စိတ်ခံစားမှုဆိုင်ရာ ရင့်ကျက်သူတွေဟာ တစ်ခြားလူတွေရဲ့ အပြုသဘောဆောင်ပြီး ကျန်းမာသောဆက်ဆံရေးတွေရှိတတ်ပြီး ယေဘုယျအားဖြင့် ပိုမိုပျော်ရွှင်တတ်သူတွေဖြစ်ပါတယ်။ မည်သူမဆို စိတ်ခံစားမှုဆိုင်ရာ ရင့်ကျက်မှုကို ရရှိဖို့ ကြိုးစားအားထုတ်နိုင်ပါတယ်။ ဒီအချက်တွေကတော့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတွေရဲ့ အမူအကျင့်တစ်ချို့ကို မျှဝေပေးထားတာဖြစ်ပါတယ်။
၁။ သူတို့ရဲ့ လိုအပ်ချက်တွေနှင့် စိတ်ခံစားချက်တွေကို သတိပြုမိကြတယ်

စိတ်ခံစားမှုဆိုင်ရာ ရင့်ကျက်လာတဲ့အခါ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ လိုအပ်ချက်တွေ၊ အတွေးတွေကို သိလာပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ အဲ့လိုအပ်ချက်တွေနှင့် စိတ်ခံစားမှုတွေကို အသိအမှတ်ပြုသူတွေဖြစ်လာကြပါတယ်။ အဆိုးမြင်စိတ်တွေ ခံစားလာရတဲ့အခါ ဒီအရာကို အရင်ဆုံး သတိထားမိဖို့ လိုအပ်ပြီး လွှတ်ချတတ်ဖို့ လိုအပ်ပါတယ်။ စိတ်ခံစားချက်တွေကို ငြင်းဆိုမယ်ဆိုရင် နောက်ပိုင်းမှာ ပေါက်ကွဲထွက်သွားတတ်ပါတယ်။
၂။ သူတို့က အပြုသဘောဆောင်ကြသလို အဲ့ဒီအရာတွေက အစစ်အမှန်တွေဖြစ်ကြတယ်

အကောင်းမြင်ခြင်းက နေ့စဉ်ဝမှာ အကျိုးရှိပြီး စိတ်ပိုင်းဆိုင်ရာရင့်ကျက်သူတွေက ပျက်ဆီးခြင်းနှင့် မှောင်မိုက်ခြင်းတွေအကြားမှာ အကောင်းမြင်တွေးခေါ်ခြင်းကို နှစ်သက်ကြပါတယ်။ သူတို့က တောက်ပပြီး ပျော်ရွှင်စရာကောင်းသော အချိန်များစွာကို ပိုင်ဆိုင်ထားတာကြောင့် သူတို့ပတ်ဝန်းကျင်မှာ ပျော်ပျော်ရွှင်ရွှင်ရှိနေကြပြီး ဘယ်အရာကိုမှ အချိန်တွေအကြာကြီး စိတ်ပျက်မနေကြပါဘူး။
ဒါပေမယ့် စိတ်ခံစားချက်ဆိုင်ရာရင့်ကျက်သူတွေက မျှော်လင့်ချက်ကင်းမဲ့နေသူတွေလို့ မဆိုလိုပါဘူး။ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေကို လက်တွေ့ကျကျ တိကျစွာ မြင်တတ်ခြင်းကို ဆိုလိုပါတယ်။ သူတို့က မှန်ကန်သော ဘက်ခြမ်းတွေကို အာရုံစိုက်ဖို့ နှင့် ပြဿနာတွေကို ဖြေရှင်းဖို့၊ အခြေအနေတွေကို တိုးတက်ကောင်းမွန်လာစေဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို အပြုသဘောဆောင်သော တွေးခေါ်မှုကို တွေးခေါ်ကြခြင်းဖြစ်ပါတယ်။
၃။ သူတို့က လိုက်လျောညီထွေဖြစ်ပြီး ပွင့်လင်းသော သဘောထားရှိကြတယ်

စိတ်ခံစားမှုဆိုင်ရာရင့်ကျက်သူတွေက သူတို့ရဲ့ ယူဆချက်တွေ၊ အမြင်တွေက အရာအားလုံးမမှန်နိုင်ကြောင်း သိထားကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ လိုက်လျောညီထွေနေနိုင်ကြပြီး သူတို့ရဲ့ အတွေးအမြင်တွေနှင့် တိုက်ဆိုင်နေတယ်ဆိုရင်တောင် စိတ်ကူးသစ်တွေနှင့် ထင်မြင်ယူဆချက်တွေကို နားထောင်ဖို့ အမြဲဖွင့်ဆိုထားကြပါတယ်။
သုတေသနပြုချက်တွေအရ ပွင့်လင်းမြင်သာသူတွေက ယေဘုယျအားဖြင့် ပိုမိုပျော်ရွှင်ကြပြီး ပိုမိုကောင်းမွန်သော အပြုသဘောဆောင်တဲ့ တွေးခေါ်မှုတွေအပြင် ပဋိပက္ခစီမံခန့်ခွဲမှုစွမ်းရည်တွေလည်း ပိုမိုအားကောင်းလာကြပါတယ်။ သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သင့်တဲ့အရာတစ်ခုဆိုရင် စိတ်ခံစားမှုဆိုင်ရာ ရင့်ကျက်မှုက ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။ သည်းမခံနိုင်စရာအခြေအနေတွေကို သည်းခံနိုင်တယ်လို့ မဆိုလိုဘဲ ပြဿနာရဲ့ ရှုထောင့်တစ်မျိုးဖြစ်တဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ရှာဖွေတတ်ခြင်းဖြစ်ပါတယ်။
၄။ စကားမပြောခင် မေးမြန်းကြတယ်

