စိတ်ကိုအပေါ်ယံထိခိုက်စေတဲ့Psychological abuseနဲ့စိတ်ကိုနက်နက်နဲနဲထိခိုက်စေတဲ့ Emot ional abuseကြားကခြားနားချက်

0
2603
- Advertisement -

စိတ်ပိုင်းဆိုင်ရာကို အပေါ်ယံသဘောမျှသာ ထိခိုက်နစ်နာစေတဲ့ Psychological abuseနဲ့ စိတ်ခံစားချက်အတွင်းထဲထိ ထိခိုက်နစ်နာစေတဲ့ Emotional abuseကြားမှာကွာခြားချက်တွေရှိနေပါတယ်။ လူအများစုကစိတ်ပိုင်းဆိုင်ရာလို့ပြောလို က်ရင် အတူတူပဲလို့တွေးထင်မိတတ်ကြပါတယ်။ တကယ်တော့မတူညီပါဘူး။

-Advertisement-

ဒါ့အပြင် ဒီအကြောင်းအရာနှစ်ခုလုံးဟာ ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်နစ်နာအောင်ပြုမူတဲ့ physical abuseနဲ့လဲ ကွဲပြားခြားနားမှုရှိပါတယ်။ Physical abuseဆိုတာ တခြားလူတွေကို တနည်းနည်းနဲ့ထိန်းချုပ်ဖို့ရန်အတွက် သူတို့ရဲ့ခန္ဓာကိုယ် အ ပေါ် နာကျင်တဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေတဲ့ လက်ဝါး သို့မဟုတ် တုတ်ဖြင့်ရိုက်နှက်ခြင်း၊ တွန်းထုတ်ခြင်း၊ ကန်ခြင်း၊ ဆွဲဆိတ်ခြင်းနဲ့ အခြားသောရုပ်ပိုင်းဆိုင်ရာကိုနာကျင်အောင်ပြုလုပ်လိုက်တဲ့အပြုအမူအားလုံးကိုဆိုလိုတာဖြစ်ပါတယ်။

physical ၊ Psychologicalနဲ့ Emotional abuse

နာကျင်မှုကြောင့်ရလာတဲ့ ဒဏ်ရာတွေကိုကြည့်ခြင်းအားဖြင့် လူတယောက်ဟာ physical abuseလုပ်ခြင်းခံရမခံရကို ဆန်းစစ်လို့ရနိုင်ပါတယ်။ သို့သော် Psychologicalနဲ့ Emotional abuseတွေမှာတော့ Physical abuseလိုမျိုး ဒဏ်ရာအမှတ်အသားတွေမတွေ့နိုင်ပါဘူး။ ဒ့ါကြောင့်် မမြင်နိုင် မတွေ့နိုင်တာနဲ့ပဲ ထိခိုက်နစ်နာမှုမရှိဘူးကျင်မှုမခံစားရဘူးလို့တပ်အပ်ပြောလို့မရနိုင်ပါဘူး။ စိတ်ထိခိုက်နစ်နာရမှု စိတ်သောကရောက်ရမှုတွေဟာ physical abuseနဲ့အလား တူ နာကျင်မှုကိုခံစားရတာပါပဲ။

တကယ်တမ်းပြောရရင် physical abuseကြောင့်ဖြစ်လာတဲ့ နာကျင်မှုဒဏ်ရာကို ဆေးဝါးတွေနဲ့ကုသလို့ရနိုင်ပါတယ်။ စိတ်ကြောင့်ဖြစ်လာတဲ့ဒဏ်ရာကိုတော့ ဘယ်လိုဆေးဝါးနဲ့မှကုသလို့လဲမရသလို အချိန်တန်ရင်အနာကျက်သွားသလိုမျိုး စိတ်သက်သာရာရလာဖို့ဆိုတာကလဲခက်ခဲပါတယ်။ စိတ်ကိုစိတ်နဲ့ပဲ နလန်ထူအောင် ပန်ကုစားရတာပါ။ ဒါကလဲအနာကိုဆေးထည့်သလို

