စီနီယာမင်းသားတွေနဲ့ အတူလက်တွဲပြီး အလုပ်လုပ်ချင်ပါတယ်လို့ ပြောလာတဲ့ တတ်သစ်စ ထိုင်းမင်းသမီးလေးတွေ

0
188

အနုပညာလောကထဲကို ဝင်ရောက်ခါစ သရုပ်ဆောင်တွေဟာ ထိပ်တန်းနာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ ဇာတ်ကားတွဲရိုက်ခွင့်ရချင်ကြပါတယ်။ ကိုယ်အားကျ အတုယူရတဲ့ သရုပ်ဆောင်တွေနဲ့ တွဲရိုက်ခွင့်ရလျှင် စီနီယာတွေဆီကနေ ပညာလေ့လာခွင့်ရကြလို့ သူတို့အတွက် မဟာအခွင့်အရေးကြီး တစ်ခုလိုပါပဲနော်။ ဒီတတ်သစ်စ မင်းသမီးလေးတွေဟာ တီဗီဇာတ်လမ်းတွဲတွေမှာ သူတို့နှစ်သက်တဲ့ စီနီယာအစ်ကိုတွေနဲ့ အလုပ်အတူတွဲလုပ်ချင်ပါတယ်လို့ ဝန်ခံခဲ့ကြပါတယ်။

-Advertisement-

၁။ Oom Eisaya

အသက် ၂၃နှစ် ရှိပြီဖြစ်တဲ့ သရုပ်ဆောင် Oom Eisaya ဟာ ထိုင်း TV3လက်အောက်က တတ်သစ်စ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ မင်းသား Mai Warit နှင့်အတူ ‘Kaew Klang Dong’ဆိုတဲ့ တီဗီဒရမ်မာတစ်ခုမှာ သူမရဲ့ သရုပ်ဆောင်စကေးကို လက်ရှိမှာ ပြသနေပါတယ်။
မင်းသမီးက နာမည်ကြီး မင်းသားချော Mario Maurer နှငိ့အတူ အလုပ်တွဲလုပ်ချင်ကြောင်း ဝန်ခံထားပါတယ်။ မင်းသားဟာ ချစ်စရာကောင်းပြီး တီဗီဒရမ်မာမှာ သရုပ်ဆောင်တဲ့အခါ ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။

၂။ Fern Nopjira

အသက် ၂၄နှစ်အရွယ်ရှိ တတ်သစ်စ မင်းသမီး Fern Nopjira ဟာ မင်းသားချော Tor Thanapob နှင့်အတူ အလုပ်တွဲလုပ်ရရင် ပျော်စရာကောင်းမှာဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ သူမဟာ မင်းသားရဲ့ ဖန်တစ်ဦးလည်းဖြစ်ပါတယ်။

၃။ Pim Pimprapa

အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ တတ်သစ်စမင်းသမီး Pim Pimprapa ဟာ မင်းသား Weir Sukollawat နှင့်အတူ အလုပ်တွဲလုပ်ချင်ကြောင်း ပြောခဲ့ပါတယ်။ မင်းသားWeir Sukollawatရဲ့ ခေါင်းဆောင် မင်းသားအဖြစ် သရုပ်ဆောင်တဲ့ တီဗီဒရမ်မာ မျိုးစုံကို သူမ ကြည့်ခဲ့ကြောင်းနှင့် မင်းသား နှင့်အတူ တီဗီဒရမ်မာတစ်ခုမှာ သရုပ်ဆောင်နိုင်ရင် သူမလောက် ကံကောင်းတဲ့သူ ရှိမှာမဟုတ်ကြောင်း ဆိုပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

