျခင္းကို ကာကြယ္ႏိုင္ပါတယ္။ ယခုနည္းလမ္းဟာ သင့္ရဲ႕အ၀တ္အစားေတြကို ႏူးညံ့ေစၿပီး ပိုမိုသန္႔ရွင္းေစပါတယ္။
ဒါေၾကာင့္ ေစ်းေပါၿပီး သဘာ၀ထြက္ကုန္ျဖစ္တဲ့ ဆားကို ေနရာအေတာ္မ်ားမ်ားမွာ အသံုးျပဳႏိုင္ေၾကာင္း အသိေပးလိုက္ပါတယ္။ ေနာက္ထပ္အသံုး၀င္မႈေတြကို သိရွိေသးရင္ ကြန္းမန္႔မွာ မွ်ေ၀ေပးႏိုင္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
လွပတဲ့အသားအေရကို ပိုင္ဆိုင္ခ်င္လွ်င္ မျပဳလုပ္သင့္တဲ့ အမွား(၆)ခု
ရာစုနှစ်များစွာမှာ လူသားတွေဟာ ဆားကို အစားအသောက်မှားနှင့် သန့်ရှင်းရေးအတွက် ရည်ရွယ်ပြီး အသုံးပြုခဲ့ကြပါတယ်။ ဆားဟာ အဆိပ်အတောက်ကင်းတဲ့ ပါ၀င်ပစ္စည်းဖြစ်တာကြောင့်လည်း ပိုးသန့်ဆေးအဖြစ် အသုံးပြုကြခဲ့ကြပြီး ယနေ့ခေတ်မှာတော့ ကျွန်တော်တို့အိမ်တွေကို သန့်ရှင်းစေဖို့အတွက် ဓါတုဗေဒပစ္စည်းတွေအစား ဆားကိုအစားထိုးသုံးခြင်းကြောင့် ကျန်းမာရေးအတွက် ပိုမိုအန္တရာယ်ကင်း တဲ့အပြင် ဆားကို ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနိုင်တာကြောင့် ဗဟုသုတရစေရန် ဖော်ပြလိုက်ပါတယ်။
၁။ ပုရွက်ဆိတ်တွေကို တားဆီးပေးတယ်
သင့်အိမ်ထဲကို ပုရွက်ဆိတ်တွေ ၀င်ရောက်မှုကို ရပ်တန့်ဖို့အတွက် သဘာဝနည်းလမ်းအဖြစ် ဆားကိုအသုံးပြုနိုင်ပါတယ်။ သင့်အိမ်ရဲ့ ပြတင်းပေါက်၊ တံခါးနဲ့ ပုရွက်ဆိတ်ဝင်ရောက် နိုင်တဲ့နံရံတွေမှာ ဆားကိုဖြူးထားခြင်းကြောင့် ပုရွက်ဆိတ်ရန်က ကင်းဝေးစေတဲ့အပြင် သင့်အိမ်တွင်း အစိုဓါတ်ကိုလည်း ကျဆင်းစေပါတယ်။
၂။ ငွေ၊ ကြေးနီနဲ့ ကြေးဝါတို့ကို တိုက်ချွတ်ဖို့အတွက်
သင်အိမ်မှာ အလှဆင်ထားတဲ့ ငွေ၊ ကြေးနီ၊ ကြေးဝါ စတဲ့အလှဆင်ပစ္စည်းတွေကို သန့်စင်တောက်ပြောင်အောင် တိုက်ချွတ်ဖို့အတွက် ဆားကိုအသုံးပြုနိုင်ပါတယ်။ အဆိုပါပစ္စည်းတွေဟာ အရောင်မလွင့်ဖို့အတွက် အမြဲတမ်းတိုက်ချွတ်ပေးနေဖို့ လိုအပ်ပါတယ်။ ဆားကို apple cider vinegar နဲ့ရောပါ။ ပြီးလျှင် သင့်ရဲ့အလှဆင်ပစ္စည်းတွေကို ဆွတ်ဖြန်းပြီး ပွတ်တိုက်ခြင်းကြောင့် အသစ်လိုပြန်လည်တောက်ပ လာစေမှာဖြစ်ပါတယ်။
၃။ သင့်အိမ်ရဲ့ ပြတင်းပေါက်တွေနဲ့ ကားကိုသန့်စင်စေဖို့
ရေနွေး တစ်ဂါလံနဲ့ ဆားအများအပြားကို ရောစပ်ပါ။ ၎င်းကိုအသုံးပြုပြီး ပြတင်းပေါက်ကအစွန်းအထင်း များကိုဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ်။ အကျိုးသက်ရောက်မှုဟာ ကြာမြင့်တဲ့အတွက် အချိန်အကြာကြီး သန့်စင်စေပါတယ်။
