စိုထိုင္းတဲ့ေနရာေတြမွာ မိႈေတြရွိတဲ့အခါ ျဖစ္ေပၚတတ္တဲ့ ေရာဂါလကၡဏာ

0
181
မိႈ
မိႈ

မႈိဆိုတာ ကၽြန္ေတာ္တို႔ေနထိုင္တဲ့ ပတ္ဝန္းက်င္၊ အိမ္တြင္း၊ အိမ္ျပင္ ဘယ္ေနရာမဆို ရွိႏိုင္ပါတယ္။ ေျမေအာက္ခန္း၊ ေရခ်ိဳးခန္း စိုထိုင္းတဲ့ေနရာေတြမွာ မ်ားစြာျဖစ္ေပၚတတ္ၿပီး ဒီမိႈေတြရွိေနရင္ေတာ့ကၽြန္ေတာ္တို႔အတြက္ မေကာင္းတဲ့ ေရာဂါလကၡဏာေတြျဖစ္ေပၚလာႏိုင္ပါတယ္။ ပန္းနာရင္ၾကပ္ ဒါမွမဟုတ္ အသက္႐ွဴလမ္းေၾကာင္ဆိုင္ရာေရာဂါမ်ား နဲ႔ အျခားေရာဂါမ်ားစြာျဖစ္ေပၚတတ္ပါတယ္။

၁။ မ်က္စိယားယံျခင္း


ကိုယ္ေနထိုင္တဲ့ေနရာမွာ မႈိေတြရွိေနတဲ့အခါ /မႈိနဲ႔ ထိေတြ႕မႈရွိတဲ့အခါ သင့္မ်က္လုံးက ယားယံျခင္း၊ နီျမန္ျခင္း၊ မ်က္ရည္က်ျခင္း စတဲ့ ေရာဂါလကၡာေတြျဖစ္ေပၚတတ္ပါတယ္။

၂။ အေရျပားယားယံျခင္း


မိမိရဲ႕ အခန္း/ မိမိရဲ႕ ေနထိုင္တဲ့ ေနရာတစ္ဝႈိက္မွာ မႈိရွိေနရင္ ဒါမွမဟုတ္ မိႈနဲ႔ ထိေတြ႕မႈရွိတဲ့အခါ အေရျပားေျခာက္ေသြ႕ယားယံျခင္းအျပင္ အျခားသူေတြကိုပါ ယားယံျခင္း ျဖစ္တတ္ပါတယ္။ ၾကာသြားတဲ့အခါမ်ိဳးမွာ ႏွင္းခူကဲ့သို႔ အေရျပားေရာဂါမ်ိဳးျဖစ္တတ္ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ်
ေရာဂါလကၡာဏာပိုဆိုးေစႏိုင္ပါတယ္။

၃။ ႏွာရည္ယိုျခင္း
မႈိနဲ႔ ထိေတြ႕မႈရွိတဲ့အခါ အေအးမိလို ႏွာရည္ယိုျခင္းမ်ိဳးမဟုတ္ဘဲ ႏွာရည္မ်ားက်လာတတ္ပါတယ္။

၄။ ေခ်ာင္းဆိုးျခင္း


မိႈနဲ႔ ထိေတြ႕ၿပီး ဓာတ္မတည့္တဲ့ခါ ပန္းနာရင္ၾကပ္ေရာဂါ ဒါမွမဟုတ္ ေခ်ာင္းဆိုးျခင္းကို ျဖစ္ေပၚတတ္ပါတယ္။

၅။ အသက္႐ွဴမဝျခင္း
ပန္းနာရင္ၾကပ္ေရာဂါရွိသူေတြအတြက္ မႈိနဲ႔ ထိေတြ႕တဲ့အခါ ပိုၿပီး ေရာဂါေဝဒနာပိုဆိုးေစပါတယ္။ ဒီလို ပန္းနာရင္ၾကပ္ရွိတဲ့သူေတြ အထူဂ႐ုစိုက္ေရွာင္ၾကဥ္သင့္ၿပီး ေလ့လာမႈေတြအရလည္း ပန္းနာရင္ၾကပ္ရွိတဲ့သူေတြဟာ ေရာဂါလကၡဏာပိုဆိုးေစတယ္လို႔ ဆိုပါတယ္။

