ဆယ်ကျော်သက် လူငယ်တွေအတွက် ငွေကြေးဆိုင်ရာ အကြံပေးချက်အချို့

0
42

တကယ္လို႔ သင္ဟာ ဆယ္ေက်ာ္သက္တစ္ေယာက္ဆိုရင္ အရမ္းကိုစြမ္းအားႀကီးတဲ့ ေနရာမွာေရာက္ရွိေနပါတယ္။ ယခုလိုအခ်ိန္မွာ ေငြေၾကးနဲ႔ပတ္သတ္ၿပီး ေကာင္းမြန္တဲ့ အေလ့အထေလးေတြ ရွိခဲ့ရင္ သင့္ဘဝမွာပိုမိုသက္ေတာင့္သက္သာနဲ႔ ျဖတ္သန္းရတဲ့ အခ်ိန္ေတြခ်ည္းပဲ ျဖစ္သလို အသက္ႀကီးလာတဲ့အခါ ေကာင္းေကာင္းအနားယူႏိုင္မွာျဖစ္ပါတယ္။ ကြၽန္ေတာ္ ဆယ္ေက်ာ္သက္အ႐ြယ္တုန္းက ေငြေၾကးနဲ႔ပတ္သတ္ၿပီး စည္းကမ္းမရွိခဲ့ပါဘူး။ ေကာင္းတဲ့အစားအစာေတြစားခ်င္တယ္၊ ေကာင္းတာေတြပဲဝတ္ခ်င္တာေၾကာင့္ ေငြကလူနဲ႔ကပ္တယ္လို႔ကို မရွိခဲ့တာပါ။ ဘယ္ေတာ့မွလည္း မေလာက္ခဲ့ပါဘူး။ ဒီလိုအမွားေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ေငြေၾကးနဲ႔ပတ္သတ္တဲ့ အမွားေတြနဲ႔ အႀကံေပးခ်က္အခ်ိဳ႕ကကို မွ်ေဝေပးခ်င္ပါတယ္။

အခ်ိန္ရဲ႕စြမ္းအားကို နားလည္ပါ


သင္ဆယ္ေက်ာ္သက္အ႐ြယ္မွာ ေငြကိုသန္းနဲ႔ခ်ီၿပီး အေျမာက္အျမားဖန္တီးႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒါကိုအေရးမထားပါနဲ႔။ အခ်ိန္ရဲ႕စြမ္းအားကိုယုံၾကည္ပါ။ အခ်ိန္က သင့္အတြက္ ေငြအမ်ားႀကီးကို ဖန္တီးေပးႏိုင္ပါတယ္။ ပထမဆုံး ေႏြရာသီလိုေက်ာင္းပိတ္ရက္မွာ အလုပ္တစ္ခုလုပ္ၿပီး ေငြရွာပါ။ လအနည္းငယ္နဲ႔ သင္စုေဆာင္းမိတဲ့ ပိုက္ဆံေတြကို ၅% အျမတ္ျပန္ရႏိုင္မယ့္ ကိုယ္ပိုင္ သို႔မဟုတ္ စပ္တူလုပ္ငန္းတစ္ခုမွာ ျပန္လည္ရင္းႏွီးျမႇပ္ႏွံပါ။ ေနာက္ထပ္ဆယ္ႏွစ္ၾကာတဲ့အခါမွာ ေငြကိုဘယ္လိုရွာေဖြစုေဆာင္းရမယ္ဆိုတာ သင္အလိုလိုကြၽမ္းက်င္လာၿပီး လက္ထဲမွာ ေငြအလုံးအရင္းနဲ႔ စုမိေနပါလိမ့္မယ္။

