စိတ်ဖိစီးမှုကို သက်သာစေဖို့ အားမစိုက်ရတဲ့ နည်းလမ်း (၁၂) ခု

0
143

စိတ်ဖိစီးမှုကို သက်သာစေဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်၊ မယုံမရှိပါနဲ့။ လက်မစုပ်ခြင်းက သင့်စိတ်ဖိစီးမှုကို သက်သာစေဖို့ ထိရောက်သော လမ်းနည်းတစ်ခု ဖြစ်နိုင်ပြီး သင့်စိတ်ဖိစီးမှုအဆင့်ကို လျှော့ချဖို့ လိမ္မော်ဖျော်ရည်ကိုတောင် သောက်နိုင်ပါတယ်။ ယနေ့မှာ အလုပ်ကြောင့်၊ မိသားစုကြောင့်၊ လူမှုရေး၊ စီးပွားရေးပြဿနာတွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေရသူတွေအတွက် စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်မယ့် အလွယ်ဆုံးနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

-Advertisement-

၁။ သင့်လက်ချောင်းတွေကို reset ခလုတ်အဖြစ် သုံးပါ

သက့်လက်ကို ပါးစပ်ထဲထည့်ပြီး မှုတ်လိုက်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်ပါတယ်။ လက်မနှင့် သင့်ရဲ့ လေလမ်းကြောင်းကို ပိတ်ဆို့ပြီး မှုတ်ထုတ်လိုက်ခြင်းဖြင့် သင့်ရဲ့ vagus အာရုံကြောကို activate ဖြစ်စေပါလိမ့်မယ်။ ၎င်းက သင့်နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို လျှော့ချပေးပြီး သင့်ကို ပိုမိုသက်တောင့်သက်သာဖြစ်စေပါတယ်။

ဒါကို လူကြားထဲမှာလုပ်ဖို့ ရှက်ပါက သင့်ရဲ့ ဒုတိယနှင့် တတိယလက်ကြားရှိအမှတ်ကို ကြာကြာလေးဖိထားပေးပြီး ပြန်လွှတ်ပါ။ ဒီအရာက သင့်အား စိတ်ဖိစီးမှုခံစားချက်ကို နည်းပါးစေသော reset ခလုတ်တစ်ခုအနေဖြင့် အလုပ်လုပ်နိုင်ပါတယ်။

၂။ ပီကေဝါးပါ

လေ့လာမှုတစ်ခုအရ ပီကေဝါးခြင်းက အလုပ်ခွင်နှင့် အလုပ်ပြင်ပမှာ စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်ပါတယ်။ လေ့လာမှုရဲ့ ရလဒ်များအရ ၎င်းဟာ ပင်ပန်းနွမ်းနယ်မှု၊ စိုးရိမ်စိတ်နှင့် စိတ်ဓါတ်ကျမှုကို လျှော့ချနိုင်ပြီး စိတ်ကြည်လင်စေတယ်လို့ ထပ်မံဖော်ပြခဲ့ပါတယ်။

၃။ အဆုံးမရှိတဲ့ pattern တွေကို ကြည့်ပါ

fractals လို့လူသိများတဲ့ အဆုံးမရှိသောပုံစံများကို သင့်ပတ်ဝန်းကျင်မှာ တွေ့မြင်နိုင်ပါတယ်။ သူတို့ကို ပန်းပွင့်ချပ်များ၊ ပင့်ကူအိမ်များ၊ ပြတင်းပေါက်ပေါ်က နှင်းခဲပုံစံများ၊ ဥခွံလို ဂျီသြမေတြီပုံစံများမှာ မြင်နိုင်ပါတယ်။ လေ့လာမှုအတော်များများအရ သူတို့ကို ကြည့်ခြင်းအားဖြင့် စိတ်ဖိစီးမှုအဆင့်ကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။

၄။ သင့်နားမှာ အပင်တစ်ပင်ထားပါ

အပင်တစ်ပင်က သင့်ရဲ့ အလုပ်စားပွဲပေါ်မှာ အလှဆင်ပစ္စည်းတစ်ခု ဖြစ်နိုင်ရုံသာမက စိတ်ဖိစီးမှုကိုပါ သက်သာစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ရုံးခန်းအတွင်း အပင်များရှိနေခြင်းက သွေးပေါင်ချိန်ကို ကျဆင်းစေပြီး ကုန်ထုတ်စွမ်းအားကိုတောင် တိုးစေတယ်လို့ ဆိုပါတယ်။

၅။ ရယ်မောပါ

Endorphins ဆိုတာ စိတ်ဖိစီးမှုကို သက်သာစေတဲ့ ဓါတုပစ္စည်းတွေပါ။ သင်ရယ်မောတဲ့အခါ ဒီဓါတုပစ္စည်းများကို ထုတ်လွှတ်ပါတယ်။ ခံစားချက်မပါတဲ့ ရယ်မောခြင်းအတုကတောင် Endorphinsကို ထုတ်လွှတ်ဖို့ အစပြုတဲ့ အတွင််းပိုင်းသက်ရောက်မှုကို ဖန်တီးပေးပါလိမ့်မယ်။. ကိုယ်တွင်းအင်္ဂါမှတဆင့် အောက်စီဂျင်ကို တိုးပွားလာစေပြီး သွေးစီးဆင်းမှုကို တိုးပွားစေပါတယ်။ ရယ်စရာအကြောင်း စဉ်းစားရုံနဲ့ စိတ်ဖိစီးမှုအဆင့်ကို လျှော့ချနိုင်ပါတယ်။