ချက်ချင်းအာနိသင်ပြတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်လဲ လူအများစုဟာ စိတ်သောကရောက်ရ၊ စိတ်ဓါတ်တွေကျ စိတ်ထိခိုက်ခံစားရတဲ့အခါ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကပါ တဖြေးဖြေးဆုတ်ယုတ်အားနည်းလာတတ်ကြတယ်မဟုတ်ပါလား။ ရင်ကွဲနာကျပြီးသေဆုံးတယ်ဆိုတာမျိုးတွေတောင် ရှိတယ်မဟုတ်ပါလား။ ဒီလိုနဲ့ စိတ်သွားတိုင်းကိုယ်မပါတော့ဘဲ လက်မှိူင်ချမှိုင်တွေမိနေတတ်ကြတာပဲဖြစ်ပါတယ်။

စိတ်ကြောင့်ဖြစ်တဲ့အနာကို စိတ်နဲ့ပဲကုရတာမို့ ပျောက်ကင်းဖို့ဆိုတာ အချိနိအတိုင်းအတာတခုထိကြာတတ်ပါသေးတယ်။ Physical abuserတွေအတွက်တော့ တခြားလူတွေကို ဒီလိုစိတ်ဒဏ်ရာဖြစ်အောင်လုပ်ခြင်းက သူတို့ရဲ့စိတ်ခံစားမှုကို အကောင်းဆုံးအနေအထားမျိုးရောက်အောင် တွန်းပို့နေတဲ့နည်းလမ်းတခုလို့ယူဆတတ်ကြပါတယ်။

Terrorist movieတွေကြည့်တဲ့အခါ အကြမ်းဖက်သမားတွေက လူတယောက်ပြီးတယောက်ကို သေနတ်နဲ့ပစ်ခတ်ပြီး သတ်ပစ်တဲ့အခါ သူတို့ရဲ့စိတ်ထဲမှာကျေနပ်အားရတဲ့ခံစားမှုမျိုးခံစားရပြီး တယောက်သေလေပိုပြီးခံစားလို့ကောင်းလေဆိုတဲ့အခြေအနေမျိုးတွေလိုပါပဲ။

Abuserတွေက တခြားလူတွေကို နာကျင်အောင်လုပ်မှုဟာအနည်းနဲ့အများကွာဟပေမယ့်လဲ တပါးသူထိခိုက်နစ်နာခံစားရတဲ့အခါ ကျေနပ်အားရမှုဖြစ်ကြခြင်းကတော့အတူတူပါပဲ။ စိတ်ပိုင်းရုပ်ပိုင်း၂ခုလုံးကို အပြင်းအထန်နာကျင်အောင်လုပ်တတ်တဲ့ abuserတွေလဲရှိကြပါတယ်။

ဥပမာ..အကြမ်းဖက်ခြင်းလိုအခြေအနေမျိုးတွေပေါ့။ စိတ်ပိုင်းဆိုင်ရာလို့ဆိုတဲ့နေရာမှာလဲ အပေါ်ယံစိတ်အခြေအနေလောက်ကိုသာနာကျင်အောင်လုပ်တာနဲ့စိတ်ခံစားချက်အတွင်းထဲထိနာကျင်အောင်လုပ်တာဆိုပြီးထပ်မံကွဲထွက်သွားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာကိုထိခိုက်နာကျင်အောင်လုပ်တဲ့abuserတွေဟာ physical abuserလိုမျိုးမြင်သာမှုမရှိတဲ့အတွက်ကြောင့် ပုန်းလျိုးကွယ်လျှိုးစိတ်ဒုက္ခပေးတတ်ကြပါတယ်။

ဘာလို့လဲဆိုရင် သူတို့ဟာ တခြားလူတွေကို စိတ်ဒုက္ခပေးမိပြီးတာနဲ့တပြိုင်နက် တနေရာရာကိုရှောင်တိမ်းဖို့ကြိုးစားတတ်ကြသလိုအရာရာဟာသင့်အမှားကြောင့်သာဖြစ်တယ်လို့်လဲထင်ယောင်ထင်မှားဖြစ်စေအောင် လုပ်တတ်ကြလို့ပါ။

