ဘယ်သူကမှ ငါကတော့ စိုးရိမ်နေရမှပျော်တယ် လို့ မပြောကြပါဘူး။ ဒါပေမယ့် လူတိုင်းလိုလိုက စိုးရိမ်မှုတွေကို စိတ်ထဲ ကြိတ်ဖုံးကွယ်ပြီး သူတို့ တကယ်ပျော်နေတဲ့ပုံစံကို ဟန်ဆောင်လေ့ရှိကြပါတယ်။ ဒီလို ဟန်ဆောင်ဖုံးကွယ်ပြီးနေရတာဟာ ဘယ်လောက်ခက်ခဲသလဲ ဆိုတာ ကိုယ့်ကိုယ်ကိုပဲ သိနိုင်မှာပါ။ နေတတ်၊ တွေးတတ်ဆိုရင် တကယ်တော့ ပျော်ရွှင်မှုဟာ အဝေးကြီးမှာ မဟုတ်ပါဘူး။
“ကိုယ့်ကိုယ်နဲ့ကိုယ့်စိတ်ကို ငြိမ်းချမ်းအောင် မလုပ်နိုင်သေးသရွေ့ သင့်ကိုယ်သင် ပျော်ရွှင်မှုတွေ ရှာမပေးနိုင်ပါဘူး” ဆိုတဲ့ ဒိုရီမော(တ်)မာ ပြောတဲ့စကားမှန်တယ်လို့ ပြောရမှာပါ။ သင့်ကိုယ်သင် ဘယ်လိုသဘောထားပြီး ဘယ်လိုတွေးခေါ်ကျင့်ကြံတယ်ဆိုတာ ပိုအရေးကြီးလို့ပါ။ ပျော်ရွှင်မှုကို တွေ့ဖို့လိုအပ်တာက လက်ရှိတဒင်္ဂလေးကို သုံးသပ်ရှုမြင်လိုက်ရုံလေးပါ။ အဲဒီတဒင်္ဂလေးမှာ ကိုယ့်ကိုလွမ်းမိုးနေတဲ့ စိုးရိမ်စရာဖိအားတွေကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ အစိုးရိမ်လွန်နေရင်တော့ ကိုယ့်ပျော်ရွှင်နိုင်မယ့် ကိုယ့်အခွင့်အရေးကိုယ်ဖျက်ဆီးနေတာပါပဲ။

အောက်မှာ ရေးသားထားတဲ့ အချက်တွေကတော့ သင့်ကို စိုးရိမ်မှုတွေရဲ့နေရာမှာ ပျော်ရွှင်မှုတွေ ဖြစ်လာအောင် အစားထိုးပေးနိုင်ပါလိမ့်မယ်။
ဘဝဆိုတာ တင်္ဒဂကာလလေးမှာ စိုးရိမ်စရာအခက်အခဲတွေ တောင်ပုံယာပုံပါပဲ။ အဲဒါကိုချည်းပဲ ထိုင်တွေးငိုင်ငေးနေရင်တော့ အချိန်ကုန်သွားရုံပဲ ရှိပါလိမ့်မယ်။ ဘယ်တော့မှ ပျော်ရတော့မှာမဟုတ်ပါဘူး။ အဲတော့ ဘဝကို ခက်ခဲတဲ့အရာတွေလို့ တွေးနေမယ့်အစား ပျော်ရွှင်စရာဖန်တီးနိုင်မယ့် အခွင့်အလမ်းလို့ တွေးရင် ပိုမကောင်းဘူးလား။
တခြားသူတွေအတွက် အသိအမှတ်ပြုပေးဖို့ မုဒိတာပွားပေးဖို့တော့ သင်လုပ်သင့်ပါတယ်။ ဒါပေမယ့် သူတို့ ဖြစ်နေသလို သင်ဖြစ်ဖို့မှ မလိုအပ်ပဲ။ သူတို့ပြောသမျှ သင်လက်ခံကျင့်ကြံဖို့ မဆိုလိုဘူးလေ။ အခြားသူတွေရဲ့ အတွေးအပြောအောက်မှာ မိမိကိုယ်ကို လမ်းခင်းထားရင်တော့ ကိုယ်ဘယ်သူလဲဆိုတာ သင့်ကိုယ်သင် မေ့သွားပါလိမ့်မယ်။ ကိုယ့်လုပ်ချင်တဲ့အရာ လုပ်သင့်တယ်ထင်တဲ့အရာတွေကိုလုပ်ပါ၊ သူများတွေလာပြောမှ မဟုတ်ပါဘူး။

ကွန်ဖြူးရှပ်လို ပုဂ္ဂိုလ်ကြီးမျိုးကို နှစ်တစ်ရာနေမှ တစ်ယောက်ပေါ်ထွန်းဖို့ ခက်ခဲပါတယ်။ သူပြောခဲ့တာ အင်မတန် ရှင်းပြီး မှန်ကန်တယ် ပြောရမှာပါ။ ဘဝကို လူတွေကသာ ရှင်းနေရဲ့သားနဲ့ ရှုပ်ထွေးပွေလီအောင် လုပ်နေကြတာပါ။ လိုအင်တွေကို တစ်မျိုးပြီးတစ်မျိုး ဖြည့်ဆည်းရင်း ဖြည့်ဆည်းရင်း မဆုံးနိုင်တော့ပါဘူး။ ရှိနေရံ့နဲ့ ထပ်လိုချင်နေတော့ ဘယ်ကလာ ပျော်နိုင်ပါတော့မလဲ။ မိမိစိတ်ထားက ရိုးရှင်းနေမယ်ဆိုရင် စိတ်က အလိုလိုချမ်းသာနေတာပါပဲ။
ကိုယ့်ဘဝကို ရန်သူကြီးလို့ မမြင်ဖို့ သိပ်အရေးကြီးပါတယ်။ စိတ်လှုပ်ရှားဖွယ် လေ့လာရေးခရီးတစ်ခုထွက်နေရသလိုမျိုး ပျော်စရာပါလားလို့ ကိုယ့်ဘဝကို ယူဆထားဖို့သာ လိုအပ်တာပါ။
ဒါက အင်မတန်မှန်ပါတယ်။ သင်နေ့တိုင်းနေ့တိုင်း ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့အရာတွေ အမြဲရှိမှာ အသေအချာပဲ။ ဒါပေမယ့် သင်အဲဒီအရာကို မေ့ထားပါလိမ့်မယ်။ တကယ်တော့ အဲဒီအသေးအဖွဲ လုပ်နိုင်တဲ့ အောင်မြင်မှုတွေကပဲ သင့်ဘဝကို တည်ဆောက်နေတာပါ။ သတိမမူ ဂူမမြင် မဖြစ်စေပါနဲ့။

အခုဖော်ပြပေးလိုက်တဲ့ တစ်ချက်ချင်းစီကို သင့်ဘဝနဲ့ နှိုင်းယှဉ်ပြီး ပြန်စဉ်းစားကြည့်ပါ။ သင့်ဘဝမှာ ဘယ်လိုပြန် အသုံးချနိုင်မလဲ ဆိုတာကိုပေါ့။ ကိုယ်ဟာ စိုးရိမ်တဲ့စိတ် ရှိမနေဘူးဆိုရင်တောင် ဒီအချက်လေးတွေကို ထင်ဟပ်စဉ်းစားကြည့်လို့ ရနိုင်ပါသေးတယ်။
Lifestyle_Myanmar
ref-lifehack