ဆယ်ကျော်သက်တွေအတွက် နွေရာသီကျောင်းပိတ်ရက်မှာ အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

0
54

နွေရာသီရောက်ပြီဆိုရင် စာမေးပွဲတွေဖြေပြီး ကျောင်းတွေပိတ်ထားတဲ့အတွက် ဆယ်ကျော်သက်ကလေးတွေမှာ အားလပ်ချိန်တွေ အများကြီးရရှိပါတယ်။ ဒီအားလပ်ချိန်တွေဟာ အထက်တန်းတတ်မယ့် ကလေးတွေအတွက် နွေရာသီသင်တန်းလေးတွေ၊ တက္ကသိုလ်ဝင်တန်းအကြိုသင်တန်းတွေ တတ်ကြရမယ့် အချိန်ကောင်း ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားတွေအတွက် ကိုယ်ပိုင်ဝင်ငွေရအောင်၊ လုပ်ငန်းအတွေ့အကြုံရအောင် အလုပ်စလုပ်ဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ကျောင်းမပြီးသေးပေမယ့် လုပ်ငန်းခွင်စောစောဝင်တဲ့ ကလေးတွေဟာ ကျောင်းပြီးမှ လုပ်ငန်းခွင်ဝင်တဲ့ ကလေးတွေထက် အားသာချက်တွေ အများကြီး ရှိပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အလယ်တန်းအဆင့်ကလေးတွေဟာ သူတို့ကိုယ်ပိုင်ဝင်ငွေရဖို့ နွေရာသီမှာ တနိုင်တပိုင်အလုပ်လေးတွေ လုပ်တတ်ကြတာကို တွေ့ရပါတယ်။

-Advertisement-

လေ့လာမှုများစွာမှာ အလုပ်တစ်ခုရှိခြင်းက လူငယ်တွေအတွက် အပြုသဘောဆောင်တဲ့ ဝိသေသလက္ခဏာများရဲ့ ကျယ်ပြန့်မှုကို ဖွံ့ဖြိုးတိုးတတ်အောင် ကူညီပေးတယ်လို့ အတည်ပြုခဲ့ကြပါတယ်။ ဥပမာ- သူတို့ဟာ တာဝန်ယူတတ်ဖို့၊ အချိန်စီမံခန့်ခွဲမှုစွမ်းရည် တိုးတတ်ဖို့၊ လူကြီးတွေနှင့် စကားပြောတဲ့အခါ သူတို့ရဲ့ အရှက်အကြောက်ကို ကျော်လွှားနိုင်ဖို့နှင့် သူတို့ရဲ့ ကိုယ်ပိုင်ဝင်ငွေကို စီမံခန့်ခွဲဖို့ သင်ယူပါတယ်။

ဆယ်ကျော်သက်တွေအတွက် နွေရာသီအလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

မေမေတို့ရဲ့ ဆယ်ကျော်သက် သားသား/မီးမီးတွေက ဒီနွေရာသီမှာ အလုပ်လုပ်ချင်တယ်လို့ ထုတ်ပြောခဲ့ရင် မေမေတို့က အလုပ်လုပ်ခြင်းရဲ့ အားသာချက်တွေကို စဥ်းစားသင့်ပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ ဆယ်ကျော်သက်တွေအတွက် နွေရာသီကျောင်းပိတ်ရက်မှာ အလုပ်လုပ်တဲ့အခါ ရရှိလာမယ့် အားသာချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ တာဝန်ယူတတ်လာပါတယ်

