ဆားခါး ကိုသုံးပြီး ဝိတ်ကျစေမယ့် နည်းလမ်း (၅)ခု

0
173

Epsom လို့ခေါ်တဲ့ ဆားခါးဟာ ဟင်းထဲထည့်ချက်ရတဲ့ ဆားမျိုးမဟုတ်ပါဘူး။ Epsom ဆားလို့အများအားဖြင့် သိကြတဲ့ မဂ္ဂနီဆီယမ်ဆာလဖိတ်ဟာ ဆားစမ်းမှာ ဖြစ်ပေါ်တဲ့ သဘာဝ အော်ဂဲနစ် ဓါတ်ပေါင်းတစ်မျိုး ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းထုတ်ချင်ရင် ရေချိုးတဲ့အခါ ဆားခါးထည့်ပြီး ချိုးပေးနိုင်ပါတယ်။ ဆားခါးဟာ ကြွက်သားနာကျင်ရောင်ရမ်းတာတွေကို သက်သာစေသလို ခန္ဓာကိုယ်က အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

Epsom ဆားဟာ ကျွန်တော်တို့အရေပြားမှတဆင့် တိုက်ရိုက်စုပ်ယူပြီး သက်ရောက်မှု အရမ်းမြန်ဆန်ပါတယ်။ ကျွန်တော်တို့ရဲ့ သွေးကြောထဲမှာ မဂ္ဂနီဆီယမ်နှင့် ဆာလဖိတ်အဆင့်ကို တိုးစေခြင်းဖြင့် အဆီဆဲလ်များအပါအဝင် ခန္ဓာကိုယ်အတွင်းက ပိုလျှံနေတဲ့ အဆိပ်အတောက်တွေကို ထွက်သွားစေတဲ့ detoxifying အေးဂျင့်အဖြစ်လုပ်ဆောင်ပါတယ်။ နောက်ဆုံးမှာ ကိုယ်တွင်းဇီဝဖြစ်စဉ်နှုန်းနှင့် ကယ်လိုရီ လောင်ကျွမ်းနိုင်စွမ်းကို တိုးတတ်စေပါတယ်။ ဆားခါးဟာ ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ချပေးကြောင်း လေ့လာမှုများမှာ တွေ့ရပါတယ်။

၁။ Epsom Salt ဖြင့် ရေချိုးပါ

ဒီနည်းလမ်းက ခန္ဓာကိုယ် အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ ကူညီပေးပါတယ်။ နွေးယုံမျှရှိတဲ့ရေကို ရေချိုးကန်ထဲမှာ ဖြည့်ပြီး ဆားခါး စားပွဲတင်ဇွန်း ၁ဇွန်း ၂ဇွန်းထည့်ပါ။ ရေချိုးကန်ထဲမှာ ၁၅မိနစ်- မိနစ် ၂၀လောက် စိမ်နေပါ။ ဒီလိုပုံမှန်ရေချိုးပေးရင် ကိုယ်အလေးချိန် လျော့ကျစေသလို ခန္ဓာကိုယ် detoxifying လုပ်ခြင်းမှာ ကူညီပေးပါလိမ့်မယ်။ ဆားငန်ရေဖြင့် ရေမချိုးခင်နဲ့ ရေချိုးပြီးချိန်မှာ ကိုယ့်ကိုယ်ကို ရေဓါတ်ပြန်လည်ဖြည့်တင်းဖို့ သတိထားပေးရပါမယ်။

၂။ ဆားခါးနှင့် မုန့်ဖုတ်ဆိုဒါ

ရေချိုးကန်ထဲမှာ ဆားခါး ၂ခွက်နင့် မုန့်ဖုတ်ဆိုဒါ ၂ခွက်ထည့်ပါ။ ပျော့ပျောင်းတဲ့ ရေမြှုပ်နှင့် တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးပါ။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ့် cleanser အဖြစ်လုပ်ဆောင်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါက ဖန်းဂတ်စ်မှို ပိုးကူးစက်မှုနှင့် အသားအရေခြောက်သွေ့ခြင်းကို ကုသပေးတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်၊