ေငြစုတဲ့ အက်င့္ကို စတင္ပ်ိဳးေထာင္ပါ


သင္ဘယ္အ႐ြယ္ေလာက္က သြားစတိုက္ခဲ့တာလဲ။ ဒီလိုပါပဲ ဆယ္ေက်ာ္သက္အ႐ြယ္တည္းက စတင္ေငြစုျခင္းဟာ သြားတိုက္တဲ့အက်င့္လို ေသတဲ့အထိစြဲသြားေစပါတယ္။ ေငြကိုစုဖို႔အတြက္ အရမ္အမ်ားႀကီး စဥ္းစားေတြးေတာစရာမလိုပါဘူး။ နည္းနည္းေလာက္ပဲ စုႏိုင္ရင္ေတာင္ သင့္အတြက္အဆင္ေျပပါတယ္။ အဓိကကအက်င့္ကိုပ်ိဳးေထာင္ဖို႔ကို ဆိုလိုတာပါ။ အခုအခ်ိန္မွာ ဒီလိုအက်င့္ရွိေနရင္ သင္မုန႔္ဖိုးရလို႔ျဖစ္ေစ၊ အလုပ္ကဝင္ေငြရလို႔ျဖစ္ေစ ဝင္ေငြရလာတာနဲ႔ စုေဆာင္းဖို႔အတြက္ အလိုလိုအားသန္လာပါလိမ့္မယ္။ ေငြကိုစုေဆာင္းတတ္လာတာနဲ႔အမွ် မလိုအပ္တဲ့ေနရာေတြမွာ သုံးျဖဳန္းတဲ့အက်င့္က အားနည္းလာပါလိမ့္မယ္။

အသုံးစားရိတ္ကို ေျခရာခံပါ


ဒီအရာကေတာ့ ဆယ္ေက်ာ္သက္ေတြအတြက္ ခက္ခဲႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အသုံးစားရိတ္ကို ေျခရာခံတဲ့အလုပ္ဟာ အိမ္ေထာင္သည္လူႀကီးေတြအဖို႔ေတာင္ လြယ္ကူတဲ့အရာတစ္ခု မဟုတ္ေနပါဘူး။ ဒါေပမယ့္ ကိုယ္သုံးလိုက္တဲ့ အသုံးစားရိတ္ကို ေျခရာခံႏိုင္မွသာ ေငြေၾကးကိုေကာင္းစြာထိန္းခ်ဳပ္ႏိုင္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ေတြအားလုံး လကုန္ရက္ေတြမွာ အိတ္ကပ္ထဲပိုက္ဆံရွိေနေပမယ့္ သိပ္ၾကာၾကာမခံတတ္ပါဘူး။ မသိရင္အိတ္ကပ္ပဲေပါက္ေနသလိုလို ဘယ္ကဘယ္လိုကုန္သြားမွန္းမသိေလာက္ေအာင္ ျဖစ္တတ္ၾကပါတယ္။ ဒါေၾကာင့္ျဖစ္ႏိုင္ရင္ ဘဏ္ကဒ္ ATM ထဲမွာေငြကို ထည့္ထားၿပီး လိုသေလာက္ကိုသာ ထုတ္သုံးပါ။ သင္ထုတ္လိုက္တဲ့ေငြနဲ႔ သုံးလိုက္မိတာေတြကို ေျခရာခံႏိုင္ဖို႔ အကူအညီျဖစ္ေစပါတယ္။

၄။ ဘ႑ာေရးနဲ႔ ေငြေၾကးစီမံခန႔္ခြဲတဲ့ စာေပေတြကို ေလ့လာပါ

ID:120773744


စာေရးဆရာအေတာ္မ်ားမ်ားကလည္း စီးပြားေရးနဲ႔ပတ္သတ္ၿပီး အႀကံေပးခ်က္ေတြ ေငြေၾကးစနစ္ေတြကို ေရးသားၾကပါတယ္။ ဒီလိုစာေပေတြကို ဖတ္ရႈေလ့လာပါ။ သင့္အတြက္ မ်ားစြာအေထာက္အကူျဖစ္ေစပါလိမ့္မယ္။

