ဆန့်ကျင်ဘက်လိင်ကို သံလိုက်လို ဆွဲဆောင်နိုင် မယ့် အချက်၈ချက်

0
2085

အဘယ်သို့သောလူစားမျိုးကိုအဆွဲဆောင်ဆုံးဟုသတ်မှတ်သနည်း။ မျက်လုံးနက်နက်၀ိုင်း၀ိုင်း၊ဆံပင်ရွှေရောင်အမျိုးသမီးများနှင့်မုတ်ဆိတ်မွေးရှိအမျိုးသားများလား။ ဆွဲဆောင်မှုကို ဆုံးဖြတ်ရာတွင် ဤမျှမထင်ရှားသောအခြားစံများလည်းရှိပါသေးသည်။ နိုင်ငံအသီးသီးမှသိပ္ပံပညာရှင်များသည် အမျိုးသားနှင့်အမျိုးသမီးများအကြားတစ်ဦးနှင့်တစ်ဦးအဘယ်သို့ကြိုက်ကြောင်း အဆက်မပြတ်ရှာဖွေနေကြသည်။ ဤဆောင်းပါး၌ ဤအရာများကို ကျွန်ုပ်တို့ပြောပြပါမည်။

-Advertisement-

မျက်နှာအမူအရာ

2011ခုနှစ်မှာသိပ္ပံပညာရှင်တွေက ယောက်ျားနဲ့မိန်းမတွေကို ဆွဲဆောင်နိုင်တဲ့ မျက်နှာအမူအရာတွေကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားခဲ့ကြပါတယ်။ သုတေသနမှာ လူ၁၀၀၀ကျော်ပါဝင်ခဲ့ပြီး လူတိုင်းကိုလုံးဝကွဲပြားခြားနားသော စိတ်ခံစားမှုရှိတဲ့လူတွေရဲ့ ရုပ်ပုံတွေကိုပြသခဲ့ပါတယ်။ အမျိုးသားတွေဟာ ပျော်ရွှင်သောအမျိုးသမီးများ၊ ပွင့်လင်းသောအပြုံးနှင့်ရယ်မောသောမျက်လုံးရှိသူများကို ပိုမိုစွဲလမ်းတတ်ကြောင်းတွေ့ရှိခဲ့ရပြီး အမျိုးသမီးများကတော့ မာနကြီးသောမျက်နှာများဖြင့်ယောက်ျားများကိုချစ်တတ်ကြတယ်လို့ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက ဤကောက်ချက်သည် ဆင့်ကဲဖြစ်စဉ်နှင့်ယဉ်ကျေးမှု စံနှုန်းများနှင့် ကိုက်ညီတယ်လို့လည်းဆိုပါတယ်။

တက်ကြွသောခန္ဓာကိုယ်လှုပ်ရှားမှု

၂၀၁၆ခုနှစ်တွင် သိပ္ပံပညာရှင်များသည် အမြန်ချိန်းတွေ့မှုတစ်ခုပြုလုပ်ပြီး လူများကိုကြည့်ရှုခဲ့ကြပါတယ်။ အဲ့ဒီမှာ အမျိုးသားများနှင့်အမျိုးသမီးများဟာ တက်ကြွသောကိုယ်ခန္ဓာလှုပ်ရှားမှုပိုင်ဆိုင်သည့် မိတ်ဖက်များကို ပိုမိုနှစ်သက်တာကို တွေ့ရှိခဲ့ကြပါတယ်။ ဓာတ်ပုံများတွင်လည်းအတူတူပင်ဖြစ်ပြီး အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးစလုံးသည်ဓာတ်ပုံရိုက်သူများတွင် ရုပ်သေနေသူများထက် လှုပ်ရှားနေသောသူများကိုပိုမိုဆွဲဆောင်မှုရှိသည်ဟုမှတ်ယူကြပါတယ်။

ရနံ့

ခန္ဓာကိုယ်နှင့်အမွှေးနံ့သာများမှ ရနံ့တွေ လူတစ်ဦးကိုဆွဲဆောင်နိုင်သည်သို့မဟုတ်တွန်းလှန်နိုင်တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူရဲ့အနံ့ဟာ ရင်ခုန်စရာကောင်းတဲ့ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်နိုင်ပေမယ့် အမျိုးသားတွေအတွက်အာဟာရအနေနဲ့အထောက်အကူဖြစ်နိုင်ပါတယ်။သိပ္ပံပညာရှင်များတွေ့ရှိချက်အရ ကြက်သွန်ဖြူစားသော ယောက်ျားအနံ့က အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တယ်ဆိုပါတယ်။ ဒါပေမယ့် ဒါက အများကြီးအလုပ်မဖြစ်ပါဘူး။ သိပ္ပံပညာရှင်တွေအဆိုအရ အမျိုးသားတွေဟာ ဒိုးနက်သို့မဟုတ်ပြောင်းဖူးပေါက်ပေါက်လို အရသာရှိသောအစားအစာများရဲ့ အနံ့ကိုခံစားရရင်လည်းစိတ်ကြည်နူးတယ်လို့ဆိုပါတယ်။ ဒါကြောင့်ယောက်ျားတစ်ယောက်ကို ချစ်စေချင်တဲ့မိန်းကလေးတွေဟာမွှေးကြိုင်တဲ့ရေမွှေးတွေကိုရွေးချယ်ပြီးသုံးသင့်ပါတယ်။