Emotionနဲ့Psychologyကိုခြားနားဖို့ဆိုတာကလဲခက်ပါတယ်။ ခံစားချက်ဆိုတာကလဲစိတ်ပိုင်းဆိုင်ရာကနေသာ ဆင်း သက်ကျရောက်လာတဲ့အရာဖြစ်နေပါတယ်။ သို့သော်လဲ ထပ်တူညီနေတယ်လို့တော့ပြောမမရပါဘူး။ အတိမ်အနက်ကွ ာခြားပါသေးတယ်။ ဘယ်လိုကွဲပြားလဲဆိုတာ ကြည့်လိုက်ကြရအောင်။

Psychological abuse

Psychological abuseဟာ ဘယ်လိုပုံစံလဲဆိုရင် တခြားလူတွေရဲ့ မှန်နေတဲ့သေချာနေတဲ့အသိတွေကိုထင်ယောင် ထင်မှားဖြစ်စေအောင်လုပ်ဆောင်တဲ့အနေအထားမျိုးပါ။ ဒီabuserတွေရဲ့ပန်းတိုင်က တခြားလူတွေရဲ့စိတ်မှာ သူတို့ကိုယ်သူတို့ညံ့ဖျင်းတယ်ရူးကြောင်ကြောင်ဖြစ်နေတယ်လို့ခံစားမိစေအောင် လက်ခံယုံကြည်စေအောင် သိမ်းသွင်းလှည့်ဖျားတတ်ကြတာပါ။

ဥပမာ..အဲ့နေ့ကမင်းအပြာရောင်အင်္ကျီဝတ်ခဲ့တာမဟုတ်ဘူး မင်းအနီရောင်ဝတ်လာတာလေ မင်းမမှတ်မိဘူးလား စသဖြင့်ပြီးခဲ့တဲ့အခြေအနေတွေနဲ့ပတ်သတ်ပြီး သင့်စိတ်မှာသေချာသလိုလိုရှိနေတာတွေကိုထင်ယောင်ထင်မှားဖြစ်စေအောင်လုပ်တတ်ကြတာပါ။

ရုပ်ရှင်ကားတွေကြည့်တဲ့အခါ ဗီလိန်တွေက အမြဲလိုလိုစကားလုံးတွေနဲ့တွန်းထိုးပြီး ဇာတ်လိုက်ရဲ့စိတ်ထဲမှာသေချာနေသ လိုရှိနေတဲ့အရာတွေကိုထင်ယောင်ထင်မှားဖြစ်အောင်ပြောတတ်တာကြည့်ဖူးကြမှာပါ။ အဲ့လိုသဘောတရားနဲ့အလားတူပါပဲ။

သေးငယ်တဲ့ကိစ္စရပ်လေးတွေကိုတောင် ဘာမှသေချာမမှတ်မိတော့ဘူး စေ့စပ်သေချာမှုမရှိဘူး။ နောက်ပိုင်းမှာဒီ့ထက်ကြီးမားတဲ့အရာတွေကိုသာဒီလိုစေ့စပ်သေချာမှုမရှိ မှတ်ဉာဏ်အားနည်းပြီး မေ့လျော့နေမယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲဆိုပြီး ပုံကြီးချဲ့ကာပြောဆိုတတ်လေ့ရှိကြပါတယ်။ တကယ်တော့ လူတကိုယ်အရေးပေါင်းစုံဖြစ်နေတာမို့ ကိစ္စရပ်တွေတိုင်းသေချာမမှတ်မိဘူးဆိုတာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အနေအထားတခုပါ။

အရေးသိပ်မပါတဲ့သေးမွှားတဲ့ကိစ္စရပ်တွေကိုလဲ ခရေစေ့တွင်းကျမမှတ်ထားတော့ဘဲမေ့နေတတ်တာကလဲ ပုံမှန်အနေ အထားတခုပါ။ သို့သော် psychological abuserတွေကတော့ သင့်ရဲ့ယုံကြည်မှုတွေ သေချာမှုတွေကို အနှောင့်အယှက်ပေးကာ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်မယ် ပြီးရင်ပုံကြီးချဲ့ပြီး တစိတ်ကိုတအိတ်လုပ်ပြောဆိုမှာဖြစ်သလို သင့်ကိုအညှာလွယ်တဲ့ သွေးဆောင်ဖြားယောင်းဖို့လွယ်ကူတဲ့သူတယောက်လိုဖြစ်စေအောင်လဲ လုပ်ဆောင်ပါလိမ့်မယ်။ ဒါကြောင့် ဒီလိုလူတွေကို သထိထားပေါင်းသင်းရမှာပဲဖြစ်ပါတယ်။