၆။ ပင္ပန္းႏြမ္းနယ္
ပင္ပန္းႏြမ္းနယ္တာေတာ့ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ပြားေလ့ရွိေပမဲ့ ဘာေၾကာင့္ ပင္ပန္းႏြမ္းနယ္တယ္ဆိုတာ တိတိက်က်သိရွိႏိုင္ပါတယ္။ ဒါေပမဲ့ မႈိနဲ႔ ထိေတြ႕မႈရွိတဲ့သူေတြဟာ ဘာေၾကာင့္ပင္ပန္းႏြမ္းနယ္ဆိုတာ တိတိက်က် မေျပာျပႏိုင္ပါဘူး။ အျခားပင္ပန္းႏြမ္းနယ္စရာ အေၾကာင္းမရွိပဲ ပင္ပန္းႏြမ္းနယ္ၿပီး ၿငီးေငြ႕ဖြယ္ ခံစားရေနတယ္ဆိုရင္ သင္ဟာမႈိနဲ႔ ထိေတြ႕မႈရွိခဲ့လုိပဲျဖစ္ပါတယ္။

၇။ ေခါင္းကိုက္ျခင္း


မႈိေၾကာင့္ ေခါင္းကိုက္တယ္ဆိုတာ ရွားေတာ့ရွားပါတယ္။ ဒါေပမဲ့ မိမိရဲ႕ ေနတဲ့အခန္း၊ ေရခ်ိဳးခန္း၊ အစိုဓာတ္ရွိတဲ့ေနရာေတြမွာ မႈိရွိေနရင္ေတာ့ ေခါင္းကိုက္ျခင္း၊ ေခါင္းတစ္ျခမ္းထိုးျခင္းကို ျဖစ္ေပၚေစပါတယ္။

ဒါ့ေၾကာင့္ အစိုဓာတ္ရွိတဲ့ေနရာေတြ၊ မိႈေတြရွိတဲ့ေနရာေတြကို အၿမဲသန္႔ရွင္းေရးလုပ္ဖို႔လိုအပ္ပါတယ္။ မိမိရဲက အခန္းကိုလည္း ေလဝင္ေလထြက္ေကာင္းေကာင္းနဲ႔ စိုထိုင္းမႈမရွိေအာင္ ထိန္းသိမ္းေပးဖို႔လိုအပ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ေရေႏြးလား၊ ေရခဲေရလား? သင့္ခႏၶာကိုယ္မွာ ျဖစ္ပ်က္သြားတဲ့အရာေတြကို ၾကည့္ၿပီး ေရြးခ်ယ္မႈျပဳလုပ္ပါ


Unicode

စိုထိုင်းတဲ့နေရာတွေမှာ မှိုတွေရှိတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ရောဂါလက္ခဏာ
မှိုဆိုတာ ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်၊ အိမ်တွင်း၊ အိမ်ပြင် ဘယ်နေရာမဆို ရှိနိုင်ပါတယ်။ မြေအောက်ခန်း၊ ရေချိုးခန်း စိုထိုင်းတဲ့နေရာတွေမှာ များစွာဖြစ်ပေါ်တတ်ပြီး ဒီမှိုတွေရှိနေရင်တော့ကျွန်တော်တို့အတွက် မကောင်းတဲ့ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ပန်းနာရင်ကြပ် ဒါမှမဟုတ် အသက်ရှူလမ်းကြောင်ဆိုင်ရာရောဂါများ နဲ့ အခြားရောဂါများစွာဖြစ်ပေါ်တတ်ပါတယ်။

၁။ မျက်စိယားယံခြင်း
ကိုယ်နေထိုင်တဲ့နေရာမှာ မှိုတွေရှိနေတဲ့အခါ /မှိုနဲ့ ထိတွေ့မှုရှိတဲ့အခါ သင့်မျက်လုံးက ယားယံခြင်း၊ နီမြန်ခြင်း၊ မျက်ရည်ကျခြင်း စတဲ့ ရောဂါလက္ခာတွေဖြစ်ပေါ်တတ်ပါတယ်။

