Home News စွန့်ပစ်ပလပ်စတစ်အမှိုက်တွေနဲ့ ကလေးတွေအတွက် စာသင်ခုံ ပြန်လုပ်ပေးနေတဲ့ အင်ဂျင်နီယာ

စွန့်ပစ်ပလပ်စတစ်အမှိုက်တွေနဲ့ ကလေးတွေအတွက် စာသင်ခုံ ပြန်လုပ်ပေးနေတဲ့ အင်ဂျင်နီယာ

0
1
စွန့်ပစ်ပလပ်စတစ်အမှိုက်

ပလပ်စတစ်တွေကို နေ့စဥ် သုံးစွဲလာတာနဲ့အမျှ စွန့်ပစ်ပလပ်စတစ်အမှိုက်တွေလည်း နေ့စဥ်နဲ့အမျှ ထုနဲ့ ထည် ထွက်ပေါ်နေဦးမှာပါပဲ။ ဒီလို ပလပ်စတစ်အမှိုက်တွေ နေ့စဥ် တန်ပေါင်းများစွာ ထွက်ပေါ်နေတာကို ရာနှုန်းပြည့် ထိန်းသိမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ တစ်ဖက်တစ်လှမ်းက ကိုယ်တက်နိုင်တဲ့နေရာကနေ ထိန်းသိမ်းမှုတွေ၊ Recycle ပြန်လုပ်နေတာတွေတော့ အနည်းနဲ့အများရှိပါတယ်။

အခုလည်း ဖိလစ်ပိုင်နိုင်ငံသား အင်ဂျင်နီယာတစ်ယောက်ဟာ ဒီလိုနေစဥ်နဲ့အမျှ စွန့်ပစ်နေတဲ့ ပလပ်စတစ်အမှိုက်တွေကို အသုံးပြုပြီး ကျောင်းသားတွေအတွက် လိုအပ်တဲ့ စာရေးခုံတွေ၊ ထိုင်ခုံတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ ဒါဟာ ကျောင်းသားတွေအတွက်လည်း အကျိုးရှိသလို၊ Recycle အနေနဲ့လည်း ပြန်လည်အသုံးပြုနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်။ သူ့ရဲ့ လေးစားဖွယ် စိတ်ကူးနဲ့ လုပ်ရက်လေးကတော့ အခြားနိုင်ငံတွေကအစ သဘောကျနှစ်သက်မိမှာ အမှန်ပါပဲ။

ထိုအင်ဂျင်နီယာအမျိုးသားလေးရဲ့ နာမည်ကတော့ Winchester Lemen လို့ ခေါ်ပြီး Envirotech တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံ Davao မြို့မှာနေထိုင်ပြီး Envirotech Waste Recycling (EWRI) လုပ်ငန်းစုကို လည်ပတ်နေတာ အခုဆိုတော်တော်လေး အောင်မြင်နေပါပြီ။

အဆိုပါ စွန့်ပစ်ပလပ်စတစ်အမှိုက်တွေကို ထိုင်ခုံတွေ၊ စာရေးခုံတွေ ပြုလုပ်ဖို့အတွက် ပထမဦးစွာ သန့်စင်ခြင်း၊ အရည်ကျို ပုံလောင်းခြင်း၊ ဆေးရောင်းစုံချယ်ခြင်း စတာတွေကို အဆင့်ဆင့်လုပ်ဆောင်ရပါတယ်။ မကြာသေးမှီကတောင် ဧည့်သည်တစ်ဦးက သူ့ကျောင်းအတွက် Lemen ဆီမှာ ထိုင်ခုံ အခု ၂၀၀ အော်ဒါလာမှာသွားသေးတယ်လို့ ဆိုပါတယ်။

Quezon မြို့တော်ဝန် Herbert Bautista ကလည်း Green Fund ဆိုတဲ့ အဖွဲ့ကိုတည်ထောင်ပြီး ပလပ်စတစ်အမှိုက်တွေကို လူသုံးကုန်ပစ္စည်းတွေအဖြစ် အမြန်ဆုံး ထုတ်လုပ်နိုင်ဖို့ ထောက်ပံ့မှုတွေ ပေးနေတယ်လို့လည်း သိရပါတယ်။ အခုလို ပလပ်စတစ်အမှိုက်တွေနဲ့ ကျောင်းသားတွေအတွက်စာရေးခုံတွေ၊ ဖင်ထိုင်ခုံ တွေပြုလုပ်တာဟာ သစ်သား သုံးမဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာကြောင့် ၃နှစ်အရွယ် သစ်ပင်တစ်ပင်ကို ရှင်သန်ခွင့်ပေးလိုက်တာနဲ့ တူပါတယ်လို့ Lemen က ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

“အဖေနဲ့အမေ မရှိပေမဲ့ မောင်လေးရှိတယ် အားမငယ်နဲ့ နေပြန်ကောင်းလာမှာပါ” ဆိုတဲ့ ကောင်လေး