၅။ ပညာေရးနဲ႔ပတ္သတ္ၿပီး မွန္ကန္ေအာင္ဆုံးျဖတ္ပါ

Back view portrait of a female student walking in the city park outdoors

အလုပ္ေတာ္ေတာ္မ်ားမ်ားက သတ္မွတ္ဘြဲ႕တစ္ခုရွိရင္ေတာင္မွ အေတြ႕အႀကဳံရွိတဲ့သူကို ပိုၿပီးဦးစားေပးေခၚၾကတာမ်ားပါတယ္။ သင့္အတြက္ အခ်ိန္ေလးႏွစ္ေလာက္ေပးၿပီး ဘြဲ႕တစ္ခုရတာေတာင္မွ အလုပ္ရဖို႔ခက္ခဲႏိုင္ပါတယ္။ ဒါေၾကာင့္ျဖစ္ႏိုင္ရင္ အေဝးသင္လိုမ်ိဳးနဲ႔ သာမာန္ဘြဲတစ္ခုကို ယူဖို႔ႀကိဳးစားၿပီး ေက်ာင္းတက္ေနတဲ့အခ်ိန္မွာပဲ အလုပ္အေတြ႕အႀကဳံနဲ႔ ကိုယ့္ရဲ႕စြမ္းရည္ကို ျဖည့္တင္းႏိုင္မယ့္ သင္တန္းေတြကို ဦးစားေပးလုပ္ပါ။ ဒါမွသာ ဘြဲ႕ရၿပီးအလုပ္မရတဲ့ ဘဝကကင္းေဝးပါလိမ့္မယ္။ ေက်ာင္းျပင္ပမွာသင္တဲ့ လုပ္ငန္းခြင္သင္တန္းေတြက သင့္ရဲ႕ professional ဘဝအတြက္ ပိုမိုအက်ိဳးရွိေစတယ္ဆိုတာကို မေမ့ပါနဲ႔။ ျမန္မာျပည္ပညာေရးစနစ္ကို ႏွိမ္ျခင္းမဟုတ္ပါဘူး။ လူငယ္ေတြေလးႏွစ္ေလာက္ အလဟႆအခ်ိန္ျဖဳန္းသလိုျဖစ္ေနတတ္လို႔ပါ။ ဒီလိုအလုပ္လုပ္ရင္း ေက်ာင္းတက္တာက မိဘေတြအတြက္လည္း စီးပြားေရးအရ အေထာက္အကူျဖစ္ေစသလို သင့္အတြက္လည္း ပိုမိုရင့္က်က္ေစပါတယ္။

၆။ သင့္အတြက္ အရမ္းေစာေနလား


တကယ္လို႔ ႀကီးမားတဲ့စီးပြားေရးနဲ႔ ဘ႑ေရးကို ပိုင္ဆိုင္ထားတဲ့ လူေတြကို သင္ေမးၾကည့္ရင္ သူတို႔ေတြက အျခားသူေတြမလုပ္ခင္ကတည္းက ေငြေၾကးအေၾကာင္းကို စဥ္းစားလာၾကၿပီး စတင္ႀကိဳးစားခဲ့တာကို သင္သိရပါလိမ့္မယ္။ သင္ပိုၿပီး အသက္ႀကီးလာေလ ေငြရွာရတာ ပိုခက္လာေလဆိုတာ မေမ့ပါနဲ႔။ ငယ္႐ြယ္တဲ့အခ်ိန္မွာတည္းက ေငြေၾကးစုေဆာင္းရွာေဖြတာဟာ အၿမဲတမ္းသူမ်ားထက္ သာေနပါတယ္။ သင္စတင္ၿပီး ႀကိဳးစားလာတာနဲ႔အမွ် သင့္ဘဝမွာ ေနာင္တဆိုတာ ဘယ္ေတာ့မွရွိမွာ မဟုတ္ေတာ့ပါဘူး။ လူအေတာ္မ်ားမ်ား ငယ္႐ြယ္စဥ္က မႀကိဳးစားခဲ့တာကို ေနာင္တရေနၾကပါတယ္။

LM_Naung_Naung

Lifestyle_Myanmar

Unicode

ဆယ်ကျော်သက် လူငယ်တွေအတွက် ငွေကြေးဆိုင်ရာ အကြံပေးချက်အချို့
တကယ်လို့ သင်ဟာ ဆယ်ကျော်သက်တစ်ယောက်ဆိုရင် အရမ်းကိုစွမ်းအားကြီးတဲ့ နေရာမှာရောက်ရှိနေပါတယ်။ ယခုလိုအချိန်မှာ ငွေကြေးနဲ့ပတ်သတ်ပြီး ကောင်းမွန်တဲ့ အလေ့အထလေးတွေ ရှိခဲ့ရင် သင့်ဘဝမှာပိုမိုသက်တောင့်သက်သာနဲ့ ဖြတ်သန်းရတဲ့ အချိန်တွေချည်းပဲ ဖြစ်သလို အသက်ကြီးလာတဲ့အခါ ကောင်းကောင်းအနားယူနိုင်မှာဖြစ်ပါတယ်။ ကျွန်တော် ဆယ်ကျော်သက်အရွယ်တုန်းက ငွေကြေးနဲ့ပတ်သတ်ပြီး စည်းကမ်းမရှိခဲ့ပါဘူး။ ကောင်းတဲ့အစားအစာတွေစားချင်တယ်၊ ကောင်းတာတွေပဲဝတ်ချင်တာကြောင့် ငွေကလူနဲ့ကပ်တယ်လို့ကို မရှိခဲ့တာပါ။ ဘယ်တော့မှလည်း မလောက်ခဲ့ပါဘူး။ ဒီလိုအမှားတွေကို ရှောင်ရှားနိုင်ဖို့အတွက် ငွေကြေးနဲ့ပတ်သတ်တဲ့ အမှားတွေနဲ့ အကြံပေးချက်အချို့ကကို မျှဝေပေးချင်ပါတယ်။