သင့်ဘဝမှာ စကားပြောဆိုသူဖို့ အလွယ်တကူဖြစ်နေပေမယ့် နားထောင်ဖို့ကို ပျက်ကွက်တတ်ကြပါတယ်။ ဒီလူတွေဟာ တစ်ခြားလူတွေထက် ကိုယ့်ကိုယ်ကိုယ်ပိုစိတ်ဝင်စားကြပြီး တစ်ခြားလူတွေကို အလှည့်မပေးခြင်းက စိတ်ခံစားမှုဆိုင်ရာ ရင့်ကျက်တယ်လို့ မဆိုလိုပါဘူး။ စကားမပြောခင်မှာ နားထောင်ပြီး အရင်စောင့်ကြည့်တတ်တာက စိတ်ခံစားမှုဆိုင်ရာ ရင့်ကျက်သူတွေရဲ့ အမူအကျင့်ဖြစ်ပြီး တွန်းအားတွေ ထိန်းချုပ်နိုင်သလို စိတ်ပိုင်းဆိုင်ရာလည်း ပေါက်ကွဲခြင်းကို တားဆီးနိုင်ပါတယ်။
၅။ သူတို့က ရိုးသားကြတယ်
တစ်စုံတစ်ယောက်က စိတ်ခံစားမှုဆိုင်ရာ ရင့်ကျက်လာတဲ့အခါ စိတ်ခံစားမှုဆိုင်ရာရိုးသားလာကြပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ အရမ်းလိုက်လျောညီထွေရှိတာကြောင့် သူတို့ရဲ့ စိတ်ရင်းမှန်နှင့် အတွေးတွေကို ရိုးသားစွာ လုပ်နိုင်လာကြပါတယ်။
သမာဓိအားကောင်းခြင်းဖို့အတွက် ကတိကဝပြုကြပြီး အမှန်တရားက နာကျင်စေတယ်ဆိုရင်တောင် အမှန်တရားကို ဖက်တွယ်ထားကြသူတွေဖြစ်ပါတယ်။ တစ်ခြားလူတွေဆီကလည်း ရိုးသားမှုကိုသာ လိုချင်ကြသူတွေဖြစ်တာကြောင့် တုံ့ပြန်ချက်နှင့် အချက်အလက်အားလုံးကို နားထောင်ဖို့ ပွင့်လင်းသောစိတ်ထားတွေရှိကြပါတယ်။ သူတို့မဟုတ်တဲ့လူတစ်ယောက်လို ဟန်ဆောင်ဖို့မလိုအပ်ကြောင်း ကောင်းကောင်းနားလည်သူတွေဖြစ်ပါတယ်။ သူတို့ဟာ မျက်နှာဖုံးတွေ မတပ်ချင်ကြသလို ကိုယ်ပိုင်အမှတ်အသားတွေကိုလည်း ဂုဏ်ယူကြသူတွေဖြစ်ပါတယ်။
၆။ သူတို့အမှားအတွက် တာဝန်ယူကြပါတယ်
တစ်စုံတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကင်းမဲ့နေတဲ့အခါမှာ သူတို့ရဲ့ အမှားတွေကို ဝန်ခံဖို့ ခက်ခဲကြပါတယ်။ စိတ်ခံစားမှုဆိုင်ရာ မရင့်ကျက်သူတွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ အပြစ်တင်ခြင်း၊ လက်ညိုးထိုးခြင်း၊ ဆင်ခြေပေးခြင်းတွေလုပ်လေ့ရှိကြပါတယ်။ သူတို့ရဲ့ မာနကြောင့် တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ်တွေလုပ်တတ်ခြင်းက စိတ်ခံစားမှုဆိုင်ရာ မရင့်ကျက်သူတွေရဲ့ အမှတ်အသားတွေဖြစ်ကြပါတယ်။
စိတ်ခံစားမှုဆိုင်ရာ ရင့်ကျက်သူတွေက သူတို့အမှားလုပ်ထားကြောင်းသိရတဲ့အခါ အဲဒီ့အကြောင်းအရာကို အလေးအနက်ထားစဉ်းစားကြပါတယ်။ တိုက်ခိုက်ဖို့ မကြိုးစားဘဲ ယဉ်ကျေးစွာ တောင်းပန်မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ တစ်ခြားလူတွေကို အပြစ်တတ်သူတွေမဟုတ်သလို ပတ်ဝန်းကျင်ကိုလည်း အပြစ်တင်လေ့မရှိပါဘူး။
Lifestyle_Myanmar
Nyein_Thu
ref-powerofpositivity