၃။ ဆားခါးနှင့် ဂျင်း

သင့်ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံနေလို့ ကိုယ်အလေးချိန်တိုးတဲ့အခါ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။ detoxification ရဲ့ဖြစ်စဉ်ကို အရှိန်မြှင့်ဖို့ ဂျင်းကို ဆားခါးနှင့် ပေါင်းစပ်အသုံးပြုတာဖြစ်ပါတယ်။ ဂျင်းက အသားအရေပေါ်က ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးကတဆင့် အဆိပ်အတောက်တွေကို ထွက်သွားစေပါတယ်။ ဆားခါးနှင့် ဂျင်းထည့်ထားတဲ့ ရေနွေးနွေးထဲမှာ နာရီဝက်လောက် ခန္ဓာကိုယ်ကို စိမ်ထားပေးပါ။

၄။ ဆားခါးနှင့် သံလွင်ဆီ

သံလွင်ဆီမှာ အင်တီအောက်ဆီဒင့်ကြွယ်ဝပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ သံလွင်ဆီနှင့် ဆားခါးကို ပေါင်းစပ်ပြီး ရေချိုးပေးရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပြီး ထိရောက်မှုပိုရှိပါတယ်။ ဒီနည်းလမ်းကို ကလေးတွေနဲ့ သက်ကြီးရွဘ်အိုတွေ အသုံးပြုလို့ မရပါဘူး။ ကြက်သီးနွေးရေထဲမှာ သံလွင်ဆီ ၂ခွက်နဲ့ ဆား ၂ခွက်ထည့်ပါ။ ၁၀မိနစ် ၊ ၁၅မိနစ်လောက် ခန္ဓာကိုယ်ကို စိမ်ပေးပါ။

၅။ ဆားခါးနှင့် ပန်းသီးရှာလကာရည်

ဆားခါးနှင့် ပန်းသီးရှာလကာရည်ကို ကြက်သီးနွေးရေထဲမှာ 1 : 2 ရောပါ။ မိနစ် ၃၀-၄၀လောက် စိမ်ချိုးပေးပါ။ ဆားဖြင့် ရေချိုးခြင်းက ကိုယ်အလေးချိန်ကျခြင်း အပါအဝင် အဆစ်နာကျင်တာတွေ၊ စိတ်ဖိစီးတာတွေကို သက်သာစေပါတယ်။

Epsom ဆားနှင့် ရေချိုးတဲ့အခါ လိုက်နာရမယ့် အချက်လေးတွေ

ရေချိုးကန် တစ်ကန်စာဆိုရင် ဆားခါး ၆၀၀ ဂရမ်ထက်ပိုပြီး မထည့်ဖို့ အကြံပြုပါတယ်။ ဆားခါးနှင့် ရေချိုးတဲ့အခါ တစ်ခါချိုးရင် မိနစ် ၂၀ထက်ပိုပြီး မချိုးသင့်ပါဘူး။ ဆားခါးနဲ့ ရေချိုးတာက ခန္ဓာကိုယ်အရည်တွေကို ဆုံးရှုံးစေတာကြောင့် ဆားခါးနှင့် ရေမချိုးခင်နှင့် ရေချိုးပြီးချိန်မှာ အမြဲတမ်း rehydrate လုပ်ပေးပါ။ ဆားခါးကို သောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် တိုင်ပင်ဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဆားဖြင့် ရေမချိုးခင်မှာ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ဆားခါး ကိုသုံးၿပီး ဝိတ္က်ေစမယ့္ နည္းလမ္း (၅)ခု
Epsom လို႔ေခၚတဲ့ ဆားခါးဟာ ဟင္းထဲထည့္ခ်က္ရတဲ့ ဆားမ်ိဳးမဟုတ္ပါဘူး။ Epsom ဆားလို႔အမ်ားအားျဖင့္ သိၾကတဲ့ မဂၢနီဆီယမ္ဆာလဖိတ္ဟာ ဆားစမ္းမွာ ျဖစ္ေပၚတဲ့ သဘာဝ ေအာ္ဂဲနစ္ ဓါတ္ေပါင္းတစ္မ်ိဳး ျဖစ္ပါတယ္။ သင့္ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ရွင္းထုတ္ခ်င္ရင္ ေရခ်ိဳးတဲ့အခါ ဆားခါးထည့္ၿပီး ခ်ိဳးေပးႏိုင္ပါတယ္။ ဆားခါးဟာ ႂကြက္သားနာက်င္ေရာင္ရမ္းတာေတြကို သက္သာေစသလို ခႏၶာကိုယ္က အဆီေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။