ပထမဆုံးအနေနဲ့ ဆယ်ကျော်သက်တွေ ရရှိမယ့် အကျိုးကျေးဇူးတော့ တာဝန်ယူတတ်တဲ့စိတ် တိုးလာခြင်းဖြစ်ပါတယ်။ အိမ်မှု့ကိစ္စတွေနဲ့မတူဘဲ ဆယ်ကျော်သက်တွေဟာ ကိုယ်အကျွမ်းတဝင်မရှိတဲ့ အထက်အရာရှိဆီကနေ အမိန့်နာခံတတ်မှု ရရှိပါလိမ့်မယ်။ ဒါ့အပြင် သူတို့ဟာ အလုပ်အချိန်ဇယားအခြေခိုင်ခြင်းနှင့်အတူ မိမိတို့ရဲ့ အဓိကဦးစားပေးရမယ့်အရာတွေကို စီမံခန့်ခွဲတတ်ဖို့ သင်ယူပါလိမ့်မယ်။ ကိုယ့်အိမ်မှာ ဘာမှမလုပ်ဘဲ အိပ်နေလို့ရပေမယ့် လုပ်ငန်းခွင်ရောက်တဲ့အခါ သူတို့မှာ အများနည်းတူ အလုပ်ပြီးမြောက်အောင် လုပ်ကိုင်ရတာကြောင့် လူငယ်တွေအတွက် ကတိတည်မှုနဲ့ တာဝန်ယူတတ်မှု အတွေ့အကြုံတွေ ရရှိမှာ ဖြစ်ပါတယ်။

၂။ ဘယ်ကနေ ငွေဝင်မလဲဆိုတာကို တွက်တတ်လာပါတယ်

စီးပွားရေးလုပ်တဲ့အခါ အရင်းအနှီးမစိုက်ရတဲ့ အလုပ်ဆိုတာ မရှိပါဘူးနော်။ တချို့ ကိုယ်ပိုင်စီးပွားရေး လုပ်လိုတဲ့ ဆယ်ကျော်သက်တွေအတွက် အရင်းအနှီးဆိုတာ လိုလာပါပြီ။ တချို့မိဘတွေက ဒီကုန်ကျစရိတ်ကို ထုတ်ပေးနိုင်ပေမယ့် ဆန္ဒရှိခဲ့ရင်တောင် မိဘတွေအားလုံး မတတ်နိုင်ပါဘူး။ နွေရာသီအလုပ်တစ်ခုက ဆယ်ကျော်သက်ကလေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်တာကြောင့် အလုပ်အတွေ့အကြုံ လိုချင်တဲ့ သားသားမီးမီးတို့အတွက် အရင်းအနှီးနည်းမယ့် အလုပ်ကို စဥ်းစားပေးရပါမယ်။ ဥပမာ- ကော်ဖီရောင်းတာမျိုး၊ တနိုင်တပိုင် ဆပ်ပြာဆီထုတ်လုပ်တာမျိုး၊ အွန်လိုင်းရှောပင်လုပ်တာမျိုးတွေ ဖြစ်ပါတယ်။ ပထမဆုံးအတွေ့အကြုံက ကလေးတွေဟာ ရင်းနှီးမြုပ်နှံမယ့် မိဘတွေရဲ့ ငွေကြေးကို တန်ဖိုးထားတတ်လာစေပါတယ်၊။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ အိမ်ရဲ့ စီးပွားရေးကို အထောက်အကူပေးနိုင်စွမ်း ရရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အသုံးစရိတ်အတွက် သူတို့ဘာသာ ရှာဖွေနိုင်လာမှာ ဖြစ်ပါတယ်။

၃။ အဆက်အသွယ် ကွန်ယက် ရရှိလာစေပါတယ်

နွေရာသီ အလုပ်တစ်ခုခုလုပ်ခြင်းဖြင့် ဆယ်ကျော်သက်တွေဟာ လူအမျိုးမျိုးနဲ့ အပြုသဘောဆောင်တဲ့ ပေါင်းသင်း ဆက်ဆံရေး ဖွံ့ဖြိုးတိုးတတ်ဖို့ သင်ယူပါတယ်။ ထို့နည်းတူ ဒီအတွေ့အကြုံများက ပိုပြီးအတွေ့အကြုံရှိတဲ့ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အလုပ်လုပ်ခြင်းရဲ့ အခွင့်အလမ်း ရှိလာပါတယ်။
ဒီကနဦးအတွေ့အကြုံက ဆယ်ကျော်သက်တွေအတွက် အဆင့်မြင့်ပညာရေးပြီးဆုံးတဲ့အခါ အချိန်ပြည့်အလုပ်တစ်ခုကိုတောင် အလွယ်တကူ ရရှိလာနိုင်ပါတယ်။ အဆက်အသွယ် ကွန်ယက် ရှိထားခြင်းက အလုပ်ကောင်းတစ်ခု ရရှိလာခြင်းရဲ့ အားသာချက်တစ်ခုဆိုတာ ငြင်းလို့မရပါဘူး။

