စုံေထာက္ဆန္ဆန္ ပေဟဠိ ဉာဏ္စမ္းေလးေတြ ေျဖဖို႔အတြက္ Lifestyle_Myanmar ပရိတ္သတ္ႀကီးထဲမွာ ရွားေလာ့ဟုမ္းလို႔ စုံေထာက္မ်ိဳးရွိလား။

0
210
ဉာဏ္စမ္း ပေဟဠိ
ဉာဏ္စမ္း ပေဟဠိ

၂၀၁၂ ခုႏွစ္ ထုတ္ေဝခဲ့တဲ့ သိပၸံပညာရွင္ေတြရဲ႕ ေျပာဆိုခ်က္အရ ပေဟဠိေတြ၊ ဉာဏ္စမ္းေတြကို ေျဖရွင္းႏိုင္တဲ့သူဟာ မိမိရဲ႕စိတ္ကို ပုံမွန္ျဖစ္ေအာင္ လႈံ႕ေဆာ္ႏိုင္ၿပီး ေနာက္ပိုင္းမွာ အယ္လ္ဇိုင္းမားေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

-Advertisement-

၁။ အမ်ိဳးသမီး ၃ေယာက္ထဲမွာ လက္ထပ္ထားတဲ့သူက ဘယ္သူလဲ။


ပုံမွာေဖာ္ျပထားတဲ့ အမ်ိဳးသမီးသုံးေယာက္မွာ တစ္ေယာက္က ေရခဲမုန္႔ကို လွ်ာနဲ႔လ်က္ေနတယ္။ ေနာက္တစ္ေယာက္က ေရခဲေခ်ာင္းကို ကိုက္စားေနပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ေရခဲေခ်ာင္းကို စုတ္ေနပါတယ္။ ဒီသုံးေယာက္ကို ၾကည့္ၿပီး ဘယ္သူက လက္ထပ္ထားတဲ့သူျဖစ္မလဲ။

၂။ လြတ္ေျမာက္ျခင္း


ဟိုေရွးေရွးတုန္းက ႏိုင္ငံတစ္ႏိုင္ငံမွာ ဘုရင္က မိမိရဲ႕ ႏိုင္ငံကေန ဘယ္သူမွ ထြက္ခြာခြင့္မရွိဘူး။ ဒါ့အျပင္ အျခားတိုင္းျပည္က ျပည္သူျပည္သားေတြလည္း မိမိရဲ႕ ႏိုင္ငံကို ဝင္ခြင့္မရွိေၾကာင္းမိန္႔ေတာ္မူသည္။ အျခားႏိုင္ငံေတြနဲ႔ ဆက္သြယ္သြားလာဖို႔အတြက္ တစ္ခုတည္းေသာ တံတားတစ္စင္းရွိသည္။ ဒါေပမဲ့ ဘုရင္မင္းျမတ္က ျပည္ပကို ထြက္ခြာရင္ေသဒဏ္အမိန္႕ေပးထားၿပီး အျခားႏိုင္ငံက လူေတြ မိမိႏိုင္ငံကို လာရင္လဲ ျပန္ပို႔ဖို႔ အမိန္႔ခ်မွတ္ထားပါတယ္။ တစ္ဖက္ႏိုင္ငံကို ကူးတဲ့တံတားကို ျဖတ္သြားဖို႔အတြက္ အခ်ိန္ ၈မိနစ္ ၾကာပါတယ္။ တံတားကအေစာင့္တပ္သားေတြ ၅မိနစ္ျခားတစ္ခါ ထိုတံတားမွာ ကင္းလွည့္ေနပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ဒီတံတားကို ျဖတ္ေက်ာ္ၿပီး လြတ္ေျမာက္ခဲ့ပါတယ္။ သူဘာေၾကာင့္လြတ္ခဲ့တာလဲ။

၃။ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ေသျခင္းတရား


အေဆာက္အဦးရဲ႕ ေရွ႕တည့္တည့္ ျမက္ခင္းျပင္ေပၚမွာ ေသြးေတြနဲ႔ အမ်ိဳးသမီးေသဆုံးေနတာကို ေတြ႕ခဲ့ရတယ္။ သူမ ျပတင္းေပါက္ကေန ခုန္ခ်ၿပီး ေသဟန္တူပါတယ္။ အဲ့ဒီေနာက္ စုံေထာက္ေရာက္လာတဲ့အခါ ထိုအေဆာက္အဦးရဲ႕ ပထမထပ္ထဲကိုဝင္သြားၿပီး ပိတ္ထားတဲ့ ျပတင္းေပါက္ကေနေ အာက္ကို အေၾကြ႕ေစ့ပစ္ခ်ခဲ့တယ္။ အဲ့ဒီေနာက္ အေပၚဆုံးအထပ္ေရာက္တဲ့အထိ ျပတင္းေပါက္ေတြ ဖြင့္ၿပီး အေၾကြေစ့ေတြ တစ္ေစ့ၿပီး တစ္ေစ့ ေအာက္ကို ပစ္ခ်ခဲ့ၿပီး ေသဆုံးသူအမ်ိဳးသမီးဆီကို ျပန္လာခဲ့ၿပီး ဒီအမ်ိဳးသမီးဟာ သူ႔ကိုယ္သူ သက္ေသတာမဟုတ္ဘဲ လူသတ္မႈတစ္ခုျဖစ္တယ္လို႔ ေကာက္ခ်က္ခ်သြားတယ္။ သူဘာေၾကာင့္လူသတ္မႈျဖစ္ေၾကာင္း ေကာက္ခ်က္ခ်သြားရတာလဲ။