Zawgyi Fonts

စြန္႔ပစ္ပလပ္စတစ္အမွိုက္ေတြနဲ႔ ကေလးေတြအတြက္ စာသင္ခုံ ျပန္လုပ္ေပးေနတဲ့ အင္ဂ်င္နီယာ
ပလပ္စတစ္ေတြကို ေန႔စဥ္ သုံးစြဲလာတာနဲ႔အမၽွ စြန္႔ပစ္ပလပ္စတစ္အမွိုက္ေတြလည္း ေန႔စဥ္နဲ႔အမၽွ ထုနဲ႔ ထည္ ထြက္ေပၚေနဦးမွာပါပဲ။ ဒီလို ပလပ္စတစ္အမွိုက္ေတြ ေန႔စဥ္ တန္ေပါင္းမ်ားစြာ ထြက္ေပၚေနတာကို ရာႏွုန္းျပည့္ ထိန္းသိမ္းနိုင္ဖို႔ဆိုတာ မျဖစ္နိုင္ေသးပါဘူး။ ဒါေပမဲ့ တစ္ဖက္တစ္လွမ္းက ကိုယ္တက္နိုင္တဲ့ေနရာကေန ထိန္းသိမ္းမွုေတြ၊ Recycle ျပန္လုပ္ေနတာေတြေတာ့ အနည္းနဲ႔အမ်ားရွိပါတယ္။

အခုလည္း ဖိလစ္ပိုင္နိုင္ငံသား အင္ဂ်င္နီယာတစ္ေယာက္ဟာ ဒီလိုေနစဥ္နဲ႔အမၽွ စြန္႔ပစ္ေနတဲ့ ပလပ္စတစ္အမွိုက္ေတြကို အသုံးျပဳၿပီး ေက်ာင္းသားေတြအတြက္ လိုအပ္တဲ့ စာေရးခုံေတြ၊ ထိုင္ခုံေတြျပဳလုပ္ေပးေနတယ္လို႔ သိရပါတယ္။ ဒါဟာ ေက်ာင္းသားေတြအတြက္လည္း အက်ိဳးရွိသလို၊ Recycle အေနနဲ႔လည္း ျပန္လည္အသုံးျပဳနိုင္တာေၾကာင့္ သဘာဝပတ္ဝန္းက်င္ကိုလည္း ထိန္းသိမ္းရာ ေရာက္ပါတယ္။ သူ႔ရဲ့ ေလးစားဖြယ္ စိတ္ကူးနဲ႔ လုပ္ရက္ေလးကေတာ့ အျခားနိုင္ငံေတြကအစ သေဘာက်ႏွစ္သက္မိမွာ အမွန္ပါပဲ။

ထိုအင္ဂ်င္နီယာအမ်ိဳးသားေလးရဲ့ နာမည္ကေတာ့ Winchester Lemen လို႔ ေခၚၿပီး Envirotech တစ္ဦးလည္းျဖစ္ပါတယ္။ သူဟာ ဖိလစ္ပိုင္နိုင္ငံ Davao ၿမိဳ႕မွာေနထိုင္ၿပီး Envirotech Waste Recycling (EWRI) လုပ္ငန္းစုကို လည္ပတ္ေနတာ အခုဆိုေတာ္ေတာ္ေလး ေအာင္ျမင္ေနပါၿပီ။

အဆိုပါ စြန္႔ပစ္ပလပ္စတစ္အမွိုက္ေတြကို ထိုင္ခုံေတြ၊ စာေရးခုံေတြ ျပဳလုပ္ဖို႔အတြက္ ပထမဦးစြာ သန္႔စင္ျခင္း၊ အရည္က်ိဳ ပုံေလာင္းျခင္း၊ ေဆးေရာင္းစုံခ်ယ္ျခင္း စတာေတြကို အဆင့္ဆင့္လုပ္ေဆာင္ရပါတယ္။ မၾကာေသးမွီကေတာင္ ဧည့္သည္တစ္ဦးက သူ႔ေက်ာင္းအတြက္ Lemen ဆီမွာ ထိုင္ခုံ အခု ၂၀၀ ေအာ္ဒါလာမွာသြားေသးတယ္လို႔ ဆိုပါတယ္။

Quezon ၿမိဳ႕ေတာ္ဝန္ Herbert Bautista ကလည္း Green Fund ဆိုတဲ့ အဖြဲ႕ကိုတည္ေထာင္ၿပီး ပလပ္စတစ္အမွိုက္ေတြကို လူသုံးကုန္ပစၥည္းေတြအျဖစ္ အျမန္ဆုံး ထုတ္လုပ္နိုင္ဖို႔ ေထာက္ပံ့မွုေတြ ေပးေနတယ္လို႔လည္း သိရပါတယ္။ အခုလို ပလပ္စတစ္အမွိုက္ေတြနဲ႔ ေက်ာင္းသားေတြအတြက္စာေရးခုံေတြ၊ ဖင္ထိုင္ခုံ ေတြျပဳလုပ္တာဟာ သစ္သား သုံးမဲ့ေနရာမွာ အစားထိုးဝင္ေရာက္လာတာေၾကာင့္ ၃ႏွစ္အရြယ္ သစ္ပင္တစ္ပင္ကို ရွင္သန္ခြင့္ေပးလိုက္တာနဲ႔ တူပါတယ္လို႔ Lemen က ဆိုပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here