၄။ အချိန်စီမံခန့်ခွဲမှု တိုးတတ်လာစေပါတယ်

နွေရာသီအတွင်း အလုပ်လုပ်ခြင်းက အချိန်စီမံခန့်ခွဲမှု skills ဖွံ့ဖြိုးတိုးတတ်ဖို့ အထောက်အကူပြုတဲ့နည်းလမ်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ လူကြီးဘဝရဲ့ ပုံသွင်းအဆင့် ဖြစ်တာကြောင့် ဒီအရွယ်တည်းက အချိန်စီမံခန့်ခွဲတတ်မှု အခြေခိုင်အောင် လုပ်ပေးဖို့လိုအပ်ပါတယ်။
တကယ်တော့ သူတို့ရဲ့အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲခြင်းက သူတို့မှာ ဘယ်အရာတွေက အရေးကြီးသလဲဆိုတာ ဆုံးဖြတ်တတ်ဖို့ သင်ယူလိမ့်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အချိန်ကိုကောင်းကောင်းစီမံခန့်ခွဲတတ်ခြင်းဖြင့် ဘယ်အချိန်မှာ ဘာလုပ်ရမယ်။ ဘယ်အရာကို ဦးစားပေးရမယ်ဆိုတာ သိနားလည်လာစေပါတယ်။

၅။ Self-esteem ရှိလာပါတယ်

ပရော်ဖက်ရှင်နယ်အတွေ့အကြုံရှိတဲ့ ဆယ်ကျော်သက်တွေမှာ self-confidence( ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှု)နှင့် self-esteem (ကိုယ့်ကိုယ်ကို လေးစားမှု) တိုးမြှင့်လာပါတယ်။ ဒါက အလုပ်သမားကောင်းတစ်ဦးဖြစ်ခြင်း၊ ငွေဝင်ခြင်းနှင့် သူတို့ရဲ့ တာဝန်ကျေပွန်မှု၏ ရလဒ်အဖြစ် တွေ့ရှိနိုင်ပါတယ်။
တချိန်တည်းမှာပဲ အလုပ်တစ်ခုရှိခြင်းက သူတို့ကို မိဘတွေ၊ လူကြီးတွေက ယုံကြည်မှုပေးထားတယ်၊ လွတ်လပ်မှုဆိုတာ ဒါပါလားဆိုတဲ့ အသိကိုပေးစွမ်းနိုင်ပါတယ်။

၆။ ကျွမ်းကျင်မှု (Skill) ဖွံ့ဖြိုးတိုးတတ်လာစေပါတယ်

နောက်ဆုံးအနေနဲ့ သင့်ဆယ်ကျော်သက်လေးရဲ့ ပထမဆုံးအလုပ်က သူတို့ရဲ့အနာဂတ်မှာ အသုံးဝင်မယ့် ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတတ်ဖို့ ကူညီလိမ့်မယ်ဆိုတာ မေမေတို့ မမေ့သင့်ပါဘူး။ အခြေခံသတင်းအချက်အလက်နည်းပညာ၊ ငွေကြေးကိုင်တွယ်ခြင်းနှင့် ကာစတန်မာ ဝန်ဆောင်မှုကဲ့သို့ စွယ်စုံရကျွမ်းကျင်မှုက ဆယ်ကျော်သက်လေးတွေရဲ့ ပထမဆုံးလုပ်ငန်းအတွေ့ကြုံရဲ့ အစိတ်အပိုင်းအများစု ဖြစ်ပါတယ်။

