စူပါဟီးရိုးဝတ်စုံဝတ်ပြီး နေမကောင်းတဲ့ ကလေးငယ်တွေကို ကူညီစောင့်ရှောင့်နေတဲ့ ဦဦးရဲကြီး

0
216

Fort Worth ရဲအရာရှိ Damon Cole ဆိုသူဟာ သူ့ရဲ့ကျည်ကာအင်္ကျီမှာ အမြဲ စူပါမန်းရဲ့ အမှတ်တံဆိပ်ကို တတ်ထားပါတယ်။ ရဲတစ်ယောက်အနေနဲ့ ဘာလို့ ဒီစူပါမန်တံဆိပ်ကြီးတပ်တပ်လာတာလဲလို့ မေးတဲ့အခါ Damon Cole ဟာ သူရဲ့အားလပ်အချိန်တွေဆို ဒီလို စူပါဟီးရိုးဝတ်စုံဝတ်ပြီး နာမကျန်ဖြစ်နေတဲ့ကလေးငယ်တွေကို ကူညီစောက်ရှောက်ပေးနေလို့ပါလို့ ဆိုပါတယ်။

နာမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေအတွက် စိုးရိမ်မှုမရှိအောင်၊ စိတ်အားတက်အောင်လို့ သူတို့ အထင်ကြီးအားကျတဲ့ စူပါဟီးရိုး တွေရဲ့ဝတ်စုံကို ဝတ်ဆင်ပြီး သွားရောက်စောင့်ရှောက်ပေးတာက သာမန်ထက်ပိုပြီး ကလေးတွေကို မြန်မြန်နေကောင်းစေပါတယ်လို့ Cole ကဆိုပါတယ်။

Damon Cole ဟာ၂၀၁၂ ခုနှစ်ကတည်းက Dallas မြို့မှာ တာဝန်ကျတုန်း အနီးနားက ဆေးရုံဆေးခန်တွေမှာရှိတဲ့ကလေးငယ်တွေကို ဒီလို စူပါမန်းဝတ်စုံဝတ်ပြီး ပြုစုစောင့်ရှောက်မှုတွေပြုလုပ်ခဲ့တာပါ။

၂၀၁၅ခုနှစ်မှာလည်း မိမိအလုပ်အားတဲ့အခါ အီလီနွိုက်ပြည်နယ်မှာရှိတဲ့ ကင်ဆာရောဂါခံစားနေရသော ၇နှစ်အရွယ်ကောင်လေးကို စူပါမန်းဝတ်စုံဝတ်ပြီး ၁၁နာရီကြာတဲ့အထိ ကားလည်ပတ်မောင်းကာ ထိုကလေးကို ပျော်ရွှင်အောင် ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် Iron Man ဝတ်စုံဝတ်ပြီးလည်း ထိုကလေးနေတဲ့ ကျောင်းကိုလည်း သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ သူစီးတဲ့ Doge ကားကိုလည်း Bat man စီးတဲ့ကားလိုမျိုး ဒီဇိုင်းပြောင်းပြီး စိတ်ကြိုက်ပြုပြင်ထားတယ်လို့ သိရပါတယ်။

Cole ဟာ တစ်ချိန်က သူ့သမီး Savannah နေမကောင်းတဲ့အခါ ခုလိုမျိုးနည်းနဲ့ ပြုစုစောင့်ရှောင်ရင် ကလေးတွေအတွက် ဒီလိုနည်းလေးနဲ့စောင့်ရှောင်ဖို့အကြောင်းပြချက်ဖြစ်လာတယ်လို့ အင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။

Damon Cole ရဲ့ ရည်ရွယ်ချက်ဟာ အရွယ်နဲ့မလိုက်အောင် ရောဂါကြီးတွေ ခံစားနေရတဲ့ကလေးငယ်တွေအတွက် စိတ်ဓာတ်ခွန်အားတွေရရှိစေဖို့နဲ့ သူတို့အသက်ရှင်နေတဲ့ အချိန်အတောအတွင်းမှာ စိတ်ချမ်းချမ်းသာသာနဲ့ နေသွားနိုင်အောင် စေတနာဝန်ထမ်းအဖြစ် အခမဲ့လိုက်ပြီး ကူညီပေးနေတာပဲဖြစ်ပါတယ်။

ကလေးအများအပြား အရမ်းကို လေးစားပြီး ကြိုက်နှစ်သက်တဲ့ စူပါဟီးရိုးများစွာရဲ့ အသွင်ပုံစံကိုပြောင်းယူပြီး ကလေးငယ်တွေရဲ့ ဘဝကိုစိတ်ချမ်းသာအောင် ပြုစုစောင့်ရှောက်ပေးနေတဲ့ ဒီလိုရဲဝန်ထမ်းတစ်ယောက်ရဲ့စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားစရာပါနော်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi fonts

Superhero ဝတ္စုံဝတ္ၿပီး ေနမေကာင္းတဲ့ ကေလးငယ္ေတြကို အားေပးေစာင့္ေရွာင့္ေနတဲ့ ဦဦးရဲႀကီး