စီနီယာမင္းသားေတြနဲ႔ အတူလက္တြဲၿပီး အလုပ္လုပ္ခ်င္ပါတယ္လို႔ ေျပာလာတဲ့ တတ္သစ္စ ထိုင္းမင္းသမီးေလးေတြ
အႏုပညာေလာကထဲကို ဝင္ေရာက္ခါစ သ႐ုပ္ေဆာင္ေတြဟာ ထိပ္တန္းနာမည္ႀကီး သ႐ုပ္ေဆာင္ေတြနဲ႔အတူ ဇာတ္ကားတြဲ႐ိုက္ခြင့္ရခ်င္ၾကပါတယ္။ ကိုယ္အားက် အတုယူရတဲ့ သ႐ုပ္ေဆာင္ေတြနဲ႔ တြဲ႐ိုက္ခြင့္ရလွ်င္ စီနီယာေတြဆီကေန ပညာေလ့လာခြင့္ရၾကလို႔ သူတို႔အတြက္ မဟာအခြင့္အေရးႀကီး တစ္ခုလိုပါပဲေနာ္။ ဒီတတ္သစ္စ မင္းသမီးေလးေတြဟာ တီဗီဇာတ္လမ္းတြဲေတြမွာ သူတို႔ႏွစ္သက္တဲ့ စီနီယာအစ္ကိုေတြနဲ႔ အလုပ္အတူတြဲလုပ္ခ်င္ပါတယ္လို႔ ဝန္ခံခဲ့ၾကပါတယ္။

၁။ Oom Eisaya

အသက္ ၂၃ႏွစ္ ရွိၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ Oom Eisaya ဟာ ထိုင္း TV3လက္ေအာက္က တတ္သစ္စ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ မင္းသား Mai Warit ႏွင့္အတူ ‘Kaew Klang Dong’ဆိုတဲ့ တီဗီဒရမ္မာတစ္ခုမွာ သူမရဲ႕ သ႐ုပ္ေဆာင္စေကးကို လက္ရွိမွာ ျပသေနပါတယ္။
မင္းသမီးက နာမည္ႀကီး မင္းသားေခ်ာ Mario Maurer ႏွငိ့အတူ အလုပ္တြဲလုပ္ခ်င္ေၾကာင္း ဝန္ခံထားပါတယ္။ မင္းသားဟာ ခ်စ္စရာေကာင္းၿပီး တီဗီဒရမ္မာမွာ သ႐ုပ္ေဆာင္တဲ့အခါ ဆြဲေဆာင္မႈရွိတယ္လို႔ ဆိုပါတယ္။

၂။ Fern Nopjira

အသက္ ၂၄ႏွစ္အ႐ြယ္ရွိ တတ္သစ္စ မင္းသမီး Fern Nopjira ဟာ မင္းသားေခ်ာ Tor Thanapob ႏွင့္အတူ အလုပ္တြဲလုပ္ရရင္ ေပ်ာ္စရာေကာင္းမွာျဖစ္ေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။ သူမဟာ မင္းသားရဲ႕ ဖန္တစ္ဦးလည္းျဖစ္ပါတယ္။

၃။ Pim Pimprapa

အသက္ ၂၆ႏွစ္ရွိၿပီျဖစ္တဲ့ တတ္သစ္စမင္းသမီး Pim Pimprapa ဟာ မင္းသား Weir Sukollawat ႏွင့္အတူ အလုပ္တြဲလုပ္ခ်င္ေၾကာင္း ေျပာခဲ့ပါတယ္။ မင္းသားWeir Sukollawatရဲ႕ ေခါင္းေဆာင္ မင္းသားအျဖစ္ သ႐ုပ္ေဆာင္တဲ့ တီဗီဒရမ္မာ မ်ိဳးစုံကို သူမ ၾကည့္ခဲ့ေၾကာင္းႏွင့္ မင္းသား ႏွင့္အတူ တီဗီဒရမ္မာတစ္ခုမွာ သ႐ုပ္ေဆာင္ႏိုင္ရင္ သူမေလာက္ ကံေကာင္းတဲ့သူ ရွိမွာမဟုတ္ေၾကာင္း ဆိုပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here