Epsom ဆားဟာ ကြၽန္ေတာ္တို႔အေရျပားမွတဆင့္ တိုက္႐ိုက္စုပ္ယူၿပီး သက္ေရာက္မႈ အရမ္းျမန္ဆန္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေသြးေၾကာထဲမွာ မဂၢနီဆီယမ္ႏွင့္ ဆာလဖိတ္အဆင့္ကို တိုးေစျခင္းျဖင့္ အဆီဆဲလ္မ်ားအပါအဝင္ ခႏၶာကိုယ္အတြင္းက ပိုလွ်ံေနတဲ့ အဆိပ္အေတာက္ေတြကို ထြက္သြားေစတဲ့ detoxifying ေအးဂ်င့္အျဖစ္လုပ္ေဆာင္ပါတယ္။ ေနာက္ဆုံးမွာ ကိုယ္တြင္းဇီဝျဖစ္စဥ္ႏႈန္းႏွင့္ ကယ္လိုရီ ေလာင္ကြၽမ္းႏိုင္စြမ္းကို တိုးတတ္ေစပါတယ္။ ဆားခါးဟာ ကိုယ္အေလးခ်ိန္ကို သိသိသာသာ ေလ်ာ့ခ်ေပးေၾကာင္း ေလ့လာမႈမ်ားမွာ ေတြ႕ရပါတယ္။

၁။ Epsom Salt ျဖင့္ ေရခ်ိဳးပါ

ဒီနည္းလမ္းက ခႏၶာကိုယ္ အဆိပ္အေတာက္ေတြကို ဖယ္ရွားတဲ့ေနရာမွာ ကူညီေပးပါတယ္။ ေႏြးယုံမွ်ရွိတဲ့ေရကို ေရခ်ိဳးကန္ထဲမွာ ျဖည့္ၿပီး ဆားခါး စားပြဲတင္ဇြန္း ၁ဇြန္း ၂ဇြန္းထည့္ပါ။ ေရခ်ိဳးကန္ထဲမွာ ၁၅မိနစ္- မိနစ္ ၂၀ေလာက္ စိမ္ေနပါ။ ဒီလိုပုံမွန္ေရခ်ိဳးေပးရင္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစသလို ခႏၶာကိုယ္ detoxifying လုပ္ျခင္းမွာ ကူညီေပးပါလိမ့္မယ္။ ဆားငန္ေရျဖင့္ ေရမခ်ိဳးခင္နဲ႔ ေရခ်ိဳးၿပီးခ်ိန္မွာ ကိုယ့္ကိုယ္ကို ေရဓါတ္ျပန္လည္ျဖည့္တင္းဖို႔ သတိထားေပးရပါမယ္။

၂။ ဆားခါးႏွင့္ မုန္႔ဖုတ္ဆိုဒါ

ေရခ်ိဳးကန္ထဲမွာ ဆားခါး ၂ခြက္နင့္ မုန္႔ဖုတ္ဆိုဒါ ၂ခြက္ထည့္ပါ။ ေပ်ာ့ေပ်ာင္းတဲ့ ေရျမႇဳပ္ႏွင့္ တစ္ကိုယ္လုံးကို ပြတ္တိုက္ေပးပါ။ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးမယ့္ cleanser အျဖစ္လုပ္ေဆာင္ေပးပါတယ္။ မုန္႔ဖုတ္ဆိုဒါက ဖန္းဂတ္စ္မႈိ ပိုးကူးစက္မႈႏွင့္ အသားအေရေျခာက္ေသြ႕ျခင္းကို ကုသေပးတဲ့ အက်ိဳးေက်းဇူးေတြ ရွိပါတယ္၊