၄။ ပ်ားရည္ဆမ္းခရီး


အသစ္ဆက္ဆက္ စုံတြဲတစ္တြဲဟာ ပ်ားရည္ဆမ္းခရီးထြက္ခဲ့ပါတယ္။ ဒါေပမဲ့ ခရီးရဲ႕ အျပန္မွာေတာ့ ခင္ပြန္းတစ္ေယာက္တည္းျပန္လာၿပီး သူမရဲ႕ ဇနီးက မပါလာပါဘူး။ ခင္ပြန္းသည္ရဲ႕ ထြက္ဆိုခ်က္အရ သူ႔ရဲ႕ အမ်ိဳးသမီးဟာ မေတာ္တဆကိစၥတစ္ခုေၾကာင့္ ေသဆုံးသြားတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ရဲေတြက စစ္ေဆးတဲ့အခါ ခရီးသြားေအးဂ်င့္ေတြရဲ႕ ထြက္ဆိုခ်က္အရ ေသဆုံးသူအမ်ိဳးသမီးကို ခင္ပြန္းျဖစ္သူကိုယ္တိုင္သတ္တယ္လို႔ သိခဲ့ရပါတယ္။ ဘာေၾကာင့္ ခရီးသြားေအးဂ်င့္က ခင္ပြန္းျဖစ္သူ သတ္တယ္လို႔ တစ္ထစ္ခ် ေကာက္ခ်က္ခ်ႏိုင္ရတာလဲ။


၁။ အေျဖ – ေရခဲမုန္႔ကို လွ်ာ္နဲ႔ လ်က္ေနတဲ့သူပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူမရဲ႕ လက္မွာ ေစ့စပ္လက္စြပ္ ဝတ္ထားတဲ့အတြက္ သူမက လက္ထပ္တဲ့သူတစ္ေယာက္ျဖစ္ေၾကာင္းေဖာ္ျပေနပါတယ္။

၂။ အေျဖ – အေစာင့္တက္သားေတြ ၅မိနစ္နားေနတဲ့အခ်ိန္မွာ သူမက စတင္ၿပီး ဒီတံတားကိုျဖတ္ေလွ်ာက္ခဲ့ပါတယ္။ သူမလမ္းေလွ်ာက္တာ ၅မိနစ္ျပည့္သြားတဲ့အခါ သူက မိမိႏိုင္ငံရွိရာဘက္ကို ဦးတည္ၿပီး လမ္းကို ေျပာင္းျပန္ ျပန္ေလွ်ာက္ခဲ့ပါတယ္။ အဲ့ဒီအခါ အေစာင့္တပ္သားေတြက ျပည္ပကေန လာတယ္ထင္ၿပီး သူမကို ဒီႏိုင္ငံသားျဖစ္ေၾကာင္းအေထာက္အထားစာရြက္စာတမ္းေတာင္းတဲ့အခါ သူမက ဘာအေထာက္အထားမွ မရွိတဲ့အတြက္ ျပည္ပလာတဲ့သူေတြ ဒီႏိုင္ငံကိုဝင္ခြင့္မေပးဘူးဟုေျပာၿပီး သူမကို ဝင္ခင့္မျပဳခဲ့တာေၾကာင့္ ဒီႏိုင္ငံကေန လြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။

၃။ အေျဖ – အေဆာက္အဦးမွာရွိတဲ့ ျပတင္းေပါက္တိုင္းက ပိတ္ထားတဲ့အတြက္ သူမဟာ အေဆာက္အဦးရဲ႕ ျပတင္းေပါက္ေပၚက ခုံခ်ၿပီး သတ္ေသတာမျဖစ္ႏိုင္ပါဘူး။