အချိန်ရဲ့စွမ်းအားကို နားလည်ပါ
သင်ဆယ်ကျော်သက်အရွယ်မှာ ငွေကိုသန်းနဲ့ချီပြီး အမြောက်အမြားဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကိုအရေးမထားပါနဲ့။ အချိန်ရဲ့စွမ်းအားကိုယုံကြည်ပါ။ အချိန်က သင့်အတွက် ငွေအများကြီးကို ဖန်တီးပေးနိုင်ပါတယ်။ ပထမဆုံး နွေရာသီလိုကျောင်းပိတ်ရက်မှာ အလုပ်တစ်ခုလုပ်ပြီး ငွေရှာပါ။ လအနည်းငယ်နဲ့ သင်စုဆောင်းမိတဲ့ ပိုက်ဆံတွေကို ၅% အမြတ်ပြန်ရနိုင်မယ့် ကိုယ်ပိုင် သို့မဟုတ် စပ်တူလုပ်ငန်းတစ်ခုမှာ ပြန်လည်ရင်းနှီးမြှပ်နှံပါ။ နောက်ထပ်ဆယ်နှစ်ကြာတဲ့အခါမှာ ငွေကိုဘယ်လိုရှာဖွေစုဆောင်းရမယ်ဆိုတာ သင်အလိုလိုကျွမ်းကျင်လာပြီး လက်ထဲမှာ ငွေအလုံးအရင်းနဲ့ စုမိနေပါလိမ့်မယ်။

ငွေစုတဲ့ အကျင့်ကို စတင်ပျိုးထောင်ပါ
သင်ဘယ်အရွယ်လောက်က သွားစတိုက်ခဲ့တာလဲ။ ဒီလိုပါပဲ ဆယ်ကျော်သက်အရွယ်တည်းက စတင်ငွေစုခြင်းဟာ သွားတိုက်တဲ့အကျင့်လို သေတဲ့အထိစွဲသွားစေပါတယ်။ ငွေကိုစုဖို့အတွက် အရမ်အများကြီး စဉ်းစားတွေးတောစရာမလိုပါဘူး။ နည်းနည်းလောက်ပဲ စုနိုင်ရင်တောင် သင့်အတွက်အဆင်ပြေပါတယ်။ အဓိကကအကျင့်ကိုပျိုးထောင်ဖို့ကို ဆိုလိုတာပါ။ အခုအချိန်မှာ ဒီလိုအကျင့်ရှိနေရင် သင်မုန့်ဖိုးရလို့ဖြစ်စေ၊ အလုပ်ကဝင်ငွေရလို့ဖြစ်စေ ဝင်ငွေရလာတာနဲ့ စုဆောင်းဖို့အတွက် အလိုလိုအားသန်လာပါလိမ့်မယ်။ ငွေကိုစုဆောင်းတတ်လာတာနဲ့အမျှ မလိုအပ်တဲ့နေရာတွေမှာ သုံးဖြုန်းတဲ့အကျင့်က အားနည်းလာပါလိမ့်မယ်။

အသုံးစားရိတ်ကို ခြေရာခံပါ
ဒီအရာကတော့ ဆယ်ကျော်သက်တွေအတွက် ခက်ခဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသုံးစားရိတ်ကို ခြေရာခံတဲ့အလုပ်ဟာ အိမ်ထောင်သည်လူကြီးတွေအဖို့တောင် လွယ်ကူတဲ့အရာတစ်ခု မဟုတ်နေပါဘူး။ ဒါပေမယ့် ကိုယ်သုံးလိုက်တဲ့ အသုံးစားရိတ်ကို ခြေရာခံနိုင်မှသာ ငွေကြေးကိုကောင်းစွာထိန်းချုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့တွေအားလုံး လကုန်ရက်တွေမှာ အိတ်ကပ်ထဲပိုက်ဆံရှိနေပေမယ့် သိပ်ကြာကြာမခံတတ်ပါဘူး။ မသိရင်အိတ်ကပ်ပဲပေါက်နေသလိုလို ဘယ်ကဘယ်လိုကုန်သွားမှန်းမသိလောက်အောင် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ဘဏ်ကဒ် ATM ထဲမှာငွေကို ထည့်ထားပြီး လိုသလောက်ကိုသာ ထုတ်သုံးပါ။ သင်ထုတ်လိုက်တဲ့ငွေနဲ့ သုံးလိုက်မိတာတွေကို ခြေရာခံနိုင်ဖို့ အကူအညီဖြစ်စေပါတယ်။

၄။ ဘဏ္ဍာရေးနဲ့ ငွေကြေးစီမံခန့်ခွဲတဲ့ စာပေတွေကို လေ့လာပါ
စာရေးဆရာအတော်များများကလည်း စီးပွားရေးနဲ့ပတ်သတ်ပြီး အကြံပေးချက်တွေ ငွေကြေးစနစ်တွေကို ရေးသားကြပါတယ်။ ဒီလိုစာပေတွေကို ဖတ်ရှုလေ့လာပါ။ သင့်အတွက် များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။

၅။ ပညာရေးနဲ့ပတ်သတ်ပြီး မှန်ကန်အောင်ဆုံးဖြတ်ပါ
အလုပ်တော်တော်များများက သတ်မှတ်ဘွဲ့တစ်ခုရှိရင်တောင်မှ အတွေ့အကြုံရှိတဲ့သူကို ပိုပြီးဦးစားပေးခေါ်ကြတာများပါတယ်။ သင့်အတွက် အချိန်လေးနှစ်လောက်ပေးပြီး ဘွဲ့တစ်ခုရတာတောင်မှ အလုပ်ရဖို့ခက်ခဲနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် အဝေးသင်လိုမျိုးနဲ့ သာမာန်ဘွဲတစ်ခုကို ယူဖို့ကြိုးစားပြီး ကျောင်းတက်နေတဲ့အချိန်မှာပဲ အလုပ်အတွေ့အကြုံနဲ့ ကိုယ့်ရဲ့စွမ်းရည်ကို ဖြည့်တင်းနိုင်မယ့် သင်တန်းတွေကို ဦးစားပေးလုပ်ပါ။ ဒါမှသာ ဘွဲ့ရပြီးအလုပ်မရတဲ့ ဘဝကကင်းဝေးပါလိမ့်မယ်။ ကျောင်းပြင်ပမှာသင်တဲ့ လုပ်ငန်းခွင်သင်တန်းတွေက သင့်ရဲ့ professional ဘဝအတွက် ပိုမိုအကျိုးရှိစေတယ်ဆိုတာကို မမေ့ပါနဲ့။ မြန်မာပြည်ပညာရေးစနစ်ကို နှိမ်ခြင်းမဟုတ်ပါဘူး။ လူငယ်တွေလေးနှစ်လောက် အလဟဿအချိန်ဖြုန်းသလိုဖြစ်နေတတ်လို့ပါ။ ဒီလိုအလုပ်လုပ်ရင်း ကျောင်းတက်တာက မိဘတွေအတွက်လည်း စီးပွားရေးအရ အထောက်အကူဖြစ်စေသလို သင့်အတွက်လည်း ပိုမိုရင့်ကျက်စေပါတယ်။

၆။ သင့်အတွက် အရမ်းစောနေလား
တကယ်လို့ ကြီးမားတဲ့စီးပွားရေးနဲ့ ဘဏ္ဍရေးကို ပိုင်ဆိုင်ထားတဲ့ လူတွေကို သင်မေးကြည့်ရင် သူတို့တွေက အခြားသူတွေမလုပ်ခင်ကတည်းက ငွေကြေးအကြောင်းကို စဉ်းစားလာကြပြီး စတင်ကြိုးစားခဲ့တာကို သင်သိရပါလိမ့်မယ်။ သင်ပိုပြီး အသက်ကြီးလာလေ ငွေရှာရတာ ပိုခက်လာလေဆိုတာ မမေ့ပါနဲ့။ ငယ်ရွယ်တဲ့အချိန်မှာတည်းက ငွေကြေးစုဆောင်းရှာဖွေတာဟာ အမြဲတမ်းသူများထက် သာနေပါတယ်။ သင်စတင်ပြီး ကြိုးစားလာတာနဲ့အမျှ သင့်ဘဝမှာ နောင်တဆိုတာ ဘယ်တော့မှရှိမှာ မဟုတ်တော့ပါဘူး။ လူအတော်များများ ငယ်ရွယ်စဉ်က မကြိုးစားခဲ့တာကို နောင်တရနေကြပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here