၃။ ဆားခါးႏွင့္ ဂ်င္း

သင့္ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြ စုပုံေနလို႔ ကိုယ္အေလးခ်ိန္တိုးတဲ့အခါ ဒီနည္းလမ္းကို အသုံးျပဳသင့္ပါတယ္။ detoxification ရဲ႕ျဖစ္စဥ္ကို အရွိန္ျမႇင့္ဖို႔ ဂ်င္းကို ဆားခါးႏွင့္ ေပါင္းစပ္အသုံးျပဳတာျဖစ္ပါတယ္။ ဂ်င္းက အသားအေရေပၚက ေခြၽးေပါက္ေတြကို ပြင့္ေစၿပီး ေခြၽးကတဆင့္ အဆိပ္အေတာက္ေတြကို ထြက္သြားေစပါတယ္။ ဆားခါးႏွင့္ ဂ်င္းထည့္ထားတဲ့ ေရေႏြးေႏြးထဲမွာ နာရီဝက္ေလာက္ ခႏၶာကိုယ္ကို စိမ္ထားေပးပါ။

၄။ ဆားခါးႏွင့္ သံလြင္ဆီ

သံလြင္ဆီမွာ အင္တီေအာက္ဆီဒင့္ႂကြယ္ဝၿပီး အသားအေရကို ႏူးညံ့ေခ်ာေမြ႕ေစပါတယ္။ သံလြင္ဆီႏွင့္ ဆားခါးကို ေပါင္းစပ္ၿပီး ေရခ်ိဳးေပးရင္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ကင္းစင္ေစၿပီး ထိေရာက္မႈပိုရွိပါတယ္။ ဒီနည္းလမ္းကို ကေလးေတြနဲ႔ သက္ႀကီး႐ြဘ္အိုေတြ အသုံးျပဳလို႔ မရပါဘူး။ ၾကက္သီးေႏြးေရထဲမွာ သံလြင္ဆီ ၂ခြက္နဲ႔ ဆား ၂ခြက္ထည့္ပါ။ ၁၀မိနစ္ ၊ ၁၅မိနစ္ေလာက္ ခႏၶာကိုယ္ကို စိမ္ေပးပါ။

၅။ ဆားခါးႏွင့္ ပန္းသီးရွာလကာရည္

ဆားခါးႏွင့္ ပန္းသီးရွာလကာရည္ကို ၾကက္သီးေႏြးေရထဲမွာ 1 : 2 ေရာပါ။ မိနစ္ ၃၀-၄၀ေလာက္ စိမ္ခ်ိဳးေပးပါ။ ဆားျဖင့္ ေရခ်ိဳးျခင္းက ကိုယ္အေလးခ်ိန္က်ျခင္း အပါအဝင္ အဆစ္နာက်င္တာေတြ၊ စိတ္ဖိစီးတာေတြကို သက္သာေစပါတယ္။

Epsom ဆားႏွင့္ ေရခ်ိဳးတဲ့အခါ လိုက္နာရမယ့္ အခ်က္ေလးေတြ

ေရခ်ိဳးကန္ တစ္ကန္စာဆိုရင္ ဆားခါး ၆၀၀ ဂရမ္ထက္ပိုၿပီး မထည့္ဖို႔ အႀကံျပဳပါတယ္။ ဆားခါးႏွင့္ ေရခ်ိဳးတဲ့အခါ တစ္ခါခ်ိဳးရင္ မိနစ္ ၂၀ထက္ပိုၿပီး မခ်ိဳးသင့္ပါဘူး။ ဆားခါးနဲ႔ ေရခ်ိဳးတာက ခႏၶာကိုယ္အရည္ေတြကို ဆုံးရႈံးေစတာေၾကာင့္ ဆားခါးႏွင့္ ေရမခ်ိဳးခင္ႏွင့္ ေရခ်ိဳးၿပီးခ်ိန္မွာ အၿမဲတမ္း rehydrate လုပ္ေပးပါ။ ဆားခါးကို ေသာက္မယ္ဆိုရင္ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ နားလည္တတ္ကြၽမ္းတဲ့ ဆရာဝန္ႏွင့္ တိုင္ပင္ဖို႔လိုပါတယ္။ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ဆားျဖင့္ ေရမခ်ိဳးခင္မွာ ဆရာဝန္ႏွင့္ တိုင္ပင္ေဆြးေႏြးဖို႔ လိုပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here