၄။ ဘေစင်ရေထွက်ပေါက်ကို သန့်စင်ဖို့အတွက်
ဆားကိုရေနွေးပူပူနဲ့ ရောစပ်ပါ။ ပြီးလျှင်ရေချိုးခန်း သို့မဟုတ် မီးဖီချောင်ဘေစင်၊ စင့် အထဲကို လောင်းချပေးပါ။ ယခုလိုပြုလုပ်ခြင်းကြောင့် မကောင်းတဲ့အနံ့ဆိုးတွေကို ကင်းစင်စေတဲ့အပြင် အဆီခဲတွေပိတ်ဆို့မှုကိုလည်း ရှင်းလင်းပေးနိုင်ပါတယ်။
၅။ အရေပြား နုပျိုစေဖို့အတွက်
ဆားကို body scrub ပြုလုပ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဆားကို သံလွင်ဆီ သို့မဟုတ် လာဗင်ဒါဆီနဲ့ရောစပ်ပါ။ သင့်ခန္ဓာကိုယ်ပေါ်ကို သုတ်လိမ်းပြီး မိနစ်အနည်းငယ်လောက်ကြာလျှင် ရေနွေးနွေးလေးနဲ ့ ဆေးကြောပေးပါ။ ယခုလိုပြုလုပ်ပေးခြင်းကြောင့် သင့်ရဲ့အရေပြားကို အရွယ်တင်နုပျိုစေပါတယ်။
၆။ ကော်ဇောနဲ့ ကုလားကာတွေကို အသစ်လိုဖြစ်စေဖို့
သင့်ရဲ့ကော်ဇောနဲ့ ကုလားကာ အရောင်ကိုအသစ်လိုပြန်လည်တောက်ပလာဖို့အတွက် ဆားအရည်ထဲမှာ စိမ်ထားပေးပါ။ ပြီးလျှင်လျှော်ဖွပ်ပေးခြင်းကြောင့် အဝတ်လျှော်ဆပ်ပြာမှုန့် မရှင်းလင်းနိုင်တဲ့ အစွန်းအထင်းတွေကို ဆားကရှင်းပေးနိုင်ပါတယ်။
၇။ သွားနာခြင်းကို ကုသဖို့အတွက်
ဆားအချို့ကို ရေနွေးထဲမှာ ပျော်ဝင်စေပြီး ပလုတ်ကျင်းခြင်းကြောာင့် ပါးစပ်အနာနဲ့ သွားကိုက်ခြင်းကို ကုသပေးနိုင်ပါတယ်။ သဘာဝ ခံတွင်းသန့်စင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
၈။ ခံတွင်းကျန်းမာရေးနဲ့ သွားတွေဖြူဖွေးစေဖို့
သွားတွေကို ဖြူဝင်းစေဖို့အတွက် မုန့်ဖုတ်ဆိုဒါ နဲ့ ဆားကို ဆတူရေပါ။ ပြီးလျှင် သွားကို ပွတ်တိုက်ပေးခြင်းကြောင့် သဘာဝအတိုင်း သင့်သွားတွေကို ဖြူဖွေးတောက်ပစေပါတယ်။
၉။ အဝတ်အစားတွန့်ကြေခြင်း မဖြစ်စေဖို့
သင်အဝတ်လျှော်တဲ့အခါ နောက်ဆုံးဆားကိုအသုံးပြုခြင်းကြောင့် အဝတ်အစားတွေကျုံ့ပြီး တွန့်ကြေခြင်းကို ကာကွယ်နိုင်ပါတယ်။ ယခုနည်းလမ်းဟာ သင့်ရဲ့အဝတ်အစားတွေကို နူးညံ့စေပြီး ပိုမိုသန့်ရှင်းစေပါတယ်။
ဒါကြောင့် စျေးပေါပြီး သဘာဝထွက်ကုန်ဖြစ်တဲ့ ဆားကို နေရာအတော်များများမှာ အသုံးပြုနိုင်ကြောင်း အသိပေးလိုက်ပါတယ်။ နောက်ထပ်အသုံးဝင်မှုတွေကို သိရှိသေးရင် ကွန်းမန့်မှာ မျှဝေပေးနိုင်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar