စိတ်သွားတိုင်း ကိုယ်ပါတုန်းဖြစ်တဲ့ ငယ်ရွယ်စဥ်မှာ ပြုလုပ်သင့်တဲ့ အရာများ

0
148

ငယ်ရွယ်မှုဆိုတာဟာ သွက်လက်ဖျတ်လတ်ပြီး အမြဲတမ်းတက်ကြွနေတဲ့ အချိန်လေးတွေပါ။ အချိန်တွေကလည်း ဖြည်းဖြည်းချင်းကုန်နေပြီး ဘဝကြီးကလည်း နေလို့ထိုင်လို့ အပျော်ဆုံးအချိန်ပဲဖြစ်ပါတယ်။ လူငယ်အများစုဟာ ငါငယ်ပါသေးတယ်၊ ခရီးသွားဖို့၊ ဘာသာစကားတွေ သင်ယူဖို့၊ ဘဝရဲ့ လက်တွဲဖော်ကို ရှာဖွေဖို့အတွက် အချိန်အများကြီးရှိပါသေးတယ် လို့ မကြာမကြာပြောလေ့ရှိကြပေမယ့်လည်း ကိုယ်ထင်တာထက်ပိုပြီးတော့ အချိန်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးနေတယ်ဆိုတာကို မကြာခင်မှာ နားလည်သဘောပေါက်လာကြပါတယ်။ ဒါကြောင့် ဘဝနဲ့ပတ်သက်တဲ့ စိတ်ကူးတွေသာထိုင်ယဥ်ပြီး လက်ရှိရထားတဲ့ အချိန်တွေကို အကုန်မခံဘဲနဲ့ လက်တွေ့မှာအကောင်အထည်ဖော်နိုင်အောင် ကြိုးစားလိုက်ပါ။

-Advertisement-

၁။ တမျိုးထူးခြားတဲ့ နေရာလေးမှာ နေထွက်ချိန်ကို ကြည့်ပါ။

ပင်လယ်ထဲက ကျွန်းသေးသေးလေးဖြစ်ဖြစ်၊ တိုက်အမြင့်ကြီးရဲ့ ခေါင်မိုးပေါ်ကဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးမဆို အဆင်ပြေပါတယ်။ မနက်ခင်းမှာ စစချင်းထွက်လာတဲ့ နေလုံးကြီးကို ရှုစားပြီး ဖျာကျလာတဲ့ နေရောင်ခြည်လေးတွေကို ခံစားနေတဲ့အချိန်မှာ လိုချင်တဲ့ဆုတစ်ခုကို တောင်းဖို့တော့ မမေ့လိုက်ပါနဲ့ဦး။

၂။ ခရီးသွားပါ။

အဝတ်အစားတွေနဲ့ တခြားမလိုအပ်တဲ့အရာတွေပေါ်မှာ အကုန်ခံမယ့်ပိုက်ဆံကို ခရီးသွားဖို့အတွက် အသုံးချလိုက်တာက ပိုပြီးတန်ဖိုးရှိပါတယ်။ တစ်ခါတစ်ရံမှာ အိမ်နီးချင်းနိုင်ငံလေးတွေကို ခရီးတိုလေးသွားပေးတာကကို ကမ္ဘာသစ်ကြီးကို ရောက်သွားစေသလိုပါပဲ။

၃။ ကိုယ့်ရဲ့ညီငယ်၊ မောင်ငယ်၊ ညီမငယ်လေးများအတွက် အချိန်ပေးပါ။

အကိုကြီး၊ အစ်မကြီးတွေဟာ ဘယ်လောက်ပဲ လုပ်စရာကိစ္စတွေ အင်မတန်များလှတယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့အငယ်လေးတွေနဲ့အတူတူ အချိန်ကုန်ဆုံးဖို့ကိုတော့ မမေ့သင့်ပါဘူး။ သူတို့လေးတွေက အရွယ်ရောက်တာ မြန်ဆန်လွန်းတဲ့အတွက် နောက်ကျမှ နောင်တရတာမျိုး အဖြစ်မခံလိုက်ပါနဲ့။

၄။ ကိုယ့်ရဲ့အကြောက်တရားတွေကို ကျော်လွှားပါ။

အမှောင်၊ အမြင့် သို့မဟုတ် ရေကြောက်တတ်တဲ့ စိတ်တွေက လူအများစုမှာ ကိုယ်စီရှိတတ်ကြပါတယ်။ ကြောက်စိတ်ရှိတာက အမှားကြီးတော့မဟုတ်ပေမယ့်လည်း ဒီအတိုင်းထားမှာထက် ထိုအကြောက်တရားကိုကျော်လွှားပြီး သန်မာလာအောင် ကြိုးစားပါ။