ဒါက ဆယ်ကျော်သက်လေးတွေ နွေရာသီကျောင်းပိတ်ရက်မှာ အလုပ်လုပ်ခြင်းက သူတို့ရဲ့ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတတ်ကောင်းမွန်စေတဲ့အပြင် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့ လေ့လာမှုတစ်ခုက အခိုင်အမာပြောထားပါတယ်။ မေမေတို့ရဲ့ ဆယ်ကျော်သက်လေးတွေကို အလုပ်လုပ်ခိုင်းတာက ငွေရဖို့ ခိုင်းစားတာမဟုတ်ဘဲ သူတို့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိသလဲဆိုတာကို သိသွားပြီလို့ ယုံကြည်ပါတယ်နော်။ ဒါပေမယ့် မေမေတို့ရဲ့ ဆယ်ကျော်သက်လေးတွေကို သူတို့ဆန္ဒမပါဘဲ အတင်းအကျပ် အလုပ်လုပ်ခိုင်းတာ၊ ဖိအားပေးတာ မလုပ်ဖို့ အကြံပြုပါတယ်။ နွေရာသီကျောင်းပိတ်ရက်အတွက် အလုပ် ရှာတဲ့အခါမှာလည်း သူတို့နဲ့ သင့်လျော်တဲ့အလုပ်ကို လမ်းညွှန်ပေးဖို့ မေမေတို့က ကူညီပေးရပါမယ်။

#Lifestyle_Myanmar

#LM_Nandar

ZawGyi

ဆယ္ေက်ာ္သက္ေတြအတြက္ ေႏြရာသီေက်ာင္းပိတ္ရက္မွာ အလုပ္လုပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား
ေႏြရာသီေရာက္ၿပီဆိုရင္ စာေမးပြဲေတြေျဖၿပီး ေက်ာင္းေတြပိတ္ထားတဲ့အတြက္ ဆယ္ေက်ာ္သက္ကေလးေတြမွာ အားလပ္ခ်ိန္ေတြ အမ်ားႀကီးရရွိပါတယ္။ ဒီအားလပ္ခ်ိန္ေတြဟာ အထက္တန္းတတ္မယ့္ ကေလးေတြအတြက္ ေႏြရာသီသင္တန္းေလးေတြ၊ တကၠသိုလ္ဝင္တန္းအႀကိဳသင္တန္းေတြ တတ္ၾကရမယ့္ အခ်ိန္ေကာင္း ျဖစ္ၿပီး တကၠသိုလ္ေက်ာင္းသားေတြအတြက္ ကိုယ္ပိုင္ဝင္ေငြရေအာင္၊ လုပ္ငန္းအေတြ႕အႀကဳံရေအာင္ အလုပ္စလုပ္ဖို႔အတြက္ အေကာင္းဆုံးအခ်ိန္ျဖစ္ပါတယ္။ ေက်ာင္းမၿပီးေသးေပမယ့္ လုပ္ငန္းခြင္ေစာေစာဝင္တဲ့ ကေလးေတြဟာ ေက်ာင္းၿပီးမွ လုပ္ငန္းခြင္ဝင္တဲ့ ကေလးေတြထက္ အားသာခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာဆိုရင္ အလယ္တန္းအဆင့္ကေလးေတြဟာ သူတို႔ကိုယ္ပိုင္ဝင္ေငြရဖို႔ ေႏြရာသီမွာ တႏိုင္တပိုင္အလုပ္ေလးေတြ လုပ္တတ္ၾကတာကို ေတြ႕ရပါတယ္။

ေလ့လာမႈမ်ားစြာမွာ အလုပ္တစ္ခုရွိျခင္းက လူငယ္ေတြအတြက္ အျပဳသေဘာေဆာင္တဲ့ ဝိေသသလကၡဏာမ်ားရဲ႕ က်ယ္ျပန္႔မႈကို ဖြံ႕ၿဖိဳးတိုးတတ္ေအာင္ ကူညီေပးတယ္လို႔ အတည္ျပဳခဲ့ၾကပါတယ္။ ဥပမာ- သူတို႔ဟာ တာဝန္ယူတတ္ဖို႔၊ အခ်ိန္စီမံခန္႔ခြဲမႈစြမ္းရည္ တိုးတတ္ဖို႔၊ လူႀကီးေတြႏွင့္ စကားေျပာတဲ့အခါ သူတို႔ရဲ႕ အရွက္အေၾကာက္ကို ေက်ာ္လႊားႏိုင္ဖို႔ႏွင့္ သူတို႔ရဲ႕ ကိုယ္ပိုင္ဝင္ေငြကို စီမံခန္႔ခြဲဖို႔ သင္ယူပါတယ္။