၂။ အရေပြားယားယံခြင်း
မိမိရဲ့ အခန်း/ မိမိရဲ့ နေထိုင်တဲ့ နေရာတစ်ဝှိုက်မှာ မှိုရှိနေရင် ဒါမှမဟုတ် မှိုနဲ့ ထိတွေ့မှုရှိတဲ့အခါ အရေပြားခြောက်သွေ့ယားယံခြင်းအပြင် အခြားသူတွေကိုပါ ယားယံခြင်း ဖြစ်တတ်ပါတယ်။ ကြာသွားတဲ့အခါမျိုးမှာ နှင်းခူကဲ့သို့ အရေပြားရောဂါမျိုးဖြစ်တတ်ပြီး အချိန်ကြာလာတာနဲ့အမျှ
ရောဂါလက္ခာဏာပိုဆိုးစေနိုင်ပါတယ်။

၃။ နှာရည်ယိုခြင်း
မှိုနဲ့ ထိတွေ့မှုရှိတဲ့အခါ အအေးမိလို နှာရည်ယိုခြင်းမျိုးမဟုတ်ဘဲ နှာရည်များကျလာတတ်ပါတယ်။

၄။ ချောင်းဆိုးခြင်း
မှိုနဲ့ ထိတွေ့ပြီး ဓာတ်မတည့်တဲ့ခါ ပန်းနာရင်ကြပ်ရောဂါ ဒါမှမဟုတ် ချောင်းဆိုးခြင်းကို ဖြစ်ပေါ်တတ်ပါတယ်။

၅။ အသက်ရှူမဝခြင်း
ပန်းနာရင်ကြပ်ရောဂါရှိသူတွေအတွက် မှိုနဲ့ ထိတွေ့တဲ့အခါ ပိုပြီး ရောဂါဝေဒနာပိုဆိုးစေပါတယ်။ ဒီလို ပန်းနာရင်ကြပ်ရှိတဲ့သူတွေ အထူဂရုစိုက်ရှောင်ကြဉ်သင့်ပြီး လေ့လာမှုတွေအရလည်း ပန်းနာရင်ကြပ်ရှိတဲ့သူတွေဟာ ရောဂါလက္ခဏာပိုဆိုးစေတယ်လို့ ဆိုပါတယ်။

၆။ ပင်ပန်းနွမ်းနယ်
ပင်ပန်းနွမ်းနယ်တာတော့ အခြေအနေအမျိုးမျိုးကြောင့် ဖြစ်ပွားလေ့ရှိပေမဲ့ ဘာကြောင့် ပင်ပန်းနွမ်းနယ်တယ်ဆိုတာ တိတိကျကျသိရှိနိုင်ပါတယ်။ ဒါပေမဲ့ မှိုနဲ့ ထိတွေ့မှုရှိတဲ့သူတွေဟာ ဘာကြောင့်ပင်ပန်းနွမ်းနယ်ဆိုတာ တိတိကျကျ မပြောပြနိုင်ပါဘူး။ အခြားပင်ပန်းနွမ်းနယ်စရာ အကြောင်းမရှိပဲ ပင်ပန်းနွမ်းနယ်ပြီး ငြီးငွေ့ဖွယ် ခံစားရနေတယ်ဆိုရင် သင်ဟာမှိုနဲ့ ထိတွေ့မှုရှိခဲ့လိုပဲဖြစ်ပါတယ်။

၇။ ခေါင်းကိုက်ခြင်း
မှိုကြောင့် ခေါင်းကိုက်တယ်ဆိုတာ ရှားတော့ရှားပါတယ်။ ဒါပေမဲ့ မိမိရဲ့ နေတဲ့အခန်း၊ ရေချိုးခန်း၊ အစိုဓာတ်ရှိတဲ့နေရာတွေမှာ မှိုရှိနေရင်တော့ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းထိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဒါ့ကြောင့် အစိုဓာတ်ရှိတဲ့နေရာတွေ၊ မှိုတွေရှိတဲ့နေရာတွေကို အမြဲသန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။ မိမိရဲက အခန်းကိုလည်း လေဝင်လေထွက်ကောင်းကောင်းနဲ့ စိုထိုင်းမှုမရှိအောင် ထိန်းသိမ်းပေးဖို့လိုအပ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here