၅။ ကိုယ့်အကူအညီလိုအပ်သူတွေကို မကျော်သွားပါနဲ့။

လောကမှာ လူတန်းစားအစုံအလင်နေထိုင်နေကြတာဖြစ်တဲ့အတွက် ဆင်းရဲချမ်းသာမရွေး၊ တိရစ္ဆာန်လေးတွေဖြစ်နေရင်တောင် ကိုယ့်အကူအညီလိုအပ်နေတယ်ဆိုရင် အတတ်နိုင်ဆုံး ကူညီပေးလိုက်ပါ။

၆။ စာလုပ်ဖို့အချိန်ပေးပါ။

စာမေးပွဲတွေက ထင်ထားတာထက်ပိုပြီး စောစောလာလေ့ရှိတဲ့အတွက် ဆင်ခြေမျိုးစုံပေးပြီးတော့ နောက်ရွှေ့မယ့်အစား စာပြန်လုပ်ဖို့အတွက် အချိန်ပေးလိုက်ပါ။

၇။ အချစ်အတွက် တိုက်ပွဲဝင်ပါ။

Relationship တိုင်းမှာတော့ အတက်အမြင့် အနိမ့်အကျဆိုတာက ရှိတတ်စမြဲပါပဲ။ ဘဝထဲက ပင်ပန်းခက်ခဲချိန်တွေက ကိုယ့်အချစ်ရေးအတွက် အားအင်လည်းဖြစ်စေနိုင်သလို အားကိုလည်း လျော့သွားစေနိုင်ပါတယ်။ ကိုယ်ချလိုက်မယ့် ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး အပြောင်းအလဲဖြစ်လာမှာပါ။

Lifestyle_Myanmar

Thinzar

Source-brightside.

Zawgyi

စိတ္သြားတိုင္း ကိုယ္ပါတုန္းျဖစ္တဲ့ ငယ္႐ြယ္စဥ္မွာ ျပဳလုပ္သင့္တဲ့ အရာမ်ား

ငယ္႐ြယ္မႈဆိုတာဟာ သြက္လက္ဖ်တ္လတ္ၿပီး အၿမဲတမ္းတက္ႂကြေနတဲ့ အခ်ိန္ေလးေတြပါ။ အခ်ိန္ေတြကလည္း ျဖည္းျဖည္းခ်င္းကုန္ေနၿပီး ဘဝႀကီးကလည္း ေနလို႔ထိုင္လို႔ အေပ်ာ္ဆုံးအခ်ိန္ပဲျဖစ္ပါတယ္။ လူငယ္အမ်ားစုဟာ ငါငယ္ပါေသးတယ္၊ ခရီးသြားဖို႔၊ ဘာသာစကားေတြ သင္ယူဖို႔၊ ဘဝရဲ႕ လက္တြဲေဖာ္ကို ရွာေဖြဖို႔အတြက္ အခ်ိန္အမ်ားႀကီးရွိပါေသးတယ္ လို႔ မၾကာမၾကာေျပာေလ့ရွိၾကေပမယ့္လည္း ကိုယ္ထင္တာထက္ပိုၿပီးေတာ့ အခ်ိန္ေတြက ျမန္ျမန္ဆန္ဆန္ ကုန္ဆုံးေနတယ္ဆိုတာကို မၾကာခင္မွာ နားလည္သေဘာေပါက္လာၾကပါတယ္။ ဒါေၾကာင့္ ဘဝနဲ႔ပတ္သက္တဲ့ စိတ္ကူးေတြသာထိုင္ယဥ္ၿပီး လက္ရွိရထားတဲ့ အခ်ိန္ေတြကို အကုန္မခံဘဲနဲ႔ လက္ေတြ႕မွာအေကာင္အထည္ေဖာ္ႏိုင္ေအာင္ ႀကိဳးစားလိုက္ပါ။

၁။ တမ်ိဳးထူးျခားတဲ့ ေနရာေလးမွာ ေနထြက္ခ်ိန္ကို ၾကည့္ပါ။

ပင္လယ္ထဲက ကြၽန္းေသးေသးေလးျဖစ္ျဖစ္၊ တိုက္အျမင့္ႀကီးရဲ႕ ေခါင္မိုးေပၚကျဖစ္ျဖစ္၊ ဘယ္လိုေနရာမ်ိဳးမဆို အဆင္ေျပပါတယ္။ မနက္ခင္းမွာ စစခ်င္းထြက္လာတဲ့ ေနလုံးႀကီးကို ရႈစားၿပီး ဖ်ာက်လာတဲ့ ေနေရာင္ျခည္ေလးေတြကို ခံစားေနတဲ့အခ်ိန္မွာ လိုခ်င္တဲ့ဆုတစ္ခုကို ေတာင္းဖို႔ေတာ့ မေမ့လိုက္ပါနဲ႔ဦး။