ဆယ္ေက်ာ္သက္ေတြအတြက္ ေႏြရာသီအလုပ္လုပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးမ်ား

ေမေမတို႔ရဲ႕ ဆယ္ေက်ာ္သက္ သားသား/မီးမီးေတြက ဒီေႏြရာသီမွာ အလုပ္လုပ္ခ်င္တယ္လို႔ ထုတ္ေျပာခဲ့ရင္ ေမေမတို႔က အလုပ္လုပ္ျခင္းရဲ႕ အားသာခ်က္ေတြကို စဥ္းစားသင့္ပါတယ္။ ဒါ့ေၾကာင့္ ေမေမတို႔ရဲ႕ ဆယ္ေက်ာ္သက္ေတြအတြက္ ေႏြရာသီေက်ာင္းပိတ္ရက္မွာ အလုပ္လုပ္တဲ့အခါ ရရွိလာမယ့္ အားသာခ်က္အခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

၁။ တာဝန္ယူတတ္လာပါတယ္

ပထမဆုံးအေနနဲ႔ ဆယ္ေက်ာ္သက္ေတြ ရရွိမယ့္ အက်ိဳးေက်းဇူးေတာ့ တာဝန္ယူတတ္တဲ့စိတ္ တိုးလာျခင္းျဖစ္ပါတယ္။ အိမ္မႈ႕ကိစၥေတြနဲ႔မတူဘဲ ဆယ္ေက်ာ္သက္ေတြဟာ ကိုယ္အကြၽမ္းတဝင္မရွိတဲ့ အထက္အရာရွိဆီကေန အမိန္႔နာခံတတ္မႈ ရရွိပါလိမ့္မယ္။ ဒါ့အျပင္ သူတို႔ဟာ အလုပ္အခ်ိန္ဇယားအေျခခိုင္ျခင္းႏွင့္အတူ မိမိတို႔ရဲ႕ အဓိကဦးစားေပးရမယ့္အရာေတြကို စီမံခန္႔ခြဲတတ္ဖို႔ သင္ယူပါလိမ့္မယ္။ ကိုယ့္အိမ္မွာ ဘာမွမလုပ္ဘဲ အိပ္ေနလို႔ရေပမယ့္ လုပ္ငန္းခြင္ေရာက္တဲ့အခါ သူတို႔မွာ အမ်ားနည္းတူ အလုပ္ၿပီးေျမာက္ေအာင္ လုပ္ကိုင္ရတာေၾကာင့္ လူငယ္ေတြအတြက္ ကတိတည္မႈနဲ႔ တာဝန္ယူတတ္မႈ အေတြ႕အႀကဳံေတြ ရရွိမွာ ျဖစ္ပါတယ္။

၂။ ဘယ္ကေန ေငြဝင္မလဲဆိုတာကို တြက္တတ္လာပါတယ္

စီးပြားေရးလုပ္တဲ့အခါ အရင္းအႏွီးမစိုက္ရတဲ့ အလုပ္ဆိုတာ မရွိပါဘူးေနာ္။ တခ်ိဳ႕ ကိုယ္ပိုင္စီးပြားေရး လုပ္လိုတဲ့ ဆယ္ေက်ာ္သက္ေတြအတြက္ အရင္းအႏွီးဆိုတာ လိုလာပါၿပီ။ တခ်ိဳ႕မိဘေတြက ဒီကုန္က်စရိတ္ကို ထုတ္ေပးႏိုင္ေပမယ့္ ဆႏၵရွိခဲ့ရင္ေတာင္ မိဘေတြအားလုံး မတတ္ႏိုင္ပါဘူး။ ေႏြရာသီအလုပ္တစ္ခုက ဆယ္ေက်ာ္သက္ကေလးအတြက္ မရွိမျဖစ္ လိုအပ္ခ်က္တစ္ခု ျဖစ္တာေၾကာင့္ အလုပ္အေတြ႕အႀကဳံ လိုခ်င္တဲ့ သားသားမီးမီးတို႔အတြက္ အရင္းအႏွီးနည္းမယ့္ အလုပ္ကို စဥ္းစားေပးရပါမယ္။ ဥပမာ- ေကာ္ဖီေရာင္းတာမ်ိဳး၊ တႏိုင္တပိုင္ ဆပ္ျပာဆီထုတ္လုပ္တာမ်ိဳး၊ အြန္လိုင္းေရွာပင္လုပ္တာမ်ိဳးေတြ ျဖစ္ပါတယ္။ ပထမဆုံးအေတြ႕အႀကဳံက ကေလးေတြဟာ ရင္းႏွီးျမဳပ္ႏွံမယ့္ မိဘေတြရဲ႕ ေငြေၾကးကို တန္ဖိုးထားတတ္လာေစပါတယ္၊။ တစ္ခ်ိန္တည္းမွာပဲ သူတို႔ဟာ အိမ္ရဲ႕ စီးပြားေရးကို အေထာက္အကူေပးႏိုင္စြမ္း ရရွိပါတယ္။ သူတို႔ရဲ႕ ကိုယ္ပိုင္အသုံးစရိတ္အတြက္ သူတို႔ဘာသာ ရွာေဖြႏိုင္လာမွာ ျဖစ္ပါတယ္။

