ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်ပါတယ်။ နာတာရှည်နောက်ကျော နာကျင်မှုကို သက်သာစေဖို့ ကူညီပေးပြီး သွေးပေါင်ကျခြင်း၊ စိုးရိမ်ပူပန်မှုလက္ခဏာများနှင့် စိတ်ကျရောဂါကိုပါ တိုက်ဖျက်ပေးပါတယ်။ အကောင်းဆုံးအချက်ကတော့ ကိရိယာတွေ မလိုဘဲ ဘယ်နေရာမှာမဆို ကျင့်သုံးနိုင်သောကြောင့် ဖြစ်ပါတယ်။ လိုအပ်တာကတော့ ယောဂဖျာတစ်ခုဖြစ်ပါတယ်။ အလုပ်မှာ စိတ်ဖိစီးမှုခံစားရတဲ့အခါ စိတ်ဖိစီးမှု့ကို သက်သာစေမယ့် ဒီယောဂ Pose တွေကို ပြုလုပ်ကြည့်ပါ။
ကလေးတွေအတွက် ပျော်စရာကောင်းပြီး လွယ်ကူတဲ့ Yoga Poses ၃မျိုး
၁။ Child’s Pose
ဒါက ဘာကြောင့်ကောင်းတာလဲ? စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှု ဖြေလျော့ခြင်းအတွက် အကောင်းဆုံး pose တစ်ခုဖြစ်လို့ပါပဲ။
ဘယ်လိုပြုလုပ်မလဲ? ယောဂဖျာပေါ်မှာ ဒူးတုပ်ထိုင်ပါ။ သင့်ရင်ဘတ်နှင့် ပေါင်ကိုထိတဲ့အထိ ကွေးထားပြီး သင့်နဖူးက ကြမ်းပြင်နဲ့ ထိနေရပါမယ်။ လက်ဝါးတွေကိုဖြန့်ထားပြီး သင့်ခြေထောက်နောက်မှာ သင့်လက်တွေကိုထားပါ။ ၀င်လေထွက်လေကို ခပ်ပြင်းပြင်းလေး ငါးခါလောက် ရှုထုတ်ပေးပါ။
၂။ Standing Forward Bend
ဒါက ဘာကြောင့် ကောင်းတာလဲ? စိတ်ကျရောဂါအပျော့စား လက္ခဏာများကို တိုက်ဖျက်ပေးပြီး စိတ်ဖိစီးမှု လျော့ကျဖို့ ကူညီပေးတာကြောင့် သင့်တင်ပါး၊ ပေါင်များနှင့် တံကောက်ကြောတွေအတွက် ဆန့်ထုတ်ပေးတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
ဘယ်လိုပြုလုပ်မလဲ? မတ်တပ်အနေအထားနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းပါ။ ပုံထဲကအတိုင်း သင့်လက်ဖ၀ါးတွေက ကြမ်းပြင်နှင့်ထိနေရပါမယ်။ အသက်ရှုသွင်း၊ ရှုထုတ် ၈ခါပြုလုပ်ပေးပါ။
၃။ Corpse Pose
ဒါက ဘာ့ကြောင့် ကောင်းတာလဲ? ဦးနှောက်အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး သင့်ခန္ဓာကိုယ်ကို အပြည့်အ၀ ဖြေလျော့ပေးဖို့ ကူညီပေးတဲ့ Pose တစ်ခုဖြစ်ပါတယ်။
ဘယ်လိုပြုလုပ်မလဲ? သင့်ခန္ဓာကိုယ်ဘေးမှာ လက်ဝါးတွေကို ဖြန့်ထားပြီး ပက်လက်အနေအထားနဲ့ လဲလျောင်းပါ။ သင့်ခြေထောက်တွေကိုအနည်းငယ်ချဲပြီး သက်တောင့်သက်သာပုံစံဖြင့် နေပါ။ မျက်လုံးတွေကို မှိတ်ထားပြီး အသက်ပြင်းပြင်းရှုပါ။ သင့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို အာရုံစူးစိုက်ထားပါ။ ဒီအနေအထားတိုင်း ၃-၅မိနစ်နေပါ။
#Lifestyle_Myanmar
#TB_Nandar