ဆယ်ကျော်သက်လေးတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျနေစေမယ့် ကိုရီးယားဖက်ရှင် ဒီဇိုင်းလေးတွေ

0
91
ကိုရီးယားဖက်ရှင်

မင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ ကိုရီးယားလူငယ်မိန်းကလေးတွေ ၀တ်ဆင်တဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေကို ဖော်ပြပေးမှာပါ။ ကိုရီးယား K-Pop တွေ ၀တ်ဆင်လေ့ရှိတဲ့ ဖက်ရှင်တစ်ခုကတော့ ဂျင်းဘောင်းဘီနှင့် တီရှပ်အကျီ င်္လေးကို sneaker ဖိနပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာပါပဲ။ ဒါက မိန်းကလေးဆန်တဲ့ ဖက်ရှင်မျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျနေစေမယ့် ဒီဇိုင်းလေးတွေပါ။

-Advertisement-

၁။တီရှပ်လေးတွေနဲ့ ဂျင်းပင်အတိုလေးတွေ

ကိုရီးယားဖက်ရှင်တစ်ခုဖြစ်တဲ့ တီရှပ်အင်္ကျီပွပွနှင့် ဂျင်းဘောင်းဘီအတိုလေးကို လိုက်ဖက်အောင် sneaker ဖိနပ်လေးတွေနဲ့ ပေါင်းစပ်ထားတာပါ။ ပိုပြီးလူငယ်ဆန်စေဖို့ မျက်မှန်လေးတွေ၊ရှာထိုး ဦးထုပ်လေးတွေ ဝတ်ဆင်နိုင်ပါတယ်။

အဝါရောင်အင်္ကျီလေးနဲ့လိုက်ဖက်အောင် ဦးထုပ်ကို အဖြူရောင်လေး ရွေးချယ်ပြီး sneaker ဖိနပ်ကို အဖြူနဲ့အဝါစပ်ထားတဲ့အရောင်လေးရွေးချယ်ထားပါတယ်။ ဂျင်းဘောင်းဘီ အနက်ရောင်ရွေးချယ်ခြင်းက အကျီင်္နဲ့လိုက်ဖက်မှုရှိပြီး ပိုပြီးပေါ်လွင်သွားစေပါတယ်။

ဂျင်းပင်အပြာနှင့် တီရှပ်အဖြူလေးဝတ်မယ်ဆိုရင် အင်္ကျီကအနားကွပ်အရောင်လေး(or) စာလုံးအရောင်နဲ့ ဦးထုပ်အရောင်ကို လိုက်ဖက်အောင် ရွေးချယ်ပါ။

အပြာရောင်နဲ့ အဖြူရောင်တွဲစပ်မှုက ဘယ်တော့မှ ရိုးမသွားတဲ့ အရောင်တွဲစပ်မှုဖြစ်ပါတယ်။

ဘောင်းဘီအတိုမကြိုက်ရင် ဂျင်းဘောင်းဘီအရှည်လေးကို တီရှပ်လက်ရှည်လေးနဲ့ တွဲဝတ်လို့ရပါတယ်။

မိန်းကလေးဆန်ဆန်လေးနဲ့ ချစ်စရာကောင်းနေချင်ရင်တော့ ဒီလိုအကျီမျိုးလေးတွေ ရွေးချယ်ပါ။

အကျီင်္က အပွင့်လေးတွေပါရင် ရှုးဖိနပ်လေးတွေနဲ့ တွဲဖက်နိုင်ပါတယ်။

 

အေးမြတဲ့နေ့တွေမှာ နွေးနွေးထွေးထွေးနဲ့ စတိုင်ကျစေဖို့ ဆွယ်တာလက်ပြတ်လေးတွေ၊ ဆွယ်တာလုံးစွပ်လက်ရှည်လေးတွေ ရွေးချယ်သင့်ပြီး ဖိနပ်ကိုတော့ sneaker ဖိနပ်လေးတွေ ရွေးချယ်လို့ရပါတယ်။

#Lifestyle_Myanmar

#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here