၃။ အဆက္အသြယ္ ကြန္ယက္ ရရွိလာေစပါတယ္

ေႏြရာသီ အလုပ္တစ္ခုခုလုပ္ျခင္းျဖင့္ ဆယ္ေက်ာ္သက္ေတြဟာ လူအမ်ိဳးမ်ိဳးနဲ႔ အျပဳသေဘာေဆာင္တဲ့ ေပါင္းသင္း ဆက္ဆံေရး ဖြံ႕ၿဖိဳးတိုးတတ္ဖို႔ သင္ယူပါတယ္။ ထို႔နည္းတူ ဒီအေတြ႕အႀကဳံမ်ားက ပိုၿပီးအေတြ႕အႀကဳံရွိတဲ့ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္အတူ အလုပ္လုပ္ျခင္းရဲ႕ အခြင့္အလမ္း ရွိလာပါတယ္။
ဒီကနဦးအေတြ႕အႀကဳံက ဆယ္ေက်ာ္သက္ေတြအတြက္ အဆင့္ျမင့္ပညာေရးၿပီးဆုံးတဲ့အခါ အခ်ိန္ျပည့္အလုပ္တစ္ခုကိုေတာင္ အလြယ္တကူ ရရွိလာႏိုင္ပါတယ္။ အဆက္အသြယ္ ကြန္ယက္ ရွိထားျခင္းက အလုပ္ေကာင္းတစ္ခု ရရွိလာျခင္းရဲ႕ အားသာခ်က္တစ္ခုဆိုတာ ျငင္းလို႔မရပါဘူး။

၄။ အခ်ိန္စီမံခန္႔ခြဲမႈ တိုးတတ္လာေစပါတယ္

ေႏြရာသီအတြင္း အလုပ္လုပ္ျခင္းက အခ်ိန္စီမံခန္႔ခြဲမႈ skills ဖြံ႕ၿဖိဳးတိုးတတ္ဖို႔ အေထာက္အကူျပဳတဲ့နည္းလမ္း ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္ဆိုတာ လူႀကီးဘဝရဲ႕ ပုံသြင္းအဆင့္ ျဖစ္တာေၾကာင့္ ဒီအ႐ြယ္တည္းက အခ်ိန္စီမံခန္႔ခြဲတတ္မႈ အေျခခိုင္ေအာင္ လုပ္ေပးဖို႔လိုအပ္ပါတယ္။
တကယ္ေတာ့ သူတို႔ရဲ႕အခ်ိန္ကို ေကာင္းေကာင္းစီမံခန္႔ခြဲျခင္းက သူတို႔မွာ ဘယ္အရာေတြက အေရးႀကီးသလဲဆိုတာ ဆုံးျဖတ္တတ္ဖို႔ သင္ယူလိမ့္မယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။ အခ်ိန္ကိုေကာင္းေကာင္းစီမံခန္႔ခြဲတတ္ျခင္းျဖင့္ ဘယ္အခ်ိန္မွာ ဘာလုပ္ရမယ္။ ဘယ္အရာကို ဦးစားေပးရမယ္ဆိုတာ သိနားလည္လာေစပါတယ္။