၄။ အေျဖ – တရားခံခင္ပြန္းျဖစ္သူဟာ ခရီးသြားဖို႔အတြက္ လက္မွတ္ဝယ္တဲ့အခါ သူ႔အတြက္ အသြားအျပန္ လက္မွတ္ဝယ္ေပမဲ့ ေသဆုံးသူ ဇနီးအတြက္အသြားလက္မွတ္တစ္ခုသာဝယ္ၿပီး အျပန္လက္မွတ္မဝယ္ခဲ့တာေၾကာင့္ မေသခင္ကတည္းက သတ္ဖို႔ ႀကိဳတင္စီစဥ္ထားတာျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ထူးျခားဆန္းျပားၿပီး ရင္သပ္႐ွဴေမာဖြယ္ေကာင္းလြန္းတဲ့ ႏိုင္ငံတကာရဲ႕ ေရပန္းဥယ်ာဥ္ေတြ


Unicode

စုံထောက်ဆန်ဆန် ပဟေဠိ ဉာဏ်စမ်းလေးတွေ မေးဖို့အတွက် Lifestyle_Myanmar ပရိတ်သတ်ကြီးထဲမှာ ရှားလော့ဟုမ်းလို့ စုံထောက်မျိုးရှိလား။
၂၀၁၂ ခုနှစ် ထုတ်ဝေခဲ့တဲ့ သိပ္ပံပညာရှင်တွေရဲ့ ပြောဆိုချက်အရ ပဟေဠိတွေ၊ ဉာဏ်စမ်းတွေကို ဖြေရှင်းနိုင်တဲ့သူဟာ မိမိရဲ့စိတ်ကို ပုံမှန်ဖြစ်အောင် လှုံ့ဆော်နိုင်ပြီး နောက်ပိုင်းမှာ အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၁။ အမျိုးသမီး ၃ယောက်ထဲမှာ လက်ထပ်ထားတဲ့သူက ဘယ်သူလဲ။
ပုံမှာဖော်ပြထားတဲ့ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်က ရေခဲမုန့်ကို လျှာနဲ့လျက်နေတယ်။ နောက်တစ်ယောက်က ရေခဲချောင်းကို ကိုက်စားနေပါတယ်။ နောက်တစ်ယောက်ကတော့ ရေခဲချောင်းကို စုတ်နေပါတယ်။ ဒီသုံးယောက်ကို ကြည့်ပြီး ဘယ်သူက လက်ထပ်ထားတဲ့သူဖြစ်မလဲ။

၂။ လွတ်မြောက်ခြင်း
ဟိုရှေးရှေးတုန်းက နိုင်ငံတစ်နိုင်ငံမှာ ဘုရင်က မိမိရဲ့ နိုင်ငံကနေ ဘယ်သူမှ ထွက်ခွာခွင့်မရှိဘူး။ ဒါ့အပြင် အခြားတိုင်းပြည်က ပြည်သူပြည်သားတွေလည်း မိမိရဲ့ နိုင်ငံကို ဝင်ခွင့်မရှိကြောင်းမိန့်တော်မူသည်။ အခြားနိုင်ငံတွေနဲ့ ဆက်သွယ်သွားလာဖို့အတွက် တစ်ခုတည်းသော တံတားတစ်စင်းရှိသည်။ ဒါပေမဲ့ ဘုရင်မင်းမြတ်က ပြည်ပကို ထွက်ခွာရင်သေဒဏ်အမိန့်ပေးထားပြီး အခြားနိုင်ငံက လူတွေ မိမိနိုင်ငံကို လာရင်လဲ ပြန်ပို့ဖို့ အမိန့်ချမှတ်ထားပါတယ်။ တစ်ဖက်နိုင်ငံကို ကူးတဲ့တံတားကို ဖြတ်သွားဖို့အတွက် အချိန် ၈မိနစ် ကြာပါတယ်။ တံတားကအစောင့်တပ်သားတွေ ၅မိနစ်ခြားတစ်ခါ ထိုတံတားမှာ ကင်းလှည့်နေပါတယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဒီတံတားကို ဖြတ်ကျော်ပြီး လွတ်မြောက်ခဲ့ပါတယ်။ သူဘာကြောင့်လွတ်ခဲ့တာလဲ။