Emotional abuse

ဒီလိုabuserတွေကတော့ တခြားလူတွေရဲ့ကိုယ့်ကိုကိုယ်လေးစားတန်ဖိုးထားမှုတွေကို နိုင်ထက်စီးနင်းပြုမူတဲ့အနေအထားမျိုးတွေနဲ့ အဟန့်အတားအနှောင့်အယှက်ဖြစ်စေအောင် ကြိုးကိူင်ခြယ်လှယ်လိုကြသူတွေပါ။ ဘယ်လိုအခြေအနေ နရာဒေသ အချိန်ကာလဖြစ်ဖြစ် တဖက်လူကိုချိုးချိုးဖဲ့ဖဲ့ဆက်ဆံပြောဆိုဖို့ ဝန်မလေးတတ်ကြပါဘူး။

ဥပမာ..လူလယ်ခေါင်မှာ နာမည်တပ်ပြီး အော်ဟစ်ကြိမ်းမောင်း ဆူပူတတ်တာမျိုးတွေပါ။ နာက်တမျိုးအနေနဲ့ကတော့ ဆရာမတယောက်ရဲ့သင်ကြားမှူမှားယွင်းနေလို့ တပည့်ဖြစ်သူကထောက်ပြမိတဲ့အခါမျိုးဖြစ်စေ၊ ကိုယ့်ရဲ့သဘောတရား အမြင်တခုကိုချပြပြောဆိုတဲ့အခါမျိုုးမှာဖြစ်စေ ပြန်ပြီးကလန်ကဆန်လုပ်တယ်ပြောတဲ့အတိုင်းမလုပ်ဘူးအတွန့်တတ်တ ယ်ဆိုပြီး သူကိုယ်တိုင်ပြန်လည်ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စတွေကို ပါမောက္ခထိသွားပြီးတိုင်ကြားလိုက်သလိုမျိုးတွေပညာရေးလောကမှာဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

ဒါဟာကိုယ်တိုငိရှင်းရမယ့်ကိစ္စရပ်တွေကို မလိုအပ်ဘဲချဲ့ကားလုပ်ဆောင်တဲ့အခါမှာ ပြဿနာရပ်ကပိုမိုကျယ်ပြန့်လာပါတယ်။ အဲ့ဒီအခါvictimဖြစ်တဲ့ခံရတဲ့သူတွေမှာ မလိုအပ်ဘဲဆူပူအပြစ်တင်ခံရတာမျိုးကြုံတဲ့အခါ တဖြေးဖြေးနဲ့ အမှားကိုထောက်ပြရဲတဲ့စိတ်၊အယူအဆတခုကိုချပြပြောပြရဲတဲ့စိတ်တွေနည်းပါးလာပြီးကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းလာစိတ်တွေဝင်ရောက်လာပါတယ်။

ဒါဟာလဲ Emotional abuseလုပ်ခြင်းတမျိုးပါပဲ။ ဒီလိုabuserတွေဟာ သူတို့နဲ့ပတ်သတ်ဆက်နွယ်နေသူတွေကိုမတ ရားသဖြင့် ချိုးနှိမိစွာပြောဆိုဆက်ဆံတဲ့နည်းတွေနဲ့ ခံရသူတွေကို သူတို့ကိုသူတို့အသုံးမကျသလို ညံ့ဖျင်းသလိုခံစားသွားစေအောင်လုပ်ဆောင်တတ်ကြပါတယ်။ ဒါလေးတောင်မသိဘူးလား မတတ်ဘူးလားစသဖြင့်စကားလူံးတွေကိုတွင်တွင်သုံးပြီးဖိနှိပ်ပြောဆိုမယ့်အစား မသိသူနည်းပြီးသိသူများလာအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့စိတ်မရှိကြပါဘူး။