၅။ Self-esteem ရွိလာပါတယ္

ပေရာ္ဖက္ရွင္နယ္အေတြ႕အႀကဳံရွိတဲ့ ဆယ္ေက်ာ္သက္ေတြမွာ self-confidence( ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိမႈ)ႏွင့္ self-esteem (ကိုယ့္ကိုယ္ကို ေလးစားမႈ) တိုးျမႇင့္လာပါတယ္။ ဒါက အလုပ္သမားေကာင္းတစ္ဦးျဖစ္ျခင္း၊ ေငြဝင္ျခင္းႏွင့္ သူတို႔ရဲ႕ တာဝန္ေက်ပြန္မႈ၏ ရလဒ္အျဖစ္ ေတြ႕ရွိႏိုင္ပါတယ္။
တခ်ိန္တည္းမွာပဲ အလုပ္တစ္ခုရွိျခင္းက သူတို႔ကို မိဘေတြ၊ လူႀကီးေတြက ယုံၾကည္မႈေပးထားတယ္၊ လြတ္လပ္မႈဆိုတာ ဒါပါလားဆိုတဲ့ အသိကိုေပးစြမ္းႏိုင္ပါတယ္။

၆။ ကြၽမ္းက်င္မႈ (Skill) ဖြံ႕ၿဖိဳးတိုးတတ္လာေစပါတယ္

ေနာက္ဆုံးအေနနဲ႔ သင့္ဆယ္ေက်ာ္သက္ေလးရဲ႕ ပထမဆုံးအလုပ္က သူတို႔ရဲ႕အနာဂတ္မွာ အသုံးဝင္မယ့္ ကြၽမ္းက်င္မႈေတြ ဖြံ႕ၿဖိဳးတိုးတတ္ဖို႔ ကူညီလိမ့္မယ္ဆိုတာ ေမေမတို႔ မေမ့သင့္ပါဘူး။ အေျခခံသတင္းအခ်က္အလက္နည္းပညာ၊ ေငြေၾကးကိုင္တြယ္ျခင္းႏွင့္ ကာစတန္မာ ဝန္ေဆာင္မႈကဲ့သို႔ စြယ္စုံရကြၽမ္းက်င္မႈက ဆယ္ေက်ာ္သက္ေလးေတြရဲ႕ ပထမဆုံးလုပ္ငန္းအေတြ႕ႀကဳံရဲ႕ အစိတ္အပိုင္းအမ်ားစု ျဖစ္ပါတယ္။

ဒါက ဆယ္ေက်ာ္သက္ေလးေတြ ေႏြရာသီေက်ာင္းပိတ္ရက္မွာ အလုပ္လုပ္ျခင္းက သူတို႔ရဲ႕ပညာေရးဆိုင္ရာ စြမ္းေဆာင္ရည္ကို တိုးတတ္ေကာင္းမြန္ေစတဲ့အျပင္ အျပဳသေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈ ရွိတယ္လို႔ ေလ့လာမႈတစ္ခုက အခိုင္အမာေျပာထားပါတယ္။ ေမေမတို႔ရဲ႕ ဆယ္ေက်ာ္သက္ေလးေတြကို အလုပ္လုပ္ခိုင္းတာက ေငြရဖို႔ ခိုင္းစားတာမဟုတ္ဘဲ သူတို႔အတြက္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ရရွိသလဲဆိုတာကို သိသြားၿပီလို႔ ယုံၾကည္ပါတယ္ေနာ္။ ဒါေပမယ့္ ေမေမတို႔ရဲ႕ ဆယ္ေက်ာ္သက္ေလးေတြကို သူတို႔ဆႏၵမပါဘဲ အတင္းအက်ပ္ အလုပ္လုပ္ခိုင္းတာ၊ ဖိအားေပးတာ မလုပ္ဖို႔ အႀကံျပဳပါတယ္။ ေႏြရာသီေက်ာင္းပိတ္ရက္အတြက္ အလုပ္ ရွာတဲ့အခါမွာလည္း သူတို႔နဲ႔ သင့္ေလ်ာ္တဲ့အလုပ္ကို လမ္းၫႊန္ေပးဖို႔ ေမေမတို႔က ကူညီေပးရပါမယ္။

Chit_MayMay

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here