ဆန့်ကျင်ဘက်လိင်ရဲ့ မိဘများနှင့် တစ်စုံတစ်ရာတူညီနေမှု

ဗြိတိသျှသိပ္ပံပညာရှင်များက အမျိုးသမီးများသည် ဖခင်များကဲ့သို့ မျက်လုံးအရောင်တောက်တောက်ရှိသော အမျိုးသားများကိုမကြာခဏ ဆွဲဆောင်လေ့ရှိကြောင်းတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ အမျိုးသားများအတွက်လည်းအလားတူဖြစ်ပြီးတော့သူတို့သည်မိခင်များနှင့်ဆင်တူသည့်အမျိုးသမီးများကိုမကြာခဏရွေးချယ်တတ်ကြတယ်လို့သိရပါတယ်။ဒီစည်းမျဉ်းကအမြဲအလုပ်မလုပ်ပါဘူးဆိုပေမယ့် ထိုကဲ့သို့သောတူညီမှုရှိသူတွေရဲ့ ဆက်ဆံရေးဟာပိုမို အောင်မြင်လေ့ရှိတယ်လို့ဆိုပါတယ်။

ဆံပင်

အမျိုးသားတွေဟာ ဆံပင်ရှည်တဲ့ အမျိုးသမီးတွေကို အများအားဖြင့်စွဲလမ်းတတ်ပါတယ်။ သိပ္ပံပညာရှင်များအဆိုအရ ဒါဟာ ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတစ်ယောက်မှာဆံပင်ရှည်တယ်ဆိုရင်သူကကြီးထွားမှုပိုမြန်တယ်၊ကလေးမွေးဖို့လုံလောက််လောက်အောင်သူ့ကျန်းမာရေးကလည်း ကောင်းမွန်တယ်လို့ဆိုပါတယ်။မိန်းမတွေကတော့ ဆံပင်ပေါကို သိပ်မခံစားကြပါဘူး။ သူတို့က ချစ်စိတ်ရဲ့ အရသာကိုပဲ အဓိကထားပါတယ်။တချို့ကဆံပင် အရှည်ကြိုက်သလို တချို့ကတော့ အတိုပေါ့။ဒါဟာ တစ်ဘ၀လုံးပြောင်းလဲနေတာပါ။

ခွေး

အစ္စရေးသိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုမှာ ခွေးချစ်တတ်တဲ့ ဒါမှမဟုတ် ခွေးတစ်ကောင်ပိုင်ဆိုင်ထားတဲ့အမျိုးသားတွေဟာမိန်းမတွေရဲ့ စိတ်၀င်စားမှုပိုခံရတယ်လို့ဆိုပါတယ်။နောက်အချစ်ရေးမှာ သူတို့ဟာပိုချစ်တတ်ပြီးအမျိုးသမီးတစ်ဦးဆိုတစ်ဦးနဲ့ ရေရှည်ဆက်ဆံရေးကို လိုချင်ကြတယ်လို့ ဆိုပါတယ်။အမျိုးသားတွေအတွက်ကတော့ အမျိုးသမီးတွေနဲ့ပက်သက်လာရင် ခွေးရှိရှိ မရှိရှိ ချစ်တတ်ကြပါတယ်။

စိတ်စေတနာကောင်းခြင်း

စမ်းသပ်မှုတွေအရ စိတ်စေတနာကောင်းတဲ့ ပရဟိတသမားမျိုးတွေဆို အမျိုးသားရော အမျိုးသမီးရောက စိတ်၀င်စားတတ်ပါတယ်။သူတို့ဟာဆွဲဆောင်မှုရှိသူတွေဖြစ်ပြီး မိဘကောင်းတယောက်လည်းဖြစ်လာနိုင်တယ်လို့ဆိုပ့ါတယ်။

ဖိနပ်

အမျိုးသားတွေဟာ ကောင်မလေးတွေဆို သေးသေးသွယ်သွယ်နဲ့ဘော်ဒီလှလှလေးတွေကို ပိုပြီး သဘောတကျ ရှာဖွေတတ်တယ်လို့ဆိုပါတယ်။ဒါကြောင့်သူတို့ဟာ ဖိနပ်သေးသေးပိုင်ရှင်လေးတွေရဲ့ဆွဲဆောင်မှုကို ပိုလိုချင်ကြပါတယ်။
အမျိုးသမီးတွေကတော့ အလွန်ရိုးရှင်းပါတယ်။သူတို့တွေက ဖိနပ်အကြီးကြီးစီးတတ်တဲ့ အနေတော်အမျိုးသားကိုပိုသဘောကျကြပါတယ်။ဒါဟာ မိန်းမတော်တော်များများရဲ့ ရည်မှန်းချက်ပါတဲ့။တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ
လူတိုင်းဟာ သူတို့ဘ၀အတွက် အကောင်းဆုံးမိတ်ဖက်တွေကို ရှာဖွေနေကြတာပါ။တကယ်ကတော့ အရပ်ရှည်ရှည်နဲ့ ရုပ်ချောချောအမျိုးသားတွေကတော့ အဆင်ပြေဆုံးပေါ့။ဒါပေမယ့် ရေရှည်ဆက်ဆံရေးအတွက်အကောင်းဆုံးကတော့
တယောက်ကိုတယောက် ဂရုစိုက်ပေးတဲ့ လက်တွဲဖော်ကအရေးကြီးဆုံးပါ။ အမျိုးသမီးတွေရဲ့ အဆိုအရတော့ အရပ်မနိမ့်မမြင့်နဲ့ ဖိနပ်အရွယ်အစားသေးသေးစီးတဲ့အမျိုးသားတွေကအားလုံးအတွက် အသင့်တော်ဆုံးပါပဲ။

ဆန့်ကျင်ဘက်လိင်နဲ့ ပတ်သက်ပြီး သင်ရောဘာတွေကို ကြိုက်သလဲ။ အောက်ကမှတ်ချက်မှာ ကျွန်တော်တို့ကိုပြောပြပါဦး။

#Lifestyle_Myanmar

#Mg_Htet

REF_Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here