#Lifestyle_Myanmar
#Thar_Nage
စိတ်ပညာရှင်တို့ရဲ့ လေ့လာမှုအရ စိတ်ခံစားမှုမတည်ငြိမ်ခြင်းဖြစ်ရတဲ့ အကြောင်းအရင်း
Unicode
စုံထောက်တစ်ယောက်လို့ စူးစမ်းရတာ ကြိုက်သူတွေအတွက် ပဟေဠိဆန်တဲ့ မေးခွန်းလေးတွေ မေးကြည့်မယ်နော်။
ဓားဆိုတာ အသုံးပြုနေမှ ထက်သလိုပဲ ကျွန်တော်တို့ဦးနှောက်ကလည်း အမြဲလိုလို စူးစမ်းရှာဖွေပြီး အလုပ်လုပ်နေမှ ပိုပြီး တိုးတက်မှုရှိတာပါ။ ဒါ့ကြောင့် သင့်ဦးနှောက်ကို ဆေးကြောတဲ့အနေနဲ့ စုံထောက်ပုံစံဉာဏ်စမ်းမေးခွန်းလေး ၂ခုမေးကြည့်မယ်နော်။
#၁ မေးခွန်း – စားသောက်ဆိုင်တစ်ဆိုင်မှာ ဧည့်သည်က ကော်ဖီမှာတဲ့အခါ စားပွဲထိုးတစ်ယောက်က ကော်ဖီခွက်လာချပေးသည်။ ထိုစားပွဲထိုးချပေးတဲ့ ကော်ဖီခွက်မှာ ယင်ကောင်တစ်ကောင်ဝင်နေတာတွေ့လို့ စားပွဲထိုးကို ခွက်အသစ်လဲခိုင်းဖို့ တောင်းဆိုလိုက်တယ်။ အာ့ဒီနောက်စားပွဲထိုးက နောက်တစ်ခွက်လာချပေးခဲ့တယ်။ ထိုအခါ ဧည့်သည်က ဒီခွက်က စောစောက ယင်ကောင်ဝင်ထားတဲ့ခွက်ပြီးပါ ငါ့ကို လာမလှည့်စားနဲ့လို့ တစ်ထစ်ချပြောဆိုလိုက်တယ်။ သူဘာကြောင့် ဒီကော်ဖီခွက်ဟာ ပထမယင်ကောင်ဝင်ထားတဲ့ခွက် မှန်း ဘာလို့ အသေအချာပြောနိုင်ရတာလဲ။
#၂ မေးခွန်း – ခပ်ရိုးရိုးလူတစ်ယောက်ဟာ ပန်းချီအနုပညာလေလံပြပွဲမှာ ပန်းချီကားတစ်ချပ်ကို အဖိုးကြီးကြီးပေးပြီးဝယ်လာခဲ့ပါတယ်။ ထိုပန်းချီကားထဲက ပုံဟာ ဘာမှထူးခြားမှုလည်းမရှိ၊ စိတ်ဝင်စားမှုလည်း မရှိ၊ ပန်းချီဆရာတွေကိုယ်တိုင်က ဒီပုံကို မကြိုက်ဘဲ ထိုလူက ဝယ်လာခဲ့ပါတယ်။ သူ့အတွက် အချည်းနှီးဖြစ်တဲ့ဒီပန်ချီးကားကို ဘာကြောင့် အဖိုးကြီးကြီးပေးပြီးဝယ်လာခဲ့တာလဲ။
#၁ အဖြေ – ဧည့်သည်က စားပွဲထိုးကိုမခေါ်ခင် ထိုခွက်ထဲကို သကြားတွေအများကြီးထည့်လိုက်ပါတယ်။ ပြီးတော့ ဒီခွက်ကို ပြန်လည်းပေးဖို့ စားပွဲထိုးကိုပေးခဲ့ပါတယ်။ ခွက်လာပြန်ချပေးတဲ့အခါမှာ ထိုခွက်ကို အစမ်းမြည်းသောက်ကြည့်တဲ့အခါ ထိုကော်ဖီက အရမ်းချိုနေတဲ့အတွက် ဒီခွက်ကစောစောက ယင်ကောင်ဝင်ထားတဲ့ခွက်လို့ တစ်ထစ်ချပြောဆိုလိုက်တာဖြစ်ပါတယ်။
#၂ အဖြေ – ထိုပန်ချီးကားထဲမှာပါတဲ့ ပုံက ဘာမှအသုံးမဝင်ပါဘူး။ ဒါပေမဲ့ ဒီပန်ချီးကားကို ကွက်ထားတဲ့ ဘောင်ကတော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာပစ္စည်းတွေပါဝင်ပါတယ်။ ဒါ့ကြောင့် သူဟာ ဒီတန်ဖိုးရှိတဲ့ ပန်းချီကားဘောင်ကိုလိုချင်တဲ့အတွက် ဒီပန်းချီကားကို ဝယ်လာခဲ့တာဖြစ်ပါတယ်။