၂။ ခရီးသြားပါ။

အဝတ္အစားေတြနဲ႔ တျခားမလိုအပ္တဲ့အရာေတြေပၚမွာ အကုန္ခံမယ့္ပိုက္ဆံကို ခရီးသြားဖို႔အတြက္ အသုံးခ်လိုက္တာက ပိုၿပီးတန္ဖိုးရွိပါတယ္။ တစ္ခါတစ္ရံမွာ အိမ္နီးခ်င္းႏိုင္ငံေလးေတြကို ခရီးတိုေလးသြားေပးတာကကို ကမာၻသစ္ႀကီးကို ေရာက္သြားေစသလိုပါပဲ။

၃။ ကိုယ့္ရဲ႕ညီငယ္၊ ေမာင္ငယ္၊ ညီမငယ္ေလးမ်ားအတြက္ အခ်ိန္ေပးပါ။

အကိုႀကီး၊ အစ္မႀကီးေတြဟာ ဘယ္ေလာက္ပဲ လုပ္စရာကိစၥေတြ အင္မတန္မ်ားလွတယ္ဆိုေပမယ့္လည္း ကိုယ့္ရဲ႕အငယ္ေလးေတြနဲ႔အတူတူ အခ်ိန္ကုန္ဆုံးဖို႔ကိုေတာ့ မေမ့သင့္ပါဘူး။ သူတို႔ေလးေတြက အ႐ြယ္ေရာက္တာ ျမန္ဆန္လြန္းတဲ့အတြက္ ေနာက္က်မွ ေနာင္တရတာမ်ိဳး အျဖစ္မခံလိုက္ပါနဲ႔။

၄။ ကိုယ့္ရဲ႕အေၾကာက္တရားေတြကို ေက်ာ္လႊားပါ။

အေမွာင္၊ အျမင့္ သို႔မဟုတ္ ေရေၾကာက္တတ္တဲ့ စိတ္ေတြက လူအမ်ားစုမွာ ကိုယ္စီရွိတတ္ၾကပါတယ္။ ေၾကာက္စိတ္ရွိတာက အမွားႀကီးေတာ့မဟုတ္ေပမယ့္လည္း ဒီအတိုင္းထားမွာထက္ ထိုအေၾကာက္တရားကိုေက်ာ္လႊားၿပီး သန္မာလာေအာင္ ႀကိဳးစားပါ။

၅။ ကိုယ့္အကူအညီလိုအပ္သူေတြကို မေက်ာ္သြားပါနဲ႔။

ေလာကမွာ လူတန္းစားအစုံအလင္ေနထိုင္ေနၾကတာျဖစ္တဲ့အတြက္ ဆင္းရဲခ်မ္းသာမေ႐ြး၊ တိရစာၦန္ေလးေတြျဖစ္ေနရင္ေတာင္ ကိုယ့္အကူအညီလိုအပ္ေနတယ္ဆိုရင္ အတတ္ႏိုင္ဆုံး ကူညီေပးလိုက္ပါ။

၆။ စာလုပ္ဖို႔အခ်ိန္ေပးပါ။

စာေမးပြဲေတြက ထင္ထားတာထက္ပိုၿပီး ေစာေစာလာေလ့ရွိတဲ့အတြက္ ဆင္ေျခမ်ိဳးစုံေပးၿပီးေတာ့ ေနာက္ေ႐ႊ႕မယ့္အစား စာျပန္လုပ္ဖို႔အတြက္ အခ်ိန္ေပးလိုက္ပါ။

၇။ အခ်စ္အတြက္ တိုက္ပြဲဝင္ပါ။

Relationship တိုင္းမွာေတာ့ အတက္အျမင့္ အနိမ့္အက်ဆိုတာက ရွိတတ္စၿမဲပါပဲ။ ဘဝထဲက ပင္ပန္းခက္ခဲခ်ိန္ေတြက ကိုယ့္အခ်စ္ေရးအတြက္ အားအင္လည္းျဖစ္ေစႏိုင္သလို အားကိုလည္း ေလ်ာ့သြားေစႏိုင္ပါတယ္။ ကိုယ္ခ်လိုက္မယ့္ ဆုံးျဖတ္ခ်က္ေပၚမူတည္ၿပီး အေျပာင္းအလဲျဖစ္လာမွာပါ။

Lifestyle_Myanmar

Thinzar

Source-brightside.

LEAVE A REPLY

Please enter your comment!
Please enter your name here