Fort Worth ရဲအရာရွိ Damon Cole ဆိုသူဟာ သူ႔ရဲ့က်ည္ကာအကၤ်ီမွာ အျမဲ စူပါမန္းရဲ့ အမွတ္တံဆိပ္ကို တတ္ထားပါတယ္။ ရဲတစ္ေယာက္အေနနဲ႔ ဘာလို႔ ဒီစူပါမန္တံဆိပ္ႀကီးတပ္တပ္လာတာလဲလို႔ ေမးတဲ့အခါ Damon Cole ဟာ သူရဲ့အားလပ္အခ်ိန္ေတြဆို ဒီလို စူပါဟီးရိုးဝတ္စုံဝတ္ၿပီး နာမက်န္ျဖစ္ေနတဲ့ကေလးငယ္ေတြကို ကူညီေစာက္ေရွာက္ေပးေနလို႔ပါလို႔ ဆိုပါတယ္။

နာမက်န္းျဖစ္ေနတဲ့ ကေလးငယ္ေတြအတြက္ စိုးရိမ္မွုမရွိေအာင္၊ စိတ္အားတက္ေအာင္လို႔ သူတို႔ အထင္ႀကီးအားက်တဲ့ စူပါဟီးရိုး ေတြရဲ့ဝတ္စုံကို ဝတ္ဆင္ၿပီး သြားေရာက္ေစာင့္ေရွာက္ေပးတာက သာမန္ထက္ပိုၿပီး ကေလးေတြကို ျမန္ျမန္ေနေကာင္းေစပါတယ္လို႔ Cole ကဆိုပါတယ္။

Damon Cole ဟာ၂၀၁၂ ခုႏွစ္ကတည္းက Dallas ၿမိဳ႕မွာ တာဝန္က်တုန္း အနီးနားက ေဆး႐ုံေဆးခန္ေတြမွာရွိတဲ့ကေလးငယ္ေတြကို ဒီလို စူပါမန္းဝတ္စုံဝတ္ၿပီး ျပဳစုေစာင့္ေရွာက္မွုေတြျပဳလုပ္ခဲ့တာပါ။

၂၀၁၅ခုႏွစ္မွာလည္း မိမိအလုပ္အားတဲ့အခါ အီလီႏြိဳက္ျပည္နယ္မွာရွိတဲ့ ကင္ဆာေရာဂါခံစားေနရေသာ ၇ႏွစ္အရြယ္ေကာင္ေလးကို စူပါမန္းဝတ္စုံဝတ္ၿပီး ၁၁နာရီၾကာတဲ့အထိ ကားလည္ပတ္ေမာင္းကာ ထိုကေလးကို ေပ်ာ္ရႊင္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္ Iron Man ဝတ္စုံဝတ္ၿပီးလည္း ထိုကေလးေနတဲ့ ေက်ာင္းကိုလည္း သြားေရာက္လည္ပတ္ခဲ့ပါေသးတယ္။ သူစီးတဲ့ Doge ကားကိုလည္း Bat man စီးတဲ့ကားလိုမ်ိဳး ဒီဇိုင္းေျပာင္းၿပီး စိတ္ႀကိဳက္ျပဳျပင္ထားတယ္လို႔ သိရပါတယ္။

Cole ဟာ တစ္ခ်ိန္က သူ႔သမီး Savannah ေနမေကာင္းတဲ့အခါ ခုလိုမ်ိဳးနည္းနဲ႔ ျပဳစုေစာင့္ေရွာင္ရင္ ကေလးေတြအတြက္ ဒီလိုနည္းေလးနဲ႔ေစာင့္ေရွာင္ဖို႔အေၾကာင္းျပခ်က္ျဖစ္လာတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာေျပာျပခဲ့ပါတယ္။

Damon Cole ရဲ့ ရည္ရြယ္ခ်က္ဟာ အရြယ္နဲ႔မလိုက္ေအာင္ ေရာဂါႀကီးေတြ ခံစားေနရတဲ့ကေလးငယ္ေတြအတြက္ စိတ္ဓာတ္ခြန္အားေတြရရွိေစဖို႔နဲ႔ သူတို႔အသက္ရွင္ေနတဲ့ အခ်ိန္အေတာအတြင္းမွာ စိတ္ခ်မ္းခ်မ္းသာသာနဲ႔ ေနသြားနိုင္ေအာင္ ေစတနာဝန္ထမ္းအျဖစ္ အခမဲ့လိုက္ၿပီး ကူညီေပးေနတာပဲျဖစ္ပါတယ္။

ကေလးအမ်ားအျပား အရမ္းကို ေလးစားၿပီး ႀကိဳက္ႏွစ္သက္တဲ့ စူပါဟီးရိုးမ်ားစြာရဲ့ အသြင္ပုံစံကိုေျပာင္းယူၿပီး ကေလးငယ္ေတြရဲ့ ဘဝကိုစိတ္ခ်မ္းသာေအာင္ ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ ဒီလိုရဲဝန္ထမ္းတစ္ေယာက္ရဲ့စိတ္ဓာတ္ကေတာ့ တကယ့္ကို ေလးစားစရာပါေနာ္။

LEAVE A REPLY

Please enter your comment!
Please enter your name here