၃။ လျှို့ဝှက်ဆန်းကြယ်တဲ့သေခြင်းတရား
အဆောက်အဦးရဲ့ ရှေ့တည့်တည့် မြက်ခင်းပြင်ပေါ်မှာ သွေးတွေနဲ့ အမျိုးသမီးသေဆုံးနေတာကို တွေ့ခဲ့ရတယ်။ သူမ ပြတင်းပေါက်ကနေ ခုန်ချပြီး သေဟန်တူပါတယ်။ အဲ့ဒီနောက် စုံထောက်ရောက်လာတဲ့အခါ ထိုအဆောက်အဦးရဲ့ ပထမထပ်ထဲကိုဝင်သွားပြီး ပိတ်ထားတဲ့ ပြတင်းပေါက်ကနေေ အာက်ကို အကြွေ့စေ့ပစ်ချခဲ့တယ်။ အဲ့ဒီနောက် အပေါ်ဆုံးအထပ်ရောက်တဲ့အထိ ပြတင်းပေါက်တွေ ဖွင့်ပြီး အကြွေစေ့တွေ တစ်စေ့ပြီး တစ်စေ့ အောက်ကို ပစ်ချခဲ့ပြီး သေဆုံးသူအမျိုးသမီးဆီကို ပြန်လာခဲ့ပြီး ဒီအမျိုးသမီးဟာ သူ့ကိုယ်သူ သက်သေတာမဟုတ်ဘဲ လူသတ်မှုတစ်ခုဖြစ်တယ်လို့ ကောက်ချက်ချသွားတယ်။ သူဘာကြောင့်လူသတ်မှုဖြစ်ကြောင်း ကောက်ချက်ချသွားရတာလဲ။

၄။ ပျားရည်ဆမ်းခရီး
အသစ်ဆက်ဆက် စုံတွဲတစ်တွဲဟာ ပျားရည်ဆမ်းခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ခရီးရဲ့ အပြန်မှာတော့ ခင်ပွန်းတစ်ယောက်တည်းပြန်လာပြီး သူမရဲ့ ဇနီးက မပါလာပါဘူး။ ခင်ပွန်းသည်ရဲ့ ထွက်ဆိုချက်အရ သူ့ရဲ့ အမျိုးသမီးဟာ မတော်တဆကိစ္စတစ်ခုကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ရဲတွေက စစ်ဆေးတဲ့အခါ ခရီးသွားအေးဂျင့်တွေရဲ့ ထွက်ဆိုချက်အရ သေဆုံးသူအမျိုးသမီးကို ခင်ပွန်းဖြစ်သူကိုယ်တိုင်သတ်တယ်လို့ သိခဲ့ရပါတယ်။ ဘာကြောင့် ခရီးသွားအေးဂျင့်က ခင်ပွန်းဖြစ်သူ သတ်တယ်လို့ တစ်ထစ်ချ ကောက်ချက်ချနိုင်ရတာလဲ။


၁။ အဖြေ – ရေခဲမုန့်ကို လျှာ်နဲ့ လျက်နေတဲ့သူပါ။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ လက်မှာ စေ့စပ်လက်စွပ် ဝတ်ထားတဲ့အတွက် သူမက လက်ထပ်တဲ့သူတစ်ယောက်ဖြစ်ကြောင်းဖော်ပြနေပါတယ်။

၂။ အဖြေ – အစောင့်တက်သားတွေ ၅မိနစ်နားနေတဲ့အချိန်မှာ သူမက စတင်ပြီး ဒီတံတားကိုဖြတ်လျှောက်ခဲ့ပါတယ်။ သူမလမ်းလျှောက်တာ ၅မိနစ်ပြည့်သွားတဲ့အခါ သူက မိမိနိုင်ငံရှိရာဘက်ကို ဦးတည်ပြီး လမ်းကို ပြောင်းပြန် ပြန်လျှောက်ခဲ့ပါတယ်။ အဲ့ဒီအခါ အစောင့်တပ်သားတွေက ပြည်ပကနေ လာတယ်ထင်ပြီး သူမကို ဒီနိုင်ငံသားဖြစ်ကြောင်းအထောက်အထားစာရွက်စာတမ်းတောင်းတဲ့အခါ သူမက ဘာအထောက်အထားမှ မရှိတဲ့အတွက် ပြည်ပလာတဲ့သူတွေ ဒီနိုင်ငံကိုဝင်ခွင့်မပေးဘူးဟုပြောပြီး သူမကို ဝင်ခင့်မပြုခဲ့တာကြောင့် ဒီနိုင်ငံကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

၃။ အဖြေ – အဆောက်အဦးမှာရှိတဲ့ ပြတင်းပေါက်တိုင်းက ပိတ်ထားတဲ့အတွက် သူမဟာ အဆောက်အဦးရဲ့ ပြတင်းပေါက်ပေါ်က ခုံချပြီး သတ်သေတာမဖြစ်နိုင်ပါဘူး။

၄။ အဖြေ – တရားခံခင်ပွန်းဖြစ်သူဟာ ခရီးသွားဖို့အတွက် လက်မှတ်ဝယ်တဲ့အခါ သူ့အတွက် အသွားအပြန် လက်မှတ်ဝယ်ပေမဲ့ သေဆုံးသူ ဇနီးအတွက်အသွားလက်မှတ်တစ်ခုသာဝယ်ပြီး အပြန်လက်မှတ်မဝယ်ခဲ့တာကြောင့် မသေခင်ကတည်းက သတ်ဖို့ ကြိုတင်စီစဉ်ထားတာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here