ငါပြောတဲ့အတိုင်းလုပ်ငါ လူပ်သလိူမလုပ်နဲ့ဆိုတဲ့စိတ်ဓာတ်အနေအထားတွေသာများပြားလာပါတယ်။ ဒီလိုabuserတွေဟာ သူတို့စိတ်နဲ့သူတို့အဆင်မပြေဘူးဆိုရင်တောင်တခြားလူတွေကိုအပြစ်မြင်အပြစ်တင်တတ်လေ့ရှိသူတွေပါ။ ကိုယ်လုပ်ရမယ့်တာဝန်တခုကိုကျေပွန်အောင်လဲမလုပ်နိုင်ကြသလို မလုပ်နိုင်ဘူးလို့လဲဝန်မခံတတ်ကြပါဘူး။

ဘယ်နေရာရောက်ရောက် ငါသာလျှင်အဓိပတိဆိုတဲ့စိတ်နဲ့နေတတ်ကြပါတယ်။ မိမိရဲ့အဆင်မပြေမှု၊ မသိမှု၊ မတတ်မှုတွေကိုမမြင်နိင်အောင်ဖုံးကွယ်လိုကြတဲ့အတွက် တခြားလူတွေအပေါ်ကိုသာအရင်ဆူံးအပြစ်မြင်အပြစ်ရှာအပြစိတင်တတ်လေ့ရှိကြပါတယ်။

မိမိရဲ့emotionကို coverကောင်းကောင်းလုပ်နိုင်ဖို့ တခြားသူတွေရဲ့emotion ကိုabuseလုပ်နေသလိုဖြစ်နေပါတယ်။တခါတလေငွေကြေးပစ္စည်းဥစ္စာမျိုးတွေနဲ့ဆက်နွယ်ပြီး emotional abuseလုပ်ခြင်းခံရတာမျိုးတွေလဲရှိတတ်ပါတယ်။

သင့်ရဲ့ခွင့်ပြုချက်မရဘဲ သင်မသိဘဲသင့်ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်သမျှအရာတွေကို အနှောင့်အယှက်ပေးတာမျိုး ဥ ပမာ..social mediaမှာ ကိုယ့်မိတ်ဆွေအပေါင်းအသင်းကဖြစ်စေ ကိုယ့်ကိုသိနေကြသူတွေကဖြစ်စေသူတို့သဘောနဲ့သူတို့ သင့်ရဲ့privacy thingတွေကို တင်ပြချပြတာတွေဟာလဲ emotionalabuseလုပ်ခြင်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Emotional psychologicalabuseလုပ်ခြင်းခံရတာများလာတဲ့အခါ ခံလိုက်ရတဲ့victimတွေမှာ စိတ်ပိုင်းဆိုင်ရာကော ခံစားချက်ပိုင်းဆိူင်ရာကော တဖြေးဖြေးအားယုတ်လာတတ်တဲ့အတွက် တတ်သိနားလည်တဲ့ဆရာဝန်နဲ့ပြသတာ သို့မဟုတ် မိတ်ဆွေသူငယ်ချင်းကောင်းတွေကိုရင်ဖွင့်ပြီး နာကျင်မှုတွေကို ရှင်းထုတ်ပစ်သင့်ပါတယ်။

ဒီလိုabuserတွေနဲ့ ဝေးဝေးနေတာကတော့ သင့်စိတ်ပိုင်းဆိုင်ရာအတွက်ပိုကောင်းမွန်တဲ့ကုထုံးတခုဖြစ်စေမှာအသေအချာပါပဲ။ ဒါကြောင့် အခုကစပြီး သင့်ဘဝထဲကအမှိုက်လိုလူတွေကို အမြန်ဆုံးရှင်းလင်းပစ်ပြီးလက်ဆက်သန့်ရှင်းတဲ့နေ့ရက်တွေကို ကြိုဆိုလိုက်ကြရအောင်နော်။

#Lifestyle_Myanmar
#May_Htet

REF_originsrecovery.com

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here