၆။ အော်ငိုပါ

အရွယ်ရောက်ပြီးသူတွေ ငိုတဲ့အခါ စိတ်ဓါတ်ပျော့ညံ့တယ်လို့ မှတ်ယူကြတဲ့ ယဉ်ကျေးမှုမှာ ကျွန်မတို့နေပါတယ်။ တကယ်တော့ ငိုတယ်ဆိုတာ စိတ်ဖိစီးမှုကို လျှော့ချပေးတာကြောင့် ငိုဖို့လိုအပ်ပါတယ်။ စိတ်ဖိစီးမှုက ကြွက်သားတွေကို တင်းကျပ်စေပြီး တင်းမာမှုကို တိုးစေပါတယ်။ ဒါ့ကြောင့် သင်ငိုတဲ့အခါ တင်းမာမှုတစ်ချို့ကို release လုပ်ပေးလိုက်တယ်လို့ စိတ်ပညာရှင် Stephen Sideroff ကဆိုပါတယ်။

၇။ ဂါထာတစ်ခုရွတ်ပါ

ဂါထာကသွေးတိုးနှင့် နှလုံးခုန်နှုန်းကို လျှော့ကျစေသလို နာတာရှည်စိတ်ဖိစီးမှုကို လျော့နည်းခြင်းနှင့် ဆက်နွယ်နေတဲ့ တရားအားထုတ်ခြင်းပုံစံတစ်မျိုးဖြစ်ပါတယ်။ တာရှည်လုပ်ဖို့ မလိုပါဘူး။ ဘာကိရိယာမှလည်း မလိုအပ်ပါဘူး။ သင်လုပ်ရမယ့်အရာက မျက်စိကိုပိတ်ပြီး ခံစားမှုပိုကောင်းတဲ့အထိ စိတ်ငြိမ်စေတဲ့ စကားလုံးတွေကို ထပ်ခါထပ်ခါပြောပါ။

၈။ သင့်ခေါင်းကို နှလုံးအောက်မှာ နိမ့်ထားပါ

မတ်တပ်ရပ်ပြီး ကြမ်းပြင်ကို လက်တွေထိတဲ့အထိ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကိုင်းလိုက်ပါ။ သင့်ခေါင်းက သင့်နှလုံးအောက်မှာရောက်နေပြီး သွေးစီးဆင်းမှုက သင့်ခြေထောက်မှာထက် ခေါင်းကို စီးဆင်းပါတယ်။ ဒါက စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။

၉။ လိမ္မော်ဖျော်ရည် ပိုသောက်ပါ

လိမ္မော်သီးဟာ ဗီတာမင်စီကြွယ်ဝတာကြောင့် စိတ်ဖိစီးမှုကို ပိုထိရောက်စွာ စီမံနိုင်ပါတယ်။ ဗီတာမင်စီက တစ်စိတ်တစ်ပိုင်းအားဖြင့် ကော်တီဇုန်ကဲ့သို့သော စိတ်ဖိစီးမှုဟော်မုန်းများကို လျော့နည်းစေပါတယ်။

၁၀။ ပူဖောင်းမှုတ်ပါ

စိတ်ဖိစီးမှု ခံစားရတဲ့အခါ သက်ပြင်းချလေ့ရှိကြပါတယ်။ ဒါပေမယ့် သင်အနားယူဖို့ အောက်ဆီဂျင်လိုအပ်ပါတယ်။ ပူဖောင်းမှုတ်ခြင်းအားဖြင့် ဖြည်းဖြည်းနှင့် အသက်ပြင်းပြင်းရှုဖို့ သင့်ရဲ့ ရင်ဘတ်နှင့် ဝမ်းဗိုက်အကြားရှိ ကြွက်သားစိုင်ကို သုံးရပါတယ်။ နှလုံးခုန်နှုန်းကလည်း လျော့ကျသွားပြီး သင့်ကြွက်သားတွေ relax ဖြစ်လာပါလိမ့်မယ်။

၁၁။ ပန်းကန်ဆေးပါ

ဆပ်ပြာအနံ့၊ ရေရဲ့နွေးထွေးမှုနှင့် ပန်းကန်တွေရဲ့ ခံစားမှုအပေါ် အာရုံစိုက်တဲ့အခါ သင့်ရဲ့ nervousness ကို ၂၇ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ စိတ်ဖိစီးမှု ခံစားနေရပါက ပန်းကန်ထိုင်ဆေးပါ။

၁၂။ နားကို နှိပ်နယ်ပါ

သင့်လက်ချောင်းလေးတွေလိုပဲ သင့်နားတွေက စိတ်ဖိစီးမှုအခြေအနေကို သက်သာစေနိုင်တဲ့ reset ခလုတ်တွေပဲဖြစ်ပါတယ်။ နားရွက်တွေကို နှိပ်နယ်ပေးခြင်းအားဖြင့် စိုးရိမ်မှုအဆင့်ကို လျှော့ချနိုင်ကြေုာင်း လေ့လာမှုတစ်ခုက သက်သေပြခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here