စိတ်ဖိစီးစရာ အရာတွေဆိုတာ မဖိတ်ခေါ်ဘဲ အချိန်မရွေးဝင်လာတတ်တဲ့ အရာတွေဖြစ်ပါတယ်။ ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် စိတ်ဖိစီးစရာတွေကို ရာနှုန်းပြည့်သည်းခံနိုင်ဖို့ ဆိုတာကတော့ တော်တော်လေးခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း စိတ်ဖိစီးစရာတွေကြုံလာတိုင်း အမြန်ဆုံး ပြေပျောက်စေမယ့် နည်းလမ်းလေးတွေကို သိထားမယ်ဆိုရင်တော့ ထင်သလောက် ကိုယ့်ရဲ့ တစ်နေ့အချိန်တွေဟာ မကောင်းတဲ့အရာတွေအတွက် ပုပ်သိုးသွားတော့မှာ မဟုတ်ပါဘူး။
(၁) အသက်ပြင်းပြင်း ရှုသွင်းရှုထုတ်ပြုလုပ်ပါ
စိတ်ဖိစီးစရာတွေ ဒေါသစိတ်တွေဖြစ်ပေါ်နေချိန် လူတိုင်းလိုလို အသက်ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်ဖူးကြမှာပါ။ ဒါပေမယ့် အသက်ရှုခြင်းကိုခ ပ်မြန်မြန်ပဲ ပြုလုပ်တတ်ကြတာဖြစ်ပါတယ်။ မိနစ်ပိုင်းအတွင်း စိတ်ဖိစီးမှုတွေလျော့ကျစေချင်တယ်ဆိုရင်တော့ အသက်ကိုဖြည်းဖြည်းနဲ့ မှန်မှန်လေးပဲ ရှုသွင်းရှုထုတ်ပြုလုပ်ပါ။ နှာခေါင်းထိပ်လေးက ဝင်လာတဲ့ ပြန်ထွက်သွားတဲ့လေတွေကို သေချာအာရုံစူးစိုက်ပြီး အသက်ရှုသွင်းရှုထုတ် လုပ်ကြည့်ပါ။

(၂) ခဏတဖြုတ်လမ်းထလျောက်ပါ
တစ်နေရာထဲမှာပဲ ငြိမ်ငြိမ်လေးထိုင်နေတာဟာ စိတ်ဖိစီးမှုတွေကို ပိုမိုအားကောင်းလာစေပါတယ်။ ဒါကြောင့် ခဏတဖြုတ်လမ်းထလျောက်ကြည့်ပါ။ အိမ်ရှေ့နဲ့နောက်ဖေးဖြစ်စေ ၃ ခေါက်လောက် အသွားအပြန်လျောက်ပါ။ စိတ်ဖိစီးနေတဲ့အချိန် ခန္ဓာကိုယ်ကိုလှုပ်ရှားပေးတာဟာ ခန္ဓာကိုယ်က တင်းမာနေတဲ့ အကြောအချဉ်တွေကို ပြေလျော့စေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း အမြန်ဆုံးလျော့ကျစေမှာဖြစ်ပါတယ်။

(၃) တစ်ယောက်ယောက်နဲ့စကားပြောလိုက်ပါ
စိတ်ဖိစီးမှုတွေဖြစ်နေတဲ့ အချိန်မှာတစ်ယောက်တည်းနေခြင်းက စိတ်ဖိစီးမှုတွေကို ထပ်ထပ်ပြီး တွေးမိနေတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောကြည့်ပါ။ ဒီလိုစကားပြောခြင်းက အကျပ်အတည်းကြားကကိုယ့်ရဲ့ စိတ်အခြေအနေကို ကယ်တင်လိုက်ရာကျသလို စိတ်ကိုလည်း အပြောင်းလဲဖြစ်သွားစေမှာဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာဖြစ်စေ အိမ်မှာပဲဖြစ်စေ လုပ်ဖော်ကိုင်ဖက် မိသားစုဝင်တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောဖို့အကြံပြုချင်ပါတယ်။

(၄) လှေကားတက်ပါ
စိတ်ဖိစီးမှုတွေ အရမ်းစုံပြုံလာတဲ့အခါ စိတ်ထွက်ပေါက်ပိတ်ပြီး လုပ်မိလုပ်ရာတွေ လုပ်တတ်ကြပါတယ်။ အကောင်းဆုံးကတော့ အတက်အဆင်းပြုလုပ်လို့ရမယ့် တိုက်ခန်းလှေကားတွေ ကွန်ဒိုလှေကားတွေ စသည့်ဖြင့် လှေကားတစ်ခုခုကို အပြေးတက်သွားကြည့်ပါ။ မောဟိုက်လာတဲ့အထိ တက်ပါ။ လှေကားတက်ခြင်းက အားကစားတစ်ခုခုပြုလုပ်တာနဲ့ သဏ္ဍန်တူတာကြောင့် စိတ်ဖိစီးမှုတွေကို အမြန်ဆုံးလျော့ကျသွားစေမှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-healthline